< Ezekiel 33 >
1 And the word of the Lord came unto me, saying,
၁တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက် လာ၍၊
2 Son of man, speak to the children of thy people, and say unto them, If there be a land over which I bring the sword, and the people of the land take a man from among themselves, and appoint him unto themselves for a watchman;
၂အချင်းလူသား၊ သင်၏ အမျိုးသားအချင်းတို့ အား ဟော်ပြော၍ ဆင့်ဆိုရမည်မှား၊ ငါသည် တစုံတခု သောပြည်သို့ ထားဘေးရောက်စေသောအခါ၊ ပြည်သား တို့သည် ပြည်သားတယောက်ကို ယူ၍ ကင်းစောင့် ထားပြီးမှ၊
3 And if he see the sword coming over the land, and blow the cornet, and warn the people;
၃ထိုသူသည် ထားဘေးရောက်သည်ကို မြင်လျက် တံပိုးမှုတ်၍ သတိပေးသော်လည်း၊
4 And whosoever heareth the sound of the cornet, and taketh no warning; and the sword cometh, and taketh him away: his blood shall be upon his own head.
၄တစုံတယောက်သောသူသည် တံပိုးမှုတ်သံကို ကြားလျက်နှင့် အမှုမထား၊ ထားဘေးရောက်၍ သူ၏ အသက်ဆုံးလျှင်၊ ထိုသူသည် ကိုယ်အသက်ဆုံးသော အပြစ်ကို ကိုယ်တိုင်ခံရမည်။
5 The sound of the cornet hath he heard, and he hath taken no warning; his blood shall be upon him. But had he taken warning he would have delivered his soul.
၅တံပိုးမှုတ်သံကိုကြား၍ အမှုမထားသောကြောင့်၊ ကိုယ်အသက် ဆုံးသောအပြစ်ကို ကိုယ်တိုင်ခံရမည်။ အမှုထားသောသူမူကား၊ ကိုယ်အသက်ကို ကယ်တင် လိမ့်မည်။
6 But if the watchman see the sword coming, and blow not the cornet, so that the people be not warned, and the sword cometh, and taketh away from among them some person: this one is taken away for his iniquity; but his blood will I require from the watchman's hand.
၆သို့မဟုတ် ကင်းစောင့်ထားသောသူသည် ထားဘေး ရောက်ကြောင်းကိုမြင်လျက် တံပိုးမမှုတ်၊ ပြည်သားတို့ အား အသိမပေးသောကြောင့် ထားဘေးရောက်၍ တစုံတယောက်သောသူ အသက်ဆုံးလျှင်၊ ထိုသူသည် မိမိအပြစ်ကြောင့် အသက်ဆုံးသော်လည်း၊ သူ၏အသက် ကို ကင်းစောင့်သောသူ၌ ငါတောင်းမည်။
7 But as for thee, O son of man, I have appointed thee a watchman unto the house of Israel: so that when thou hearest a word from my mouth, thou shalt warn them from me.
၇ထိုအတူ၊ အချင်းလူသား၊ သင့်ကိုဣသရေလ အမျိုး၌ ကင်းစောင့်စေခြင်းငှါ ငါခန့်ထားသောကြောင့်၊ သင်သည်ငါ၏ နှုတ်ထွက်စကားကို နာခံ၍ သူတို့ကို သတိပေးရမည်။
8 When I say unto the wicked, O wicked one, thou shalt surely die; and thou dost not speak to warn the wicked from his way: that wicked one shall die for his iniquity; but his blood will I require from thy hand.
၈ငါသည် လူဆိုးအား၊ အိုလူဆိုး၊ အကယ်စင်စစ် သင်သည် အသေခံရမည်ဟုဆိုသောအခါ ဆိုးသောသူကို သူ၏လမ်းမှ လွှဲစေခြင်းငှါ သင်သည် သတိမပေးလျှင်၊ ထိုလူဆိုးသည် မိမိအပြစ်ကြောင့် အသက်ဆုံးလိမ့်မည်။ သို့ရာတွင်၊ သူ၏အသက်ကိုသင်၌ ငါတောင်းမည်။
9 Nevertheless, if thou hast indeed warned the wicked of his way to turn away from it, and he do not turn from his way: he shall certainly die for his iniquity; but thou hast delivered thy soul.
၉သို့မဟုတ်။ လူဆိုးကိုသူ၏ လမ်းမှလွှဲစေခြင်းငှါ သင်သည် သတိပေး၍ သူသည်မလွှဲဘဲနေလျှင်၊ မိမိ အပြစ်ကြောင့် အသက်ဆုံးသော်လည်း၊ သင်သည် ကိုယ် အသက်ကို ကယ်တင်ပြီ။
10 But thou, O son of man, speak unto the house of Israel, Thus do ye speak, saying, Truly our transgressions and our sins are upon us, and through them do we pine away: how then shall we live?
၁၀သို့ဖြစ်၍၊ အချင်းလူသား၊ ဣသရေလ အမျိုးသားတို့အား ဟောပြောရမည်မှား၊ ငါတို့သည် ကိုယ်ပြုမိသော ဒုစရိုက်အပြစ်ကို ခံရသဖြင့် အားလျော့ သည်ဖြစ်၍၊ အဘယ်သို့ အသက်ရှင်နိုင်ပါမည်နည်းဟု သင်တို့ဆိုကြသော်၊
11 Say unto them, As I live, saith the Lord Eternal, I have no pleasure in the death of the wicked; but in the return of the wicked from his way that he may live: return ye, return ye from your evil ways; for why will ye die, O house of Israel?
၁၁အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ ဆိုးသောသူသည် အသေ ခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်။ ဆိုးသောသူသည် မိမိဆိုသော လမ်းမှလွှဲ၍ အသက်ရှင်ခြင်းအမှုကိုသာ ငါနှစ်သက်၏။ အိုဣသရေလအမျိုးသားတို့၊ သင်တို့လိုက် သောလမ်းဆိုးမှ လွှဲကြလော့။ လွှဲကြလော့။ အဘယ် ကြောင့်အသေခံလိုကြသနည်း။
12 But thou, son of man, say unto the children of thy people, The righteousness of the righteous shall not deliver him on the day of his transgression; and as for the wickedness of the wicked, he shall not stumble through it on the day that he returneth from his wickedness; nor shall the righteous be able to live through the other on the day that he sinneth.
၁၂သို့ဖြစ်၍၊ အချင်းလူသား၊ သင်၏အမျိုးသား ချင်းတို့အား ဟောပြောရမည်မှာ၊ ဖြောင့်မတ်သော သူသည် ဖေါက်ပြန်လျှင်၊ အရင်ဖြောင့်မတ်ခြင်း အမှုသည် သူ့ကို ကယ်တင်ရမည်မဟုတ်။ ဆိုးသောသူသည် ဆိုးသောအမှုကိုရှောင်လျှင်၊ အရင်ဆိုးသောအမှုကြောင့် ပျက်စီးခြင်းသို့ ရောက်ရမည်မဟုတ်။ ဖြောင့်မတ်သော သူသည်ပြစ်မှားသောနေ့၌ အသက်ရှင်ရသော အခွင့် မရှိရ။
13 When I say of the righteous, that he shall surely live, and he trusteth to his own righteousness, and committeth what is wrong: all his righteous deeds shall not be remembered, and for his wrong that he hath committed, —through this shall he die.
၁၃ဖြောင့်မတ်သောသူသည် စင်စစ်အသက်ရှင်ရ လိမ့်မည်ဟု ငါဆိုသော်လည်း၊ သူသည် မိမိဖြောင့်မတ် ခြင်းကို ကိုးစား၍ ဒုစရိုက်ကိုပြုမိလျှင်၊ အရင်ဖြောင့်မတ် ခြင်း အမှုတစုံတခုကိုမျှ မအောက်မေ့ရ။ ပြုမိသော ဒုစရိုက်ကြောင့် အသေခံရလိမ့်မည်။
14 Again, when I say unto the wicked, Thou shalt surely die; and he turneth from his sin, and executeth justice and righteousness;
၁၄တဖန်ဆိုးသော သူအား သင်သည် စင်စစ် အသေခံရလိမ့်မည်ဟု ငါဆိုသော်လည်း၊ ထိုသူသည် မိမိဒုစရိုက်ကို ရှောင်၍၊ တရားသောအမှု၊ ဖြောင့်မတ် သောအမှုကို ပြုလျက်၊
15 If the wicked restore the pledge, make restitution for what he hath robbed, walk in the statutes of life, so as not to do any wrong: he shall surely live, he shall not die.
၁၅ပေါင်ထားသောဥစ္စာကို မသိုထား၊ လုယူသော ဥစ္စာကို ပြန်ပေးလျက်၊ အဓမ္မအမှုကို မပြုဘဲအသက် ရှင်ရာပညတ်တရားလမ်းသို့လိုက်လျှင်၊ အသေမခံရဘဲ စင်စစ်အသက်ရှင်ရလိမ့်မည်။
16 All his sins that he hath committed shall not be remembered unto him: justice and righteousness hath he executed, he shall surely live.
၁၆ပြုမိသော ဒုစရိုက်အပြစ်တစုံတခုကိုမျှ သူ၌ မတင်။ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကို ပြုသောကြောင့် စင်စစ်အသက်ရှင်ရလိမ့်မည်။
17 Yet say the children of thy people, The way of the Lord is not equitable: while, as to them, their way is not equitable.
၁၇သို့သော်လည်း၊ သင်၏အမျိုးသားချင်းတို့က၊ ထာဝရဘုရား စီရင်ချက်မဖြောင့်ဟု ဆိုကြသည်ဖြစ်၍၊ သူတို့စီရင်ချက်မဖြောင့်ပါတကား။
18 When the righteous turneth away from his righteousness, and doth what is wrong, he shall even die therefore.
၁၈ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းကို စွန့်၍ ဒုစရိုက်ကိုပြုမိလျှင်၊ ထိုဒုစရိုက်အပြစ်ကြောင့် အသေခံရလိမ့်မည်။
19 And when the wicked returneth from his wickedness, and executeth justice and righteousness, he shall surely live therefore.
၁၉ဆိုးသောသူမူကား၊ မိမိဒုစရိုက်ကိုရှောင်၍ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကို ပြုလျှင်၊ ထိုအမှုကြောင့် အသက်ရှင်ရလိမ့်မည်။
20 Yet ye say, The way of the Lord is not equitable. Every one after his own ways will I judge you, O house of Israel.
၂၀သို့သော်လည်း၊ သင်တို့က၊ ထာဝရဘုရား စီရင် ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အိုဣသရေလ အမျိုးသားတို့၊ သင်တို့ အသီးသီးပြုကြသည်အတိုင်း ငါစီရင်မည်ဟုမိန့်တော်မူ၏။
21 And it came to pass in the twelfth year, in the tenth month, on the fifth day of the month after our exile, that there came unto me one that had escaped out of Jerusalem, saying, The city hath been smitten.
၂၁သိမ်းသွားရာ သက္ကရာဇ်တဆယ်နှစ်ခု၊ ဒသမလ ငါးရက်နေ့တွင်၊ ယေရုရှလင်မြို့မှ ပြေး၍လွတ်သော သူတယောက်သည် ငါ့ထံသို့ရောက်လာ၍၊ မြို့ကိုလုပ်ကြံပြီ ဟု သိတင်းကြားပြော၏။
22 Now the inspiration of the Lord was come upon me in the evening, before the coming of the one who had escaped; and he had opened my mouth, before he was come to me in the morning; and my mouth was opened and I was not kept dumb any more.
၂၂ထိုသူမရောက်မှီ ညဦးမှစ၍ သူရောက်သော နံနက်အချိန်တိုင်အောင်၊ ထာဝရဘုရားသည် လက်တော် ကို ငါ့အပေါ်၌တင်၍ ငါ့နှုတ်ကိုဖွင့်တော်မူသဖြင့်၊ ငါသည် စကားမပြောဘဲနေရသော အချိန်လွန်၍ ဟောပြောရ၏။
23 And the word of the Lord came unto me, saying,
၂၃ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ၍၊
24 Son of man, they that dwell in these ruins in the land of Israel say as followeth, But one man was Abraham, and he obtained the land as an inheritance; and as we are many, the land must [surely] be given to us for an inheritance.
၂၄အချင်းလူသား၊ ပျက်စီးသော ဣသရေလပြည်၌ နေသေးသော သူတို့က၊ အာဗြဟံသည် လူတဦးတည်း ဖြစ်သော်လည်း ဤပြည်ကို အမွေခံရ၏။ ငါတို့မူကား အများဖြစ်ကြ၏။ ငါတို့အမွေခံရာဘို့ ပေးတော်မူပြီဟု ဆိုကြသော်၊
25 Therefore say unto them, Thus hath said the Lord Eternal, By the blood do ye eat, and your eyes do you lift up toward your idols, and blood do ye shed: and ye expect to possess the land?
၂၅သင်သည် ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် သွေးနှင့်တကွ အမဲသားကို စားလျက်၊ ရုပ်တုတို့ကို ဖူးမြော်လျက်၊ လူအသက်ကိုလည်း သက်လျက်နှင့်ပင်၊ ဤပြည်ကို ပိုင်ရကြမည်လော။
26 Ye depend upon your sword, ye commit abomination, and ye defile every one his neighbor's wife: and ye expect to possess the land?
၂၆ထားကို ခိုလှုံလျက်၊ စက်ဆုပ်ဘွယ်သော အမှုကို ပြုလျက်၊ အိမ်နီးချင်းမယားကို ပြစ်မှားလျက်နှင့်ပင်၊ ဤပြည်ကို ပိုင်ရကြမည်လော။
27 Thus shalt thou say unto them, Thus hath said the Lord Eternal, As I live, surely those that are in the ruined places shall fall by the sword, and him that is in the open field will I give to the beasts that they may devour him, and those that are in the strongholds and in the caves shall die through the pestilence.
၂၇တဖန်အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ငါအသက်ရှင်သည်အတိုင်း၊ ပျက်စီး သော အရပ်၌နေသော သူတို့သည် ထားဖြင့် လဲ၍ သေရ ကြလိမ့်မည်။ လွင်ပြင်၌ရှိသော သူတို့ကို ငါသည်သားရဲ ၌အပ်၍ ကိုက်စားစေမည်။ ရဲတိုက်ဥမင်၌ရှိသော သူတို့ သည် ကာလနာနှင့် သေရကြလိမ့်မည်။
28 And I will render the land desolate and wasted, and the pride of her strength shall cease; and the mountains of Israel shall be desolate, with none to pass through them.
၂၈တပြည်လုံးကို ငါသုတ်သင်ပယ်ရှင်းသဖြင့်၊ သူ့အစွမ်းသတ္တိ၏ ဂုဏ်အသရေကုန်၍၊ အဘယ်သူမျှ မရှောက်မသွားရေအောင်၊ ဣသရေလတောင်တို့သည် လူဆိတ်ညံလျက် ရှိရကြလိမ့်မည်။
29 And they shall experience that I am the Lord, when I render the land desolate and wasted, because of all their abominations which they have committed.
၂၉ပြည်သားတို့သည် ပြုမိသောစက်ဆုပ်ဘွယ် အမှုအလုံးစုံတို့ကြောင့်၊ ထိုပြည်ကို ငါသုတ်သင်ပယ်ရှင်း သောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်း သူတို့ သိရကြလိမ့်မည်။
30 And thou, son of man, [there are] the children of thy people, who are talking about thee by the walls and in the entrances of the houses, and speak one to another, every one to his brother, saying, Do come, and hear what the word is which cometh forth from the Lord.
၃၀ထိုမှတပါး၊ အချင်းလူသား၊ သင်၏အမျိုးသား ချင်းတို့က၊ ငါတို့သွားကြကုန်အံ့။ ထာဝရဘုရားသည် အဘယ်သို့ဗျာဒိတ်ပေးတော်မူသည်ကို ကြာကြကုန်အံ့ဟု၊ ထရံနား၊ အိမ်တံခါးနားမှာ သင့်ကိုရည်မှတ်၍ တယောက် ကိုတယောက် ပြောတတ်ကြ၏။
31 And then they come unto thee as the people come, and they sit before thee [as] my people, and they hear thy words, but do not execute them; for as merry songs they carry them in their mouth, while their heart goeth after their unlawful gains.
၃၁ငါ၏လူကဲ့သို့ သင့်ထံသို့လာ၍၊ ငါ၏လူကဲ့သို့ သင့်ရှေ့မှာထိုင်လျက်၊ သင်၏စကားကိုကြာသော်လည်း၊ နားမထောင်ဘဲနေကြ၏။ အလွန်ချစ်ဘွယ်သော လက္ခဏာကို နှုန်နှင့်ပြသော်လည်း၊ စိတ်နှလုံးမူကား လောကီ ဥစ္စာကိုစွဲလမ်းလျက်ရှိ၏။
32 And, lo, thou art unto them as a merry song of one that hath a pleasant voice, and can play well: and [thus] they hear thy words, but execute them not.
၃၂သင်၏စကားသည်၊ ကောင်းမွန်စွာတီး၍ သာယာသောအသံနှင့် ပြည့်စုံသောသူဆိုသော၊ နှစ်သက် ဘွယ်သော သီချင်းကဲ့သို့ သူတို့၌ဖြစ်၍၊ သူတို့သည် ကြားရ သော်လည်း နားမထောင်တတ်ကြ။
33 But when it cometh to pass, [lo, it will come, ] then shall they know that a prophet hath been among them.
၃၃သို့ရာတွင်၊ အမှုရောက်လိမ့်မည်။ အမှုရောက် သောအခါ သူတို့တွင် ပရောဖက်ရှိဘူးသည်ကို သူတို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။