< 1 Chronicles 18 >

1 And it came to pass after this, that David smote the Philistines, and humbled them; and he took Gath and its dependent towns out of the hand of the Philistines.
ထို့​နောက်​ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ဒါ​ဝိဒ်​မင်း​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့် စစ်​တိုက်​ရာ​အ​နိုင်​ရ​တော်​မူ​၏။ သူ​တို့​၏​လက် မှ​ဂါ​သ​မြို့​အ​နီး​တစ်​ဝိုက်​ရှိ​ကျေး​ရွာ​များ ကို​သိမ်း​ယူ​တော်​မူ​၏။-
2 And he smote Moab, and the Moabites became David's servants, bringing presents.
မော​ဘ​အ​မျိုး​သား​တို့​ကို​လည်း​နှိမ်​နင်း​တော် မူ​သ​ဖြင့် သူ​တို့​သည်​မင်း​ကြီး​၏​လက်​အောက် ခံ​များ​ဖြစ်​လာ​ကြ​လျက်​အ​ခွန်​ဘဏ္ဍာ​များ ကို​ဆက်​သ​ရ​ကြ​လေ​သည်။
3 David also smote Hadar'ezer the king of Zobah, at Chamath, as he went to establish his dominion at the river Euphrates.
ထို​နောက်​ဒါ​ဝိဒ်​မင်း​သည်​ဟာမတ်​မြို့​အ​နီး​တွင် ဇောဘ​ဘု​ရင်​ဟာ​ဒ​ဒေ​ဇာ​ကို​တိုက်​ခိုက်​တော် မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ဟာ​ဒ​ဒေ​ဇာ သည်​ဥ​ဖ​ရတ်​မြစ်​အ​ထက်​ပိုင်း​ရှိ​နယ်​မြေ ကို​သိမ်း​ယူ​ရန်​ကြိုး​စား​အား​ထုတ်​သော ကြောင့်​ဖြစ်​၏။-
4 And David captured from him a thousand chariots, and seven thousand horsemen, and twenty thousand men on foot; and David hamstringed all the chariot-teams, but reserved of them a hundred chariot-teams.
ဒါ​ဝိဒ်​သည်​ထို​မင်း​၏​စစ်​ရ​ထား​တစ်​ထောင်၊ မြင်း​စီး​သူ​ရဲ​ခု​နစ်​ထောင်​နှင့်​ခြေ​လျင်​တပ် သား​နှစ်​သောင်း​တို့​ကို​လက်​ရ​ဖမ်း​မိ​တော် မူ​၏။ သူ​သည်​စစ်​ရ​ထား​တစ်​ရာ​အ​တွက် လို​အပ်​သ​မျှ​သော​မြင်း​တို့​ကို​သိမ်း​ယူ​ထား ပြီး​လျှင် အ​ခြား​မြင်း​တို့​အား​ဒူး​ခေါက်​ကြော ကို​ဖြတ်​၍​ခြေ​ဆွံ့​အောင်​ပြု​တော်​မူ​၏။
5 And the Syrians of Damascus came to aid Hadar'ezer the king of Zobah, when David slew of the Syrians two and twenty thousand men.
ဒ​မာ​သက်​မြို့​မှ​ရှု​ရိ​အ​မျိုး​သား​တို့​သည် ဟာ​ဒ​ဒေ​ဇာ​ဘု​ရင်​ကို​စစ်​ကူ​ရန်​တပ်​တစ် တပ်​စေ​လွှတ်​လိုက်​ကြ​၏။ ဒါ​ဝိဒ်​မင်း​သည် သူ​တို့​အား​တိုက်​တော်​မူ​၍ လူ​နှစ်​သောင်း နှစ်​ထောင်​ကို​သုတ်​သင်​ပစ်​တော်​မူ​သည်။-
6 Then did David put [garrisons] in Syria of Damascus, and the Syrians became unto David servants, bringing presents. And the Lord helped David withersoever he went.
ထို​နောက်​ထို​သူ​တို့​ပိုင်​နက်​တွင်​စစ်​စ​ခန်း များ​ချ​၍​ထား​တော်​မူ​၏။ သူ​တို့​သည်​လည်း ဒါ​ဝိဒ်​မင်း​၏​လက်​အောက်​ခံ​များ​ဖြစ်​လာ ကြ​လျက် သူ့​အား​အ​ခွန်​ဘဏ္ဍာ​များ​ကို​ဆက် သ​ရ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ် မင်း​အား​အ​ရပ်​တ​ကာ​၌​အောင်​ပွဲ​ကို ပေး​တော်​မူ​၏။-
7 And David took the quivers of gold that were on the servants of Hadar'ezer, and brought them to Jerusalem.
ဒါ​ဝိဒ်​သည်​ဟာ​ဒ​ဒေ​ဇာ​၏​အ​ရာ​ရှိ​များ ကိုင် ဆောင်​သည့်​ရွှေ​ဒိုင်း​လွှား​တို့​ကို​ဖမ်း​ဆီး​သိမ်း​ယူ တော်​မူ​ပြီး​လျှင် ယေ​ရု​ရှ​လင်​မြို့​သို့​ဆောင်​ယူ သွား​တော်​မူ​၏။-
8 And from Tibchath, and from Kun, cities of Hadar'ezer, did David take exceedingly much copper; thereof made Solomon the copper sea, and the pillars, and the vessels of copper.
သူ​သည်​ဟာ​ဒ​ဒေ​ဇာ​အ​စိုး​ရ​သည့်​တိ​ဗ​ဟတ် မြို့​နှင့် ခုန်​မြို့​တို့​မှ​ကြေး​ဝါ​အ​မြောက်​အ​မြား ကို​လည်း​သိမ်း​ယူ​၍​သွား​လေ​သည်။ (နောင်​အ​ခါ ၌​ရှော​လ​မုန်​မင်း​သည်​ထို​ကြေး​ဝါ​တို့​ဖြင့်​ရေ ကန်​တိုင်​ကြီး​များ၊ ဗိ​မာန်​တော်​အ​တွက်​အိုး ခွက်​များ​ကို​ပြု​လုပ်​သ​တည်း။)
9 And when To'u the king of Chamath heard that David had smitten all the host of Hadar'ezer the king of Zobah:
ဒါ​ဝိဒ်​မင်း​သည်​ဟာ​ဒ​ဒေ​ဇာ​မင်း​၏​တပ်​မ တော်​တစ်​ခု​လုံး​ကို​ဖြို​ခွင်း​လိုက်​ကြောင်း ဟာ​မတ်​ဘု​ရင်​တော​ဣ​ကြား​သိ​လေ​သော်-
10 Then did he send Hadoram his son unto king David, to ask him after his well-being, and to bless him, because he had fought against Hadar'ezer, and smitten him: for Hadar'ezer had been engaged in wars with To'u; and [he had with him] all manner of vessels of gold and silver and copper.
၁၀ဒါ​ဝိဒ်​မင်း​ကြီး​အား​နှုတ်​ခွန်း​ဆက်​သ​ရန်​နှင့် စစ်​ပွဲ​နိုင်​သည့်​အ​တွက် နှစ်​ထောင်း​အား​ရ​ကြောင်း ဖော်​ပြ​ရန်​သား​တော်​ဟ​ဒေါ​ရံ​ကို​စေ​လွှတ် လိုက်​လေ​သည်။ ဟ​ဒေါ​ရံ​သည်​ဒါ​ဝိဒ်​မင်း အ​တွက် ရွှေ၊ ငွေ၊ ကြေး​ဝါ၊ တို့​ဖြင့်​ပြီး​သော လက်​ဆောင်​ပဏ္ဏာ​များ​ကို​ယူ​ဆောင်​သွား​၏။-
11 Also these did king David sanctify unto the Lord, with the silver and the gold that he had carried away from all the nations, from Edom, and from Moab, and from the children of 'Ammon, and from the Philistines, and from 'Amalek.
၁၁ဒါ​ဝိဒ်​မင်း​သည်​ထို​ပစ္စည်း​တို့​ကို​မိ​မိ​စစ်​ပွဲ​နိုင် သည့်​ဧ​ဒုံ​ပြည်၊ မော​ဘ​ပြည်၊ အမ္မုန်​ပြည်၊ ဖိ​လိတ္တိ ပြည်​နှင့်​အာ​မ​လက်​ပြည်​ရှိ​လူ​မျိုး​တ​ကာ​တို့ ထံ​မှ​ရ​ရှိ​ခဲ့​သော​ရွှေ၊ ငွေ​များ​နှင့်​အ​တူ​ဝတ်​ပြု ကိုး​ကွယ်​ရာ​၌​အ​သုံး​ပြု​ရန်​ဆက်​ကပ်​ပူ​ဇော် တော်​မူ​၏။
12 And Abshai the son of Zeruyah smote of the Edomites in the valley of salt eighteen thousand [men].
၁၂ဇေ​ရု​ယာ​၏​သား​အ​ဘိ​ရှဲ​သည်​ဆား​ချိုင့်​ဝှမ်း တွင် ဧ​ဒုံ​အ​မျိုး​သား​လူ​တစ်​သောင်း​ရှစ်​ထောင် ကို​လုပ်​ကြံ​လေ​သည်။-
13 And he put garrisons in Edom, and all the Edomites became servants unto David. And the Lord helped David withersoever he went.
၁၃သူ​သည်​ဧ​ဒုံ​ပြည်​တစ်​လျှောက်​လုံး​တွင်​တပ်​စ​ခန်း များ​ချ​၍​ထား​သ​ဖြင့် ထို​အ​ရပ်​ရှိ​လူ​တို့​သည် ဒါ​ဝိဒ်​၏​လက်​အောက်​ခံ​များ​ဖြစ်​လာ​ကြ​လေ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​အား​အ​ရပ် တ​ကာ​တွင်​အောင်​ပွဲ​ကို​ပေး​တော်​မူ​သ​တည်း။
14 And David reigned over all Israel, and he did what is just and right unto all his people.
၁၄ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တစ်​ခု​လုံး​ကို အ​စိုး​ရ​တော်​မူ​၍ မိ​မိ​၏​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​အ​ပေါ်​တွင်​အ​စဉ်​ပင်​တ​ရား မျှ​တ​စွာ​စီ​ရင်​အုပ်​ချုပ်​တော်​မူ​၏။-
15 And Joab the son of Zeruyah was over the army, and Jehoshaphat the son of Achilud, recorder.
၁၅ဇေ​ရု​ယာ​၏​ညီ​ယွာ​ဘ​သည်​တပ်​မ​တော် ဗိုလ်​ချုပ်​ဖြစ်​၍ အ​ဟိ​လုဒ်​၏​သား​ယော​ရှ​ဖတ် သည်​မှတ်​တမ်း​ထိမ်း​မှူး​ဖြစ်​၏။-
16 And Zadok the son of Achitub, and Abimelech the son of Ebyathar, were [the] priests; and Shavsha was scribe;
၁၆အ​ဟိ​တုပ်​၏​သား​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ​၏ သား​အ​ဟိ​မ​လက်​သည်​ယဇ်​ပု​ရော​ဟိတ်​များ ဖြစ်​ကြ​၏။ စ​ရာ​ယ​ကား​နန်း​တော်​အ​တွင်း​ဝန် ဖြစ်​သ​တည်း။-
17 And Benayahu the son of Jehoyada' was over the Kerethites and the Pelethites; and the sons of David were the first at the side of the king.
၁၇ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ​သည်​ဒါ​ဝိဒ်​၏ ကိုယ်​ရံ​တော်​တပ်​ဖွဲ့​ဝင်၊ ခေ​ရ​သိ​အ​မျိုး​သား များ​နှင့်​ပေ​လ​သိ​အ​မျိုး​သား​တို့​ကို​အုပ်​ချုပ် ရ​လေ​သည်။ ဒါ​ဝိဒ်​၏​သား​တော်​တို့​သည်​လည်း ကြီး​မြင့်​သည့်​ရာ​ထူး​ရာ​ခံ​များ​တွင်​မင်း​ကြီး ၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရ​ကြ​၏။

< 1 Chronicles 18 >