< Zacharias 1 >
1 In the eighth month, in the second year of [the reign of] Darius, the word of the Lord came to Zacharias, the son of Barachias, the son of Addo, the prophet, saying,
၁ဒါရိ မင်းကြီးနန်းစံနှစ် နှစ် ၊ အဋ္ဌမ လ တွင် ၊ ဣဒေါ သား ဗာရခိ ၏သား ပရောဖက် ဇာခရိ သို့ ရောက် လာသော ထာဝရဘုရား ၏နှုတ်ကပတ် တော်ဟူမူကား၊
2 The Lord has been very angry with your fathers.
၂ထာဝရဘုရား သည် သင် တို့ဘိုးဘေး များကို အလွန်အမျက် ထွက်တော်မူပြီ။
3 And you shall say to them, Thus says the Lord Almighty: Turn to me, says the Lord of hosts, and I will turn to you, says the Lord of hosts.
၃သို့သော်လည်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား၏အမိန့် တော်ကို သူ တို့အား ဆင့်ဆို ရမည် မှာ၊ ငါ့ ထံသို့ ပြန် ၍လာကြလော့ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။ငါသည်လည်း သင် တို့ရှိရာသို့ ပြန် လာမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။
4 And be you not as your fathers, whom the prophets before charged, saying, Thus says the Lord Almighty: Turn you from your evil ways, and from your evil practices: but they listened not, and attended not to listen to me, says the Lord.
၄ရှေး ပရောဖက် တို့က၊ သင် တို့မ ကောင်းသော လမ်း ၊ မ ကောင်းသောအကျင့် များကို ယခု ကြဉ်ရှောင် ကြလော့ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကို ဆင့်ဆို လျက် ကြွေးကြော် သော်လည်း နားမ ကြား ၊ ငါ့ စကားကို လည်း နား မ ထောင်သော သင် တို့ဘိုးဘေး များကဲ့သို့ မ ပြု ကြနှင့်ဟု၊ ထာဝရဘုရား မိန့် တော်မူ ၏။
5 Where are your fathers, and the prophets? Will they live for ever?
၅ဘိုးဘေး တို့သည် အဘယ် မှာရှိကြသနည်း။ ပရောဖက် တို့သည် အစဉ်အမြဲ အသက်ရှင် တတ်ကြ သလော ။
6 But do you receive my words and mine ordinances, all that I command by my Spirit to my servants the prophets, who lived in the days of your fathers; and they answered and said, As the Lord Almighty determined to do to us, according to our ways, and according to our practices, so has he done to us.
၆ငါ ၏ ကျွန် ပရောဖက် တို့၌ ငါမှာ ထားသော ငါ ၏ ပညတ် စကား တို့သည် သင် တို့ဘိုးဘေး များကို မှီ ကြပြီ မ ဟုတ်လော ။ သူတို့သည် သတိရ ၍ ငါ တို့ကျင့်ကြံ ပြုမူ သည်နှင့် အလျောက်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား သည် ငါ တို့၌ စီရင် မည်ဟု အကြံ ရှိတော်မူသည်အတိုင်း ၊ စီရင် တော်မူပြီဟု ပြောဆိုကြသည် မဟုတ်လောဟု မိန့် တော်မူ၏။
7 On the twenty-fourth [day] in the eleventh month, this is the month Sabat, in the second year of [the reign of] Darius, the word of the Lord came to Zacharias, the son of Barachias, the son of Addo, the prophet, saying,
၇ဒါရိ မင်းကြီးနန်းစံနှစ် နှစ် ၊ ဧကာ ဒသမလ တည်းဟူသော ရှေဗတ် လ နှစ် ဆယ်လေး ရက်နေ့ တွင်၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ဣဒေါ သား ဖြစ်သော ဗာရခိ ၏သား ပရောဖက် ဇာခရိ သို့ ရောက် လာ၍၊
8 I saw by night, and behold a man mounted on a red horse, and he stood between the shady mountains; and behind him were red horses, and grey, and piebald, and white.
၈ညဉ့် အခါမြင် ရသောရူပါရုံဟူမူကား ၊ မြင်း နီ ကို စီး သော လူ တဦးသည် ထင်ရှား ၍ ချိုင့် တွင် ရှိသောမုရတု တော၌ ရပ် ၏။ သူ့ နောက် မှာနီ သောမြင်း ၊ ညို သော မြင်း၊ ဖြူ သောမြင်းတို့သည် ရှိကြ၏။
9 And I said, What are these, [my] lord? And the angel spoke with me said to me, I will show you what these [things] are.
၉ငါကလည်း ၊ အိုသခင် ၊ ထို သူတို့ကား အဘယ် သူနည်းဟုမေး သော်၊ ငါ နှင့် ပြောဆို သော ကောင်းကင် တမန် က၊ ထို သူ တို့ကား အဘယ် သူဖြစ်သည်ကို ငါ ပြ မည်ဟု ဆို ပြီးမှ ၊
10 And the man that stood between the mountains answered, and said to me, These are [they] whom the Lord has sent forth to go round the earth.
၁၀မုရတု တော၌ ရပ် သော လူ က၊ ထို သူတို့သည် မြေကြီး အရပ်ရပ် တို့ကို လှည့်လည်၍ သွား စေခြင်းငှါ ၊ ထာဝရဘုရား စေလွှတ် တော်မူသောသူဖြစ်ကြသည်ဟု ပြန်ပြော ၏။
11 And they answered the angel of the Lord that stood between the mountains, and said, We have gone round all the earth, and, behold, all the earth is inhabited, and is at rest.
၁၁ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် မြေကြီး အရပ်ရပ် တို့ကို လှည့်လည်၍ သွား ပါပြီ။ မြေကြီး တရှောက်လုံး သည်အမှုမရှိ၊ ငြိမ်ဝပ် လျက်ရှိပါ၏ဟု၊ မုရတု တော၌ ရပ် သော ထာဝရဘုရား ၏ ကောင်းကင် တမန်အား ပြန်လျှောက် ကြ၏။
12 Then the angel of the Lord answered and said, O Lord Almighty, how long will you have no mercy on Jerusalem, and the cities of Juda, which you has disregarded these seventy years?
၁၂တဖန် ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ အို ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၊ ကိုယ်တော်သည် အနှစ် ခုနစ် ဆယ်ပတ်လုံးအမျက်ထွက် တော်မူသောယေရုရှလင် မြို့နှင့် ယုဒ မြို့ များကို အဘယ် မျှကာလ ပတ်လုံးမ သနား ဘဲ နေတော်မူမည်နည်းဟု မေးလျှောက် သော် ၊
13 And the Lord Almighty answered the angel that spoke with me good words and consolatory sayings.
၁၃ထာဝရဘုရား သည် ငါ နှင့် ပြောဆို သော ကောင်းကင် တမန်အား ကောင်း သောစကား ၊ နှစ်သိမ့် စေသော စကား ပြန်ပြော တော်မူ၏။
14 And the angel that spoke with me said to me, Cry out and say, Thus says the Lord Almighty; I have been jealous for Jerusalem and Sion with great jealousy.
၁၄ငါ နှင့် ပြောဆို သော ကောင်းကင် တမန်ကလည်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့်ဆို ၍ ကြွေးကြော် ရမည်မှာ၊ ငါသည် ယေရုရှလင် မြို့နှင့် ဇိအုန် တောင်အဘို့ အလွန်ကြင်နာ သောစိတ်အား ကြီး၏။
15 And I am very angry with the heathen that combine to attack [her]: forasmuch as I indeed was a little angry, but they combined to attack [her] for evil.
၁၅ငြိမ်ဝပ် စွာနေသောတပါး အမျိုးသားတို့ကို အလွန် အမျက် ထွက်၏။ အကြောင်း မူကား၊ ငါ သည် ယေရုရှလင်မြို့ကို အနည်းငယ် အမျက် ထွက်သောအခါ သူတို့သည် ဝိုင်း ၍ ညှဉ်းဆဲ ကြပြီ။
16 Therefore thus says the Lord: I will return to Jerusalem with compassion; and my house shall be rebuilt in her, says the Lord Almighty, and a measuring line shall yet be stretched out over Jerusalem.
၁၆ထိုကြောင့် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကျေးဇူး ပြုချင်သောစိတ်နှင့် ယေရုရှလင် မြို့သို့ ငါပြန် လာ ပြီ။ ဤ မြို့တွင် ငါ့ အိမ် ကို တည်ဆောက် ရမည်။ မြို့ ရွာကို လည်း တိုင်းထွာ ရမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
17 And the angel that spoke with me said to me, Cry yet, and say, Thus says the Lord Almighty; Yet shall cities be spread abroad through prosperity; and the Lord shall yet have mercy upon Sion, and shall choose Jerusalem.
၁၇တဖန် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား ၏အမိန့် တော်ကို ဆင့်ဆို ၍ ကြွေးကြော် ရမည်မှာ၊ ငါ ၏ မြို့ရွာတို့သည် အရပ်ရပ် ၌ နှံ့ပြား၍ စည်ပင်ကြ လိမ့်မည်။ ထာဝရဘုရား သည် ဇိအုန် တောင်သားတို့ကို နှစ်သိမ့် စေဦးမည်။ ယေရုရှလင် မြို့သားတို့ကို ရွေးကောက် ၍ ပြုစု ဦးမည်ဟု မိန့် တော်မူ၏။
18 And I lifted up mine eyes and looked, and behold four horns.
၁၈တဖန် ငါမျှော်ကြည့် ၍ ဦးချို လေး ချောင်းကို မြင် ၏။
19 And I said to the angel that spoke with me, What are these things, [my] lord? And he said to me, These are the horns that have scattered Juda, and Israel, and Jerusalem.
၁၉ငါ နှင့် ပြောဆို သော ကောင်းကင် တမန်အား လည်း ၊ ထို ဦးချိုတို့ကား အဘယ်သို့ နည်းဟု မေးမြန်း သော် ၊ ထို ဦးချိုတို့သည် ယုဒ ပြည်၊ ဣသရေလ ပြည်၊ ယေရုရှလင် မြို့တို့ကို အရပ်ရပ်သို့ ကွဲပြား စေသော ဦးချို ဖြစ်သည်ဟု ပြန်ပြော ၏။
20 And the Lord showed me four artificers.
၂၀ထာဝရဘုရား သည်လည်း လက်သမား လေး ဦးတို့ကို ပြ တော်မူ၏။
21 And I said, What are these coming to do? And he said, These are the horns that scattered Juda, and they broke Israel in pieces, and none of them lifted up his head: and these are come forth to sharpen them for their hands, [even] the four horns, the nations that lifted up the horn against the land of the Lord to scatter it.
၂၁ငါကလည်း၊ ဤ သူတို့သည် အဘယ် အမှုကို ပြု ခြင်းငှါ လာ ပါသနည်းဟု မေးလျှောက် သော် ၊ ကောင်းကင် တမန်က၊ ထို ဦးချို တို့သည် အဘယ်သူမျှမျှော် ၍ မ ကြည့်ဝံ့အောင်၊ ယုဒ ပြည်သားတို့ကို ကွဲပြား စေသော ဦးချိုဖြစ်ကြ၏။ ဤလက်သမားတို့သည် ယုဒ ပြည်သား တို့ ကို ကွဲပြား စေခြင်းငှာ တိုက်လာသောထိုဦးချို တို့ကို ခြိမ်းမောင်း ၍၊ တပါး အမျိုး၏ ဦးချို တို့ကို ရှုတ်ချ သောသူ ဖြစ် ကြသည်ဟု ပြန်ပြော ၏။