< Esias 34 >
1 Draw near, you nations; and listen, you princes; let the earth hear, and they that are in it; the world, and the people that are therein.
၁အို လူမျိုးအပေါင်းတို့လာကြလော့။ လာ ရောက်စုဝေး၍နားထောင်ကြလော့။ ကမ္ဘာတစ် ဝှမ်းလုံးတွင်နေထိုင်သမျှသောလူတို့သည် ဤအရပ်သို့လာ၍နားထောင်ကြရာ၏။-
2 For the wrath of the Lord is upon all nations, and [his] anger upon the number of them, to destroy them, and give them up to slaughter.
၂ထာဝရဘုရားသည်လူမျိုးတကာတို့အား လည်းကောင်း၊ သူတို့၏စစ်တပ်အပေါင်းအား လည်းကောင်း၊ အမျက်ထွက်တော်မူသဖြင့် ပျက်စီးစေရန်အပြစ်ဒဏ်စီရင်တော်မူ လေပြီ။-
3 And their slain shall be cast forth, and their corpses; and their [ill] savor shall come up, and the mountains shall be made wet with their blood.
၃သူတို့၏အလောင်းများသည်မြှုပ်နှံခြင်းကို မခံရဘဲ မြေပေါ်တွင်လဲလျက်ပုပ်စပ်နံစော် ၍နေလိမ့်မည်။ တောင်တို့သည်လည်းသွေးများ ဖြင့်နီရဲလျက်နေလိမ့်မည်။-
4 And all the powers of the heavens shall melt, and the sky shall be rolled up like a scroll: and all the stars shall fall like leaves from a vine, and as leaves fall from a fig tree.
၄နေလနက္ခတ်တို့သည်မြေသို့ကြွေကျလိမ့်မည်။ မိုးကောင်းကင်သည်လိပ်၍တင်လိုက်သည့်စာ လိပ်သဖွယ်ပျောက်ကွယ်သွားကာ ကြယ်တို့ သည်စပျစ်ပင်သို့မဟုတ်သင်္ဘောသဖန်းပင် မှအရွက်ကြွေသကဲ့သို့ကြွေကျကြလိမ့် မည်။
5 My sword has been made drunk in heaven: behold, it shall come down upon Idumea, and with judgment upon the people doomed to destruction.
၅ထာဝရဘုရားသည်ဋ္ဌားတော်ကိုကောင်းကင် ဘုံတွင် အသင့်ပြင်ဆင်တော်မူပြီးမှဆုံးပါး ပျက်စီးရန် အပြစ်ဒဏ်စီရင်ထားတော်မူ သောဧဒုံပြည်သူတို့အပေါ်သို့သက်ရောက် စေတော်မူလိမ့်မည်။-
6 The sword of the Lord is filled with blood, it is glutted with fat, with the blood of goats and lambs, and with the fat of goats and rams: for the Lord has a sacrifice in Bosor, and a great slaughter in Idumea.
၆ကိုယ်တော်၏ဋ္ဌားတော်သည်ယဇ်ပူဇော်ရာ သိုးဆိတ်တို့၏အသွေးအဆီဖြင့်ဝလျက် နေသကဲ့သို့ ထိုသူတို့၏အသွေးအဆီများ နှင့်ဝလျက်နေလိမ့်မည်။ ထာဝရဘုရား သည်ဤယဇ်ပူဇော်ပွဲကိုဗောဇရမြို့တွင် ကျင်းပတော်မူလိမ့်မည်။ ဤလူသတ်ပွဲ ကြီးကိုဧဒုံပြည်တွင်ဖြစ်ပွားစေတော် မူလိမ့်မည်။-
7 And the mighty ones shall fall with them, and the rams and the bulls; and the land shall be soaked with blood, and shall be filled with their fat.
၇ပြည်သူတို့သည်နွားရိုင်းများ၊ နွားသိုးပျို များကဲ့သို့လဲကျကြလိမ့်မည်။ မြေကြီး သည်လည်းသွေးများဖြင့်နီ၍လည်းကောင်း၊ အဆီများဖြင့်အီ၍လည်းကောင်းနေလိမ့် မည်။-
8 For it is the day of judgment of the Lord, and the year of the recompence of Sion in judgment.
၈ဤအချိန်အခါကားဇိအုန်မြို့ကိုထာဝရ ဘုရားကယ်ဆယ်တော်မူ၍ ထိုမြို့၏ရန်သူ တို့အားလက်စားချေတော်မူမည့်အခါ ပင်ဖြစ်သတည်း။
9 And her valleys shall be turned into pitch, and her land into sulphur; and her land shall be as pitch burning night and day;
၉ဧဒုံပြည်မှမြစ်တို့သည်ကတ္တရာစေး အဖြစ်သို့လည်းကောင်း၊ မြေဆီလွှာသည် ကန့်အဖြစ်သို့လည်းကောင်းပြောင်းလဲသွား လိမ့်မည်။ ထိုပြည်တစ်ခုလုံးသည်ကတ္တရာ စေးကဲ့သို့မီးစွဲလောင်၍နေလိမ့်မည်။-
10 and it shall never be quenched, and her smoke shall go up: it shall be made desolate throughout her generations,
၁၀ယင်းသည်နေ့ရောညဥ့်ပါမီးလောင်လျက်မီး ခိုးများထာဝစဉ်တက်၍နေလိမ့်မည်။ ထို ပြည်သည်လူမျိုးစဉ်ဆက်အဟောသိကံ ဖြစ်၍နေလိမ့်မည်။ ထိုပြည်ကိုနောင်အဘယ် အခါ၌မျှဖြတ်သန်းသွားလာသူရှိလိမ့် မည်မဟုတ်။-
11 and for a long time birds and hedgehogs, and ibises and ravens shall dwell in it: and the measuring line of desolation shall be cast over it, and satyrs shall dwell in it.
၁၁ထိုပြည်သည်ဇီးကွက်များနှင့်ကျီးအတို့ ခိုအောင်းရာဖြစ်လိမ့်မည်။ ကမ္ဘာကိုဖန်ဆင်း တော်မမူမီအခါကကဲ့သို့ပင် ထာဝရ ဘုရားသည်ထိုပြည်ကိုလွတ်လပ်လဟာ ပြင်ကြီးဖြစ်စေတော်မူလိမ့်မည်။-
12 Her princes shall be no more; for her kings and her great men shall be destroyed.
၁၂တိုင်းပြည်ကိုစိုးမိုးအုပ်ချုပ်သည့်ဘုရင်နှင့် ပြည်သူ့ခေါင်းဆောင်အပေါင်းတို့သည်လည်း ရှိကြတော့မည်မဟုတ်။-
13 And thorns shall spring up in their cities, and in her strong holds: and they shall be habitations of monsters, and a court of ostriches.
၁၃နန်းတော်အဆောက်အဦများနှင့်တံတိုင်း ကာရံထားသည့်မြို့အပေါင်းတို့တွင် ဆူး ပင်အမျိုးမျိုးပေါက်လျက် ခွေးအများနှင့် ဇီးကွက်များခိုအောင်းရာဖြစ်လိမ့်မည်။-
14 And devils shall meet with satyrs, and they shall cry one to the other: there shall satyrs rest, having found for themselves [a place of] rest.
၁၄ထိုအရပ်တွင်တောတိရစ္ဆာန်များလှည့်လည် သွားလာလျက် မကောင်းဆိုးရွားတို့သည်လည်း အချင်းချင်းအော်မြည်လျက်နေကြလိမ့်မည်။ ကြောက်မက်ဖွယ်ညသတ္တဝါကြီးသည်လည်း ထိုအရပ်သို့လာ၍နားရန်နေရာကိုရှာ လိမ့်မည်။-
15 There has the hedgehog made its nest, and the earth has safely preserved its young: there have the deer met, and seen one another's faces.
၁၅ဇီးကွက်တို့သည်အသိုက်များလုပ်လျက်ဥ များကိုဥပြီးနောက် ဝပ်၍သားငယ်တို့ကို စောင့်ရှောက်ကာနေလိမ့်မည်။ လင်းတများ သည်လည်းတစ်ကောင်ပြီးတစ်ကောင်လာ ရောက်စုရုံးကြလိမ့်မည်။
16 They passed by in [full] number, and not one of them perished: they sought not one another; for the Lord commanded them, and his Spirit gathered them.
၁၆သက်ရှိသတ္တဝါများအကြောင်းဖော်ပြပါ ရှိသည့် ထာဝရဘုရား၏စာစောင်တော်တွင် ရှာ၍ဖတ်ကြည့်ကြလော့။ ထိုသတ္တဝါတစ် ကောင်မျှပျောက်ဆုံးလိမ့်မည်မဟုတ်။ အဘယ် သတ္တဝါမျှလည်းကြင်ဖော်မဲ့ဖြစ်ရလိမ့် မည်မဟုတ်။ ဤနည်းအတိုင်းဖြစ်စေရန် ထာဝရဘုရားအမိန့်ပေးတော်မူခဲ့လေ ပြီ။ ကိုယ်တော်သည်သူတို့အားစုဝေးစေ တော်မူလိမ့်မည်။-
17 And he shall cast lots for them, and his hand has portioned out [their] pasture, [saying], You shall inherit [the land] for ever: they shall rest on it [through] all generations.
၁၇ထိုသတ္တဝါအသီးသီးတို့အားမြေကြီး ပေါ်တွင် နယ်မြေခွဲဝေသတ်မှတ်ပေးတော် မူသောအရှင်ကားထာဝရဘုရားတည်း။ သူတို့သည်အမျိုးစဉ်ဆက်ထိုနယ်မြေများ တွင်နေရကြလိမ့်မည်။ ယင်းတို့ကိုလည်း ထာဝစဉ်ပိုင်ရကြလိမ့်မည်။