< Esias 2 >

1 The word which came to Esaias the son of Amos concerning Judea, and concerning Jerusalem.
အောက်​ပါ​ဗျာ​ဒိတ်​တော်​မှာ၊ ယု​ဒ​ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​အ​ဘယ်​သို့​ဖြစ်​ပျက်​မည် ကို အာ​မုတ်​၏​သား​ဟေ​ရှာ​ယ​အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။
2 For in the last days the mountain of the Lord shall be glorious, and the house of God [shall be] on the top of the mountains, and it shall be exalted above the hills; and all nations shall come to it.
ဟေ​ရှာ​ယ​က နောင်​လာ​လတ္တံ့​သော​ကာ​လ​၌ ယ​ခု​ဗိ​မာန်​တော်​တည်​ရာ​တောင်​တော်​သည် တောင်​တ​ကာ​တို့​ကို​လွှမ်း​မိုး​၍ အ​မြင့်​ဆုံး​ဖြစ်​လိမ့်​မည်။ လူ​မျိုး​အပေါင်း​တို့​သည်​လည်း​ထို​တောင်​တော်​သို့ လာ​ရောက်​ကြ​လိမ့်​မည်။
3 And many nations shall go and say, Come, and let us go up to the mountain of the Lord, and to the house of the God of Jacob; and he will tell us his way, and we will walk in it: for out of Sion shall go forth the law, and the word of the Lord out of Jerusalem.
သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​ပေါ်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​သို့​ငါ​တို့​တက်​ကြ​ကုန်​အံ့။ ကိုယ်​တော်​၏​အ​လို​တော်​ကို​သင်​ယူ​ကြ​ကုန်​အံ့။ ကိုယ်​တော်​ရွေး​ချယ်​ပေး​တော်​မူ​သော​လမ်း​ကို ငါ​တို့​လိုက်​လျှောက်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ လိမ့်​မည်။ ``ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​လည်း​ကောင်း ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည် ဇိ​အုန်​တောင်​ပေါ်​မှ​လည်း​ကောင်း ပေါ်​ထွက်​လာ​လိမ့်​မည်။''
4 And he shall judge among the nations, and shall rebuke many people: and they shall beat their swords into plowshares, and their spears into sickles: and nation shall not take up sword against nation, neither shall they learn to war any more.
ကိုယ်​တော်​သည်​လူ​မျိုး​ကြီး​တို့​အ​ငြင်း​ပွား မှု​ကို ပြေ​ငြိမ်း​စေ​တော်​မူ​လိမ့်​မည်။ သူ​တို့​သည်​လည်း​မိ​မိ​တို့​၏​ဋ္ဌား​များ​ကို ထွန်​သွား​အ​ဖြစ်၊ မိ​မိ​တို့​လှံ​များ​ကို​တံ​စဉ်​အ​ဖြစ်​သို့ ပြောင်း​လဲ​ပြု​လုပ်​ကြ​လိမ့်​မည်။ လူ​မျိုး​အ​ပေါင်း​တို့​သည်​နောင်​ဘယ်​အ​ခါ​မျှ စစ်​တိုက်​ကြ​တော့​မည်​မဟုတ်။ နောက်​တစ်​ဖန်​စစ်​တိုက်​ရန်​လည်း​ပြင်​ဆင် ကြ​တော့​မည်​မ​ဟုတ်။
5 And now, O house of Jacob, come, [and] let us walk in the light of the Lord.
ယာ​ကုပ်​၏​သား​မြေး​တို့၊ ယ​ခု​ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​အ​လင်း ၌​ကျင်​လည်​ကြ​ကုန်​အံ့။
6 For he has forsaken his people the house of Israel, because their land is filled as at the beginning with divinations, as the [land] of the Philistines, and many strange children were born to them.
အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ယာ​ကုပ်​၏ သား​မြေး​များ​ဖြစ်​သည့်​ကိုယ်​တော်​ရှင်​၏​လူ​မျိုး တော်​အား​စွန့်​ပစ်​တော်​မူ​ပါ​ပြီ။ သူ​တို့​၏​ပြည် သည်​လည်း​အ​ရှေ့​နိုင်​ငံ​သား​များ၊ ဖိ​လိတ္တိ အ​မျိုး​သား​တို့​၏​မှော်​အ​တတ်​ကို​ကျင့်​သုံး သူ​များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​ပါ​၏။ ပြည်​သူ တို့​သည်​နိုင်​ငံ​ခြား​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို လိုက်​လျှောက်​ကြ​ပါ​၏။-
7 For their land is filled with silver and gold, and there was no number of their treasures; their land also is filled with horses, and there was no number of chariots.
သူ​တို့​၏​ပြည်​သည်​ရွှေ၊ ငွေ​ပေါ​များ​သ​ဖြင့် အ​တိုင်း​မ​သိ​အောင်​ချမ်း​သာ​ကြွယ်​ဝ​ပါ​၏။ သူ​တို့​၏​ပြည်​၌​မြင်း​ပေါ​များ​၍ မြင်း​ရ​ထား အ​ရေ​အ​တွက်​မှာ​လည်း​အ​တိုင်း​မ​သိ​အောင် များ​ပါ​၏။-
8 And the land is filled with abominations, [even] the works of their hands; and they have worshipped [the works] which their fingers made.
သူ​တို့​၏​ပြည်​သည်​ရုပ်​တု​ဆင်း​တု​များ​နှင့်​ပြည့် နှက်​နေ​လျက်​လူ​တို့​သည် မိ​မိ​တို့​လက်​ဖြင့်​ပြု လုပ်​သည့်​အ​ရာ​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် ကြ​ပါ​၏။
9 And the mean man bowed down, and the great man was humbled: and I will not pardon them.
သို့​ဖြစ်​၍​လူ​တိုင်း​ပင်​လျှင် ရှုတ်​ချ​ခြင်း​ကို​ခံ​ရ ၍​အ​ရှက်​ကွဲ​ကြ​ပါ​လိမ့်​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​တော်​မ​မူ​ပါ​နှင့်။
10 Now therefore enter you into the rocks, and hide yourselves in the earth, for fear of the Lord, and by reason of the glory of his might, when he shall arise to strike terribly the earth.
၁၀ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်၊ ကိုယ်​တော် ၏​တန်​ခိုး​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော်​တို့​၏ အ​ရှိန်​အ​ဝါ​မှ​ကင်း​လွတ်​ကြ​စေ​ရန် သူ​တို့ သည်​ကျောက်​တောင်​လှိုဏ်​ဂူ​များ​၌​သော်​လည်း ကောင်း၊ မြေ​တွင်း​တူး​၍​သော်​လည်း​ကောင်း​ပုန်း အောင်း​နေ​ကြ​လိမ့်​မည်။-
11 For the eyes of the Lord are high, but man is low; and the haughtiness of men shall be brought low, and the Lord alone shall be exalted in that day.
၁၁လူ​တို့​၏​မာန်​စွယ်​ကျိုး​မည့်​အ​ချိန်၊ မောက်​မာ ထောင်​လွှား​မှု​ပျက်​သုဉ်း​မည့်​အ​ချိန်​ကျ​ရောက် လာ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး တည်း​သာ​လျှင်​ချီး​မြှောက်​ခြင်း​ကို​ခံ​တော်​မူ​ရ လိမ့်​မည်။-
12 For the day of the Lord of hosts shall be upon every one that is proud and haughty, and upon every one that is high and towering, and they shall be brought down;
၁၂ထို​ကာ​လ​၌​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​တန်​ခိုး​ကြီး​သူ၊ မာန်​မာ​န​ကြီး​သူ​နှင့်​စိတ် ကြီး​ဝင်​သူ​မှန်​သ​မျှ​ကို​ရှုတ်​ချ​တော်​မူ​လိမ့်​မည်။-
13 and upon every cedar of Libanus, of them that are high and towering, and upon every oak of Basan,
၁၃ကိုယ်​တော်​သည်​လေ​ဗ​နုန်​တောင်​မှ​အာ​ရစ်​ပင် မြင့်​တို့​နှင့် ဗာ​ရှန်​တော​မှ​ဝက်​သစ်​ချ​ပင်​များ ကို​ချိုး​ချ​တော်​မူ​လိမ့်​မည်။-
14 and upon every high mountain, and upon every high hill,
၁၄တောင်​ကြီး​တောင်​ငယ်​တို့​ကို​ဖြို​ချ​တော်​မူ​၍၊-
15 and upon every high tower, and upon every high wall,
၁၅မြင့်​မား​သော​မျှော်​စင်​မှန်​သ​မျှ​နှင့် မြို့​ရိုး မှန်​သ​မျှ​ကို​ဖျက်​ဆီး​ပစ်​တော်​မူ​လိမ့်​မည်။-
16 and upon every ship of the sea, and upon every display of fine ships.
၁၆ကိုယ်​တော်​သည်​အ​ကြီး​ဆုံး​အ​လှ​ဆုံး​သော သင်္ဘော​များ​ကို​ပင် နစ်​မြုပ်​စေ​တော်​မူ​လိမ့်​မည်။-
17 And every man shall be brought low, and the pride of men shall fall: and the Lord alone shall be exalted in that day.
၁၇လူ​တို့​၏​မာန်​စွယ်​သည်​ကျိုး​၍​မောက်​မာ​ထောင် လွှား​မှု​များ​သည်​ပျက်​သုဉ်း​ရ​လိမ့်​မည်။ ထို ကာ​လ​ကျ​ရောက်​သော​အ​ခါ​ထာ​ဝ​ရ​ဘု​ရား တစ်​ပါး​တည်း​သာ​လျှင် ချီး​မြှောက်​ခြင်း​ကို ခံ​တော်​မူ​ရ​လိမ့်​မည်။-
18 And they shall hide all [idols] made with hands,
၁၈ရုပ်​တု​ဆင်း​တု​တို့​သည်​လုံး​ဝ​ကွယ်​ပျောက်​၍ သွား​လိမ့်​မည်။
19 having carried [them] into the caves, and into the clefts of the rocks, and into the caverns of the earth, for fear of the Lord, and by reason of the glory of his might, when he shall arise to strike terribly the earth.
၁၉ကမ္ဘာ​မြေ​ကြီး​ကို​တုန်​လှုပ်​ချောက်​ချား​စေ​ရန် ကိုယ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ၊ လူ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်၊ ကိုယ် တော်​၏​တန်​ခိုး​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော် အ​ရှိန်​အ​ဝါ​မှ​ကင်း​လွတ်​ကြ​စေ​ရန် ကျောက် တောင်​လှိုဏ်​ဂူ​များ​တွင်​သော်​လည်း​ကောင်း၊ မြေ တွင်း​တူး​၍​သော်​လည်း​ကောင်း​ပုန်း​အောင်း နေ​ကြ​လိမ့်​မည်။-
20 For in that day a man shall cast forth his silver and gold abominations, which they made [in order] to worship vanities and bats;
၂၀ထို​နေ့​ရက်​ကာ​လ​ရောက်​သော​အ​ခါ​လူ​တို့​သည် မိ​မိ​တို့​သွန်း​လုပ်​ထား​သည့်​ရွှေ၊ ငွေ​ရုပ်​တု​များ ကို​ပွေး​ကောင်​နှင့်​လင်း​နို့​တို့​၏​အ​ကြား​တွင် စွန့်​ပစ်​၍​ထား​ကြ​လိမ့်​မည်။-
21 to enter into the caverns of the solid rock, and into the clefts of the rocks, for fear of the Lord, and by reason of the glory of his might, when he shall arise to strike terribly the earth.
၂၁ကမ္ဘာ​မြေ​ကြီး​ကို​တုန်​လှုပ်​ချောက်​ချား​စေ​ရန် ကိုယ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ လူ​တို့ သည်​ကိုယ်​တော်​၏​အ​မျက်​တော်၊ တန်​ခိုး​တော် နှင့်​ဘုန်း​အ​သ​ရေ​တော်​၏​အ​ရှိန်​အ​ဝါ​မှ ကင်း​ဝေး​ကြ​စေ​ရန် မြေ​တွင်း​များ​နှင့်​ကျောက် တောင်​လှိုဏ်​ဂူ​များ​တွင်​ပုန်း​အောင်း​နေ​ကြ လိမ့်​မည်။
၂၂သေ​မျိုး​ဖြစ်​သော​သူ​တို့​အား ယုံ​ကြည်​ကိုး စား​မှု​မ​ပြု​ကြ​နှင့်။ သူ​တို့​သည်​အ​ဘယ် မျှ​တန်​ဖိုး​ရှိ​ပါ​သ​နည်း။

< Esias 2 >