< Chronicles II 5 >
1 And Solomon brought in the holy things of his father David, the silver, and the gold, and the [other] vessels, and put them in the treasury of the house of the Lord.
၁ထိုသို့ ရှောလမုန် သည် ထာဝရဘုရား ၏ အိမ် တော်အဘို့ ပြု လုပ်စီရင် သမျှ အလုံးစုံ တို့ကို လက်စသတ် ပြီးမှ ၊ ခမည်းတော် ဒါဝိဒ် လှူ သော ရွှေ ငွေ တန်ဆာ များကိုဆောင် ခဲ့၍ ဘုရားသခင် ၏အိမ် တော်ဘဏ္ဍာ စုထဲ မှာသွင်း ထားလေ၏။
2 Then Solomon assembled all the elders of Israel, and all the heads of the tribes, [even] the leaders of the families of the children of Israel, to Jerusalem, to bring up the ark of the covenant of the Lord out of the city of David, —this [is] Sion.
၂ထိုအခါ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို၊ ဇိအုန် မည်သော ဒါဝိဒ် မြို့ မှာ ဆောင် ခဲ့လိုသောငှါ ၊ ရှောလမုန် သည် ဣသရေလ အသက် ကြီးသူ အပေါင်း တို့နှင့် ဣသရေလ အဆွေအမျိုး အသီးအသီးကို အုပ်သောခေါင်း မင်း အပေါင်းတို့ကို၊ ယေရုရှလင် မြို့သို့ ခေါ် တော်မူသည်အတိုင်း၊
3 And all Israel were assembled [to] the king in the feast, this [is] the seventh month.
၃ဣသရေလ လူ အပေါင်း တို့သည်၊ သတ္တမ လ ၌ လုပ်သော ပွဲ အတွင်းတွင် ၊ ရှင်ဘုရင် ထံ တော်သို့ စုဝေး ရောက်လာကြ၏။
4 And all the elders of Israel came; and all the Levites took up the ark,
၄ဣသရေလ အမျိုး အသက်ကြီး သူအပေါင်း တို့ သည် လာ ၍ လေဝိ သားတို့သည်လည်း ထာဝရဘုရား၏ သေတ္တာ တော်ကိုထမ်း လျက်၊
5 and the tabernacle of witness, and all the holy vessels that were in the tabernacle; and the priests and the Levites brought it up.
၅ပရိသတ်စည်းဝေး ရာတဲ တော်၊ တဲ တော်နှင့် ဆိုင် ၍ ၊ သန့်ရှင်း သော တန်ဆာ အလုံးစုံ တို့ကို ယဇ် ပုရောဟိတ်များနှင့် လေဝိ သားများတို့သည် ဆောင် ခဲ့ကြ၏။
6 And king Solomon, and all the elders of Israel, and the religious of them, and they of them that were gathered before the ark, [were] sacrificing calves and sheep, which could not be numbered or reckoned for multitude.
၆ရှောလမုန် မင်းကြီး မှစ၍ သေတ္တာ တော်ရှေ့ မှာ စည်းဝေး သော ဣသရေလ ပရိသတ် အပေါင်း တို့သည် မ ရေတွက် နိုင်၊ အတိုင်းမသိ များစွာ သော သိုး နွား တို့ကို ယဇ် ပူဇော်ကြ၏။
7 And the priests brought in the ark of the covenant of the Lord into its place, into the oracle of the house, [even] into the holy of holies, under the wings of the cherubs.
၇ယဇ် ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို အိမ်တော်အတွင်းသို့သွင်း ၍ အလွန် သန့်ရှင်းရာဌာန တည်းဟူသောဗျာဒိတ် ဌာနတော် ထဲမှာ ၊ ခေရုဗိမ် အတောင် တို့အောက် ၊ သူ့ နေရာ ၌ ထားကြ ၏။
8 And the cherubs stretched out their wings over the place of the ark, and the cherubs covered the ark, and its staves above.
၈ခေရုဗိမ် တို့သည် မိမိအတောင် ကို သေတ္တာ တော် နေရာ အပေါ် မှာ ဖြန့် ၍ ၊ သေတ္တာ တော်နှင့် ထမ်းဘိုး တို့ကို လွှမ်းမိုး လျက် ရှိ ကြ၏။
9 And the staves projected, and the heads of the staves were seen from the holy place in front of the oracle, they were not seen without: and there they were to this day.
၉ထမ်းဘိုး တို့ကို ဆွဲ ထားသဖြင့် ၊ ထမ်းဘိုး ဖျား တို့ သည် ပြင်ခန်း ၌ မ ထင် ၊ သေတ္တာ တော်ရှေ့ ဗျာဒိတ် ဌာန တော်၌ သာ ထင် ၍ ယနေ့ တိုင်အောင် ရှိ ကြ၏။
10 There was nothing in the ark except the two tables which Moses placed [there] in Choreb, which God gave in covenant with the children of Israel, when they went out of the land of Egypt.
၁၀ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည်မှ ထွက် ၍ ၊ ထာဝရဘုရား သည် သူ တို့နှင့် ပဋိညာဉ် ဖွဲ့တော်မူသောအခါ၊ မောရှေ သည် ဟောရပ် အရပ်၌ ရှိစဉ် သွင်း ထားသော ကျောက် ပြားနှစ် ပြားမှတပါး သေတ္တာ တော်ထဲ ၌အဘယ် အရာမရှိ။
11 And it came to pass, when the priests when out of the holy place, (for all the priests that were found were sanctified, they were not [then] arranged according to their daily course, )
၁၁ထိုအခါ စည်းဝေးသော ယဇ် ပုရောဟိတ်တို့သည် အလှည့်သင့်သည်အတိုင်း အမှုတော်ကို မ စောင့် ၊ ရှိသမျှ တို့ သည် သန့်ရှင်း သည်ဖြစ်၍သန့်ရှင်း ရာဌာနထဲက ထွက် ပြီးလျှင်၊
12 that all the singing Levites [assigned] to the sons of Asaph, to Aeman, to Idithun, and to his sons, and to his brethren, of them that were clothed in linen garments, with cymbals and lutes and harps, [were] standing before the altar, and with them a hundred and twenty priests, blowing trumpets.
၁၂သီချင်း ဆိုသော လေဝိသား အာသပ် တပည့်၊ ဟေမန် တပည့်၊ ယေဒုသုန် တပည့်အပေါင်း တို့သည် အမျိုးသား ချင်းများနှင့်တကွ ပိတ်ဖြူ ကို ဝတ်ဆင် ၍၊ ခွက်ကွင်း စောင်း တယော ကို ကိုင်လျက် ယဇ် ပလ္လင်အရှေ့ ဘက်၌ ရပ် နေကြ၏။ တံပိုး မှုတ်သော ယဇ်ပုရောဟိတ် တရာ နှစ်ဆယ် တို့သည်လည်း၊
13 And there was one voice in the trumpeting and in the psalm-singing, and in the loud utterance with one voice to give thanks and praise the Lord; and when they raised their voice together with trumpets and cymbals, and instruments of music, and said, Give thanks to the Lord, for [it is] good, for his mercy [endures] for ever: —then the house was filled with the cloud of the glory of the Lord.
၁၃သီချင်း ဆိုသောသူတို့နှင့် ဝိုင်း လျှင် ၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ၍ ထောမနာပြုခြင်းငှါ ၊ တညီတညွတ် တည်းအသံ ပြိုင်လျက်၊ ကောင်းမြတ် တော်မူ သည်။ ကရုဏာ တော်အစဉ်အမြဲ တည်သည်ဟု တံပိုး ခွက်ကွင်း အစ ရှိသောတုရိယာ မျိုးနှင့်တကွ ၊ အသံ ကိုလွှင့် ၍ ထာဝရဘုရား ၏ ဂုဏ်တော်ကို ချီးမွမ်း ကြသောအခါ ၊ ထာဝရဘုရား ၏အိမ် တော်သည် မိုဃ်းတိမ် နှင့်ပြည့် ၏။
14 And the priests could not stand to minister because of the cloud: for the glory of the Lord filled the house of God.
၁၄ထိုသို့ ဘုရားသခင် ၏ အိမ် တော်သည် ထာဝရဘုရား ၏ ဘုန်း တော်နှင့်ပြည့် လျက်၊ မိုဃ်းတိမ် တော် ကြောင့် ယဇ် ပုရောဟိတ်တို့သည် အမှု တော်ကို ဆောင်ရွက် လျက် ရပ် ၍ မ နေနိုင် ကြ။