< Job 27 >
1 Moreover Job continued his parable, and said,
၁ယောဘ သည် လင်္ကာ စကားကိုဆက် ၍ မြွက်ဆို သည် ကား၊
2 [As] God liveth, [who] hath taken away my judgment; and the Almighty, [who] hath vexed my soul;
၂ငါ့ ကိုအမှု ရှုံး စေတော်မူသောဘုရား သခင်၊ ငါ့ ဝိညာဉ် ကို ညှဉ်းဆဲ တော်မူသောအနန္တ တန်ခိုးရှင်သည် အသက် ရှင်တော်မူသည် မှန်လျှင်၊
3 All the while my breath [is] in me, and the spirit of God [is] in my nostrils;
၃ငါ့ အသက် ရှင်လျက်၊ ငါ့ နှာခေါင်း ၌ ဘုရား သခင်ပေးတော်မူသောအသက် တည်သမျှကာလပတ်လုံး၊
4 My lips shall not speak wickedness, nor my tongue utter deceit.
၄တခါမျှအဓမ္မ စကားကို ငါ့ နှုတ် မ မြွက်။ လှည့်စား သော စကားကို ငါ့ လျှာ ဖြင့် ငါမ ပြော ဘဲနေမည်။
5 God forbid that I should justify you: till I die I will not remove mine integrity from me.
၅သင် တို့သဘော ဖြောင့်သည်ဟု ဝန်ခံသောစကားသည် ငါ နှင့် ဝေး ပါစေသော။ ငါသည် ကိုယ် သဘော ဖြောင့်သည်ကို သေ သည်တိုင်အောင် မ ငြင်း။
6 My righteousness I hold fast, and will not let it go: my heart shall not reproach [me] so long as I live.
၆ငါသည် တရား သောအကျင့်ကို လက် မ လွှတ်၊ စွဲကိုင် လျက်နေမည်။ အသက်ရှင်သမျှကာလ ပတ်လုံးကိုယ် စိတ်နှလုံး သည် ကိုယ်ကိုအပြစ် မ တင်ရ။
7 Let mine enemy be as the wicked, and he that riseth up against me as the unrighteous.
၇ငါ့ ရန်သူ သည် ဆိုး သောသူကဲ့သို့ ၎င်း ၊ ငါ့ တစ်ဘက်၌ ထ သောသူသည် မ ဖြောင့်မတ်သော သူကဲ့သို့ ၎င်း ဖြစ် ပါစေသော။
8 For what [is] the hope of the hypocrite, though he hath gained, when God taketh away his soul?
၈အဓမ္မ လူသည် ဆုံး ခြင်းသို့ရောက်၍၊ အသက် ဝိညာဉ်ကိုဘုရား သခင်နှုတ် တော်မူသောအခါ အဘယ် မြော်လင့် စရာရှိသေးသနည်း။
9 Will God hear his cry when trouble cometh upon him?
၉ထိုအမှု ရောက် သောအခါ ၊ သူ အော်ဟစ် ခြင်းကို ဘုရား သခင်နားထောင် တော်မူမည်လော။
10 Will he delight himself in the Almighty? will he always call upon God?
၁၀ထိုသူသည် အနန္တ တန်ခိုးရှင်၌ မွေ့လျော် လိမ့်မည်လော။ ဘုရား သခင်ကို အစဉ် ပဌာန ပြုလိမ့်မည်လော။
11 I will teach you by the hand of God: [that] which [is] with the Almighty will I not conceal.
၁၁ဘုရား သခင်၏အမှုတော်တို့ကို သင် တို့အား ငါပြသ မည်။ အနန္တ တန်ခိုးရှင်ကြံစည်တော်မူသောအရာ တို့ကို ငါထိမ်ဝှက် ၍မ ထား။
12 Behold, all ye yourselves have seen [it; ] why then are ye thus altogether vain?
၁၂သင် တို့သည်ကိုယ်တိုင်သိမြင် လျက် ၊ ဤ မျှလောက်အချည်းနှီး သောစိတ်ကို အဘယ်ကြောင့် ပြုစုကြသနည်း။
13 This [is] the portion of a wicked man with God, and the heritage of oppressors, [which] they shall receive of the Almighty.
၁၃လူ ဆိုး အား ဘုရား သခင်ပေးတော်မူသောဆုလပ် ၊ ညှဉ်းဆဲ တတ်သောသူသည်အနန္တ တန်ခိုးရှင်၏ လက်တော်မှ ခံရ သောအမွေ ဥစ္စာဟူမူကား၊
14 If his children be multiplied, [it is] for the sword: and his offspring shall not be satisfied with bread.
၁၄သူ ၏သားသမီး များပြား သော်လည်း ထား စာ ဖြစ်ကြ၏။ မွတ်သိပ် ခြင်းကိုလည်း ခံရကြ၏။
15 Those that remain of him shall be buried in death: and his widows shall not weep.
၁၅သူ ၌ ကျန်ကြွင်း သောသူတို့ ကို သေမင်း သင်္ဂြိုဟ် လိမ့်မည်။ သူ ၏မုတ်ဆိုးမ တို့သည် ငိုကြွေး ခြင်းကို မ ပြု ရကြ။
16 Though he heap up silver as the dust, and prepare raiment as the clay;
၁၆သူသည်ငွေ ကို မြေမှုန့် ကဲ့သို့ ပုံ ၍ ၊ အဝတ် တန်ဆာကို ရွှံ့ ကဲ့သို့ ပြင်ဆင် သော်လည်း၊
17 He may prepare [it], but the just shall put [it] on, and the innocent shall divide the silver.
၁၇ထိုအဝတ်တန်ဆာကို ဖြောင့်မတ် သောသူသည် ဝတ်ဆင် လိမ့်မည်။ ထိုငွေ ကို အပြစ်ကင်း သောသူသည် ဝေငှ လိမ့်မည်။
18 He buildeth his house as a moth, and as a booth [that] the keeper maketh.
၁၈သူဆောက် သော အိမ်သည်ပိုးရွ အိမ် ကဲ့သို့ ၎င်း ၊ ကင်း တဲ ကဲ့သို့ ၎င်း ဖြစ် ၏။
19 The rich man shall lie down, but he shall not be gathered: he openeth his eyes, and he [is] not.
၁၉ထိုရ တတ်သောသူသည် သေသောအခါ သင်္ဂြိုဟ်ခြင်းကို မခံရ။ မျက်စိ တမှိတ်၌ ဆုံးရှုံးပြီ။
20 Terrors take hold on him as waters, a tempest stealeth him away in the night.
၂၀ထသောရေ ကဲ့သို့ ဘေးဥပဒ် တို့သည် သူ့ ကိုလိုက်တတ်၏။ ညဉ့် အခါ မိုဃ်းသက် မုန်တိုင်းတိုက် သွား တတ်၏။
21 The east wind carrieth him away, and he departeth: and as a storm hurleth him out of his place.
၂၁အရှေ့ လေလွှင့် ၍ သူသည်မိမိ နေရာ ၌ မတည်။ လေ အဟုန်ဖြင့် ပါသွား တတ်၏။
22 For [God] shall cast upon him, and not spare: he would fain flee out of his hand.
၂၂ဘုရားသခင်သည် မ သနား ဘဲ ဒဏ်ခတ် တော်မူသဖြင့် ၊ လက် တော်မှ လွတ် ခြင်းငှါအလိုရှိလိမ့်မည်။
23 [Men] shall clap their hands at him, and shall hiss him out of his place.
၂၃လူတို့သည်လက်ခုပ် တီး၍ ကဲ့ရဲ့ သံကိုပြုလျက် ၊ သူ့ကိုမောင်း ကြလိမ့်မည်။