< Jeremiah 9 >

1 Oh that my head were waters, and mine eyes a fountain of tears, that I might weep day and night for the slain of the daughter of my people!
ငါ​သည်​အ​သတ်​ခံ​ကြ​သော မိ​မိ​အ​မျိုး​သား​များ​အ​တွက်​နေ့​ရော​ညဥ့်​ပါ ငို​ကြွေး​နိုင်​ရန်​ငါ​၏​မျက်​စိ​များ​သည် မျက်​ရည်​စမ်း​ကဲ့​သို့​လည်း​ကောင်း၊ ငါ​၏​ဦး​ခေါင်း​သည်​လည်း​ရေ​တွင်း​ကဲ့​သို့ လည်း​ကောင်း ဖြစ်​စေ​ချင်​စမ်း​ပါ​ဘိ။
2 Oh that I had in the wilderness a lodging place of wayfaring men; that I might leave my people, and go from them! for they [be] all adulterers, an assembly of treacherous men.
ငါ​သည်​မိ​မိ​အ​မျိုး​သား​များ​အား​စွန့်​ခွာ​ပြီး လျှင် သဲ​ကန္တာ​ရ​တွင်​သွား​ရောက်​နေ​ထိုင်​စ​ရာ အ​ခန်း​တစ်​ခု​ကို​လို​ချင်​စမ်း​ပါ​ဘိ။ သူ​တို့​အား​လုံး​ပင်​လျှင်​သစ္စာ​မဲ့​၍​အခြား ဖောက်​ပြား​သူ​များ​ဖြစ်​ကြ​၏။
3 And they bend their tongues [like] their bow [for] lies: but they are not valiant for the truth upon the earth; for they proceed from evil to evil, and they know not me, saith the LORD.
သူ​တို့​သည်​လိမ်​လည်​ပြော​ဆို​ရန်​လေး​မှ လွှတ်​သော မြား​ကဲ့​သို့​အ​ဘယ်​အခါ​၌​မျှ​နှုတ်​မ​လေး​ကြ။ တိုင်း​ပြည်​တွင်​သစ္စာ​တ​ရား​အုပ်​စိုး​မည့်​အ​စား မု​သား​စ​ကား​အုပ်​စိုး​လျက်​နေ​၏။ ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​၏​လူ​မျိုး​တော်​သည်​ဒု​စ​ရိုက်​တစ်​ခု​ပြီး တစ်​ခု ကူး​လွန်​လျက် ငါ့​ကို​သူ​တို့​၏​ဘု​ရား​အ​ဖြစ်​လက်​မ​ခံ​ကြ'' ဟု​မိန့်​တော်​မူ​၏။
4 Take ye heed every one of his neighbour, and trust ye not in any brother: for every brother will utterly supplant, and every neighbour will walk with slanders.
လူ​တိုင်း​ပင်​မိ​မိ​တို့​မိတ်​ဆွေ​များ​ကို သ​တိ​ထား ရ​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​မိ​မိ​၏​ညီ​အစ်​ကို​ကို​ယုံ​၍​မ​ရ။ အ​ဘယ်​ကြောင့်​ဆို​သော်​ညီ​အစ်​ကို​တိုင်း​ပင်​လျှင် လှည့်​စား​တတ်​၍ လူ​တိုင်း​သည်​လည်း၊မိ​မိ​မိတ်​ဆွေ​များ​ကို အ​သ​ရေ​ဖျက်​တတ်​ကြ​သော​ကြောင့်​ဖြစ်​၏။
5 And they will deceive every one his neighbour, and will not speak the truth: they have taught their tongue to speak lies, [and] weary themselves to commit iniquity.
သူ​တို့​သည်​မိတ်​ဆွေ​များ​ကို​လိမ်​လည်​လှည့်​စား ကြ​၏။ အ​ဘယ်​သစ္စာ​စ​ကား​ကို​မျှ​မ​ပြော​မ​ဆို​ကြ။ သူ​တို့​သည်​မု​သား​စ​ကား​ပြော​ဆို​တတ်​ရန် မိ​မိ​တို့​နှုတ်​ကို​သွန်​သင်​ထား​ကြ​၏။ အ​ပြစ်​ကို​ပြု​၍​မိ​မိ​တို့​ကိုယ်​ကို​မော​ပန်း စေ​ကြ​ပြီ။
6 Thine habitation [is] in the midst of deceit; through deceit they refuse to know me, saith the LORD.
သူ​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​မ​စွန့်​ပစ်​ကြ။ သူ​တို့​သည်​လိမ်​လည်​လှည့်​စား​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော်​သည် ကိုယ်​တော်​အား​ပစ်​ပယ်​ကြောင်း​မိန့်​တော်​မူ​၏။
7 Therefore thus saith the LORD of hosts, Behold, I will melt them, and try them; for how shall I do for the daughter of my people?
ဤ​အ​ကြောင်း​ကြောင့်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​သတ္တု​ကို​အရည်​ကျို​၍​ချွတ်​သ​ကဲ့​သို့၊ ငါ့​လူ​မျိုး​တော်​ကို​သန့်​စင်​အောင်​ပြု​မည်။ သူ​တို့​အား​ငါ​ဆန်း​စစ်​၍​ကြည့်​မည်။ ငါ​၏​လူ​မျိုး​တော်​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို ကူး​လွန်​ကြ​လေ​ပြီ။ ငါ​သည်​သူ​တို့​အား​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။
8 Their tongue [is as] an arrow shot out; it speaketh deceit: [one] speaketh peaceably to his neighbour with his mouth, but in heart he layeth his wait.
သူ​တို့​၏​လျှာ​သည်​အ​ဆိပ်​လူး​မြား​နှင့်​တူ​၏။ သူ​တို့​သည်​လိမ်​လည်​လှည့်​စား​သည့်​စကား​ကို အ​မြဲ​ပြော​ဆို​ကြ​၏။ လူ​တိုင်း​ပင်​မိ​မိ​အိမ်​နီး​ချင်း​အား​နှုတ်​ချို​စွာ ပြော​ဆို​တတ်​သော်​လည်း စင်​စစ်​အား​ဖြင့်၊သူ့​အ​တွက်​ထောင်​ချောက်​ကို ထောင်​ဖမ်း​လျက်​နေ​သည်။
9 Shall I not visit them for these [things]? saith the LORD: shall not my soul be avenged on such a nation as this?
ဤ​သို့​သော​အ​မှု​တို့​ကို​ပြု​သည့်​အ​တွက်​ငါ​သည် သူ​တို့​အား​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ​နေ​ရ​မည်​လော။ ဤ​သို့​သော​လူ​မျိုး​ကို​ငါ​သည်​လက်​စား​မ​ချေ​ဘဲ နေ​ရ​မည်​လော။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
10 For the mountains will I take up a weeping and wailing, and for the habitations of the wilderness a lamentation, because they are burned up, so that none can pass through [them; ] neither can [men] hear the voice of the cattle; both the fowl of the heavens and the beast are fled; they are gone.
၁၀ယေ​ရ​မိ​က``တောင်​ရိုး​များ​အ​တွက်​ငါ​မြည် တမ်း​မည်။ မြက်​ခင်း​များ​အ​တွက်​ငါ​ငို​ကြွေး​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​စား​ကျက်​တို့​သည် ခြောက်​သွေ့​သွား​၍ ဖြတ်​သန်း​သွား​လာ​မည့်​သူ​ကင်း​မဲ့​လျက် နေ​သော​ကြောင့်​ဖြစ်​၏။ သိုး​နွား​မြည်​သံ​ကို​မ​ကြား​ရ​ကြ​တော့​ပေ။ ငှက်​များ၊တော​တိ​ရစ္ဆာန်​များ​သည်​လည်း ထွက်​ပြေး​ကြ​လေ​ပြီ'' ဟု​ဆို​၏။
11 And I will make Jerusalem heaps, [and] a den of dragons; and I will make the cities of Judah desolate, without an inhabitant.
၁၁ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ယေ​ရု​ရှ​လင် မြို့​ကို တော​ခွေး​များ​ခို​အောင်း​ရာ၊ အ​ဆောက်​အ​အုံ​ပျက်​များ​စု​ဝေး​ရာ​အ​ရပ် ဖြစ်​စေ​မည်။ ယု​ဒ​မြို့​တို့​သည်​လည်း​လူ​သူ​ဆိတ်​ညံ​ရာ သဲ​ကန္တာရ ဖြစ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
12 Who [is] the wise man, that may understand this? and [who is he] to whom the mouth of the LORD hath spoken, that he may declare it, for what the land perisheth [and] is burned up like a wilderness, that none passeth through?
၁၂ငါ​က``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကြောင့် ဤ​ပြည်​သည်​ဖြတ်​သန်း​သွား​လာ​၍​မ​ရ၊ ယို ယွင်း​ပျက်​စီး​လျက်​သဲ​ကန္တာ​ရ​သ​ဖွယ်​ဖြစ် ၍​နေ​ပါ​သ​နည်း။ ဤ​အ​မှု​အ​ရာ​အ​ကြောင်း ကို​သိ​ရှိ​နိုင်​စွမ်း​ရှိ​သည့်​ပ​ညာ​ရှိ​ကား​အ​ဘယ် သူ​ဖြစ်​ပါ​သ​နည်း။ သူ​တစ်​ပါး​တို့​အား​ထပ် ဆင့်​ပြော​ပြ​နိုင်​ရန်​အ​ဘယ်​သူ​အား ဤ​အ​မှု အ​ရာ​အ​ကြောင်း​ကို​ကိုယ်​တော်​ရှင်​ဖော်​ပြ ထား​ပါ​သ​နည်း'' ဟု​လျှောက်​၏။
13 And the LORD saith, Because they have forsaken my law which I set before them, and have not obeyed my voice, neither walked therein;
၁၃ထာ​ဝ​ရ​ဘု​ရား​က``ဤ​အ​မှု​အ​ရာ​ဖြစ်​ပျက် လာ​သည်​မှာ ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့ အား​ငါ​ပေး​အပ်​ခဲ့​သည့်​သြ​ဝါ​ဒ​ကို​စွန့်​ပယ် ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​ငါ​၏ စ​ကား​ကို​နား​မ​ထောင်။ ငါ​ပြော​ဆို​သည့် အ​တိုင်း​လည်း​မ​ပြု​မ​လုပ်​ကြ။-
14 But have walked after the imagination of their own heart, and after Baalim, which their fathers taught them:
၁၄သူ​တို့​သည်​ခေါင်း​မာ​လျက်​မိ​မိ​ဘိုး​ဘေး များ​သွန်​သင်​ထား​ခဲ့​သည့်​အ​တိုင်း ဗာ​လ ဘု​ရား​ကို​ဝတ်​ပြု​ရှိ​ခိုး​ကြ​၏။-
15 Therefore thus saith the LORD of hosts, the God of Israel; Behold, I will feed them, [even] this people, with wormwood, and give them water of gall to drink.
၁၅သို့​ဖြစ်​၍​သူ​တို့​အား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘုရား​သည် အ​ဘယ်​သို့​ပြု​တော် မူ​မည်​ကို​နား​ထောင်​လော့။ ငါ​သည်​မိ​မိ​၏ လူ​မျိုး​တော်​အား​ခါး​သော​ဒေါ​န​ပင်​ကို ကျွေး​၍ အ​ဆိပ်​ပါ​သော​ရေ​ကို​သောက်​စေ​မည်။-
16 I will scatter them also among the heathen, whom neither they nor their fathers have known: and I will send a sword after them, till I have consumed them.
၁၆ငါ​သည်​သူ​တို့​နှင့်​သူ​တို့​ဘိုး​ဘေး​များ​ပင် မ​ကြား​ဘူး​သည့်​လူ​မျိုး​များ​အ​ထဲ​တွင် သူ တို့​အား​ပျံ့​လွင့်​သွား​စေ​မည်။ ထို​နောက်​သူ​တို့ အား​လုံး​ဝ​ပျက်​စီး​သည့်​တိုင်​အောင် တိုက်​ခိုက် ရန်​စစ်​တပ်​များ​ကို​ငါ​စေ​လွှတ်​မည်'' ဟု​မိန့် တော်​မူ​၏။
17 Thus saith the LORD of hosts, Consider ye, and call for the mourning women, that they may come; and send for cunning [women], that they may come:
၁၇အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ``စဉ်း​စား​ဆင်​ခြင်​ကြ​လော့။ ငို​ချင်း​သည်​များ၊မ​သာ​သီ​ချင်း​ကို​ကျွမ်း ကျင်​စွာ သီ​ဆို​တတ်​သူ အ​မျိုး​သ​မီး​များ​အား​ခေါ်​ယူ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
18 And let them make haste, and take up a wailing for us, that our eyes may run down with tears, and our eyelids gush out with waters.
၁၈လူ​တို့​က​လည်း``ငါ​တို့​မျက်​စိ​များ​သည် မျက်​ရည်​နှင့်​ပြည့်​လျက် ငါ​တို့​မျက်​ခွံ​များ​သည်​ငို​ရ​လွန်း​သ​ဖြင့်​မျက် ရည်​နှင့် စို​စွတ်​လျက်​နေ​သည်​တိုင်​အောင် မ​သာ​သီ​ချင်း​ကို​သီ​ဆို​ပေး​နိုင်​ရန်​ငို​ချင်း​သည် တို့​အား အ​မြန်​ခေါ်​ယူ​ကြ​လော့'' ဟု​ဆို​ကြ​၏။
19 For a voice of wailing is heard out of Zion, How are we spoiled! we are greatly confounded, because we have forsaken the land, because our dwellings have cast [us] out.
၁၉``ငါ​တို့​သည်​ဆုံး​ပါး​ပျက်​စီး​လျက်၊လုံး​ဝ အ​သ​ရေ​ပျက် ရ​ကြ​လေ​ပြီ​တ​ကား။ ငါ​တို့​၏​အိမ်​ရာ​များ​သည်​ပြို​ပျက်​သွား​ပြီ​ဖြစ်​၍ ငါ​တို့​သည်​မိ​မိ​တို့​ပြည်​ကို​စွန့်​ခွာ​ရ​ကြ​ပေ​တော့​မည်'' ဟူ​၍​ဇိ​အုန်​မြို့​သား​တို့​ငို​ကြွေး​မြည်​တမ်း​သံ​ကို နား​ထောင်​ကြ​လော့​ဟု​ဆို​ကြ​၏။
20 Yet hear the word of the LORD, O ye women, and let your ear receive the word of his mouth, and teach your daughters wailing, and every one her neighbour lamentation.
၂၀ငါ​က၊ ``အ​မျိုး​သ​မီး​တို့၊ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သည်​ကို နား​ထောင်​ကြ​လော့။ ကိုယ်​တော်​ရှင်​၏​စ​ကား​တော်​တို့​ကို အာ​ရုံ​စိုက်​၍​နာ​ယူ​ကြ​လော့။ သင်​တို့​၏​သ​မီး​များ​အား​ငို​ကြွေး​တတ်​ရန် လည်း​ကောင်း၊ သင်​တို့​၏​မိတ်​ဆွေ​များ​အား​မ​သာ​သီ​ချင်း​ကို သီ​ဆို​တတ်​ရန်​လည်း​ကောင်း​သင်​ကြား​ပေး ကြ​လော့။
21 For death is come up into our windows, [and] is entered into our palaces, to cut off the children from without, [and] the young men from the streets.
၂၁သေ​မင်း​သည်​ငါ​တို့​၏​ပြူ​တင်း​ပေါက်​အား​ဖြင့် ငါ​တို့​ဘုံ​ဗိ​မာန်​များ​သို့​ဝင်​ရောက်​လာ​လေ​ပြီ။ သူ​သည်​လမ်း​များ​ပေါ်​ရှိ​က​လေး​သူ​ငယ် တို့​နှင့်၊ စျေး​ရပ်​ကွက်​များ​ရှိ​လူ​ငယ်​လူ​ရွယ်​တို့​ကို သတ်​ဖြတ်​လေ​ပြီ။
22 Speak, Thus saith the LORD, Even the carcases of men shall fall as dung upon the open field, and as the handful after the harvestman, and none shall gather [them].
၂၂လူ​သေ​ကောင်​တို့​သည်​လယ်​ပြင်​ရှိ​နောက်​ချေး ပုံ​များ ကဲ့​သို့​လည်း​ကောင်း၊ ရိတ်​သိမ်း​သူ​စွန့်​ပစ်​ထား​ခဲ့​သည့်​ကောက်​လှိုင်း များ၊ အ​ဘယ်​သူ​မျှ​မ​စု​မ​သိမ်း​သည့်​ကောက်​လှိုင်း များ ကဲ့​သို့​လည်း​ကောင်း​ပြန့်​ကျဲ​လျက်​နေ​လိမ့်​မည်။ ဤ​ကား​ငါ​ပြန်​ကြား​ပြော​ဆို​ရန်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သော​စ​ကား ဖြစ်​၏'' ဟု​ဆို​၏။
23 Thus saith the LORD, Let not the wise [man] glory in his wisdom, neither let the mighty [man] glory in his might, let not the rich [man] glory in his riches:
၂၃ထာ​ဝ​ရ​ဘု​ရား​က၊ ``ပ​ညာ​ရှိ​သည်​မိ​မိ​ဉာဏ်​ပ​ညာ​ရှိ​မှု၊ ခွန်​အား​ကြီး​မား​သူ​သည်​မိ​မိ​ခွန်​အား​ကြီး မား​မှု၊ ချမ်း​သာ​ကြွယ်​ဝ​သူ​သည်​မိ​မိ​ချမ်း​သာ ကြွယ်​ဝ​မှု​၌ မ​ဝါ​မ​ကြွား​အပ်။
24 But let him that glorieth glory in this, that he understandeth and knoweth me, that I [am] the LORD which exercise lovingkindness, judgment, and righteousness, in the earth: for in these [things] I delight, saith the LORD.
၂၄အ​ကယ်​၍​ဝါ​ကြွား​လို​သူ​လူ​တစ်​စုံ​တစ်​ယောက် ရှိ​ပါ​မူ ထို​သူ​သည်​ငါ​၏​အ​ကြောင်း​ကို​သိ​ရှိ​နား​လည်​မှု ၌​သာ​လျှင်​ဝါ​ကြွား​ရာ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​၏​မေတ္တာ​သည်​ခိုင်​မြဲ​၍ ငါ​ပြု​သော​အ​မှု​သည်​တ​ရား​မျှ​တ​မှု၊ ဖြောင့်​မတ်​မှန်​ကန်​မှု​ရှိ​သော​ကြောင့်​ဖြစ်​၏။ ဤ​အ​မှု​တို့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ပင်​တည်း'' ဟု​မိန့်​တော်​မူ​၏။
25 Behold, the days come, saith the LORD, that I will punish all [them which are] circumcised with the uncircumcised;
၂၅ထာ​ဝ​ရ​ဘု​ရား​က``အီ​ဂျစ်​ပြည်​သား​များ၊ ယု​ဒ ပြည်​သား​များ၊ ဧ​ဒုံ​ပြည်​သား​များ၊ အမ္မုန်​ပြည် သား​များ၊ မော​ဘ​ပြည်​သား​များ​နှင့်​သဲ​ကန္တာ​ရ တွင်​နေ​ထိုင်​ကာ ဆံ​ပင်​တို​ထား​သော​လူ​မျိုး အား​ငါ​အ​ပြစ်​ဒဏ်​ခတ်​မည့်​နေ့​ရက်​ကာ​လ ကျ​ရောက်​လာ​တော့​မည်။ ထို​သူ​အ​ပေါင်း​တို့ သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​၏​သင်္ကေ​တ​ဖြစ် သည့်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​သော်​လည်း ငါ​၏​ပ​ဋိ​ညာဉ်​တော်​ကို​မ​စောင့်​ထိန်း​ကြ။ ထို သူ​အ​ပေါင်း​နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့ သည်​ငါ​၏​ပ​ဋိ​ညာဉ်​ကို​မ​စောင့်​ထိန်း​ကြ'' ဟု​မိန့်​တော်​မူ​၏။
26 Egypt, and Judah, and Edom, and the children of Ammon, and Moab, and all [that are] in the utmost corners, that dwell in the wilderness: for all [these] nations [are] uncircumcised, and all the house of Israel [are] uncircumcised in the heart.
၂၆

< Jeremiah 9 >