< Isaiah 19 >

1 The burden of Egypt. Behold, the LORD rideth upon a swift cloud, and shall come into Egypt: and the idols of Egypt shall be moved at his presence, and the heart of Egypt shall melt in the midst of it.
ဤ​ဗျာ​ဒိတ်​တော်​သည်​အီ​ဂျစ်​ပြည်​နှင့် သက် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​ကို​စီး​၍ အီ​ဂျစ် ပြည်​သို့​လျင်​မြန်​စွာ​ကြွ​လာ​တော်​မူ​လေ​ပြီ။ အီ​ဂျစ်​ပြည်​ရှိ​ရုပ်​တု​ဆင်း​တု​များ​သည် ကိုယ် တော်​၏​ရှေ့​တော်​၌​ကြောက်​လန့်​တုန်​လှုပ်​ကြ ကုန်​၏။ အီ​ဂျစ်​ပြည်​သူ​တို့​သည်​လည်း​သူ​ရဲ ဘော​ကြောင်​၍​သွား​ကုန်​၏။-
2 And I will set the Egyptians against the Egyptians: and they shall fight every one against his brother, and every one against his neighbour; city against city, [and] kingdom against kingdom.
ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​အီ​ဂျစ်​ပြည်​တွင် ပြည်​တွင်း​စစ်​ဖြစ်​စေ​ရန်​လှုံ့​ဆော်​၍​ညီ​အစ်​ကို အ​ချင်း​ချင်း၊ အိမ်​နီး​ချင်း​အ​ချင်း​ချင်း​ခိုက် ရန်​ဖြစ်​ပွား​စေ​မည်။ ဂုဏ်​ပြိုင်​ဘက်​မြို့​များ​သည် လည်း​ကောင်း၊ ဂုဏ်​ပြိုင်​ဘက်​မင်း​တို့​သည်​လည်း ကောင်း၊ အ​ချင်း​ချင်း​တိုက်​ခိုက်​ကာ​အာ​ဏာ လု​ကြ​လိမ့်​မည်။-
3 And the spirit of Egypt shall fail in the midst thereof; and I will destroy the counsel thereof: and they shall seek to the idols, and to the charmers, and to them that have familiar spirits, and to the wizards.
ငါ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​၏ အ​ကြံ အ​စည်​များ​ကို​ပျက်​စီး​စေ​၍ သူ​တို့​၏​စိတ် ဋ္ဌာတ်​ကို​လည်း​ပျက်​ပြား​သွား​စေ​မည်။ သူ​တို့ သည်​မိ​မိ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု​များ​ထံ တွင်​အ​ကူ​အ​ညီ​တောင်း​ခံ​ကြ​လိမ့်​မည်။ နတ် ဝင်​သည်​များ​ထံ​သွား​ရောက်​မေး​မြန်း​စုံ​စမ်း ကာ၊ သူ​သေ​တို့​၏​ဝိ​ညာဉ်​များ​အား​အကြံ ဉာဏ်​တောင်း​ခံ​ကြ​လိမ့်​မည်။-
4 And the Egyptians will I give over into the hand of a cruel lord; and a fierce king shall rule over them, saith the Lord, the LORD of hosts.
ငါ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​အား​ရက်​စက် ကြမ်း​ကြုတ်​သူ​မင်း​ဆိုး​မင်း​ညစ်​တစ်​ပါး​၏ လက်​သို့​အပ်​၍ ထို​မင်း​ကို​သူ​တို့​အား​အုပ်​စိုး စေ​မည်။ ဤ​ကား​အ​နန္တ​တန်ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။
5 And the waters shall fail from the sea, and the river shall be wasted and dried up.
နိုင်း​မြစ်​သည်​ရေ​နည်း​၍​တစ်​စ​တစ်​စ​ခန်း ခြောက်​သွား​လိမ့်​မည်။-
6 And they shall turn the rivers far away; [and] the brooks of defence shall be emptied and dried up: the reeds and flags shall wither.
မြစ်​ဝ​ကျွန်း​ပေါ်​ဒေ​သ​ရှိ​ချောင်း​မြောင်း​များ သည်​လည်း တ​ဖြည်း​ဖြည်း​ခန်း​ခြောက်​ကာ​ပုပ် စော်​နံ​၍​လာ​လိမ့်​မည်။ ကူ​ပင်​ကိုင်း​ပင်​များ သည်​ခြောက်​သွေ့​သွား​ကြ​လိမ့်​မည်။-
7 The paper reeds by the brooks, by the mouth of the brooks, and every thing sown by the brooks, shall wither, be driven away, and be no [more].
နိုင်း​မြစ်​ကမ်း​ပေါ်​၌​စိုက်​ပျိုး​ထား​သည့်​သီး​နှံ ပင်​များ​သည်​လည်း ခြောက်​ကပ်​ပြီး​လျှင်​လေ တွင်​လွင့်​ပါ​သွား​ကြ​လိမ့်​မည်။-
8 The fishers also shall mourn, and all they that cast angle into the brooks shall lament, and they that spread nets upon the waters shall languish.
နိုင်း​မြစ်​တွင်​ငါး​လုပ်​ငန်း​ဖြင့်​အ​သက်​မွေး​သူ အ​ပေါင်း​တို့​သည် ညည်း​ညူ​ငို​ကြွေး​ကြ​လိမ့်​မည်။ သူ​တို့​၏​ငါး​မျှား​ချိပ်​များ​နှင့်​ပိုက်​ကွန်​များ သည်​လည်း အ​သုံး​ဝင်​ကြ​တော့​မည်​မ​ဟုတ်။-
9 Moreover they that work in fine flax, and they that weave networks, shall be confounded.
ပိတ်​ချော​ချည်​ငင်​သူ​တို့​သည်​စိတ်​ပျက်​အား လျော့​ကြ​လျက်၊-
10 And they shall be broken in the purposes thereof, all that make sluices [and] ponds for fish.
၁၀ရက်​ကန်း​သည်​များ​နှင့်​အ​တတ်​ပ​ညာ​ရှင် အ​လုပ်​သ​မား​များ​သည်​လက်​မှိုင်​ချ​လျက် နေ​ကြ​လိမ့်​မည်။
11 Surely the princes of Zoan [are] fools, the counsel of the wise counsellors of Pharaoh is become brutish: how say ye unto Pharaoh, I [am] the son of the wise, the son of ancient kings?
၁၁ဇော​န​မြို့​သူ​မြို့​သား​တို့​၏​ခေါင်း​ဆောင်​များ သည် အ​သိ​ဉာဏ်​တုံး​သူ​များ​ဖြစ်​ပါ​သည် တ​ကား၊ အီ​ဂျစ်​ပြည်​၏​အ​တိုင်​ပင်​ခံ​ပ​ညာ ကျော်​တို့​က​လည်း မိုက်​မဲ​သော​အ​ကြံ​ဉာဏ် ကို​ပေး​ကြ​ပါ​သည်​တ​ကား။ သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​အ​ဘယ်​သို့​လျှင် ရှေး​ဘု​ရင် များ​နှင့်​ရှေး​ပ​ညာ​ရှင်​တို့​၏​အ​ဆက်​အ​နွယ် များ​ဖြစ်​သည်​ဟု​မင်း​ကြီး​အား​လျှောက်​ထား ဝံ့​ကြ​ပါ​သ​နည်း။-
12 Where [are] they? where [are] thy wise [men]? and let them tell thee now, and let them know what the LORD of hosts hath purposed upon Egypt.
၁၂အို အီ​ဂျစ်​မင်း၊ သင်​၏​အ​တိုင်​ပင်​ခံ​ပ​ညာ​ရှိ များ​ကား​အ​ဘယ်​မှာ​နည်း။ အီ​ဂျစ်​ပြည်​အ​တွက် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့ အ​ကြံ​အ​စည်​တော်​ရှိ​သည်​ကို​သူ​တို့​အား မေး​မြန်း​ပါ​လော့။-
13 The princes of Zoan are become fools, the princes of Noph are deceived; they have also seduced Egypt, [even they that are] the stay of the tribes thereof.
၁၃ဇော​န​မြို့​သား​များ​နှင့်​နော​ဗ​မြို့​သား​တို့​၏ ခေါင်း​ဆောင်​များ​သည် အ​သိ​ဉာဏ်​တုံး​သူ​များ သာ​တည်း။ သူ​တို့​အား​မိ​မိ​တို့​လူ​မျိုး​၏​ရှေ့ ဆောင်​လမ်း​ပြ​များ​ဟု​ယူ​ဆ​ရ​မည်​ဖြစ်​သော် လည်း သူ​တို့​က​လမ်း​မှား​ကို​ပြ​၍​ပေး​ကြ​၏။-
14 The LORD hath mingled a perverse spirit in the midst thereof: and they have caused Egypt to err in every work thereof, as a drunken [man] staggereth in his vomit.
၁၄ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​မ​ရှင်း​မ​လင်း သည့်​အ​ကြံ​ဉာဏ်​များ​ကို​ပေး​စေ​တော်​မူ​သ​ဖြင့် အီ​ဂျစ်​ပြည်​သူ​တို့​သည်​အ​မှား​မှား​အ​ယွင်း ယွင်း​ဖြစ်​လျက်၊ မိ​မိ​၏​အံ​ဖတ်​ပေါ်​တွင်​ပြန်​လဲ သော​သေ​သောက်​ကြူး​သူ​ကဲ့​သို့​ယိမ်း​ယိုင်​၍ နေ​ကြ​တော့​၏။-
15 Neither shall there be [any] work for Egypt, which the head or tail, branch or rush, may do.
၁၅ချမ်း​သာ​သူ​ဖြစ်​စေ၊ ဆင်း​ရဲ​သူ​ဖြစ်​စေ၊ ကြီး မြတ်​သူ​ဖြစ်​စေ၊ ယုတ်​ညံ့​သူ​ဖြစ်​စေ၊ အ​ဘယ် သူ​မျှ​မိ​မိ​တို့​အီ​ဂျစ်​ပြည်​ကို​အ​ကူ အ​ညီ​ပေး​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။
16 In that day shall Egypt be like unto women: and it shall be afraid and fear because of the shaking of the hand of the LORD of hosts, which he shaketh over it.
၁၆အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​မိန်း​မ​ကဲ့​သို့ သ​ဝန်​ကြောင်​ကြ​မည့်​အ​ချိန်​ကာ​လ ကျ​ရောက် လာ​လိမ့်​မည်။ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ရန် လက်​တော်​ကို​ချိန်​ရွယ်​လျက်​ထား​တော်​မူ သည်​ကို​တွေ့​မြင်​ကြ​သော​အ​ခါ၊ သူ​တို့ သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်။-
17 And the land of Judah shall be a terror unto Egypt, every one that maketh mention thereof shall be afraid in himself, because of the counsel of the LORD of hosts, which he hath determined against it.
၁၇အီ​ဂျစ်​ပြည်​သူ​တို့​သည်​မိ​မိ​တို့​အ​တွက် အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပြင်​ဆင်​ထား​တော် မူ​သည့်​ကံ​ကြမ္မာ​ကို​ပြန်​လည်​သ​တိ​ရ​သည့် အ​ခါ​တိုင်း​ယု​ဒ​ပြည်​ကို​ကြောက်​ကြ​လိမ့်​မည်။
18 In that day shall five cities in the land of Egypt speak the language of Canaan, and swear to the LORD of hosts; one shall be called, The city of destruction.
၁၈ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ အီ​ဂျစ်​ပြည်​မြို့​ကြီး​ငါး​မြို့​တွင်​ဟေ​ဗြဲ ဘာ​သာ​စ​ကား​ကို​သုံး​စွဲ​ကြ​လိမ့်​မည်။ ထို မြို့​များ​ရှိ​လူ​တို့​သည်​ကျိန်​ဆို​၍​ထာ​ဝ​ရ ဘု​ရား​အား​သစ္စာ​က​တိ​ပြု​ကြ​လိမ့်​မည်။ ထို မြို့​တို့​အ​နက်​မှ​မြို့​တစ်​မြို့​သည်​နေ​မင်း​၏ မြို့​ဟု​နာ​မည်​တွင်​လိမ့်​မည်။
19 In that day shall there be an altar to the LORD in the midst of the land of Egypt, and a pillar at the border thereof to the LORD.
၁၉ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ အီ​ဂျစ်​ပြည်​တွင်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် ယဇ်​ပလ္လင်​တစ်​ခု​ကို​တည်​ထား​လိမ့်​မည်။ ကိုယ် တော်​အား​အ​နု​မော​ဒ​နာ​ပြု​၍​စိုက်​ထူ​ထား သည့်​ကျောက်​တိုင်​တစ်​ခု​သည်​နယ်​စပ်​တွင်​ရှိ လိမ့်​မည်။-
20 And it shall be for a sign and for a witness unto the LORD of hosts in the land of Egypt: for they shall cry unto the LORD because of the oppressors, and he shall send them a saviour, and a great one, and he shall deliver them.
၂၀ထို​အ​ရာ​တို့​သည်​အီ​ဂျစ်​ပြည်​တွင် အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ​ကြောင်း​သက်​သေ ခံ​အ​မှတ်​လက္ခ​ဏာ​များ​ဖြစ်​လိမ့်​မည်။ ပြည်​သူ​တို့ သည်​ဖိ​နှိပ်​ချုပ်​ချယ်​ခြင်း​ကို​ခံ​ရ​၍ ထာ​ဝ​ရ ဘု​ရား​ထံ​တော်​သို့​ကူ​မ​တော်​မူ​ရန်​ဟစ်​အော် ကြ​သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​အား ကယ်​တင်​မည့်​သူ​တစ်​ဦး​ကို​စေ​လွှတ်​တော် မူ​လိမ့်​မည်။-
21 And the LORD shall be known to Egypt, and the Egyptians shall know the LORD in that day, and shall do sacrifice and oblation; yea, they shall vow a vow unto the LORD, and perform [it].
၂၁ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ကို​အီ​ဂျစ်​အ​မျိုး သား​တို့​သိ​ရှိ​လာ​အောင်​ပြု​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့​သည်​ကိုယ်​တော်​အား​သိ​မှတ် လာ​ကြ​လျက်​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လိမ့်​မည်။ အ​ထံ​တော်​သို့​လည်း​ယဇ်​နှင့်​ပူ​ဇော်​သ​ကာ များ​ကို​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။ သူ​တို့​သည် ကိုယ်​တော်​၏​ရှေ့​တော်​၌​သစ္စာ​က​တိ​ထား​ပြီး လျှင်​ယင်း​သစ္စာ​က​တိ​အ​တိုင်း​ပြု​မူ​ကြ လိမ့်​မည်။-
22 And the LORD shall smite Egypt: he shall smite and heal [it: ] and they shall return [even] to the LORD, and he shall be intreated of them, and shall heal them.
၂၂ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့ အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည်​ဖြစ်​သော်​လည်း သူ​တို့​၏​ဒဏ်​ရာ​ဒဏ်​ချက်​များ​ကို​ပျောက်​ကင်း စေ​တော်​မူ​ပေ​အံ့။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ပြောင်း​လဲ​လာ​သ​ဖြင့် သူ​တို့​တောင်း လျှောက်​သံ​ကို​နား​ထောင်​လျက် သူ​တို့​ရော​ဂါ ကို​ပျောက်​ကင်း​စေ​တော်​မူ​မည်။
23 In that day shall there be a highway out of Egypt to Assyria, and the Assyrian shall come into Egypt, and the Egyptian into Assyria, and the Egyptians shall serve with the Assyrians.
၂၃ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ အီ​ဂျစ်​ပြည်​နှင့်​အာ​ရှု​ရိ​ပြည်​စပ်​ကြား​တွင် လမ်း​မ​ကြီး​တစ်​သွယ်​ဖောက်​လုပ်​ထား​လိမ့်​မည်။ ထို​ပြည်​များ​မှ​လူ​တို့​သည်​တစ်​ပြည်​နှင့်​တစ် ပြည်​အ​ပြန်​အ​လှန်​ကူး​သန်း​သွား​လာ​လျက် အ​တူ​တ​ကွ​ကိုး​ကွယ်​ဝတ်​ပြု​မှု​ကို​ပြု ကြ​လိမ့်​မည်။-
24 In that day shall Israel be the third with Egypt and with Assyria, [even] a blessing in the midst of the land:
၂၄ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ဣ​သ​ရေ​လ​ပြည်​သည်​အီ​ဂျစ်​ပြည်၊ အာ​ရှု​ရိ ပြည်​နှင့်​ရင်​ဘောင်​တန်း​လျက်​နေ​လိမ့်​မည်။ ထို နိုင်​ငံ​သုံး​ခု​သည်​ကမ္ဘာ​တစ်​ဝှမ်း​လုံး​အ​တွက် ကောင်း​ကျိုး​ချမ်း​သာ​ကို​ဖြစ်​ပွား​စေ​လိမ့်​မည်။-
25 Whom the LORD of hosts shall bless, saying, Blessed [be] Egypt my people, and Assyria the work of my hands, and Israel mine inheritance.
၂၅အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ထို ပြည်​တို့​ကို​ကောင်း​ချီး​ပေး​၍``ငါ​၏​လူ​စု အီ​ဂျစ်​အ​မျိုး​သား​တို့၊ ငါ​ဖန်​ဆင်း​ထား​သူ အာ​ရှု​ရိ​အ​မျိုး​သား​တို့​နှင့် ငါ​ရွေး​ကောက် သော​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့၊ သင်​တို့​အား​ငါ​ကောင်း​ချီး​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။

< Isaiah 19 >