< Galatians 1 >

1 Paul, an apostle, (not of men, neither by man, but by Jesus Christ, and God the Father, who raised him from the dead; )
လူ နှင့်မ စပ်ဆိုင်၊ လူ ၏အခွင့် မ ရှိဘဲလျက်၊ ယေရှု ခရစ် ၏အခွင့် နှင့် ၎င်း၊ ထိုသခင် ကို သေ ခြင်းမှ ထမြောက် စေတော်မူသော ခမည်းတော် ဘုရားသခင် ၏ အခွင့်နှင့် ၎င်း၊ တမန်တော် ဖြစ်သောငါ ပေါလုမှစ၍ ၊
2 And all the brethren which are with me, unto the churches of Galatia:
ငါ့ ထံမှာရှိသော ညီအစ်ကို အပေါင်း တို့သည် ဂလာတိ ပြည်၌ရှိသော အသင်းတော် များကို ကြား လိုက် ပါ၏။
3 Grace [be] to you and peace from God the Father, and [from] our Lord Jesus Christ,
သခင် ယေရှု ခရစ် နှင့် ခမည်းတော် ဘုရား ထံ တော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။
4 Who gave himself for our sins, that he might deliver us from this present evil world, according to the will of God and our Father: (aiōn g165)
ထိုသခင် သည် ငါ တို့အဘ တည်းဟူသောဘုရားသခင် ၏အလို တော်နှင့်အညီ ဆိုးညစ် သော ဤပစ္စုပ္ပန် ဘဝ မှ ငါ တို့ကို ကယ်နှုတ် ခြင်းငှာ ၊ ငါ တို့အပြစ် ကြောင့် ကိုယ်ကိုကိုယ် အပ်ပေး တော်မူ၏။ (aiōn g165)
5 To whom [be] glory for ever and ever. Amen. (aiōn g165)
ထိုဘုရားသခင် သည်ကမ္ဘာ အဆက်ဆက်ဘုန်းကြီး တော်မူစေသတည်း။ အာမင် ။ (aiōn g165)
6 I marvel that ye are so soon removed from him that called you into the grace of Christ unto another gospel:
ခရစ်တော် ၏ ကျေးဇူး အားဖြင့် သင် တို့ကို ခေါ် တော်မူသောသူ နှင့် ဤမျှလောက်မြန်မြန် ခွါ ၍ သင်တို့သည်အခြား သော ဧဝံဂေလိ တရားကို ခံယူကြရသောကြောင့်ငါသည်အံ့ဩ ခြင်းရှိ၏။
7 Which is not another; but there be some that trouble you, and would pervert the gospel of Christ.
ထိုဧဝံဂေလိ တရားသည် ဧဝံဂေလိ တရားမ ဟုတ် ။ သင် တို့ကို နှောက်ယှက် ၍ ခရစ်တော် ၏ ဧဝံဂေလိ တရားကို မှောက် လှန်ချင် သောသူ အချို့ ရှိ ကြ၏။
8 But though we, or an angel from heaven, preach any other gospel unto you than that which we have preached unto you, let him be accursed.
သို့သော်လည်း ၊ သင် တို့အားငါ ဟောပြောသော ဧဝံဂေလိတရားမှတစ်ပါးအခြားသောဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင် ဘုံမှ လာသောကောင်းကင်တမန် ဟောပြော သော်၎င်း၊ ဟောပြောသောသူသည် ကျိန် တော်မူခြင်းကိုခံ စေ။
9 As we said before, so say I now again, If any [man] preach any other gospel unto you than that ye have received, let him be accursed.
တစ်ဖန်တုံ ၊ သင် တို့ခံယူ ပြီးသော ဧဝံဂေလိ တရားမှတစ်ပါးအခြားသော ဧဝံဂေလိ တရားကို တစ်စုံတစ်ယောက် သောသူဟောပြောလျှင် ၊ ထိုသူသည် ကျိန် တော်မူခြင်းကို ခံ စေဟု ငါတို့ဆို ခဲ့ပြီးသည်အတိုင်း ယခု ငါထပ် ၍ဆို သေး၏။
10 For do I now persuade men, or God? or do I seek to please men? for if I yet pleased men, I should not be the servant of Christ.
၁၀အကြောင်းမူကား ၊ ယခု တွင် ငါသည် လူ တို့၏ အလို သို့လိုက်သလော။ ဘုရားသခင် ၏ အလိုတော်ကို လိုက်သလော။ လူတို့ စိတ် ကို နူးညွတ်စေခြင်းငှာရှာကြသလော။ လူတို့ စိတ် ကိုနူးညွတ်စေခြင်းငှာရှာကြံ သေးလျှင် ၊ ခရစ်တော် ၏ အစေခံ ကျွန်မ ဟုတ် ပြီ။
11 But I certify you, brethren, that the gospel which was preached of me is not after man.
၁၁ညီအစ်ကို တို့၊ ငါ ဟောပြော သော ဧဝံဂေလိ တရားသည် လူ တို့၏တရားမ ဟုတ် ။
12 For I neither received it of man, neither was I taught [it], but by the revelation of Jesus Christ.
၁၂လူ ထံမှာ ငါ ခံရ သည်မ ဟုတ်။ ယေရှု ခရစ် ၏ ဗျာဒိတ် တော်မှတပါး အခြားသောဥပဒေသကို ငါမ ခံ သည်အကြောင်းကို သင်တို့အား ငါကြား လိုက်၏။
13 For ye have heard of my conversation in time past in the Jews’ religion, how that beyond measure I persecuted the church of God, and wasted it:
၁၃အဘယ်သို့ နည်းဟူမူကား၊ အထက် က ယုဒ ဘာသာ၌ နေ၍ ငါ ကျင့်သောအကျင့် တည်းဟူသောဘုရားသခင် ၏အသင်းတော် ကို အတိုင်း ထက်အလွန် ညှဉ်းဆဲ ဖျက်ဆီး ကြောင်းကို၎င်း ၊
14 And profited in the Jews’ religion above many my equals in mine own nation, being more exceedingly zealous of the traditions of my fathers.
၁၄ဘိုးဘေး တို့၏လက်မှ ငါ ခံရ သောနည်းဥပဒေသ ဘက်၌ အထူးသဖြင့်စိတ်အားသန် လျက် ၊ ငါ ၏ လူမျိုး ထဲ တွင် ငါ့ရွယ်တူ ချင်းအများ တို့ထက် ယုဒ ဘာသာကိုကျင်လည်လေ့ကျက်ကြောင်းကို၎င်း သင်တို့ကြားသိကြရပြီ။
15 But when it pleased God, who separated me from my mother’s womb, and called [me] by his grace,
၁၅သို့သော်လည်း ၊ ငါ့ ကိုအမိ ဝမ်း ထဲက ပင်ရွေးချယ် ခွဲထား၍ ကျေးဇူး တော်အားဖြင့် ခေါ် တော်မူသော ဘုရားသခင် သည်၊
16 To reveal his Son in me, that I might preach him among the heathen; immediately I conferred not with flesh and blood:
၁၆သားတော်၏ ဧဝံဂေလိတရားကို တစ်ပါး အမျိုးသားတို့၌ ဟောပြော စေမည်အကြောင်း ၊ မိမိ အလိုတော် နှင့်အညီသား တော်ကို ငါ့ အားပြ တော်မူသောအခါ၊ ငါသည်အသွေး အသား နှင့် တိုင်ပင် ခြင်းကိုမ ပြု။
17 Neither went I up to Jerusalem to them which were apostles before me; but I went into Arabia, and returned again unto Damascus.
၁၇ငါ့ အရင် တမန်တော် ဖြစ်နှင့်သောသူတို့ရှိရာ ယေရုရှလင် မြို့ သို့ လည်း မ သွား ၊ အာရပ် ပြည်သို့ ချက်ခြင်း သွား ၍ တစ်ဖန် ဒမာသက် မြို့သို့ ပြန် လေ၏။
18 Then after three years I went up to Jerusalem to see Peter, and abode with him fifteen days.
၁၈ထိုနောက် သုံး နှစ် လွန် ပြီးမှပေတရု ကို အကျွမ်းဝင် လိုသောငှာ၊ ယေရုရှလင် မြို့သို့ သွား ၍ သူ နှင့်အတူ တစ်ဆယ်ငါး ရက် နေ ၏။
19 But other of the apostles saw I none, save James the Lord’s brother.
၁၉သူနှင့်သခင် ဘုရား၏ ညီ တော် ယာကုပ် မှတစ်ပါး အခြား သော တမန်တော် တစ်ယောက်ကိုမျှငါမ တွေ့ မမြင်။
20 Now the things which I write unto you, behold, before God, I lie not.
၂၀ဤသို့ သင် တို့အား ငါရေး ၍ ကြား လိုက်သည် တွင် မုသာ စကားကို ငါမ ပြောမသုံးဟု ဘုရားသခင် ရှေ့ တော်၌ငါဆို၏။
21 Afterwards I came into the regions of Syria and Cilicia;
၂၁ထိုနောက် ရှုရိ ပြည်၊ ကိလိကိ ပြည်သို့ ငါသွား ၍ ၊
22 And was unknown by face unto the churches of Judaea which were in Christ:
၂၂ယုဒ ပြည်၌ ခရစ်တော် ၏ဘာသာကို ခံယူသော သင်းဝင် သူ တို့သည် ငါ့မျက်နှာ ကိုမျှမ သိမမှတ်ဘဲနေ ၍ ၊
23 But they had heard only, That he which persecuted us in times past now preacheth the faith which once he destroyed.
၂၃ငါ တို့ကိုညှင်းဆဲ ဘူးသောသူ သည် အထက် က မိမိ ဖျက်ဆီး သော ယုံကြည် ခြင်းတရားကို ယခု မိမိ ဟောပြော သည်ဟု သူတို့ကြား ရုံရှိ ကာမျှနှင့် ၊
24 And they glorified God in me.
၂၄ငါ့ အကြောင်းကြောင့် ဘုရားသခင် ကို ချီးမွမ်း ကြ၏။

< Galatians 1 >