< 1 Chronicles 9 >
1 So all Israel were reckoned by genealogies; and, behold, they [were] written in the book of the kings of Israel and Judah, [who] were carried away to Babylon for their transgression.
၁အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် သားစဉ်မြေးဆက်စာရင်း ဝင်၍၊ ကိုယ်အပြစ်ကြောင့် ဗာဗုလုန်မြို့ သို့သိမ်းသွားခြင်း ကို ခံရနှင့်သာ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် မှတ်စာ၌ ပါသတည်း။
2 Now the first inhabitants that [dwelt] in their possessions in their cities [were], the Israelites, the priests, Levites, and the Nethinims.
၂နောက်တဖန်ကိုယ်ပိုင်ထိုက်သော မြို့ရွာတို့၌ အဦးဆုံး နေရာကျသောသူကား၊ ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ ဘုရားကျွန်အသီးအသီး ဖြစ်ကြ၏။
3 And in Jerusalem dwelt of the children of Judah, and of the children of Benjamin, and of the children of Ephraim, and Manasseh;
၃ယေရုရှလင်မြို့မှာနေသော ယုဒအမျိုး၊ ဗင်္ယာမိန် အမျိုး၊ ဧဖရိမ်နှင့် မနာရှေအမျိုးသားဟူမူကား၊
4 Uthai the son of Ammihud, the son of Omri, the son of Imri, the son of Bani, of the children of Pharez the son of Judah.
၄ယုဒသား ဖာရက်အမျိုးအနွယ်၊ ဗာနိ၊ ဣမရိ၊ ဩမရိ၊ အမိဟုဒ်တို့မှ ဆင်းသက်သော ဥသဲတပါး၊
5 And of the Shilonites; Asaiah the firstborn, and his sons.
၅ရှိလေနိအမျိုးဖြစ်သော သားဦးအသာယနှင့် သူ၏သားတစု၊
6 And of the sons of Zerah; Jeuel, and their brethren, six hundred and ninety.
၆ဇေရအမျိုးယွေလနှင့် သူ၏ညီအစ်ကိုတစု ပေါင်းခြောက်ရာ ကိုးဆယ်တည်း။
7 And of the sons of Benjamin; Sallu the son of Meshullam, the son of Hodaviah, the son of Hasenuah,
၇ဗင်္ယာမိန်အမျိုးအနွယ်ဖြစ်သော ဟာသေနွာ၊ ဟောဒဝိ၊ မေရှုလံတို့မှ ဆင်းသက်သော သလ္လု၊
8 And Ibneiah the son of Jeroham, and Elah the son of Uzzi, the son of Michri, and Meshullam the son of Shephathiah, the son of Reuel, the son of Ibnijah;
၈ယေရောဟံသား ဣဗနိယ၊ မိခရိသားဖြစ်သော ဩဇိ၏သား ဧလာနှင့် ဣဗနိယ၊ ရွေလ၊ ရှေဖတိတို့မှ ဆင်းသက်သော မေရှုလံမှစ၍၊
9 And their brethren, according to their generations, nine hundred and fifty and six. All these men [were] chief of the fathers in the house of their fathers.
၉သားစဉ်မြေးဆက် စာရင်းဝင်သော အမျိုးသား ချင်းပေါင်းကိုးရာငါးဆယ်ခြောက်ယောက်တည်း။ ဤသူ အပေါင်းတို့သည် အဆွေအမျိုးသူကြီးဖြစ်ကြ၏။
10 And of the priests; Jedaiah, and Jehoiarib, and Jachin,
၁၀ယဇ်ပုရောဟိတ်မူကား ယေဒါယ၊ ယောယရိပ်၊ ယာခိန်နှင့်တကွ၊
11 And Azariah the son of Hilkiah, the son of Meshullam, the son of Zadok, the son of Meraioth, the son of Ahitub, the ruler of the house of God;
၁၁အဟိတုပ်၊ မရာယုတ်၊ ဇာဒုတ်၊ မေရှုလံ၊ ဟိလခိ တို့မှ ဆင်းသက်သော ဘုရားသခင်၏ အိမ်တော်အုပ် အာဇရိတပါး၊
12 And Adaiah the son of Jeroham, the son of Pashur, the son of Malchijah, and Maasiai the son of Adiel, the son of Jahzerah, the son of Meshullam, the son of Meshillemith, the son of Immer;
၁၂မာလခိ၊ ပါရှုရ၊ ယေရောဟံတို့မှ ဆင်းသက် သော အဒါယနှင့် ဣမေရ၊ မေရှိလမုတ်၊ မေရှုလံ၊ ယာဇေရ၊ အဒေလတို့မှ ဆင်းသက်သော မာရှဲအစ ရှိသော၊
13 And their brethren, heads of the house of their fathers, a thousand and seven hundred and threescore; very able men for the work of the service of the house of God.
၁၃အဆွေအမျိုးသူကြီး အမျိုးသားချင်း တထောင် ခုနစ်ရာခြောက်ဆယ်ရှိကြ၏။ ဤသူတို့သည် ဘုရား သခင်၏ အိမ်တော်အမှုကိုဆောင်ရွက်ခြင်းငှါ တတ်စွမ်း နိုင်သောသူပေတည်း။
14 And of the Levites; Shemaiah the son of Hasshub, the son of Azrikam, the son of Hashabiah, of the sons of Merari;
၁၄လေဝိသားမူကား၊ မေရာရိ အမျိုးအနွယ်ဖြစ် သော ဟာရှဘိ၊ အာဇရိကံ၊ ဟာရှုပ်တို့မှ ဆင်းသက်သော ရှေမာရတပါး၊
15 And Bakbakkar, Heresh, and Galal, and Mattaniah the son of Micah, the son of Zichri, the son of Asaph;
၁၅ဗာကဗက္ကာ၊ ဟေရက်၊ ဂလာလသုံးပါး၊ အာသပ်၊ ဇိခရိ၊ မိက္ခာတို့မှ ဆင်းသက်သော မဿနိတပါး၊
16 And Obadiah the son of Shemaiah, the son of Galal, the son of Jeduthun, and Berechiah the son of Asa, the son of Elkanah, that dwelt in the villages of the Netophathites.
၁၆ယေဒုသုံ၊ ဂလာလ၊ ရှေမာယတို့မှ ဆင်းသက် သော ဩဗဒိတပါး၊ နေတော ဖာသိရွာတို့တွင်နေသော ဧလကနသား အာသ၏သား ဗေရခိတပါးတည်း။
17 And the porters [were], Shallum, and Akkub, and Talmon, and Ahiman, and their brethren: Shallum [was] the chief;
၁၇တံခါးစောင့်မူကား ရှလ္လုံ့၊ အက္ကုပ်၊ တာလမုန်၊ အဟိမန်အစရှိသော ညီအစ်ကိုတစု၊
18 Who hitherto [waited] in the king’s gate eastward: they [were] porters in the companies of the children of Levi.
၁၈ရှလ္လုံသည် ရှင်ဘုရင်ဝင်သော အရှေ့တံခါးတွင် တံခါးမှူးဖြစ်၏။ ဤသူတို့သည် လေဝိသားအပေါင်း အသင်း၌ပါသော တံခါးစောင့်ပေတည်း။
19 And Shallum the son of Kore, the son of Ebiasaph, the son of Korah, and his brethren, of the house of his father, the Korahites, [were] over the work of the service, keepers of the gates of the tabernacle: and their fathers, [being] over the host of the LORD, [were] keepers of the entry.
၁၉ကောရသိ အဆွေအမျိုး၊ ကောရ၊ ဧဗျာသပ်၊ ကောရတို့မှ ဆင်းသက်သော ရှလ္လုံနှင့်မိမိညီတို့သည် အမှုတော်စောင့်ရာတွင် တဲတော်တံခါးစောင့်ဖြစ်ကြ၏။ အဘတို့သည် ထာဝရဘုရား၏ ဗိုလ်ခြေတပ်ချရာတွင် တဲတော်ဦးစောင့်ဖြစ်ကြ၏။
20 And Phinehas the son of Eleazar was the ruler over them in time past, [and] the LORD [was] with him.
၂၀ရှေးကာလဧလာဇာသား ဖိနဟတ်သည် ထိုသူတို့ ကိုအုပ်ရ၍၊ ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူ၏။
21 [And] Zechariah the son of Meshelemiah [was] porter of the door of the tabernacle of the congregation.
၂၁မေရှိလမိသား ဇာခရိသည် ပရိသတ်စည်းဝေး ရာ တဲတော်တံခါးစောင့်ဖြစ်၏။
22 All these [which were] chosen to be porters in the gates [were] two hundred and twelve. These were reckoned by their genealogy in their villages, whom David and Samuel the seer did ordain in their set office.
၂၂တံခါးစောင့်အရာ၌ ခန့်ထားသောသူပေါင်းကား နှစ်ရာတဆယ်နှစ်ယောက်တည်း။ ထိုသူတို့သည် ဒါဝိဒ်နှင့် ပရောဖက်ရှမွေလခန့်ထားသော သားစဉ်မြေးဆက်အသီး အသီးနေသော ရွာ၌စာရင်းဝင်ကြ၏။
23 So they and their children [had] the oversight of the gates of the house of the LORD, [namely], the house of the tabernacle, by wards.
၂၃ထိုသူ၏ သားစဉ်မြေးဆက်တို့သည် တဲတော်တည်းဟူသော ထာဝရဘုရား၏အိမ်တော်၌ တံခါးစောင့် အမှုကို ဆောင်ရွက်ရကြ၏။
24 In four quarters were the porters, toward the east, west, north, and south.
၂၄တံခါးစောင့်တို့သည် အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာ ၌ စောင့်နေရကြ၏။
25 And their brethren, [which were] in their villages, [were] to come after seven days from time to time with them.
၂၅ရွာတို့၌နေသော အပေါင်းအဘော်တို့သည် အလှည့်သင့်သည်အတိုင်း ခုနစ်ရက်၊ ခုနစ်ရက် လာရ ကြ၏။
26 For these Levites, the four chief porters, were in [their] set office, and were over the chambers and treasuries of the house of God.
၂၆ထိုလေဝိသားတို့တွင် တံခါးစောင့်ကြီး လေး ယောက်တို့သည် အရာကိုခံရသည်အတိုင်း၊ ဘုရားသခင် ၏ အိမ်တော်အခန်းများနှင့် ဘဏ္ဍာတိုက်များကို စောင့်ရ ကြ၏။
27 And they lodged round about the house of God, because the charge [was] upon them, and the opening thereof every morning [pertained] to them.
၂၇ထိုသို့စောင့်၍ နံနက်တိုင်းတံခါးကို ဖွင့်ရသော ကြောင့်၊ ဘုရားသခင်၏ အိမ်တော်ပတ်လည်၌ အိပ်ရ ကြ၏။
28 And [certain] of them had the charge of the ministering vessels, that they should bring them in and out by tale.
၂၈အချို့တို့သည်လည်း၊ အမှုတော်စောင့်တန်ဆာ များကို အရေအတွက်အတိုင်း သွင်းလျက် ထုတ်လျက် စောင့်ကြရ၏။
29 [Some] of them also [were] appointed to oversee the vessels, and all the instruments of the sanctuary, and the fine flour, and the wine, and the oil, and the frankincense, and the spices.
၂၉အချို့တို့သည်လည်း၊ သန့်ရှင်းရာဌာနတော် တန်ဆာများ၊ အသုံးအဆောင်များ၊ မုန့်ညက်၊ စပျစ်ရည်၊ ဆီ၊ လောဗန်၊ နံ့သာမျိုးများကို ပြုစု ၍စောင့်ရကြ၏။
30 And [some] of the sons of the priests made the ointment of the spices.
၃၀ယဇ်ပုရောဟိတ်အမျိုးသား အချို့တို့သည်လည်း နံ့သာဆီကို လုပ်ရကြ၏။
31 And Mattithiah, [one] of the Levites, who [was] the firstborn of Shallum the Korahite, had the set office over the things that were made in the pans.
၃၁လေဝိသား၊ ကောရသိအဆွေအမျိုးဖြစ်သော ရှလ္လုံ၏သားဦး မတ္တိသိသည် သံပြားဖြင့်ဖုတ်သော မုန့်မျိုး ကို စောင့်ရ၏။
32 And [other] of their brethren, of the sons of the Kohathites, [were] over the shewbread, to prepare [it] every sabbath.
၃၂သူ၏ညီအစ်ကိုနှင့် အခြားသောကောရသိ အဆွေအမျိုးသားတို့သည် ဥပုသ်နေ့၌ ရှေ့တော်မုန့်ကို ပြင်ဆင်ရကြ၏။
33 And these [are] the singers, chief of the fathers of the Levites, [who remaining] in the chambers [were] free: for they were employed in [that] work day and night.
၃၃သီချင်းဆိုသော သူလေဝိအဆွေအမျိုး သူကြီးတို့ သည် မိမိတို့အမှုကို နေ့ညဉ့်မပြတ်စောင့်ရသောကြောင့်၊ အိမ်တော်အခန်း၌နေ၍ အခြားသောအမှုနှင့်လွတ်ကြ၏။
34 These chief fathers of the Levites [were] chief throughout their generations; these dwelt at Jerusalem.
၃၄ထိုလေဝိအဆွေအမျိုးသူကြီးတို့သည် အစဉ် အဆက်အကြီးအကဲဖြစ်၍ ယေရုရှလင်မြို့၌ နေရာ ကျကြ၏။
35 And in Gibeon dwelt the father of Gibeon, Jehiel, whose wife’s name [was] Maachah:
၃၅
36 And his firstborn son Abdon, then Zur, and Kish, and Baal, and Ner, and Nadab,
၃၆
37 And Gedor, and Ahio, and Zechariah, and Mikloth.
၃၇
38 And Mikloth begat Shimeam. And they also dwelt with their brethren at Jerusalem, over against their brethren.
၃၈
39 And Ner begat Kish; and Kish begat Saul; and Saul begat Jonathan, and Malchi-shua, and Abinadab, and Esh-baal.
၃၉
40 And the son of Jonathan [was] Merib-baal: and Merib-baal begat Micah.
၄၀
41 And the sons of Micah [were], Pithon, and Melech, and Tahrea, [and Ahaz].
၄၁
42 And Ahaz begat Jarah; and Jarah begat Alemeth, and Azmaveth, and Zimri; and Zimri begat Moza;
၄၂
43 And Moza begat Binea; and Rephaiah his son, Eleasah his son, Azel his son.
၄၃
44 And Azel had six sons, whose names [are] these, Azrikam, Bocheru, and Ishmael, and Sheariah, and Obadiah, and Hanan: these [were] the sons of Azel.
၄၄