< Proverbs 11 >
1 A false balance is abomination to the LORD: but a just weight is his delight.
၁မ မှန်သောချိန်ခွင် သည် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူဘွယ်၊ မှန် သောအလေး မူကား ၊ နှစ်သက် တော်မူဘွယ်ဖြစ်၏။
2 When pride comes, then comes shame: but with the lowly is wisdom.
၂မာန ထောင်လွှား သောအခါ အရှက် ကွဲခြင်း ဖြစ် တတ်၏။ စိတ် နှိမ့်ချသောသူတို့၌ ကား ပညာ ရှိ၏။
3 The integrity of the upright shall guide them: but the perverseness of transgressors shall destroy them.
၃ဖြောင့် သောသဘောသည် ဖြောင့်မတ် သောသူတို့ ကိုပဲ့ပြင် တတ်၏။ ကောက် သောသဘောမူကား ၊ လွန်ကျူး သောသူတို့ကို ဖျက်ဆီး တတ်၏။
4 Riches profit not in the day of wrath: but righteousness delivers from death.
၄အမျက် ဒေါသထွက်သောကာလ ၌ စည်းစိမ် ဥစ္စာသည် အကျိုး မ ပေးနိုင်။ ဖြောင့်မတ် ခြင်းပါရမီမူကား ၊ သေ ခြင်းမှ ကယ်တင် တတ်၏။
5 The righteousness of the perfect shall direct his way: but the wicked shall fall by his own wickedness.
၅ဖြောင့်မတ် ခြင်း ပါရမီသည်စုံလင် သောသူတို့ကို ပဲ့ပြင် တတ်၏။ မ တရားသောသူမူကား ၊ မိမိ မ တရားသော အမှုအားဖြင့် ဆုံးရှုံး တတ်၏။
6 The righteousness of the upright shall deliver them: but transgressors shall be taken in their own naughtiness.
၆ဖြောင့်မတ် သောသူတို့ ၏ဖြောင့်မတ် သော သဘောသည် သူ တို့ကိုကယ်တင် တတ်၏။ လွန်ကျူး သောသူတို့ မူကား ၊ မိမိတို့အဓမ္မ ၌ ကျော့မိ တတ်ကြ၏။
7 When a wicked man dies, his expectation shall perish: and the hope of unjust men perishes.
၇ဆိုး သောသူ သည် သေ သောအခါ မြော်လင့် ခြင်း ပျက် တတ်၏။ မတရားသောသူ၏တောင့်တ ခြင်းလည်း ပျက် တတ်၏။
8 The righteous is delivered out of trouble, and the wicked comes in his position.
၈ဖြောင့်မတ် သောသူသည် ဒုက္ခ ထဲက ထွက်မြောက် ၍ ၊ သူ့ ကိုယ်စား မ တရားသောသူခံရ ၏။
9 An hypocrite with his mouth destroys his neighbour: but through knowledge shall the just be delivered.
၉အဓမ္မ လူသည် မိမိနှုတ် ဖြင့် မိမိ အိမ်နီးချင်း ကို ဖျက် တတ်၏။ တရား သောသူမူကား ၊ ပညာ အတတ် အားဖြင့် အမှု လွတ်တတ်၏။
10 When it goes well with the righteous, the city rejoices: and when the wicked perish, there is shouting.
၁၀တရား သောသူသည် ကောင်းစား သောအခါ တမြို့ လုံးဝမ်းမြောက် ခြင်း ရှိ၏။ မ တရားသောသူသည် ဆုံးရှုံး သောအခါ မူကား ၊ ကြွေးကြော် ခြင်းရှိ၏။
11 By the blessing of the upright the city is exalted: but it is overthrown by the mouth of the wicked.
၁၁တရား သောသူသည် ကောင်းကြီး ပေးသော အားဖြင့် သူ၏နေရာမြို့ သည် ချီးမြှောက် ခြင်းသို့၎င်း၊ မ တရားသောသူ ၏နှုတ် ဖြင့် ဖြိုဖျက် ခြင်းသို့၎င်း ရောက် တတ်၏။
12 He that is void of wisdom despises his neighbour: but a man of understanding holds his peace.
၁၂ပညာမဲ့ သောသူသည် မိမိ အိမ်နီးချင်း ကို မထီမဲ့မြင် ပြုတတ်၏။ ဉာဏ် ကောင်းသောသူ မူကား ၊ တိတ်ဆိတ် စွာ နေတတ်၏။
13 A talebearer reveals secrets: but he that is of a faithful spirit conceals the matter.
၁၃လည် ၍စကားများစွာပြောတတ်သောသူသည် လျှို့ဝှက် အပ်သောအရာကို ဘော်ပြ တတ်၏။ သစ္စာ စောင့်သောသူမူကား ၊ ဝှက်ထား တတ်၏။
14 Where no counsel is, the people fall: but in the multitude of counsellors there is safety.
၁၄အကြံ ပေးနိုင်သော ဉာဏ်မ ရှိလျှင် ပြည်သား တို့ သည် ရှုံး တတ်၏။ အကြံ ပေးနိုင်သောသူ အများ ရှိလျှင် မူကား ၊ ဘေး လွတ်တတ်၏။
15 He that is guarantor for a stranger shall smart for it: and he that hates standing for surety is sure.
၁၅အကျွမ်း မဝင်သောသူ၏ အမှု၌အာမခံ သောသူသည် အလွန် နာလိမ့်မည်။ လက်ဝါးချင်းရိုက် သော အမှုကိုမုန်း သောသူမူကား ၊ စိုးရိမ် စရာမရှိ။
16 A gracious woman retains honour: and strong men retain riches.
၁၆နှစ်သက် ဘွယ်သောမိန်းမ သည် ဂုဏ် အသရေကို၎င်း ၊ ခွန်အား ကြီးသော ယောက်ျားသည် စည်းစိမ် ကို၎င်း ရ တတ်၏။
17 The merciful man does good to his own soul: but he that is cruel troubles his own flesh.
၁၇သနား တတ်သောသူ သည် မိမိ ကိုယ် ၌ ကျေးဇူး ပြုတတ်၏။ ကြမ်းကြုတ် သောသူမူကား ၊ မိမိ ကိုယ် ကိုပင် နှောင့်ရှက် တတ်၏။
18 The wicked works a deceitful work: but to him that sows righteousness shall be a sure reward.
၁၈မ တရားသောသူပြု သော အမှု သည် အမြဲ မတည်တတ်။ ဖြောင့်မတ် ခြင်းတရားမျိုးစေ့ကို ကြဲ သော သူမူကား ၊ မြဲမြံ သော အကျိုး ကိုခံရလိမ့်မည်။
19 As righteousness tends to life: so he that pursues evil pursues it to his own death.
၁၉ဖြောင့်မတ် ခြင်း တရား သည် အသက်ရှင် ခြင်းနှင့် ဆိုင်သကဲ့သို့ ၊ ဒုစရိုက် ကိုလိုက် ရှာသောသူ သည်လည်း ၊ မိမိ သေ ခြင်းတိုင်အောင် လိုက်ရှာတတ်၏။
20 They that are of a perverse heart are abomination to the LORD: but such as are upright in their way are his delight.
၂၀သဘော ကောက် သောသူတို့ကို ထာဝရဘုရား သည် စက်ဆုပ် ရွံရှာတော်မူ၏။ ဖြောင့် သောလမ်းသို့ လိုက်သောသူတို့ ကိုကား ၊ နှစ်သက် တော်မူ၏။
21 Though hand join in hand, the wicked shall not be unpunished: but the seed of the righteous shall be delivered.
၂၁လူဆိုး တို့သည် အသင်း ဖွဲ့သော်လည်း၊ အပြစ် ဒဏ် နှင့်မ လွတ်ရကြ။ ဖြောင့်မတ် သောသူတို့၏ အမျိုးအနွှယ် မူကား လွတ် ရ၏။
22 As a jewel of gold in a swine's snout, so is a fair woman which is without discretion.
၂၂သမ္မာ သတိမရှိ၊ အဆင်း လှသော မိန်းမ သည် ဝက်မ နှာခေါင်း ဖျား၌ တပ်သော ရွှေ တန်ဆာ နှင့်တူ၏။
23 The desire of the righteous is only good: but the expectation of the wicked is wrath.
၂၃ဖြောင့်မတ် သောသူသည် မြတ် သောအရာကို သာ တောင့်တ တတ်၏။ မ တရားသောသူမြော်လင့် သော အရာမူကား၊ ဒေါသ အမျက်နှင့် ဆိုင်သတည်း။
24 There is that scatters, and yet increases; and there is that withholds more than is meet, but it tends to poverty.
၂၄စွန့်ကြဲ သော်လည်း ဥစ္စာ တိုးပွါးတတ်သော သူရှိ ၏။ အထောက် မတန်စုသိမ်း ၍ ဆင်းရဲ ခြင်းသို့ ရောက်တတ်သော သူလည်း ရှိ၏။
25 The liberal soul shall be made fat: and he that waters shall be watered also himself.
၂၅စွန့်ကြဲ တတ်သောသူသည် ကြွယ်ဝ လိမ့်မည်။ သူတပါးကို ရေ လောင်းသောသူသည် ကိုယ်တိုင် ရေ လောင်းခြင်း အကျိုး ကိုခံရလိမ့်မည်။
26 He that withholds corn, the people shall curse him: but blessing shall be upon the head of him that sells it.
၂၆စပါး ကိုသိုထား သောသူသည် လူ များကျိန်ဆဲ ခြင်း ကိုခံရလိမ့်မည်။ ရောင်း ချသောသူ၏ခေါင်း ၌ မူကား ၊ ကောင်းကြီး မင်္ဂလာရှိလိမ့်မည်။
27 He that diligently seeks good procures favour: but he that seeks mischief, it shall come unto him.
၂၇ကောင်း သောအရာကိုကြိုးစား၍ ရှာ သောသူသည် ကျေးဇူး ကိုခံရ လိမ့်မည်။ သူ့အကျိုးကိုဖျက်ခြင်းငှါရှာ ကြံသောသူမူကား ၊ ကိုယ် အကျိုးပျက်ခြင်းရှိ လိမ့်မည်။
28 He that trusts in his riches shall fall; but the righteous shall flourish as a branch.
၂၈မိမိ စည်းစိမ် ကို ကိုးစား သောသူသည်ရှုံး လိမ့်မည်။ ဖြောင့်မတ် သော သူမူကား ၊ သစ်ခက် ကဲ့သို့ စိမ်းလန်း လိမ့်မည်။
29 He that troubles his own house shall inherit the wind: and the fool shall be servant to the wise of heart.
၂၉မိမိ အိမ် ကိုနှောင့်ရှက် သောသူသည် လေ ကို အမွေ ခံရလိမ့်မည်။ မိုက် သောသူသည်လည်း ၊ လိမ္မာ သော သူထံ ၌ ကျွန် ခံရလိမ့်မည်။
30 The fruit of the righteous is a tree of life; and he that wins souls is wise.
၃၀ဖြောင့်မတ် သောသူ သီးသော အသီး သည် အသက် ပင် အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ် ကို ရ သောသူသည်လည်း ပညာရှိ ဖြစ်၏။
31 Behold, the righteous shall be recompensed in the earth: much more the wicked and the sinner.
၃၁ဖြောင့်မတ် သောသူသော်လည်း မြေကြီး ပေါ် မှာ အပြစ်ဒဏ်ကို ခံရ ၏။ မ တရားသောသူနှင့် အပြစ် ထင်ရှားသောသူကိုမူကား ၊ အဘယ် ဆိုဘွယ်ရာရှိသနည်း။