< Hosea 12 >

1 Ephraim feeds on wind, and follows after the east wind: he daily increases lies and desolation; and they do make a covenant with the Assyrians, and oil is carried into Egypt.
ဣ​သ​ရေ​လ​ပြည်​သား​တို့​မိုး​လင်း​မှ​မိုး​ချုပ် အ​ထိ ပြု​လုပ်​ကျင့်​ကြံ​နေ​သ​မျှ​တို့​သည် အ​ကျိုး​မ​ရှိ၊ အ​ချည်း​နှီး​သက်​သက်​ဖြစ်​၏။ သူ​တို့​တွင်​သစ္စာ​ဖောက်​မှု၊ အ​ကြမ်း​ဖက်​မှု များ​တိုး​ပွား​များ​ပြား​လျက်​ရှိ​၏။ သူ​တို့ သည်​အာ​ရှု​ရိ​ပြည်​နှင့်​မ​ဟာ​မိတ်​ဖွဲ့​လျက် ပင် အီ​ဂျစ်​ပြည်​နှင့်​ကုန်​သွယ်​ကြ​၏'' ဟု မိန့်​တော်​မူ​၏။
2 The LORD has also a controversy with Judah, and will punish Jacob according to his ways; according to his doings will he recompense him.
ထာ​ဝ​ရ​ဘု​ရား​သည်​ယု​ဒ​ပြည်​သား​တို့ ကို​စွဲ​ချက်​တင်​တော်​မူ​၏။ ဣ​သ​ရေ​လ​ကို လည်း​သူ​တို့​၏​အ​ကျင့်​ကြောင့်​ဒဏ်​ခတ် တော်​မူ​မည်။ ကိုယ်​တော်​သည်​သူ​တို့​၏​အ​ပြု အ​မူ​အ​တိုင်း​အ​ကျိုး​အ​ပြစ်​ကို​ဆပ်​ပေး မည်။-
3 He took his brother by the heel in the womb, and by his strength he had power with God:
သူ​တို့​၏​ဘိုး​ဘေး​ဖြစ်​သော​ယာ​ကုပ်​သည် အ​မိ​ဝမ်း​တွင်း​၌​ရှိ​စဉ်​က​ပင် အ​မြွှာ​အစ်​ကို ဧ​သော​နှင့်​ရန်​ဘက်​ပြု​ခဲ့​၏။ ယာ​ကုပ်​သည် ကြီး​ပြင်း​လာ​သော​အ​ခါ ဘု​ရား​သ​ခင်​ကို ဆန့်​ကျင်​၍​ရန်​ဘက်​ပြု​ခဲ့​၏။-
4 Yea, he had power over the angel, and prevailed: he wept, and made supplication unto him: he found him in Bethel, and there he spoke with us;
သူ​သည်​ကောင်း​ကင်​တ​မန်​နှင့်​ရန်​ဘက်​ပြု ၍​အ​နိုင်​ယူ​ခဲ့​သည်။ သူ​သည်​ငို​၍​ကောင်း​ချီး မင်္ဂ​လာ​ကို​တောင်း​ခံ​၏။ ဗေ​သ​လ​မြို့​တွင် ဘု​ရား​သ​ခင်​သည်​ယာ​ကုပ်​ထံ​သို့​ကြွ လာ​၍​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-
5 Even the LORD God of hosts; the LORD is his memorial.
ထို​ဘု​ရား​သည်​အနန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​၏​ဘွဲ့ နာ​မ​တော်​ကား​ထာ​ဝ​ရ​ဘု​ရား​ဖြစ် သ​တည်း။-
6 Therefore turn you to your God: keep mercy and judgment and wait on your God continually.
ထို့​ကြောင့်​ယာ​ကုပ်​အ​နွယ်​ဝင်​တို့၊ သင်​တို့ ၏​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​၍​အ​ထံ တော်​သို့​ပြန်​ကြ​လော့၊ သစ္စာ​စောင့်​လော့၊ ဖြောင့် မတ်​စွာ​ကျင့်​လော့၊ သင်​တို့​၏​ဘု​ရား​သ​ခင် ကို​စိတ်​ရှည်​စွာ​စောင့်​စား​လျက်​နေ​ကြ​လော့။
7 He is a merchant, the balances of deceit are in his hand: he loves to oppress.
ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား တို့​သည်​ခါ​နာန်​အ​မျိုး​သား​တို့​ကဲ့​သို့​ပင် မ​ရိုး​သား​ကြ​ချေ။ သူ​တို့​သည်​မ​မှန်​သော အ​လေး​ချိန်​ခွင်​ဖြင့်​ဝယ်​သူ​တို့​အား​ရောင်း ချ​တတ်​၏။-
8 And Ephraim said, Yet I am become rich, I have found me out substance: in all my labours they shall find none iniquity in me that were sin.
သူ​တို့​က`ငါ​တို့​သည်​ကြွယ်​ဝ​ချမ်း​သာ​ကြ​၏။ ငွေ​ကြေး​အ​မြောက်​အ​မြား​စု​ဆောင်း​မိ​ပြီ။ မည်​သူ​က​မျှ​ငါ​တို့​အား​မ​တ​ရား​ရ​သော ငွေ​ဖြင့်​ကြွယ်​ဝ​ချမ်း​သာ​သည်​ဟု​မ​စွပ်​စွဲ နိုင်' ဟု​ဆို​ကြ​၏။-
9 And I that am the LORD your God from the land of Egypt will yet make you to dwell in tabernacles, as in the days of the solemn feast.
သို့​ရာ​တွင်​သင်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ငါ ထာ​ဝ​ရ​ဘု​ရား​သည် သဲ​က​န္တာ​ရ​၌​သင် တို့​တဲ​များ​နှင့်​နေ​ထိုင်​သည်​နည်း​တူ ယ​ခု တစ်​ဖန်​တဲ​များ​၌​နေ​ထိုင်​စေ​ဦး​မည်။
10 I have also spoken by the prophets, and I have multiplied visions, and used similitudes, by the ministry of the prophets.
၁၀``ငါ​သည်​ပ​ရော​ဖက်​တို့​အား​ဗျာ​ဒိတ်​ပေး ၍ ရူ​ပါ​ရုံ​များ​စွာ​ကို​မြင်​စေ​ခဲ့​ပြီ။ သူ​တို့ အား​ဖြင့်​ငါ​၏​လူ​မျိုး​တော်​ကို​သ​တိ​ပေး ခဲ့​ပြီ။-
11 Is there iniquity in Gilead? surely they are vanity: they sacrifice bullocks in Gilgal; yea, their altars are as heaps in the furrows of the fields.
၁၁သို့​သော်​လည်း​သူ​တို့​သည်​ဂိ​လဒ်​ပြည်​တွင် ရုပ်​တု​များ​ကို​ကိုး​ကွယ်​ကြ​၏။ ထို​သို့​ကိုး ကွယ်​သူ​တို့​သည်​သေ​ရ​မည်။ ဂိ​လ​ဂါ​လ မြို့​တွင်​နွား​များ​ကို​ယဇ်​ပူ​ဇော်​ကြ​၍​ထို အ​ရပ်​၌​ရှိ​သော​ယဇ်​ပလ္လင်​တို့​သည်​ကွင်း ပြင်​များ​ထဲ​တွင်​ကျောက်​ပုံ​များ​အ​ဖြစ် ကျန်​ရစ်​လိမ့်​မည်။''
12 And Jacob fled into the country of Syria, and Israel served for a wife, and for a wife he kept sheep.
၁၂ငါ​တို့​၏​ဘိုး​ဘေး​ဖြစ်​သော​ယာ​ကုပ်​သည် အာ​ရံ​ပြည်​သို့​ထွက်​ပြေး​၍ မ​ယား​ရ​ရန် လူ​တစ်​ဦး​ထံ​၌​သိုး​ကျောင်း​ရ​၏။-
13 And by a prophet the LORD brought Israel out of Egypt, and by a prophet was he preserved.
၁၃ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​ပြည် သား​တို့​အား​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​ရန်​နှင့်​စောင့်​ရှောက်​ရန်​ပ​ရော​ဖက် တစ်​ပါး​ကို​စေ​လွှတ်​တော်​မူ​၏။-
14 Ephraim provoked him to anger most bitterly: therefore shall he leave his blood upon him, and his reproach shall his LORD return unto him.
၁၄ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား ခါး​သီး​စွာ​အ​မျက်​ဒေါ​သ ထွက်​စေ​၏။ သူ​တို့​၏​ဒု​စ​ရိုက်​အ​ပြစ်​များ ကြောင့်​သေ​ဒဏ်​ခံ​သင့်​ကြ​၏။ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ကို ရှုတ်​ချ​သော​ကြောင့် ကိုယ်​တော်​သည်​သူ​တို့ ကို​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။

< Hosea 12 >