< Genesis 48 >
1 And it came to pass after these things, that one told Joseph, Behold, your father is sick: and he took with him his two sons, Manasseh and Ephraim.
၁နောက်တဖန်ယောသပ် သည် အဘ နာ ကြောင်းကို ကြား သဖြင့် ၊ သား နှစ် ယောက်မနာရှေ နှင့် ဧဖရိမ် ကို ယူ ၍သွား၏။
2 And one told Jacob, and said, Behold, your son Joseph comes unto you: and Israel strengthened himself, and sat upon the bed.
၂သား ယောသပ် လာ ကြောင်း ကို ယာကုပ် သည် ကြား လျှင် ၊ အားထုတ် ၍ ခုတင် ပေါ် မှာထိုင် ၏။
3 And Jacob said unto Joseph, God Almighty appeared unto me at Luz in the land of Canaan, and blessed me,
၃ထိုအခါ ယာကုပ် က၊ အနန္တ တန်ခိုးရှင်ဘုရား သခင် သည်၊ ခါနာန် ပြည် လုဇ မြို့၌ ငါ့ အား ထင်ရှား ၍ ကောင်းကြီး ပေးတော်မူလျက်၊
4 And said unto me, Behold, I will make you fruitful, and multiply you, and I will make of you a multitude of people; and will give this land to your seed after you for an everlasting possession.
၄ငါ သည်သင့် ကို တိုး ပွါးများပြား စေမည်။ သင့် ကို များစွာ သော လူ ဖြစ်စေ မည်။ သင် ၏အမျိုးအနွယ် သည် သင့် နောက်မှ ဤ ပြည် ကို အစဉ် အမြဲပိုင် စေခြင်းငှါ ငါပေး မည်ဟု မိန့် တော်မူ၏။
5 And now your two sons, Ephraim and Manasseh, which were born unto you in the land of Egypt before I came unto you into Egypt, are mine; as Reuben and Simeon, they shall be mine.
၅သင်နေသောအဲဂုတ္တု ပြည် သို့ ငါ မ ရောက် မှီ၊ အဲဂုတ္တု ပြည်၌ သင်ရ နှင့်သော သား နှစ် ယောက်၊ ဧဖရိမ် နှင့် မနာရှေ တို့သည် ငါ့ သားဖြစ်ရမည်။ ရုဗင် နှင့် ရှိမောင် ကဲ့သို့ ငါ့ သားဖြစ် ရမည်။
6 And your issue, which you brought forth after them, shall be yours, and shall be called after the name of their brethren in their inheritance.
၆နောက်မှ သင်ရ သောသား တို့သည် သင် ၏သား ဖြစ်၍မိမိ အမွေ ခံရာတွင် မိမိအစ်ကို တို့အမည် ဖြင့် သမုတ် ရကြမည်။
7 And as for me, when I came from Padan, Rachel died by me in the land of Canaan in the way, when yet there was but a little way to come unto Ephrath: and I buried her there in the way of Ephrath; the same is Bethlehem.
၇ငါ သည်ပါဒနာရံ အရပ်မှ လာ သည်ကာလ ၊ ခါနာန် ပြည် ၌ ခရီး သွား၍၊ ဧဖရတ် မြို့နှင့်နီး သောအခါ ၊ သင့်အမိရာခေလ သည် ငါ့ အနား မှာ သေ ရှာ၏။ သေ သောအရပ် ဗက်လင် အမည်ရှိသောဧဖရတ် မြို့သို့ သွား သောလမ်း ၌ သင်္ဂြိုဟ် လေသည်ဟု ယောသပ်အားဆို၏။
8 And Israel beheld Joseph's sons, and said, Who are these?
၈တဖန် ဣသရေလ သည် ယောသပ် ၏သား တို့ကို ကြည့်ရှု ၍ ၊ ဤ သူတို့ကား အဘယ် သူနည်းမေး လျှင်၊
9 And Joseph said unto his father, They are my sons, whom God has given me in this place. And he said, Bring them, I pray you, unto me, and I will bless them.
၉ယောသပ် က ၊ ဤ ပြည်၌ အကျွန်ုပ် အား ဘုရားသခင် ပေး သနားတော်မူသောအကျွန်ုပ် ၏ သား ဖြစ်ပါသည် ဟု အဘ အားဆိုသော် ၊ အဘက၊ ငါ့ ထံ သို့လာ ပါစေလော့။ သူ တို့ကို ငါကောင်းကြီး ပေးမည်ဟု ဆို ၏။
10 Now the eyes of Israel were dim for age, so that he could not see. And he brought them near unto him; and he kissed them, and embraced them.
၁၀ဣသရေလ သည် အသက် ကြီး၍ မျက်စိ မှုန် သဖြင့်၊ မ မြင် နိုင် သောကြောင့် ၊ သား တို့ကို အနီးသို့ ချဉ်းကပ် စေ၍ ပိုက် ဘက်နမ်းရှုပ် လေ၏။
11 And Israel said unto Joseph, I had not thought to see your face: and, lo, God has showed me also your seed.
၁၁ဣသရေလ ကလည်း ၊ ငါသည် သင် ၏မျက်နှာ ကို မြင် ရမည်ဟု ငါမ ထင်။ ယခုတွင်သင် ၏သား တို့ကိုပင် ဘုရားသခင် ပြ တော်မူပြီဟု ယောသပ် အား ဆို ၏။
12 And Joseph brought them out from between his knees, and he bowed himself with his face to the earth.
၁၂ယောသပ် သည်လည်း ၊ သား တို့ကို အဘ ၏ဒူး ကြားမှ ထုတ် ၍ အဘ ရှေ့ ၌ဦးညွှတ် ချစေ၏။
13 And Joseph took them both, Ephraim in his right hand toward Israel's left hand, and Manasseh in his left hand toward Israel's right hand, and brought them near unto him.
၁၃တဖန် ယောသပ် သည် သား တို့ကိုယူ ၍ ဧဖရိမ် ကို လက်ျာ လက်နှင့် ကိုင်လျက်၊ ဣသရေလ လက်ဝဲ လက်သို့၎င်း၊ မနာရှေ ကို လက်ဝဲ လက်နှင့် ကိုင်လျက်၊ ဣသရေလ လက်ျာ လက်သို့၎င်း ချဉ်းကပ် စေ၏။
14 And Israel stretched out his right hand, and laid it upon Ephraim's head, who was the younger, and his left hand upon Manasseh's head, guiding his hands wisely; for Manasseh was the firstborn.
၁၄မနာရှေ သည်သားဦး ဖြစ်သော်လည်း ၊ ဣသရေလ သည် မိမိ လက် တို့ကို ဆန့် ၍ လိမ္မာစွာ ပဲ့ပြင်လျက် ၊ အသက် ငယ်သောသူ ဧဖရိမ် ၏ခေါင်း ပေါ် မှာ လက်ျာ လက်ကို တင် ပြီးလျှင်၊ လက် ဝဲလက်ကို မနာရှေ ၏ ခေါင်း ပေါ် မှာ တင်၏။
15 And he blessed Joseph, and said, God, before whom my fathers Abraham and Isaac did walk, the God which fed me all my life long unto this day,
၁၅ယောသပ် ကို ကောင်းကြီး ပေးလျက် ၊ ငါ့ အဘ အာဗြဟံ နှင့် ဣဇာက် ကိုးကွယ်သော ဘုရားသခင် ၊ ငါ့ ကို တသက်လုံး ယနေ့ တိုင်အောင် ကျွေးမွေး တော်မူသောဘုရားသခင် တည်းဟူသော၊
16 The Angel which redeemed me from all evil, bless the lads; and let my name be named on them, and the name of my fathers Abraham and Isaac; and let them grow into a multitude in the midst of the earth.
၁၆ငါ့ ကိုခပ်သိမ်း သော ဘေးဒဏ် အထဲ က ကယ်နှုတ် တော်မူသောကောင်းကင် တမန်သည်၊ ဤသူငယ် တို့ကို ကောင်းကြီး ပေးတော်မူပါစေသော။ သူ တို့ကို ငါ့ အမည် ဖြင့်၎င်း ၊ ငါ့ အဘ အာဗြဟံ နှင့် ဣဇာက် ၏အမည် ဖြင့်၎င်း၊ ထပ်၍မှည့် ပါစေသော။ သူတို့သည် မြေကြီး ပေါ် မှာ အလွန်တိုး ပွါးများပြား ပါစေသောဟု မြွက်ဆို၏။
17 And when Joseph saw that his father laid his right hand upon the head of Ephraim, it displeased him: and he held up his father's hand, to remove it from Ephraim's head unto Manasseh's head.
၁၇အဘ သည်လက်ျာ လက် ကို ဧဖရိမ် ၏ခေါင်း ပေါ် မှာ တင် သည်ကို ယောသပ် မြင် လျှင် ၊ အား မရ သည်ဖြစ်၍၊
18 And Joseph said unto his father, Not so, my father: for this is the firstborn; put your right hand upon his head.
၁၈မ ဟုတ်ပါအဘ။ ဤ သူသည် သားဦး ဖြစ်ပါ၏။ သူ ၏ခေါင်း ပေါ် မှာ လက်ျာ လက်ကိုတင် ပါဟု ဆို လျက် အဘ ၏ လက် ကိုဧဖရိမ် ခေါင်း ပေါ် က မနာရှေ ခေါင်း ပေါ် သို့ ပြောင်း ခြင်းငှါ ချီ လေ၏။
19 And his father refused, and said, I know it, my son, I know it: he also shall become a people, and he also shall be great: but truly his younger brother shall be greater than he, and his seed shall become a multitude of nations.
၁၉အဘ သည်ငြင်း ၍ ၊ ငါသိ ၏ငါ သား ၊ ငါသိ ၏။ သူသည် ကြီးစွာ သော လူ စုဖြစ် လိမ့်မည်။ သို့သော်လည်း ၊ သူ့ ညီ သည် သူ့ ထက် သာ၍ ကြီးသဖြင့် ၊ သူ ၏ အမျိုး အနွှယ်သည် များစွာ သော လူ အစုစုဖြစ် လိမ့်မည်ဟု ဆို ၏။
20 And he blessed them that day, saying, In you shall Israel bless, saying, God make you as Ephraim and as Manasseh: and he set Ephraim before Manasseh.
၂၀တဖန် ဘုရားသခင် သည် သင့် ကို ဧဖရိမ် ကဲ့သို့ ၎င်း ၊ မနာရှေ ကဲ့သို့ ၎င်း ဖြစ်စေ တော်မူပါစေသောဟူ၍ ဣသရေလ အမျိုးသားတို့ သည်သင် အားဖြင့် ကောင်းကြီး ပေးကြလိမ့်မည်ဟု ထိုနေ့ ၌ သူ တို့ကိုကောင်းကြီး ပေးလေ၏။ ထိုသို့ မနာရှေ ရှေ့ မှာ ဧဖရိမ် ကိုနေရာ ချသတည်း။
21 And Israel said unto Joseph, Behold, I die: but God shall be with you, and bring you again unto the land of your fathers.
၂၁ဣသရေလ ကလည်း ၊ ငါ သေ တော့မည်။ သို့သော်လည်း ၊ ဘုရားသခင် သည် သင် တို့ဘက် ၌ရှိ ၍ ၊ သင် တို့ကို ဘိုးဘေး နေရာ ပြည် သို့ တဖန် ဆောင် တော်မူလိမ့်မည်။
22 Moreover I have given to you one portion above your brethren, which I took out of the hand of the Amorite with my sword and with my bow.
၂၂ထိုမှတပါး သင် ၏အစ်ကို တို့အား ပေး သည်ထက် သင့် အားသာ၍ပေးသောအရာဟူမူကား၊ ငါ့ ထား ၊ ငါ့ လေး ဖြင့် အာမောရိ အမျိုးသားလက် မှ နှုတ်ယူ သောအရာ ကို သင့်အား ငါပေးသည်ဟု ယောသပ် ကို ပြော ဆို၏။