< Joshua 20 >

1 Yhwh also spake unto Joshua, saying,
တဖန် ထာဝရဘုရား သည် ယောရှု ကို ခေါ်တော်မူ၍၊
2 Speak to the children of Israel, saying, Appoint out for you cities of refuge, whereof I spake unto you by the hand of Moses:
သင် သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆို ရမည်မှာ၊ ငါသည် မောရှေ အားဖြင့် မှာ ထားသည်အတိုင်း၊
3 That the slayer that killeth any person unawares and unwittingly may flee thither: and they shall be your refuge from the avenger of blood.
လူအသက်ကိုသတ် မည်ဟု အကြံ မ ရှိဘဲ အမှတ်တမဲ့ သတ် မိသောသူသည် ပြေး ၍ မှီခို ရာမြို့ တို့ကို ရွေး ထားကြလော့။ သေစား သေစေသောသူလက်နှင့်လွတ်၍ မှီခို ရာမြို့ ဖြစ် ရသတည်း။
4 And when he that doth flee unto one of those cities shall stand at the entering of the gate of the city, and shall declare his cause in the ears of the elders of that city, they shall take him into the city unto them, and give him a place, that he may dwell among them.
ထို မြို့ တစုံ တမြို့သို့ ပြေး သောသူသည် မြို့ တံခါးဝ ၌ရပ် ၍ ၊ ထို မြို့ ၌ အသက်ကြီး သူတို့အား မိမိ အမှု ကို ကြားပြော သောအခါ ၊ သူတို့သည် မြို့ ထဲ သို့ခေါ် ၍ သူ တို့ထံ မှာနေရာ ချ ရကြမည်။
5 And if the avenger of blood pursue after him, then they shall not deliver the slayer up into his hand; because he smote his neighbour unwittingly, and hated him not beforetime.
သေစား သေစေသောသူသည် လိုက် လာလျှင် ၊ သူ့ လက် သို့ သတ် မိသောသူကို မ အပ် ရ။ အကြောင်း မူကား၊ ထိုသူသည် မိမိ အဘော် ကို အငြိုး မ ထားဘဲ အမှတ်တမဲ့သတ် မိ၏။
6 And he shall dwell in that city, until he stand before the congregation for judgment, and until the death of the high priest that shall be in those days: then shall the slayer return, and come unto his own city, and unto his own house, unto the city from whence he fled.
ထိုသူသည် ပရိသတ် ရှေ့ သို့ ရောက်၍ တရားစီရင် ခြင်းကို မ ခံ မှီသော်၎င်း၊ ထို ကာလ ယဇ်ပုရောဟိတ် မင်း မ သေ မှီသော်၎င်း ထို မြို့ ၌ နေ ရမည်။ ထိုနောက်မှ ပြန် လာ၍ အထက်ပြေး ရသောမြို့ ၊ မိမိ နေရင်းအိမ် ၌ နေ ရသောအခွင့်ရှိရမည်ဟု မိန့်တော်မူသည်အတိုင်း၊
7 And they appointed Kedesh in Galilee in mount Naphtali, and Shechem in mount Ephraim, and Kirjath–arba, which is Hebron, in the mountain of Judah.
သူတို့သည် ဂါလိလဲ ပြည်၊ နဿလိ တောင် ပေါ်မှာ ကေဒေရှ မြို့၊ ဧဖရိမ် တောင် ပေါ်မှာ ရှေခင် မြို့၊ ယုဒ တောင် ပေါ်မှာ ဟေဗြုန် မြို့တည်းဟူသော ကိရယသာဘ မြို့တို့ကို၎င်း၊
8 And on the other side Jordan by Jericho eastward, they assigned Bezer in the wilderness upon the plain out of the tribe of Reuben, and Ramoth in Gilead out of the tribe of Gad, and Golan in Bashan out of the tribe of Manasseh.
ယော်ဒန် မြစ်တဘက် ၊ ယေရိခေါ မြို့အရှေ့ မှာ ရုဗင် ခရိုင်၊ တော လွင်ပြင် ၌ ဗေဇာ မြို့၊ ဂဒ် ခရိုင်၊ ဂိလဒ် ပြည်၌ ရာမုတ် မြို့၊ မနာရှေ ခရိုင်၊ ဗာရှန် ပြည်၌ ဂေါလန် မြို့တို့ကို၎င်း ရွေး ထားကြ၏။
9 These were the cities appointed for all the children of Israel, and for the stranger that sojourneth among them, that whosoever killeth any person at unawares might flee thither, and not die by the hand of the avenger of blood, until he stood before the congregation.
ဤ မြို့ တို့ကား၊ ဣသရေလ အမျိုးသားဖြစ်စေ ၊ သူ တို့တွင် တည်းခို သော တပါး အမျိုးသားဖြစ်စေ၊ အမှတ်တမဲ့ လူ အသက်ကိုသတ် မိသောသူသည် သေစား သေစေသောသူလက် နှင့်လွတ် ၍ ပရိသတ် ရှေ့ သို့ မရောက် မှီတိုင်အောင် ပြေး ရသောအခွင့်ရှိစေခြင်းငှါ ရွေး ထားသောမြို့ဖြစ် သတည်း။

< Joshua 20 >