< Jeremiah 8 >
1 At that time, saith Yhwh, they shall bring out the bones of the kings of Judah, and the bones of his princes, and the bones of the priests, and the bones of the prophets, and the bones of the inhabitants of Jerusalem, out of their graves:
၁ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ အခါ ယုဒ ရှင်ဘုရင် တို့၏ အရိုး ၊ မှူးမတ် တို့၏အရိုး ၊ ယဇ်ပုရောဟိတ် တို့၏အရိုး ၊ ပရောဖက် တို့၏အရိုး ၊ ယေရုရှလင် မြို့သား တို့၏ အရိုး များကို သင်္ချိုင်း တွင်းများ အထဲ ကထုတ် ပစ်၍ ၊
2 And they shall spread them before the sun, and the moon, and all the host of heaven, whom they have loved, and whom they have served, and after whom they have walked, and whom they have sought, and whom they have worshipped: they shall not be gathered, nor be buried; they shall be for dung upon the face of the earth.
၂ထိုသူ တို့သည် ကြည်ညို ရာ၊ အမှုဆောင် ရာ၊ လိုက် သွားရာ၊ ရှာဖွေ ရာ၊ ကိုးကွယ် ရာဖြစ်သော နေ ၊ လ ၊ ကောင်းကင် တန်ဆာ ရှေ့ မှာ လှန် ထားကြလိမ့်မည်။ ထို အရိုးတို့ကို မ စု မပုံ၊ မ သင်္ဂြိုဟ် ရ။ မြေ ပေါ် မှာ မစင် ကဲ့သို့ ဖြစ် ရကြလိမ့်မည်။
3 And death shall be chosen rather than life by all the residue of them that remain of this evil family, which remain in all the places whither I have driven them, saith Yhwh of Armies.
၃ငါနှင် လိုက်ရာအရပ်ရပ် ၌ ကျန် ကြွင်း၍၊ ဆိုးယုတ် သော ဤ အမျိုးသား တို့သည် အသက် ကို အလိုမရှိ။ သေ ခြင်းကို အလိုရှိ၍ ရွေးချယ် ရကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
4 Moreover thou shalt say unto them, Thus saith Yhwh; Shall they fall, and not arise? shall he turn away, and not return?
၄တဖန် သင်သည် သူတို့အား ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ လဲ သောသူသည် နောက်တဖန် မ ထ ရသလော။ လွဲသွား သောသူသည် နောက် တဖန်ပြန်၍ မ လာ ရသလော။
5 Why then is this people of Jerusalem slidden back by a perpetual backsliding? they hold fast deceit, they refuse to return.
၅ဤလူမျိုးတည်းဟူသောယေရုရှလင် မြို့သား တို့သည် ထာဝရဖောက်ပြန် ခြင်းအားဖြင့်အဘယ်ကြောင့် ဖောက်ပြန် ကြသနည်း။ မုသာ ကို စွဲလမ်း ကြ၏။ ငါတို့သည် ပြန် ၍မလာဟု ခိုင်မာစွာ ဆို ကြ၏။
6 I hearkened and heard, but they spake not aright: no man repented him of his wickedness, saying, What have I done? every one turned to his course, as the horse rusheth into the battle.
၆ငါ စေ့စေ့ နားထောင် သောအခါ ၊ သူတို့သည် ဖြောင့်မတ် စွာ မ ပြော ကြ။ ငါသည် အဘယ်သို့ ပြု မိ သနည်းဟု ကိုယ် အပြစ် ကို မြင်၍ အဘယ်သူ မျှနောင်တ မရ။ စစ်တိုက် ခြင်းငှာ မြင်း ပြေး သကဲ့သို့ ၊ ထိုသူ အပေါင်း တို့သည် လမ်းလွှဲ၍ တဟုန်တည်းပြေး တတ်ကြ၏။
7 Yea, the stork in the heaven knoweth her appointed times; and the turtledove and the crane and the swallow observe the time of their coming; but my people know not the judgment of Yhwh.
၇မိုဃ်းကောင်းကင် ၌ ကျင်လည်သော တောငန်း သော်လည်း ၊ မိမိ အချိန် ကို သိ တတ်၏။ ဥချိုး ၊ တီတီတွတ် ၊ ဇရက်သော်လည်း၊ မိမိ ပြန်လာ ချိန် ကို မှတ် တတ်၏။ ငါ ၏လူ မူကား ၊ ထာဝရဘုရား စီရင် တော်မူခြင်း ကို နား မ လည်တတ်။
8 How do ye say, We are wise, and the law of Yhwh is with us? Lo, certainly in vain made he it; the pen of the scribes is in vain.
၈ငါ တို့သည် ပညာရှိ ဖြစ်၏။ ထာဝရဘုရား ၏ တရား သည် ငါ တို့၌ ရှိ၏ဟု သင်တို့သည် အဘယ်သို့ ဆို ရလိမ့်မည်နည်း။ အကယ်စင်စစ်စာရေး တို့၏ မုသာ မှင်တံ သည် မုသာ တရားကို လုပ် လေပြီ။
9 The wise men are ashamed, they are dismayed and taken: lo, they have rejected the word of Yhwh; and what wisdom is in them?
၉ပညာရှိ တို့သည် အရှက် ကွဲကြ၏။ ထိတ်လန့် ၍ ကျော့ကွင်း ထဲသို့ ဝင်ကြပြီ။ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ပယ် ကြပြီ။ သူ တို့၌ ပညာ မည် မျှရှိသနည်း။
10 Therefore will I give their wives unto others, and their fields to them that shall inherit them: for every one from the least even unto the greatest is given to covetousness, from the prophet even unto the priest every one dealeth falsely.
၁၀ထိုအကြောင်းကြောင့်၊ သူ တို့မယား များကို သူတပါး တို့၌ ငါအပ် မည်။ သူ တို့လယ်ယာ များကို သူတပါးတို့အား အပိုင် ပေးမည်။ အငယ်ဆုံး သောသူမှစ၍ အကြီးဆုံး သောသူ အပေါင်း တို့သည် မတရားသော စီးပွား ကို ရှာကြ၏။ ပရောဖက် မှ စ၍ ယဇ် ပုရောဟိတ်ရှိသမျှ တို့သည် မုသာ ကို သုံး ကြ၏။
11 For they have healed the hurt of the daughter of my people slightly, saying, Peace, peace; when there is no peace.
၁၁ချမ်းသာ မရှိ သောအခါ ချမ်းသာ ၊ ချမ်းသာ ဟု ပြော ဆိုလျက်၊ ငါ ၏လူမျိုး သတို့သမီး အနာ ကို ပေါ့လျော့ စွာကုကြ၏။
12 Were they ashamed when they had committed abomination? nay, they were not at all ashamed, neither could they blush: therefore shall they fall among them that fall: in the time of their visitation they shall be cast down, saith Yhwh.
၁၂သူတို့သည် ရွံရှာဘွယ် သောအမှုကို ပြု ပြီးမှရှက် ကြ သလော။ အလျှင်းမ ရှက် ကြ။ မျက်နှာ မပျက်တတ်ကြ။ ထိုကြောင့်၊ တယောက်နောက် တယောက်လဲ ကြလိမ့်မည်။ ငါစစ်ကြော သောအခါ နှိမ့်ချ ခြင်းကိုခံရကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
13 I will surely consume them, saith Yhwh: there shall be no grapes on the vine, nor figs on the fig tree, and the leaf shall fade; and the things that I have given them shall pass away from them.
၁၃သူ တို့ကို ငါရှင်းရှင်းဖျက်ဆီး မည်။ စပျစ်နွယ် ပင် ၌ စပျစ်သီး မ ရှိရ။ သင်္ဘော သဖန်းပင်၌ သင်္ဘောသဖန်းသီး မ ရှိရ။ အရွက် လည်း ညှိုးနွမ်း ရမည်အကြောင်း၊ လွှမ်းမိုး သောသူ တို့ကို ငါစေလွှတ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
14 Why do we sit still? assemble yourselves, and let us enter into the defenced cities, and let us be silent there: for Yhwh our God hath put us to silence, and given us water of gall to drink, because we have sinned against Yhwh.
၁၄ငါ တို့သည် အဘယ် ကြောင့် ထိုင် လျက်နေကြ သနည်း။ စုဝေး ကြကုန်အံ့၊ ခိုင်ခံ့ သော မြို့ များအထဲ သို့ ဝင် ၍ တိတ်ဆိတ် စွာ နေကြကုန်အံ့။ ငါတို့သည် ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ ငါ တို့၏ ဘုရား သခင်ထာဝရဘုရား သည် ငါ တို့ကို တိတ်ဆိတ် စွာနေစေ၍ ၊ ဆေးခါး နှင့် ရောသော ရေ ကိုတိုက် တော်မူ၏။
15 We looked for peace, but no good came; and for a time of health, and behold trouble!
၁၅ငါတို့သည် ချမ်းသာ ကို မြော်လင့် သော်လည်း ၊ ကောင်း သောအရာ မ ပေါ်လာ။ သက်သာ ချိန် ကို မြော်လင့်သော်လည်း ၊ ဘေး သက်သက်ဖြစ်၏။
16 The snorting of his horses was heard from Dan: the whole land trembled at the sound of the neighing of his strong ones; for they are come, and have devoured the land, and all that is in it; the city, and those that dwell therein.
၁၆သူ့ မြင်း နှာခေါင်းရှုသံ ကို ဒန် ပြည်က ကြား ရ၏။ သူ့ မြင်းရဲ ဟီ သံ ကိုကြား၍ တပြည် လုံး တုန်လှုပ် လေ၏။ သူတို့သည် ရောက် လာ၍ ၊ ပြည် နှင့် တကွပြည် ၌ရှိသမျှ ကို၎င်း ၊ မြို့ နှင့် တကွမြို့ သား တို့ကို၎င်းစား ၍မျိုကြ၏။
17 For, behold, I will send serpents, cockatrices, among you, which will not be charmed, and they shall bite you, saith Yhwh.
၁၇ကြည့်ရှု လော့။ မန်း မှုတ်၍ မ နိုင်သော မြွေ ၊ ဆိုးသောမြွေ များကို သင် တို့ရှိ ရာသို့ ငါ စေလွှတ် သဖြင့် ၊ သင် တို့ကို ကိုက် ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ ၏။
18 When I would comfort myself against sorrow, my heart is faint in me.
၁၈ငါ ဝမ်းနည်း ခြင်း ပျောက်မည်အကြောင်းအဘယ်သို့နည်း။ ငါ သည် စိတ် ပျက် လျက်နေရ၏။
19 Behold the voice of the cry of the daughter of my people because of them that dwell in a far country: Is not Yhwh in Zion? is not her king in her? Why have they provoked me to anger with their graven images, and with strange vanities?
၁၉ငါ၏ လူမျိုးသတို့သမီး အော်ဟစ် သံ ကို ဝေး သော ပြည်က ကြားရ၏။ ထာဝရဘုရား သည် ဇိအုန် မြို့၌ ရှိတော်မ မူသလော ။ မိမိ ရှင် ဘုရင်သည် မြို့ ထဲ၌ရှိတော်မ မူသလော။ တကျွန်းတနိုင်ငံ နှင့်ဆိုင်သောအချည်းနှီးအရာ ၊ ရုပ်တုဆင်းတု အားဖြင့် သူတို့သည် ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှာ အဘယ်ကြောင့် ပြုကြသနည်း။
20 The harvest is past, the summer is ended, and we are not saved.
၂၀အသီးအနှံသိမ်း ရာကာလလွန် ပြီ။ နွေ ကာလ ကုန် ပြီ။ ငါ တို့သည် ကယ်တင် ခြင်းသို့ မ ရောက်ကြ။
21 For the hurt of the daughter of my people am I hurt; I am black; astonishment hath taken hold on me.
၂၁ငါ ၏လူမျိုး သတို့သမီး သည် နာ သောကြောင့် ၊ ငါ လည်းနာ ရ၏။ ကြမ်းတမ်း သော အဝတ်ကို ဝတ်လျက်၊ မိန်းမောတွေဝေလျက်နေရ၏။
22 Is there no balm in Gilead; is there no physician there? why then is not the health of the daughter of my people recovered?
၂၂ဂိလဒ် ပြည်၌ ဗာလဇံ ပင် အစေးမ ရှိသလော။ ထို ပြည်၌ ဆေးသမား မ ရှိသလော။ ရှိလျက်ပင် ငါ ၏လူမျိုး သတို့သမီး သည် အဘယ်ကြောင့် အနာမှမ ထမြောက် သနည်း။