< 2 Kings 21 >

1 Manasseh was twelve years old when he began to reign, and reigned fifty and five years in Jerusalem. And his mother’s name was Hephzi–bah.
မ​နာ​ရှေ​ယု​ဒ​ပြည်​တွင်​နန်း​တက်​ချိန်​၌​အ​သက် တစ်​ဆယ့်​နှစ်​နှစ်​ရှိ​၏။ သူ​သည်​ယေ​ရု​ရှ​လင်​မြို့ တွင် ငါး​ဆယ့်​ငါး​နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏ မယ်​တော်​မှာ​ဟဇ္ဇိ​ဘ​ဖြစ်​၏။-
2 And he did that which was evil in the sight of Yhwh, after the abominations of the heathen, whom Yhwh cast out before the children of Israel.
မ​နာ​ရှေ​သည်​ခါ​နာန်​ပြည်​သို့​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ချီ​တက်​လာ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင် ထုတ်​တော်​မူ​သော​လူ​မျိုး​တို့​၏​ရွံ​ရှာ​ဖွယ်​ဋ္ဌ​လေ့ များ​ကို​ကျင့်​သုံး​၍​ကိုယ်​တော်​အား​ပြစ်​မှား ၏။-
3 For he built up again the high places which Hezekiah his father had destroyed; and he reared up altars for Baal, and made a grove, as did Ahab king of Israel; and worshipped all the host of heaven, and served them.
သူ​သည်​မိ​မိ​၏​ခ​မည်း​တော်​ဟေ​ဇ​ကိ​ဖျက် သိမ်း​ခဲ့​သည့် ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို ပြန်​လည်​တည်​ဆောက်​လေ​သည်။ ဗာ​လ​ဘု​ရား အား​ပူ​ဇော်​ရန် ယဇ်​ပလ္လင်​များ​ကို​တည်​ဆောက်​၍ ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​နည်း​တူ​အာ​ရှ​ရ ဘု​ရား​မ​တံ​ခွန်​တိုင်​ကို​စိုက်​ထူ​၏။ ကြယ် နက္ခတ်​များ​ကို​လည်း​ဝတ်​ပြု​ရှိ​ခိုး​၏။-
4 And he built altars in the house of Yhwh, of which Yhwh said, In Jerusalem will I put my name.
ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည့်​ဌာန တော်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ရာ​ဗိ​မာန် တော်​တွင် ရုပ်​တု​များ​ကို​ပူ​ဇော်​ရန်​ယဇ်​ပလ္လင် များ​ကို​တည်​ဆောက်​၏။-
5 And he built altars for all the host of heaven in the two courts of the house of Yhwh.
ဗိ​မာန်​တော်​တံ​တိုင်း​နှစ်​ခု​အ​တွင်း​၌​လည်း​ကြယ် နက္ခတ်​များ​ကို​ပူ​ဇော်​ရန် ယဇ်​ပလ္လင်​များ​ကို​ဆောက် လုပ်​၏။-
6 And he made his son pass through the fire, and observed times, and used enchantments, and dealt with familiar spirits and wizards: he wrought much wickedness in the sight of Yhwh, to provoke him to anger.
မိ​မိ​၏​သား​တော်​ကို​လည်း မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဖြင့်​ယဇ်​ပူ​ဇော်​၏။ နတ်​ဝိဇ္ဇာ​အ​တတ်​နှင့်​မှော် အ​တတ်​များ​ကို​လေ့​လာ​၍ ဗေ​ဒင်​ဆ​ရာ​နှင့် နတ်​ဝင်​သည်​တို့​ကို​တိုင်​ပင်​၏။ သူ​သည်​ထာ​ဝရ ဘု​ရား​အား များ​စွာ​ပြစ်​မှား​၍​အ​မျက်​တော် ကို​လှုံ့​ဆော်​လေ​သည်။-
7 And he set a graven image of the grove that he had made in the house, of which Yhwh said to David, and to Solomon his son, In this house, and in Jerusalem, which I have chosen out of all tribes of Israel, will I put my name for ever:
သူ​သည်​အာ​ရှ​ရ​ဘု​ရား​မ​တံ​ခွန်​တိုင်​ကို​ဗိ​မာန် တော်​တွင်​ထား​ရှိ​၏။ ထို​ဗိ​မာန်​တော်​နှင့်​ပတ်​သက် ၍ ထာ​ဝ​ရ​ဘု​ရား​က​ဒါ​ဝိဒ်​နှင့်​သား​တော်​ရှော လ​မုန်​အား``ဣ​သ​ရေ​လ​အ​နွယ်​တစ်​ဆယ့်​နှစ် နွယ်​တို့​၏​နယ်​မြေ​ရှိ​သ​မျှ​မှ ငါ​ရွေး​ချယ် တော်​မူ​ရာ​ယေ​ရု​ရှ​လင်​မြို့​ရှိ ဤ​ဗိ​မာန်​တော် သည်​ငါ့​ကို​အ​စဉ်​အ​မြဲ​ဝတ်​ပြု​ကိုး​ကွယ် ရာ​ဌာ​န​ဖြစ်​လိမ့်​မည်။-
8 Neither will I make the feet of Israel move any more out of the land which I gave their fathers; only if they will observe to do according to all that I have commanded them, and according to all the law that my servant Moses commanded them.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ​၏​အ​မိန့် တော်​ရှိ​သ​မျှ​ကို​လိုက်​နာ​၍ မော​ရှေ​ပေး​အပ် သည့်​ပညတ်​တ​ရား​ကို​စောင့်​ထိန်း​ကြ​လျှင် ငါ သည်​သူ​တို့​ကို​ဘိုး​ဘေး​တို့​အား​ငါ​ပေး​အပ် ခဲ့​သည့်​ပြည်​တော်​မှ​နှင်​ထုတ်​တော်​မူ​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​ခဲ့​၏။-
9 But they hearkened not: and Manasseh seduced them to do more evil than did the nations whom Yhwh destroyed before the children of Israel.
သို့​ရာ​တွင်​ယု​ဒ​ပြည်​သူ​တို့​သည် ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​တော်​ကို​နား​မ​ထောင်​ကြ။ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ခါ​နာန်​ပြည် သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ချီ​တက်​လာ ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော်​မူ​လိုက် သည့်​လူ​မျိုး​တို့​ထက်​ပင် ပို​မို​ဆိုး​ရွား​စွာ အ​ပြစ်​ကူး​လွန်​ကြ​စေ​ရန်​မ​နာ​ရှေ​ရှေ့ ဆောင်​လမ်း​ပြ​၏။
10 And Yhwh spake by his servants the prophets, saying,
၁၀ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​အ​စေ​ခံ များ​နှင့်​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့်၊-
11 Because Manasseh king of Judah hath done these abominations, and hath done wickedly above all that the Amorites did, which were before him, and hath made Judah also to sin with his idols:
၁၁``မ​နာ​ရှေ​သည်​ဤ​စက်​ဆုတ်​ဖွယ်​ကောင်း​သော အ​မှု​တို့​ကို​ပြု​လေ​ပြီ။ ခါ​နာန်​အ​မျိုး​သား တို့​ပြု​သော​အ​မှု​များ​ထက်​ပင် လွန်​စွာ​ပို​မို ဆိုး​ရွား​သည့်​အ​မှု​တို့​ကို​ပြု​လေ​ပြီ။ သူ​သည် မိ​မိ​၏​ရုပ်​တု​များ​အား​ဖြင့် ယု​ဒ​ပြည်​သူ တို့​အား​အ​ပြစ်​ကူး​လွန်​စေ​ရန်​ရှေ့​ဆောင် လမ်း​ပြ​၏။-
12 Therefore thus saith Yhwh God of Israel, Behold, I am bringing such evil upon Jerusalem and Judah, that whosoever heareth of it, both his ears shall tingle.
၁၂သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သ​တင်း ကြား​သူ​တိုင်း​အံ့​သြ​လောက်​အောင် ယေ​ရု​ရှ​လင် မြို့​နှင့်​ယု​ဒ​ပြည်​အား​ဘေး​သင့်​စေ​မည်။-
13 And I will stretch over Jerusalem the line of Samaria, and the plummet of the house of Ahab: and I will wipe Jerusalem as a man wipeth a dish, wiping it, and turning it upside down.
၁၃ရှ​မာ​ရိ​မြို့​နှင့် ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​နှင့် သား​မြေး​တို့​ကို​ဒဏ်​ခတ်​သ​ကဲ့​သို့ ယေ​ရု​ရှ​လင် မြို့​ကို​ငါ​ဒဏ်​ခတ်​မည်။ စင်​အောင်​သုတ်​၍​မှောက် ထား​သည့်​ပန်း​ကန်​သ​ဖွယ် ယေ​ရု​ရှ​လင်​မြို့​တွင် လူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ကျန်​အောင်​သုတ် သင်​ရှင်း​လင်း​မည်။-
14 And I will forsake the remnant of mine inheritance, and deliver them into the hand of their enemies; and they shall become a prey and a spoil to all their enemies;
၁၄မ​သေ​ဘဲ​ကျန်​ရစ်​သူ​တို့​ကို ငါ​သည်​စွန့်​၍​ရန်​သူ များ​၏​လက်​သို့​အပ်​မည်။ ရန်​သူ​တို့​သည်​သူ​တို့ ကို​နှိမ်​နင်း​၍ သူ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​လု ယူ​ကြ​လိမ့်​မည်။-
15 Because they have done that which was evil in my sight, and have provoked me to anger, since the day their fathers came forth out of Egypt, even unto this day.
၁၅ငါ​၏​လူ​မျိုး​တော်​သည်​သူ​တို့​၏​ဘိုး​ဘေး များ​အီ​ဂျစ်​ပြည်​က​ထွက်​ခွာ​လာ​ချိန်​မှ​အ​စ ပြု​၍ ယ​နေ့​တိုင်​အောင်​ငါ့​အား​ပြစ်​မှား​လျက် ငါ​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​နေ​ကြ​သ​ဖြင့် သူ​တို့​အား​ငါ​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။
16 Moreover Manasseh shed innocent blood very much, till he had filled Jerusalem from one end to another; beside his sin wherewith he made Judah to sin, in doing that which was evil in the sight of Yhwh.
၁၆မ​နာ​ရှေ​သည်​ယု​ဒ​ပြည်​သူ​တို့​အား​ရုပ်​တု​ကိုး ကွယ်​စေ​ရန် ရှေ့​ဆောင်​လမ်း​ပြ​ကာ​ထာ​ဝရ​ဘု​ရား အား​ပြစ်​မှား​စေ​၏။ ထို့​အ​ပြင်​အ​ပြစ်​မဲ့​သူ​လူ အ​မြောက်​အ​မြား​ကို​သတ်​၍ ယေ​ရု​ရှ​လင်​မြို့ လမ်း​များ​တွင်​သွေး​ချောင်း​စီး​စေ​လေ​သည်။
17 Now the rest of the acts of Manasseh, and all that he did, and his sin that he sinned, are they not written in the book of the chronicles of the kings of Judah?
၁၇သူ​ကူး​လွန်​သည့်​အ​ပြစ်​များ​အ​ပါ​အ​ဝင် မ​နာ​ရှေ​လုပ်​ဆောင်​ခဲ့​သော အ​ခြား​အ​မှု​အ​ရာ ရှိ​သ​မျှ​ကို​ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။-
18 And Manasseh slept with his fathers, and was buried in the garden of his own house, in the garden of Uzza: and Amon his son reigned in his stead.
၁၈မ​နာ​ရှေ​ကွယ်​လွန်​သော​အ​ခါ သူ့​အား​သြ​ဇ ဥ​ယျာဉ်​ခေါ်​နန်း​တော်​ဥ​ယျာဉ်​တွင်​သင်္ဂြိုဟ်​ကြ ၏။ ထို​နောက်​သူ​၏​သား​တော်​အာ​မုန်​သည် ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။
19 Amon was twenty and two years old when he began to reign, and he reigned two years in Jerusalem. And his mother’s name was Meshullemeth, the daughter of Haruz of Jotbah.
၁၉အာ​မုန်​သည်​အ​သက်​နှစ်​ဆယ့်​နှစ်​နှစ်​ရှိ​သော အ​ခါ ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​၌​နှစ်​နှစ်​မျှ​နန်း​စံ​ရ​လေ​သည်။ သူ ၏​မယ်​တော်​မှာ​ယုမ္ဘာ​မြို့​သား ဟာ​ရုပ်​၏​သ​မီး မေ​ရှု​လ​မက်​ဖြစ်​၏။-
20 And he did that which was evil in the sight of Yhwh, as his father Manasseh did.
၂၀အာ​မုန်​သည်​မိ​မိ​၏​ခ​မည်း​တော်​မ​နာ​ရှေ​ကဲ့ သို့​ပင် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​လေ​သည်။-
21 And he walked in all the way that his father walked in, and served the idols that his father served, and worshipped them:
၂၁သူ​သည်​ခ​မည်း​တော်​၏​အ​ကျင့်​များ​ကို အ​တု​ခိုး​၏။ ခ​မည်း​တော်​ကိုး​ကွယ်​သည့် ရုပ်​တု​တို့​ကို​ကိုး​ကွယ်​၏။-
22 And he forsook Yhwh God of his fathers, and walked not in the way of Yhwh.
၂၂မိ​မိ​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ကို​ပစ်​ပယ်​ကာ ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​တို့​ကို​လွန်​ဆန်​၏။
23 And the servants of Amon conspired against him, and slew the king in his own house.
၂၃အာ​မုန်​၏​မှူး​မတ်​တို့​သည်​လျှို့​ဝှက်​ကြံ​စည် ကာ​သူ့​အား​နန်း​တော်​တွင်း​၌​လုပ်​ကြံ​ကြ​၏။-
24 And the people of the land slew all them that had conspired against king Amon; and the people of the land made Josiah his son king in his stead.
၂၄ထို့​ကြောင့်​ယု​ဒ​ပြည်​သူ​တို့​က​အာ​မုန်​အား လုပ်​ကြံ​သူ​တို့​ကို​ကွပ်​မျက်​ပြီး​လျှင် သူ​၏ သား​တော်​ယော​ရှိ​အား​နန်း​တင်​ကြ​လေ သည်။
25 Now the rest of the acts of Amon which he did, are they not written in the book of the chronicles of the kings of Judah?
၂၅အာ​မုန်​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ သ​မျှ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
26 And he was buried in his sepulchre in the garden of Uzza: and Josiah his son reigned in his stead.
၂၆အာမုန်​အား​သြ​ဇ​ဥ​ယျာဉ်​ရှိ​သင်္ချိုင်း​တွင် သင်္ဂြိုဟ် လိုက်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ယော​ရှိ သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ ၍​နန်း​တက်​လေ​သည်။

< 2 Kings 21 >