< John 8 >
1 Yahushua went unto the mount of Olives.
၁ယေရှု သည်လည်း သံလွင် တောင် သို့ ကြွ တော်မူ၏။
2 And early in the morning he came again into the temple, and all the people came unto him; and he sat down, and taught them.
၂နံနက် စောစောဗိမာန် တော်သို့ တစ်ဖန် ကြွ တော်မူ၍ လူ အပေါင်း တို့သည် အထံ တော်သို့ လာ ကြ၏။ ထိုအခါ ထိုင် တော်မူ၍ ဆုံးမ ဩဝါဒပေးစဉ်တွင်၊
3 And the scribes and Pharisees brought unto him a woman taken in adultery; and when they had set her in the midst,
၃မှားယွင်း ခြင်းအမှုကို ပြုလျက်နေသောမိန်းမ တစ်ယောက်ကိုတွေ့ လျှင်၊ ကျမ်းပြု ဆရာတို့နှင့် ဖာရိရှဲ တို့ သည်ခေါ် ခဲ့၍ အလယ် ၌ ထား ပြီးမှ၊
4 They say unto him, Master, this woman was taken in adultery, in the very act.
၄အရှင် ဘုရား၊ ဤ မိန်းမ သည်မှားယွင်း ခြင်းအမှုကို ပြု စဉ်တွင်ပင် တွေ့မိ ပါသည်။
5 Now Moses in the law commanded us, that such should be stoned: but what sayest thou?
၅ထိုသို့သော မိန်းမကို ကျောက်ခဲ နှင့်ပစ်ရမည်ဟု မောရှေ သည်အကျွန်ုပ် တို့အား ပညတ် တရား၌ စီရင် ထုံးဖွဲ့ပါပြီ။ သို့ရာတွင် ကိုယ်တော် သည် အဘယ်သို့ မိန့် တော်မူမည်နည်းဟု လျှောက် ကြ၏။
6 This they said, tempting him, that they might have to accuse him. But Yahushua stooped down, and with his finger wrote on the ground, as though he heard them not.
၆ထိုသို့ လျှောက်ကြသော်၊ ကိုယ်တော် ၌ အပြစ်တင် ခွင့်ရ စေခြင်းငှာ ၊ စုံစမ်း နှောင့်ရှက်သောအားဖြင့်လျှောက် ကြ၏။ ယေရှု သည် အောက် သို့ငုံ့ လျက် လက်ညှိုး တော်နှင့် မြေ ၌ ရေးသား ၍နေတော်မူ၏။
7 So when they continued asking him, he lifted up himself, and said unto them, He that is without sin among you, let him first cast a stone at her.
၇ထိုသူတို့သည် အထပ်ထပ်မေးလျှောက် ကြသောအခါ ကိုယ်ကိုလှန် တော်မူ၍ ၊ သင် တို့တွင် အပြစ် ကင်းသောသူ သည် ရှေးဦးစွာ ကျောက်ခဲ နှင့်ပစ် စေ ဟု မိန့် တော်မူပြီးမှ၊
8 And again he stooped down, and wrote on the ground.
၈တစ်ဖန် အောက်သို့ငုံ့ ၍ မြေ ၌ ရေးသား တော်မူပြန်၏၊
9 And they which heard it, being convicted by their own conscience, went out one by one, beginning at the eldest, even unto the last: and Yahushua was left alone, and the woman standing in the midst.
၉ထိုသူ တို့သည်ကြား ရလျှင် မိမိတို့စိတ်နှလုံးသည် မိမိတို့အပြစ်ကို ဖော်ပြသဖြင့်၊ အသက်ကြီး သောသူ မှစ၍ အငယ်ဆုံးသောသူတိုင်အောင်တစ် ယောက်နောက် တစ် ယောက်ထွက်သွား ကြ၏။ ယေရှုသည် တစ်ယောက်တည်း ကျန်ရစ် တော်မူ၍ ၊ မိန်းမ သည်အလယ် ၌ ရပ်နေ ၏။
10 When Yahushua had lifted up himself, and saw none but the woman, he said unto her, Woman, where are those thine accusers? hath no man condemned thee?
၁၀ထိုအခါယေရှု သည် ကိုယ်ကိုလှန် တော်မူပြန်၍ ၊ ထိုမိန်းမမှတစ်ပါးအဘယ်သူကိုမျှ မမြင်လျှင်၊ အချင်း မိန်းမ ၊ သင့် ကို အပြစ်တင်သောသူတို့သည် အဘယ်မှာ ရှိ ကြသနည်း။ သင်၏အမှုကိုအဘယ်သူ မျှမစီရင် လော ဟုမေး တော်မူ၏။
11 She said, No man, Sir. And Yahushua said unto her, Neither do I condemn thee: go, and sin no more.
၁၁ထိုမိန်းမ ကလည်း အဘယ်သူ မျှမစီရင်ပါသခင် ဟု လျှောက် ၏။ ငါ သည်လည်းသင် ၏အမှုကို မ စီရင် ။ သွား လော့။ နောက်တစ်ဖန်ဒုစရိုက် ကို မ ပြုနှင့် ဟု မိန့် တော်မူ၏။
12 Then spake Yahushua again unto them, saying, I am the light of the world: he that followeth me shall not walk in darkness, but shall have the light of life.
၁၂တဖန်တုံ ယေရှု က၊ ငါ သည် ဤလောက ၏အလင်း ဖြစ် ၏။ ငါ့ နောက်သို့ လိုက် သောသူ သည်မှောင်မိုက် ၌ မ သွား မလာ။ အသက် ၏အလင်း ကိုရ လိမ့်မည် ဟု မိန့် တော်မူ၏။
13 The Pharisees therefore said unto him, Thou bearest record of thyself; thy record is not true.
၁၃ဖာရိရှဲ တို့ကလည်း၊ သင် သည် ကိုယ် အကြောင်း ကို သက်သေခံ ၏၊ သင် ၏သက်သေ မ တည် ဟု ဆို ကြ၏။
14 Yahushua answered and said unto them, Though I bear record of myself, yet my record is true: for I know whence I came, and whither I go; but ye cannot tell whence I come, and whither I go.
၁၄ယေရှု ကလည်း ၊ ငါ သည် ကိုယ် အကြောင်း ကို သက်သေခံ သော်လည်း ၊ ငါ့ သက်သေ တည် ၏။ အကြောင်းမူကား ၊ ငါသည်အဘယ် အရပ်က လာ သည်ကို၎င်း ၊ အဘယ် အရပ်သို့သွား သည်ကို၎င်း ငါသိ ၏။ သင် တို့မူကား မ သိ ကြ။
15 Ye judge after the flesh; I judge no man.
၁၅သင် တို့သည် ဇာတိ ပကတိအတိုင်း စီရင် တတ်ကြ၏။ ငါ့ မူကား အဘယ်သူ ကိုမျှမ စီရင် ။
16 And yet if I judge, my judgment is true: for I am not alone, but I and the Father that sent me.
၁၆ငါ သည်စီရင် သော်လည်း ငါ ၏စီရင် ခြင်းသည် တည် ၏။ အကြောင်းမူကား ငါသည် တစ်ယောက်တည်း နေ သည်မ ဟုတ်။ ငါ့ ကိုစေလွှတ် တော်မူသောခမည်းတော် သည် ငါ့ ဘက်၌နေတော်မူ၏။
17 It is also written in your law, that the testimony of two men is true.
၁၇သက်သေခံ နှစ် ဦးတို့၏စကားသည် တည် ရ၏ဟု သင် တို့ပညတ္တိ ကျမ်းစာ၌ လာ ၏။
18 I am one that bear witness of myself, and the Father that sent me beareth witness of me.
၁၈ငါ သည် ကိုယ် အကြောင်း ကို သက်သေခံ သောသူ ဖြစ် ၏။ ငါ့ ကို စေလွှတ် တော်မူသောခမည်းတော် သည်လည်း ငါ့ အကြောင်း ကို သက်သေခံ တော်မူသည် ဟု မိန့် တော်မူ၏။
19 Then said they unto him, Where is thy Father? Yahushua answered, Ye neither know me, nor my Father: if ye had known me, ye should have known my Father also.
၁၉ထိုသူတို့ကလည်း၊ သင် ၏ခမည်းတော် သည် အဘယ်မှာ ရှိ သနည်းဟု မေး ကြ၏။ ယေရှု ကလည်း၊ သင်တို့သည် ငါ့ ကိုမ သိကြ ။ ငါ့ ခမည်းတော် ကိုလည်း မ သိကြ။ ငါ့ ကိုသိ လျှင် ငါ့ ခမည်းတော် ကိုလည်း သိ ကြလိမ့်မည် ဟု မိန့် တော်မူ၏။
20 These words spake Yahushua in the treasury, as he taught in the temple: and no man laid hands on him; for his hour was not yet come.
၂၀ဗိမာန် တော်၌ ဆုံးမ ဩဝါဒပေးတော်မူစဉ် ဤ စကား တော်ကို ဘဏ္ဍာတိုက် မှာ မိန့်မြွတ် တော်မူ၏။ ကိုယ်တော် ၏အချိန် မ စေ့ မရောက်သေးသောကြောင့် အဘယ်သူ ကိုမျှကိုယ်တော် ကိုမဖမ်းဆီး ကြ။
21 Then said Yahushua again unto them, I go my way, and ye shall seek me, and shall die in your sins: whither I go, ye cannot come.
၂၁တစ်ဖန် ယေရှုက၊ ငါ သည်သွား ရမည်။ သင်တို့သည်ငါ့ ကိုရှာ ကြလိမ့်မည်။ ကိုယ် အပြစ် ၌ လည်း သေ ကြ လိမ့်မည်။ ငါ သွား ရာအရပ် သို့ သင် တို့မ ရောက် နိုင် ကြ ဟု မိန့် တော်မူ၏။
22 Then said the Jews, Will he kill himself? because he saith, Whither I go, ye cannot come.
၂၂ယုဒ လူတို့ကလည်း ၊ ငါ သွား ရာအရပ် သို့သင် တို့ မ ရောက် နိုင် ကြဟုသူသည်ဆို သော်၊ ကိုယ် အသက်ကို သတ် မည်လောဟု ဆို ကြ၏။
23 And he said unto them, Ye are from beneath; I am from above: ye are of this world; I am not of this world.
၂၃ယေရှုကလည်း၊ သင် တို့သည် အောက် သားဖြစ် ကြ၏။ ငါ မူကား အထက် သားဖြစ် ကြ၏။ သင် တို့သည် လောကီသား ဖြစ် ကြ၏။ ငါ မူကား လောကီသား မ ဟုတ် ။
24 I said therefore unto you, that ye shall die in your sins: for if ye believe not that I am he, ye shall die in your sins.
၂၄ထိုကြောင့် သင် တို့သည် ကိုယ် အပြစ် ၌ သေ ကြလိမ့်မည်ဟုငါဆို ၏။ ငါ သည်ဤမည်သောသူဖြစ် သည်ကို သင် တို့သည်မ ယုံလျှင် ၊ ကိုယ် အပြစ် ၌ သေ ကြလိမ့်မည် ဟု မိန့် တော်မူ၏။
25 Then said they unto him, Who art thou? And Yahushua saith unto them, Even the same that I said unto you from the beginning.
၂၅ထိုသူတို့ကလည်း။ သင် သည်အဘယ်သူ နည်းဟုမေး လျှင် ၊ ယေရှု က၊ ငါသည်သင် တို့အား အစဉ်ပြောဆို သည်အတိုင်း ငါဖြစ်၏။
26 I have many things to say and to judge of you: but he that sent me is true; and I speak to the world those things which I have heard of him.
၂၆သင် တို့အမှု ၌ ငါပြောဆို စီရင် စရာများစွာ ရှိ၏ ။ သို့သော်လည်း ငါ့ ကိုစေလွှတ် သောသူ သည်သစ္စာ နှင့် ပြည့်စုံ တော်မူ၏။ သူ ၏အထံ တော်၌ ငါ ကြား သမျှကိုသာ ဤလောက ၌ ငါဟောပြော သည် ဟု မိန့် တော်မူ၏။
27 They understood not that he spake to them of the Father.
၂၇ခမည်းတော် ကိုရည်မှတ်၍ မိန့်တော်မူသည်ကို ထိုသူတို့သည် မ ရိပ်မိ ကြ။
28 Then said Yahushua unto them, When ye have lifted up the Son of man, then shall ye know that I am he, and that I do nothing of myself; but as my Father hath taught me, I speak these things.
၂၈ထိုကြောင့် ယေရှု က၊ သင်တို့သည် လူ သား ကိုမြှောက် ထားသောအခါ ၊ ငါ သည်ဤမည်သောသူဖြစ် သည် ကို၎င်း ၊ ငါသည် ကိုယ် အလိုအလျောက် အဘယ် အမှုကိုမျှမပြု ဘဲ၊ ငါ့ခမည်းတော် သည် ငါ အား နည်းပေး တော်မူသည်အတိုင်း ငါဟောပြော သည်ကို၎င်း သင်တို့သည် သိ ကြလိမ့်မည်။
29 And he that sent me is with me: the Father hath not left me alone; for I do always those things that please him.
၂၉ငါ့ ကိုစေလွှတ် တော်မူသောသူ သည် ငါ နှင့်အတူ ရှိ တော်မူ၏။ ငါ့ ကို တစ်ကိုယ် တည်းနေစေခြင်းငှာခမည်းတော်သည် စွန့်ပစ်တော် မ မူ။ အကြောင်းမူကား ၊ နှစ်သက် တော်မူသောအမှု ကို အစဉ်မပြတ် ငါ ပြု သည် ဟု မိန့် တော်မူ၏။
30 As he spake these words, many believed on him.
၃၀ထို စကားတော်ကို မိန့် တော်မူစဉ်၊ လူ များတို့သည် ယုံကြည် ခြင်းသို့ ရောက်ကြ၏။
31 Then said Yahushua to those Jews which believed on him, If ye continue in my word, then are ye my disciples indeed;
၃၁ထိုအခါ ယေရှု က၊ သင်တို့သည် ငါ ၏ဒေသနာ ၌ တည် လျှင် ငါ့ တပည့် အမှန် ဖြစ် ကြ၏။
32 And ye shall know the truth, and the truth shall make you free.
၃၂သမ္မာတရား ကိုလည်း သိ ကြသဖြင့် ၊ ထိုတရား သည် သင် တို့ကို လွှတ် လိမ့်မည် ဟု၊ ယုံကြည် သော ယုဒ လူတို့အား မိန့် တော်မူ၏။
33 They answered him, We be Abraham's seed, and were never in bondage to any man: how sayest thou, Ye shall be made free?
၃၃ယုဒလူတို့ကလည်း၊ ငါတို့သည် အာဗြဟံ အမျိုး ဖြစ် ကြ၏။ အဘယ်သူ ထံ၌တရံတခါမျှ ကျွန် မ ခံကြ။ လွှတ် လိမ့်မည် ဟု၍ သင် သည်အဘယ်သို့ ပြောဆို သနည်းဟု မေးမြန်း ကြ၏။ ယေရှု ကလည်း၊ ငါအမှန်အကန် ဆို သည်ကား၊
34 Yahushua answered them, Verily, verily, I say unto you, Whosoever committeth sin is the servant of sin.
၃၄ဒုစရိုက် ကို ပြု သမျှ သောသူတို့သည် ဒုစရိုက် ကျွန် ဖြစ် ၏။
35 And the servant abideth not in the house for ever: but the Son abideth ever. (aiōn )
၃၅ကျွန် သည်ကား အိမ် ၌ အစဉ်အမြဲ နေ သည်မ ဟုတ်။ သား မူကား အစဉ်အမြဲ နေ ၏။ (aiōn )
36 If the Son therefore shall make you free, ye shall be free indeed.
၃၆ထိုကြောင့် သား သည် သင် တို့ကိုလွှတ် လျှင် ၊ သင်တို့သည် ဧကန်အမှန် လွတ် ကြလိမ့်မည် ။
37 I know that ye are Abraham's seed; but ye seek to kill me, because my word hath no place in you.
၃၇သင် တို့သည် အာဗြဟံ အမျိုး ဖြစ်ကြသည်ကို ငါသိ ၏။ သို့သော်လည်း ငါ ၏ဒေသနာ သည် သင်တို့၌ တည် နေရာကိုမ ရသောကြောင့် သင်တို့သည် ငါ့ ကို သတ် အံ့သောငှာရှာကြံ ကြ၏။
38 I speak that which I have seen with my Father: and ye do that which ye have seen with your father.
၃၈ငါသည်ငါ့ ခမည်းတော် ထံ၌ မြင် ခဲ့ပြီးသည့်အတိုင်း ဟောပြော ၏။ သင်တို့သည် သင် တို့၏အဘ ထံ၌ မြင် ခဲ့ပြီးသည်အတိုင်း ပြု ကြ၏ ဟု မိန့် တော်မူ၏။
39 They answered and said unto him, Abraham is our father. Yahushua saith unto them, If ye were Abraham's children, ye would do the works of Abraham.
၃၉ထိုသူ တို့ကလည်း ၊ အာဗြဟံ သည် ငါ တို့အဘ ဖြစ် ၏ ဟု ဆို ကြ ၏။ ယေရှု ကလည်း၊ သင်တို့သည် အာဗြဟံ ၏သား မှန် လျှင် အာဗြဟံ ၏အကျင့် ကို ကျင့် ကြလိမ့်မည်။
40 But now ye seek to kill me, a man that hath told you the truth, which I have heard of YHWH: this did not Abraham.
၄၀ဘုရားသခင် အထံ တော်၌ ကြား ရသောသစ္စာ တရားကို သင် တို့အား ဟောပြော သောသူ တည်းဟူသောငါ့ ကိုသတ် အံ့သောငှာသင်တို့သည် ယခု ရှာကြံ ကြ၏။ အာဗြဟံ သည် ထိုနည်းတူကျင့် သည်မ ဟုတ်။
41 Ye do the deeds of your father. Then said they to him, We be not born of fornication; we have one Father, even Elohim.
၄၁သင်တို့သည် သင် တို့အဘ ၏အကျင့် ကို ကျင့် ကြ၏ ဟု မိန့် တော်မူ၏။ ထိုသူတို့ကလည်း၊ ငါ တို့သည် မျောက်မထား သောအမျိုး မ ဟုတ်။ ဘုရားသခင် တည်းဟူသောငါတို့အဘ တစ်ပါးတည်း ရှိ တော်မူသည်ဟု ဆို ကြ၏။
42 Yahushua said unto them, If Elohim were your Father, ye would love me: for I proceeded forth and came from Elohim; neither came I of myself, but he sent me.
၄၂ယေရှု ကလည်း၊ ဘုရားသခင် သည် သင် တို့အဘ မှန် လျှင် ။ သင်တို့သည် ငါ့ ကိုချစ် ကြလိမ့်မည်။ အကြောင်းမူကား ၊ ငါ သည် ဘုရားသခင့် အထံ တော်မှ ထွက်ကြွ ရောက်လာ ၏။ ကိုယ် အလိုအလျောက်လာ သည် မ ဟုတ်။ ဘုရားသခင် သည်ငါ့ ကိုစေလွှတ် တော်မူ၏။
43 Why do ye not understand my speech? even because ye cannot hear my word.
၄၃အဘယ်ကြောင့် ငါ့ စကား ကို နား မ လည်ကြသနည်း။ ငါ ၏ ဒေသနာ ကိုနာ မ ခံမယူနိုင် သောကြောင့် သာ သင်တို့သည် ငါ့စကားကို နားမလည်ကြ။
44 Ye are of your father the devil, and the lusts of your father ye will do. He was a murderer from the beginning, and abode not in the truth, because there is no truth in him. When he speaketh a lie, he speaketh of his own: for he is a liar, and the father of it.
၄၄သင်တို့သည် သင် တို့အဘ တည်းဟူသောမာရ်နတ် မှ ဆင်းသက်ကြ၏။ သင် တို့အဘ ၏ အလို သို့လည်း လိုက် တတ်ကြ၏။ မာရ်နတ် သည် ရှေးဦးစွာ မှ ၍ လူ အသက်ကိုသတ်သောသူဖြစ် ၏။ သူ၌ သစ္စာ တရား မ ရှိ သောကြောင့် သစ္စာ တရား၌ မ တည် မနေ။ သူသည် မုသား စကားကိုပြော သောအခါ မိမိ ပကတိအတိုင်းပြော ၏။ မုသား စကား၌ ကျင်လည်သောသူဖြစ်၏။ မုသား ၏အဘ လည်း ဖြစ် ၏။
45 And because I tell you the truth, ye believe me not.
၄၅ငါ သည်သစ္စာ စကားကို ပြော သောကြောင့် သင်တို့မ ယုံ ကြ။
46 Which of you convinceth me of sin? And if I say the truth, why do ye not believe me?
၄၆ငါ ၌ အပြစ် ရှိကြောင်း ကို သင် တို့တွင် အဘယ်သူ ဖော်ပြ သနည်း။ သစ္စာ စကားကိုငါပြော သည်မှန်လျှင် အဘယ်ကြောင့် သင် တို့ မ ယုံ ကြသနည်း။
47 He that is of YHWH heareth YHWH 's words: ye therefore hear them not, because ye are not of YHWH.
၄၇ဘုရားသခင် နှင့်စပ်ဆိုင် သောသူ သည်ဘုရားသခင် ၏စကား တော်ကို နားထောင် တတ်၏။ သင် တို့ သည် ဘုရားသခင် နှင့်မ စပ်ဆိုင်သောကြောင့် နား မ ထောင်ကြ ဟု မိန့် တော်မူ၏။
48 Then answered the Jews, and said unto him, Say we not well that thou art a Samaritan, and hast a devil?
၄၈ယုဒ လူတို့ကလည်း ၊ သင် သည်ရှမာရိ လူဖြစ် ၏။ နတ်ဆိုး စွဲ သောသူလည်းဖြစ်၏ဟု ငါ တို့ပြော သော စကားသည် လျောက်ပတ် သည်မ ဟုတ်လောဟု ဆို ကြ၏။
49 Yahushua answered, I have not a devil; but I honour my Father, and ye do dishonour me.
၄၉ယေရှု ကလည်း၊ ငါ သည်နတ်ဆိုး စွဲ သောသူမ ဟုတ်။ ငါ့ ခမည်းတော် ကိုချီးမြောက် ၏။ သင် တို့သည် ငါ့ ကို ရှုတ်ချ ကြ၏။
50 And I seek not mine own glory: there is one that seeketh and judgeth.
၅၀ငါ သည် ကိုယ် ဘုန်း အသရေကိုမ ရှာ ။ ငါ၏ ဘုန်း အသရေကိုရှာ၍ စီရင် တော်မူသောသူ ရှိ သေး၏။
51 Verily, verily, I say unto you, If a man keep my saying, he shall never see death. (aiōn )
၅၁ငါအမှန်အကန် ဆို သည်ကား၊ ငါ့ စကား ကို နားထောင် သောသူ သည်သေ ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည် ဟု မိန့် တော်မူ၏။ (aiōn )
52 Then said the Jews unto him, Now we know that thou hast a devil. Abraham is dead, and the prophets; and thou sayest, If a man keep my saying, he shall never taste of death. (aiōn )
၅၂ယုဒ လူတို့ကလည်း၊ သင်၌နတ်ဆိုး စွဲ သည်ကို ယခု ငါတို့သိ ကြ၏။ အာဗြဟံ မှစ၍ ပရောဖက် တို့သည် သေ လွန်ကြပြီ။ သင် မူကား ၊ ငါ့ စကား ကို နားထောင် သောသူ သည်သေ ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည်ဟု ဆို ပါသည်တကား။ (aiōn )
53 Art thou greater than our father Abraham, which is dead? and the prophets are dead: whom makest thou thyself?
၅၃ငါ တို့အဘ အာဗြဟံ ထက် သင် သည် သာ၍ကြီးမြတ် သလော။ သူ သည်သေ ပြီ။ ပရောဖက် တို့လည်း သေ ကြပြီ။ သင် သည်အဘယ်သို့ သောသူ၏ အရောင်ကိုဆောင် သနည်းဟုဆို ကြ၏။
54 Yahushua answered, If I honour myself, my honour is nothing: it is my Father that honoureth me; of whom ye say, that he is your Elohim:
၅၄ယေရှု ကလည်း၊ ငါ သည်ကိုယ် ဂုဏ် ကိုပြလျှင် ၊ ငါ့ ဂုဏ် သည် အချည်းနှီး ဖြစ် ၏။ ငါ့ ခမည်းတော် သည် ငါ့ ဂုဏ် ကို ထင်ရှားစေတော်မူ၏။ ထို ဘုရားသခင် သည် ငါ တို့၏ဘုရားဟူ၍သင် တို့ခေါ် တော်မူတတ်ကြ၏။
55 Yet ye have not known him; but I know him: and if I should say, I know him not, I shall be a liar like unto you: but I know him, and keep his saying.
၅၅သို့သော်လည်း ထိုဘုရားသခင် ကို သင်တို့မ သိ ကြ။ ငါ မူကား သိ ၏။ ငါမ သိ ဟုငါဆို လျှင် သင် တို့ကဲ့သို့ မုသာ သုံးသောသူဖြစ် လိမ့်မည်။ ထိုဘုရားသခင် ကို ငါသိ ၏။ ဘုရားသခင် ၏ စကား တော်ကိုလည်း နားထောင် ၏။
56 Your father Abraham rejoiced to see my day: and he saw it, and was glad.
၅၆သင် တို့အဘ အာဗြဟံ သည် ငါ ကြွလာမည့်အချိန် ကာလကို မြော်မြင် ခြင်းငှာ အလွန်အလိုရှိ ၏။ မြင် ရသောအခါ ဝမ်းမြောက် ခြင်းသို့ရောက်သည် ဟု မိန့် တော်မူ၏။
57 Then said the Jews unto him, Thou art not yet fifty years old, and hast thou seen Abraham?
၅၇ယုဒ လူတို့ကလည်း၊ သင်၏အသက်သည် အနှစ် ငါးဆယ် မျှမ ရှိ ဘဲလျက် သင်သည် အာဗြဟံ ကို မြင် လေပြီတကားဟု ဆို ကြ၏။
58 Yahushua said unto them, Verily, verily, I say unto you, Before Abraham was, I am.
၅၈ယေရှု ကလည်း၊ ငါအမှန်အကန် ဆို သည်ကား၊ အာဗြဟံ မ ဖြစ် မှီငါ ဖြစ် ၏ ဟု မိန့် တော်မူ၏။
59 Then took they up stones to cast at him: but Yahushua hid himself, and went out of the temple, going through the midst of them, and so passed by.
၅၉ထိုအခါ ကိုယ်တော် ကို ခဲနှင့်ပစ် ခြင်းငှာ ကျောက်ခဲ တို့ကို ကောက်ယူ ကြ၏။ ယေရှု သည် တိမ်းရှောင် ၍ ထိုသူတို့အလယ်၌ရှောက်သွားပြီးလျှင်ဗိမာန် တော်မှ ထွက်ကြွ တော်မူ၏။