< Psalms 88 >

1 O LORD God of my salvation, I have cried day and night before thee:
အကျွန်ုပ် ကို ကယ်တင် တော်မူသောဘုရား သခင် ထာဝရဘုရား ၊ အကျွန်ုပ်သည် ရှေ့ တော်၌ နေ့ ညဉ့် မပြတ် အော်ဟစ် ပါ၏။
2 Let my prayer come before thee: incline thine ear unto my cry;
အကျွန်ုပ် ပြုသောပဌနာ သည် အထံ တော်သို့ ဝင် ပါစေသော။ အော်ဟစ် သံကို နားထောင် တော်မူပါ။
3 For my soul is full of troubles: and my life draweth nigh unto the grave. (Sheol h7585)
အကျွန်ုပ် ၏ ဝိညာဉ် သည် ဒုက္ခ နှင့် ပြည့် ၍ ၊ အသက် သည်လည်း မရဏာ နိုင်ငံအနီးသို့ ရောက် ပါပြီ။ (Sheol h7585)
4 I am counted with them that go down into the pit: I am as a man that hath no strength:
အကျွန်ုပ်သည် သင်္ချိုင်းတွင်း ထဲသို့ ဆင်း သောသူတို့ နှင့်အတူ ရေတွက် ဝင်ခြင်းသို့ ရောက်ပါ၏။ အား ကုန် သော သူ ကဲ့သို့ ဖြစ် ပါ၏။
5 Free among the dead, like the slain that lie in the grave, whom thou rememberest no more: and they are cut off from thy hand.
အသေ ကောင်တို့တွင် ပစ် ထားသောသူ၊ ကွပ်မျက် ၍ သင်္ချိုင်း တွင်း၌ အိပ် နေသောသူတည်းဟူသော အောက်မေ့ တော်မ မူ၊ လက် တော်၏ မစခြင်းနှင့် ကွာဝေး သော သူကဲ့သို့ ဖြစ်ပါ၏။
6 Thou hast laid me in the lowest pit, in darkness, in the deeps.
အကျွန်ုပ် ကို အနက်ဆုံး သောတွင်း ၊ မှောင်မိုက် ဖုံးလွှမ်း၍ အလွန်နက်နဲ သော အရပ်၌ ချထား တော်မူပြီ။
7 Thy wrath lieth hard upon me, and thou hast afflicted me with all thy waves. (Selah)
အမျက် တော်သည် အကျွန်ုပ် အပေါ် ၌ ဖိ လျက် ရှိပါ၏။ လှိုင်း တံပိုးတော်အပေါင်း တို့နှင့် နှိပ်စက် တော်မူ ၏။
8 Thou hast put away mine acquaintance far from me; thou hast made me an abomination unto them: I am shut up, and I cannot come forth.
အကျွန်ုပ် ၏ အသိအကျွမ်း များကို အဝေး သို့ ရွေ့တော်မူပြီ။ သူ တို့အား အကျွန်ုပ် ကို ရွံ့ရှာ ဖွယ် ဖြစ် စေတော်မူပြီ။ အကျွန်ုပ် သည် အချုပ် ခံရ၍ ၊ ပြင်သို့ မ ထွက် ရပါ။
9 Mine eye mourneth by reason of affliction: Lord, I have called daily upon thee, I have stretched out my hands unto thee.
အကျွန်ုပ်ခံရသော ဒုက္ခ ကြောင့် အကျွန်ုပ် မျက်စိ သည် ပျက် ပါ၏။ အို ထာဝရဘုရား ၊ ကိုယ်တော် ကို အစဉ် အော်ဟစ် ပါ၏။ အထံ တော်သို့ လက် ကိုဆန့် ပါ၏။
10 Wilt thou shew wonders to the dead? shall the dead arise and praise thee? (Selah)
၁၀သေ လျက်နေသောသူတို့အား အံ့ဘွယ် သော အမှုတို့ကို ပြ တော်မူမည်လော ။ သင်္ချိုင်း သားတို့သည်ထ ၍ ကိုယ်တော် ကို ချီးမွမ်း ကြပါမည်လော ။
11 Shall thy lovingkindness be declared in the grave? or thy faithfulness in destruction?
၁၁ကရုဏာ တော်ကို သင်္ချိုင်းတွင်း ၌ ၎င်း၊ သစ္စာ တော်ကို ပျက်စီးရာအရပ် ၌ ၎င်း ကြားပြော ရကြပါ မည်လော ။
12 Shall thy wonders be known in the dark? and thy righteousness in the land of forgetfulness?
၁၂အံ့ဘွယ် သော အမှုတော်တို့ကို မှောင်မိုက် သော အရပ်၌ ၎င်း၊ ဖြောင့်မတ် တော်မူခြင်းတရားကို မေ့လျော့ ရာပြည် ၌ ၎င်း သိရ ကြပါမည်လော။
13 But unto thee have I cried, O Lord; and in the morning shall my prayer prevent thee.
၁၃အိုထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ် အော်ဟစ် ပါ၏။ နံနက် အချိန်၌ အကျွန်ုပ် ၏ ပဌနာ သည် ရှေ့တော်သို့ရောက် ပါ၏။
14 Lord, why castest thou off my soul? why hidest thou thy face from me?
၁၄အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ဝိညာဉ် ကို အဘယ် ကြောင့်ပယ် တော်မူသနည်း။ မျက်နှာ တော်ကို အကျွန်ုပ် မှ အဘယ်ကြောင့်လွှဲ တော်မူသနည်း။
15 I am afflicted and ready to die from my youth up: while I suffer thy terrors I am distracted.
၁၅အကျွန်ုပ် သည် ဒုက္ခ ဝေဒနာကိုခံရ၍ သေဆဲ ရှိပါ၏။ စီရင် တော်မူသောဘေးများကို ငယ် သောအရွယ် က ပင် ခံရ ၍ ပင်ပန်း ပါ၏။
16 Thy fierce wrath goeth over me; thy terrors have cut me off.
၁၆အမျက် တော်သည် အကျွန်ုပ် ကို လွှမ်းမိုး ပါ၏။ စီရင် တော်မူသောဘေးတို့သည် အကျွန်ုပ် ၏ အသက်ကို ညှဉ်းဆဲ သည်တိုင်အောင် ၊
17 They came round about me daily like water; they compassed me about together.
၁၇ရေ ကဲ့သို့ အစဉ်မပြတ် ဝိုင်း ၍ တညီ တညွတ်တည်း ဝန်းရံ ကြပါ၏။
18 Lover and friend hast thou put far from me, and mine acquaintance into darkness.
၁၈ချစ် သောသူနှင့် အဆွေ ခင်ပွန်းကို အကျွန်ုပ် နှင့် ဝေးဝေး ရွှေ့တော်မူပြီ။ အသိအကျွမ်းတို့သည် မှောင်မိုက် ထဲမှာရှိ ကြပါ၏။

< Psalms 88 >