< Hosea 10 >

1 ISRAEL is an empty vine, he bringeth forth fruit unto himself: according to the multitude of his fruit he hath increased the altars; according to the goodness of his land they have made goodly images.
ဣသရေလ သည် အသီး များစွာ သီးသော စပျစ်နွယ် ပင်ဖြစ်၏။ ကိုယ် အလိုအလျောက်သီး တတ်၏။ အသီး တိုးပွား သည်အတိုင်း အမျိုးသားတို့သည် ယဇ်ပလ္လင် တို့ကို များပြား စေကြ၏။ သူ တို့ပြည် ကောင်း သည်အတိုင်း ကောင်းသော ရုပ်တု ဆင်းတုတို့ကို လုပ် ကြသည်တကား။
2 Their heart is divided; now shall they be found faulty: he shall break down their altars, he shall spoil their images.
သူ တို့၌ စိတ် နှစ်ခွ ရှိ၏။ ချက်ခြင်း အပြစ်ဒဏ် ကိုခံရကြမည်။ သူ တို့ ယဇ်ပလ္လင် တို့ကို ကိုယ်တော် တိုင် ဖြိုချ ၍၊ ရုပ်တု ဆင်းတုတို့ကိုလည်း ဖျက်ဆီး တော်မူမည်။
3 For now they shall say, We have no king, because we feared not the Lord; what then should a king do to us?
ငါ တို့သည် ထာဝရဘုရား ကို မ ကြောက်ရွံ့ သောကြောင့် ရှင်ဘုရင် မ ရှိ။ ရှင်ဘုရင် ရှိသော်လည်း ၊ ငါ တို့အဘို့ အဘယ်သို့ ပြု နိုင်မည်နည်းဟု ချက်ခြင်းဆို ရကြမည်။
4 They have spoken words, swearing falsely in making a covenant: thus judgment springeth up as hemlock in the furrows of the field.
သူတို့ ကျိန်ဆို သော စကားသည် စကားသက်သက် ဖြစ်၍၊ မိဿဟာယ ဖွဲ့ သောအခါ မုသာ စကား ကိုသာ ပြော တတ်ကြ၏။ တရား စီရင်ခြင်းအမှုသည် လယ် ကန်ဆည်ရိုး ပေါ် မှာ ဘင်းခါး ပင်ကဲ့သို့ ပေါက် ရ လိမ့်မည်။
5 The inhabitants of Samaria shall fear because of the calves of Beth-aven: for the people thereof shall mourn over it, and the priests thereof that rejoiced on it, for the glory thereof, because it is departed from it.
ရှမာရိ မြို့ သားတို့သည် ဗေသဝင် နွားသငယ် အဘို့ ကြောက် ကြလိမ့်မည်။ ထိုနွားသငယ်၏ ဘုန်းအတွက် သူ ၏တကာ တို့သည် ငိုကြွေး မြည်တမ်း၍ ၊ ယဇ် ပုရောဟိတ်တို့သည် တုန်လှုပ်ကြလိမ့်မည်။ အကြောင်းမူကား ၊ ရန်သူတို့သည် ထိုဘုန်းကို လုယူ၍၊
6 It shall be also carried unto Assyria for a present to king Jareb: Ephraim shall receive shame, and Israel shall be ashamed of his own counsel.
နွားသငယ် နှင့်အတူ အာရှုရိ ပြည်သို့ ယူသွား ပြီးလျှင် ၊ ရှင်ဘုရင် ယာရက် အား ဆက် ရကြလိမ့်မည်။ ဧဖရိမ် သည် အသရေ ပျက်၍ ဣသရေလ သည် မိမိ အကြံ အစည်အားဖြင့် ရှက်ကြောက် ရလိမ့်မည်။
7 As for Samaria, her king is cut off as the foam upon the water.
ရှမာရိ သည် ပျက် ရ၏။ ရှမာရိ ရှင် ဘုရင်သည် ရေမြှုပ် သက်သက်ဖြစ်၏။
8 The high places also of Aven, the sin of Israel, shall be destroyed: the thorn and the thistle shall come up on their altars; and they shall say to the mountains, Cover us; and to the hills, Fall on us.
ဣသရေလ ပြစ်မှား ရာ အာဝင်မြို့ကုန်း တို့သည် ပြိုကျ ၍ ၊ ဆူး ပင်အမျိုးမျိုးတို့သည် သူ တို့ ယဇ် ပလ္လင်များကို လွှမ်းမိုး ကြလိမ့်မည်။ မြို့သားတို့ကလည်း၊ အိုတောင် များ တို့၊ ငါ တို့ကို ဖုံးအုပ် ကြပါ။ အိုကုန်း များတို့၊ ငါ တို့အပေါ် ၌ ကျ ကြပါဟု ခေါ် ကြလိမ့်မည်။
9 O Israel, thou hast sinned from the days of Gibeah: there they stood: the battle in Gibeah against the children of iniquity did not overtake them.
ဂိဗာ မြို့လက်ထက် ၌ အပြစ်ကြီးသည်ထက် ဣသရေလ သည် အပြစ်သာ၍ကြီး၏။ ထို မြို့၌ ရပ် နေကြ ၏။ ဂိဗာ မြို့၌ အဓမ္မ လူ တို့ကို စစ်တိုက် သောအခါ မ ရှုံး ကြ။
10 It is in my desire that I should chastise them; and the people shall be gathered against them, when they shall bind themselves in their two furrows.
၁၀ငါ သည် ကိုယ် အလိုအလျောက်သူ တို့ကို ဆုံးမ မည်။ သူ တို့ အပြစ် နှစ် ပါးကြောင့် ချည် ထားလျက်ရှိသောအခါ ၊ သူ တို့တဘက် ၌ လူများစည်းဝေး ရကြလိမ့်မည်။
11 And Ephraim is as an heifer that is taught, and loveth to tread out the corn; but I passed over upon her fair neck: I will make Ephraim to ride; Judah shall plow, and Jacob shall break his clods.
၁၁ဧဖရိမ် သည် ယဉ် ၍ စပါးကို နင်း ချင်သော နွားမ ပျိုဖြစ်သော်လည်း၊ ငါ သည် ထမ်းဘိုးကို ထမ်း စေ သဖြင့် ၊ ဧဖရိမ် သည် ကခြင်းကိုခံ ၍၊ ယုဒ သည် ထွန် လျက်၊ ယာကုပ် သည်လည်း မြေစိုင်ကို ခွဲ လျက်ရှိရလိမ့်မည်။
12 Sow to yourselves in righteousness, reap in mercy; break up your fallow ground: for it is time to seek the Lord, till he come and rain righteousness upon you.
၁၂ကိုယ် အဘို့ ဖြောင့်မတ် ခြင်းမျိုးစေ့ကို ကြဲ ၍၊ ကရုဏာ တော် အသီးအနှံ ကို ရိတ် ကြလော့။ မလုပ်သေး သော လယ် ကို ထွန် ကြလော့။ ထာဝရဘုရား သည် ကြွ လာ ၍ ၊ သင် တို့အပေါ် သို့ ဖြောင့်မတ် ခြင်း မိုဃ်းကို ရွာ စေတော် မ မူမှီတိုင်အောင်၊ ကိုယ်တော် ကို ရှာ ရသောအချိန် ရောက်လေပြီ။
13 Ye have plowed wickedness, ye have reaped iniquity; ye have eaten the fruit of lies: because thou didst trust in thy way, in the multitude of thy mighty men.
၁၃သင်တို့သည် ဒုစရိုက် မျိုးစေ့ကို ကြဲလို၍ လယ်ထွန် သောကြောင့်၊ အပြစ် စပါးကိုရိတ် ရကြ၏။ မုသာ အသီးအနှံ ကို စား ရကြ၏။ အကြောင်း မူကား၊ ကိုယ် ကြံစည် ပြုမူခြင်းကို၎င်း၊ ကိုယ် ၌ များစွာ သော သူရဲ တို့ကို၎င်းကိုးစား တတ်၏။
14 Therefore shall a tumult arise among thy people, and all thy fortresses shall be spoiled, as Shalman spoiled Beth-arbel in the day of battle: the mother was dashed in pieces upon her children.
၁၄ထိုကြောင့် ၊ သင် ၏လူ တို့သည် ရုန်းရင်းခတ် ကြ လိမ့်မည်။ ရှာလမန် မင်းသည် ဗေသာဗေလ မြို့ကို စစ်တိုက် သောအခါ ဖျက်ဆီး သကဲ့သို့ ၊ သင် ၏ရဲတိုက် ရှိသမျှ တို့ သည် ပျက်စီး ရကြလိမ့်မည်။ အမိ သည် သား တို့နှင့်အတူ မြေပေါ်မှာ ဆောင့်ဖွပ် ခြင်းကိုခံရလိမ့်မည်။
15 So shall Beth-el do unto you because of your great wickedness: in a morning shall the king of Israel utterly be cut off.
၁၅ထိုသို့ ဗေသလ သည် သင် တို့ဒုစရိုက် အပြစ်များ ကြောင့် သင် တို့၌ ပြု လိမ့်မည်။ နံနက် အချိန်သည် လွန်တတ်သကဲ့သို့၊ ဣသရေလ ရှင် ဘုရင်သည် ရှင်းရှင်းကွယ်ပျောက် ရလိမ့်မည်။

< Hosea 10 >