< Exodus 22 >

1 IF a man shall steal an ox, or a sheep, and kill it, or sell it; he shall restore five oxen for an ox, and four sheep for a sheep.
လူ သည် သိုး နွား ကိုခိုး ၍ သတ် သည်ဖြစ်စေ ၊ ရောင်း သည်ဖြစ်စေ၊ နွား တကောင်အတွက် နွား ငါး ကောင် ကို၎င်း၊ သိုး တကောင်အတွက် သိုး လေး ကောင်ကို၎င်းပြန်ပေး ရမည်။
2 If a thief be found breaking up, and be smitten that he die, there shall no blood be shed for him.
သူခိုး သည် အိမ်ကိုထွင်း ဖောက်စဉ်၊ သူတပါးတွေ့ ၍ သေ အောင် သတ် သော်လည်း၊ သေစား မ သေ စေရ။
3 If the sun be risen upon him, there shall be blood shed for him; for he should make full restitution; if he have nothing, then he shall be sold for his theft.
သို့သော်လည်းနေ ထွက် လျှင် သေ စားသေစေရမည်။ အကြောင်းမူကား၊ ပြန်ပေးစရာအကြောင်းရှိ၏။ ဥစ္စာအလျှင်းမရှိလျှင်၊ ခိုးသည်ဥစ္စာအတွက် ကိုယ်ကိုရောင်းရမည်။
4 If the theft be certainly found in his hand alive, whether it be ox, or ass, or sheep; he shall restore double.
သူခိုးလက်၌ ခိုး သောနွား ၊ သိုး ကို အသက်ရှင် လျှက် အမှန်တွေ့ လျှင်၊ နှစ်ဆ ပြန်ပေး ရမည်။
5 If a man shall cause a field or vineyard to be eaten, and shall put in his beast, and shall feed in another man’s field; of the best of his own field, and of the best of his own vineyard, shall he make restitution.
သူ့လယ် ၊ သူ့စပျစ် ဥယျာဉ်ကို စား စေသော်၎င်း၊ မိမိ တိရိစ္ဆာန် ကို သူ့ လယ် ၌ ထိန်း ကျောင်းသော်၎င်း ၊ မိမိ လယ် ၊ မိမိ စပျစ် ဥယျာဉ်ထဲကအကောင်း ဆုံးကို ထုတ်၍ ပြန်ပေး ရမည်။
6 If fire break out, and catch in thorns, so that the stacks of corn, or the standing corn, or the field, be consumed therewith; he that kindled the fire shall surely make restitution.
မီးရှို့ သောအခါမြက်ပင် ကြောင့် အစဉ်အတိုင်းရှောက် ၍ လောင်လျက်၊ ကောက် လှိုင်း၊ စပါး ပင်၊ လယ် ၌ရှိသောအရာတို့ကို လောင် လျှင် ၊ မီးရှို့ သောသူသည် အမှန်လျော် ရမည်။
7 If a man shall deliver unto his neighbour money or stuff to keep, and it be stolen out of the man’s house; if the thief be found, let him pay double.
လူ တဦးသည် အိမ်နီးချင်း တဦး၌ ရွှေငွေ အစရှိသော ဥစ္စာ တစုံတခုကို အပ်နှံ ၍ ၊ အပ်နှံခံသောသူ ၏အိမ် မှ သူခိုးခိုး သွားလျှင် ၊ သူခိုး ကို တွေ့ မိသောအခါ နှစ်ဆ လျော် စေ။
8 If the thief be not found, then the master of the house shall be brought unto the judges, to see whether he have put his hand unto his neighbour’s goods.
သူခိုး ကို မ တွေ့ လျှင် ၊ အိမ် ရှင် သည် မိမိ အိမ်နီးချင်း ဥစ္စာ ကို ယူ သလောမ ယူလောဟု ဘုရား သခင့်ရှေ့တော်၌ အစစ် ခံရမည်။
9 For all manner of trespass, whether it be for ox, for ass, for sheep, for raiment, or for any manner of lost thing, which another challengeth to be his, the cause of both parties shall come before the judges; and whom the judges shall condemn, he shall pay double unto his neighbour.
သူ့ဥစ္စာကို ပြစ်မှားသည် အမှု မှာ ၊ နွား ၊ မြည်း ၊ သိုး ၊ အဝတ် အစ ရှိသောပျောက်သော ဥစ္စာ တစုံတခု ကို တွေ့၍၊ ဤ ဥစ္စာကား၊ ငါ၏ဥစ္ဇာဖြစ်သည်ဟု တစုံတယောက်ဆို လျှင်၊ အမှု သည် နှစ်ဦး တို့သည် ဘုရား သခင်ရှေ့ တော်၌အစစ်ခံရ၍၊ တရား ရှုံးသော သူသည် နှစ်ဆ လျော် ရမည်။
10 If a man deliver unto his neighbour an ass, or an ox, or a sheep, or any beast, to keep; and it die, or be hurt, or driven away, no man seeing it:
၁၀လူ သည် အိမ်နီးချင်းလယ်၌ မြည်း ၊ နွား ၊ သိုး အစရှိသော တိရစ္ဆာန် တစုံတခု ကို အပ်နှံ ၍ ၊ ထိုတိရစ္ဆာန် သေ သော်၎င်း ၊ ထိခိုက် ၍နာသော်၎င်း ၊ သက်သေ မရှိ ဘဲ သူတပါးမောင်း ၍သွားသော်၎င်း၊
11 Then shall an oath of the Lord be between them both, that he hath not put his hand unto his neighbour’s goods; and the owner of it shall accept thereof, and he shall not make it good.
၁၁အပ်နှံခံသောသူသည် ငါ့အိမ်နီးချင်း ၏ဥစ္စာ ကို ငါမ ယူ ဟု နှစ်ဦး သဘောတူလျက်၊ ထာဝရဘုရား ရှေ့မှာ အကျိန် ခံရလျှင်၊ ဥစ္စာ ရှင် သည် ဝန်ခံ ရမည်။ အပ်နှံခံသူလည်း မ လျော် ရ။
12 And if it be stolen from him, he shall make restitution unto the owner thereof.
၁၂သို့ရာတွင် သူတပါးခိုး သွားလျှင် ၊ အပ်နှံခံသူသည် ဥစ္စာ ရှင် အား ပြန်ပေး ရမည်။
13 If it be torn in pieces, then let him bring it for witness, and he shall not make good that which was torn.
၁၃သားရဲကိုက် လျှင် သက်သေ ဘို့ အသေ ကောင်ကိုပြ စေ။ ပြနိုင်လျှင် အလျော် မ ခံရ။
14 And if a man borrow ought of his neighbour, and it be hurt, or die, the owner thereof being not with it, he shall surely make it good.
၁၄လူ သည် အိမ်နီးချင်း ၌ တစုံတခုကို ငှါး ၍ ဥစ္စာရှင် မ ပါ ဘဲ သေ သော်၎င်း၊ ထိခိုက် ၍ နာသော်၎င်း၊ အမှန်လျော် ရမည်။
15 But if the owner thereof be with it, he shall not make it good: if it be an hired thing, it came for his hire.
၁၅ဥစ္စာရှင် ပါ လျှင် ၊ ငှါးသောသူသည် မ လျော် ရ။ အခ နှင့် ငှါးလျှင် မူကား၊ ဥစ္စာရှင်သည် အခ ကိုသာ တောင်းရမည်။
16 And if a man entice a maid that is not betrothed, and lie with her, he shall surely endow her to be his wife.
၁၆မ ပေးစား လိုသော အပျို ကို၊ အကြင်ယောက်ျား သည် ချော့မော့ ၍ သင့်နေလျှင် ၊ ကန်တော့ ဥစ္စာကို ပေး ၍ ထိုမိန်းမကို မယား အရာ၌ မြှောက်ထားရမည်။
17 If her father utterly refuse to give her unto him, he shall pay money according to the dowry of virgins.
၁၇မိန်းမ ၏အဘ သဘော မတူမပေးစား လိုလျှင် ၊ ကန်တော့ ရသည်နှင့်အမျှ ငွေ ကို လျော် ရမည်။
18 Thou shalt not suffer a witch to live.
၁၈စုန်းမ ကို အသက် ရှင်စေခြင်းငှါ အခွင့်မ ပေးရ။
19 Whosoever lieth with a beast shall surely be put to death.
၁၉တိရစ္ဆာန် နှင့် သင့် နေသောသူသည် အသေ သတ် ခြင်းကို အမှန်ခံရမည်။
20 He that sacrificeth unto any god, save unto the Lord only, he shall be utterly destroyed.
၂၀ထာဝရဘုရား မှတပါး အခြားသော ဘုရား ရှေ့ မှာ ယဇ် ပူဇော်သောသူကို ရှင်းရှင်းဖျက်ဆီး ရမည်။
21 Thou shalt neither vex a stranger, nor oppress him: for ye were strangers in the land of Egypt.
၂၁တပြည်တနိုင်ငံသားဖြစ်သော ဧည့်သည် ကို မ နှောင့်ရှက် မ ညှဉ်းဆဲ ရ။ သင်တို့သည် အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ် ကြဘူးပြီ။
22 Ye shall not afflict any widow, or fatherless child.
၂၂မိဘ မရှိသောသူငယ်နှင့် မုတ်ဆိုးမ ကို သင်တို့သည် မ နှောင့်ရှက် ရ။
23 If thou afflict them in any wise, and they cry at all unto me, I will surely hear their cry;
၂၃နှောင့်ရှက် ခြင်းတစုံတခုကို ပြု၍ သူတို့သည် ငါ့ အား အနည်းငယ်အော်ဟစ် လျှင် ၊ ငါသည် ထိုအသံ ကို အမှန်ကြား ၍၊
24 And my wrath shall wax hot, and I will kill you with the sword; and your wives shall be widows, and your children fatherless.
၂၄ငါ အမျက် ပြင်းစွာထွက် လျှက် သင် တို့ကို ထား ဘေးဖြင့် ကွပ်မျက် မည်။ သင် တို့မယား များသည်လည်း မုတ်ဆိုးမ ဖြစ်၍ ၊ သားသမီး များသည်လည်း မိဘ မရှိသော သူငယ်ဖြစ်ကြလိမ့်မည်။
25 If thou lend money to any of my people that is poor by thee, thou shalt not be to him as an usurer, neither shalt thou lay upon him usury.
၂၅ငါ့ လူ ဖြစ်သော ဆင်းရဲသား အိမ်နီးချင်းအား သင်သည် ငွေ ကို ချေး လျှင် ၊ အတိုး စားသော သူကဲ့သို့ သူ ၌ မ ပြု ၊ အတိုး ကို မ တောင်း ရ။
26 If thou at all take thy neighbour’s raiment to pledge, thou shalt deliver it unto him by that the sun goeth down:
၂၆အိမ်နီးချင်း သည် မိမိစောင် ကို သင် ၌ ပေါင် ထားလျှင် ၊ မိုဃ်းမချုပ်မှီ ပြန် ပေးရမည်။
27 For that is his covering only, it is his raiment for his skin: wherein shall he sleep? and it shall come to pass, when he crieth unto me, that I will hear; for I am gracious.
၂၇အကြောင်း မူကား၊ အခြားသောခြုံ စရာမရှိ။ ကိုယ် ခြုံ ဘို့ ဖြစ်၏။ သူသည် အဘယ်သို့ အိပ် နိုင်သနည်း။ ငါ့ အား အော်ဟစ် လျှင် ငါကြား မည်။ ငါ သည် သနား သော သဘောရှိ၏။
28 Thou shalt not revile the gods, nor curse the ruler of thy people.
၂၈ဘုရား သခင်ကို လွန်ကျူး ၍ မ ပြောရ။ သင် ၏အမျိုး ကို အုပ်စိုး သော မင်း ကို မ ကျိန်ဆဲ ရ။
29 Thou shalt not delay to offer the first of thy ripe fruits, and of thy liquors: the firstborn of thy sons shalt thou give unto me.
၂၉အဦးမှည့် သောအသီး၊ အဦးညှစ် သောအရည်ကို မ ထိမ် မဝှက်ဘဲ ဆက်ကပ်ရမည်။ အဦး ဘွားသော သား ယောက်ျားကိုလည်း ငါ့ အား ဆက်ကပ် ရမည်။
30 Likewise shalt thou do with thine oxen, and with thy sheep: seven days it shall be with his dam; on the eighth day thou shalt give it me.
၃၀ထိုနည်းတူ သိုး နွား တို့ကို ပြု ရမည်။ ခုနစ် ရက် ပတ်လုံးသိုးနွားသငယ်ကို အမိ နှင့် အတူ နေ စေ၍၊ အဋ္ဌမ နေ့ ရောက်မှ ငါ့ အား ဆက်ကပ် ရမည်။
31 And ye shall be holy men unto me: neither shall ye eat any flesh that is torn of beasts in the field; ye shall cast it to the dogs.
၃၁သင်တို့သည် ငါ့ ထံ ၌ သန့်ရှင်း သောသူ ဖြစ် ရကြမည်။ တော ၌ သားရဲ ကိုက်သော အမဲသား ကို မ စား ရ။ ခွေး တို့အား ပစ် ပေးရမည်။

< Exodus 22 >