< Leviticus 27 >
1 And the LORD spoke to Moses, saying,
၁တဖန် မောရှေ အား ထာဝရဘုရား က၊
2 Speak to the children of Israel, and say to them, When a man shall make a singular vow, the persons shall be for the LORD by your estimation.
၂သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ လူ သည် သစ္စာ ဂတိပြု ၍ ပူဇော်လျှင်၊ ပူဇော်အပ်သောသူသည်၊ သင် အဘိုး ပြတ်သည်အတိုင်း ထာဝရဘုရား ၏ ဘဏ္ဍာတော် ဖြစ်ရမည်။
3 And your estimation shall be of the male from twenty years old even to sixty years old, even your estimation shall be fifty shekels of silver, after the shekel of the sanctuary.
၃သင် သည် အဘယ်မျှ အဘိုး ပြတ်ရမည်နည်းဟူမူကား၊ ယောက်ျား ကို အသက် နှစ် ဆယ်မှသည် ခြောက် ဆယ်တိုင်အောင် ၊ အကျပ် တော်အလိုက် ငွေ အကျပ် ငါး ဆယ်နှင့် အဘိုး ပြတ်ရမည်။
4 And if it be a female, then your estimation shall be thirty shekels.
၄မိန်းမ ဖြစ်လျှင် ၊ ငွေအကျပ် သုံး ဆယ်နှင့် အဘိုး ပြတ်ရမည်။
5 And if it be from five years old even to twenty years old, then your estimation shall be of the male twenty shekels, and for the female ten shekels.
၅အသက် ငါး နှစ်မှ သည် ဆယ်နှစ်တိုင်အောင် ၊ ယောက်ျား ကို အကျပ် နှစ် ဆယ်၊ မိန်းမ ကို အကျပ် တဆယ် နှင့် အဘိုး ပြတ်ရမည်။
6 And if it be from a month old even to five years old, then your estimation shall be of the male five shekels of silver, and for the female your estimation shall be three shekels of silver.
၆အသက်တလ မှ သည် ငါး နှစ် တိုင်အောင် ၊ ယောက်ျား ကို ငွေ ငါး ကျပ် ၊ မိန်းမ ကို သုံး ကျပ် နှင့် အဘိုး ပြတ်ရမည်။
7 And if it be from sixty years old and above; if it be a male, then your estimation shall be fifteen shekels, and for the female ten shekels.
၇အသက် ခြောက် ဆယ်လွန် လျှင် ၊ ယောက်ျား ကို ဆယ် ငါး ကျပ် ၊ မိန်းမ ကို တဆယ် နှင့် အဘိုး ပြတ်ရမည်။
8 But if he be poorer than your estimation, then he shall present himself before the priest, and the priest shall value him; according to his ability that vowed shall the priest value him.
၈သင် အဘိုး ပြတ်သည်အတိုင်း၊ မ တတ်နိုင်လျှင် ၊ ယဇ်ပုရောဟိတ် ထံ သို့ချဉ်းကပ် ၍ ၊ ယဇ် ပုရောဟိတ်သည် သစ္စာ ဂတိပြုသောသူ တတ်နိုင် သမျှအတိုင်း အဘိုး ပြတ်ရမည်။
9 And if it be a beast, whereof men bring an offering to the LORD, all that any man gives of such to the LORD shall be holy.
၉လူသည် တိရစ္ဆာန် ကို ထာဝရဘုရား အား ပူဇော် လျှင်၊ ပူဇော် သမျှ သည် သန့်ရှင်း ရမည်။
10 He shall not alter it, nor change it, a good for a bad, or a bad for a good: and if he shall at all change beast for beast, then it and the exchange thereof shall be holy.
၁၀ကောင်း သည်ဖြစ်စေ ၊ ညံ့ သည်ဖြစ်စေ၊ တကောင်အတွက် တကောင်ကို မ လဲ ရ။ လဲ လိုလျှင် ၊ နှစ်ကောင် စလုံး သန့်ရှင်း ရမည်။
11 And if it be any unclean beast, of which they do not offer a sacrifice to the LORD, then he shall present the beast before the priest:
၁၁ထာဝရဘုရား အား မ ပူဇော် အပ်၊ မ စင်ကြယ်သော တိရစ္ဆာန် ဖြစ်လျှင် ၊ ယဇ်ပုရောဟိတ် အား ပြ ၍၊
12 And the priest shall value it, whether it be good or bad: as you value it, who are the priest, so shall it be.
၁၂ကောင်း မ ကောင်းရှိသည်အလျောက် ၊ ယဇ်ပုရောဟိတ် အဘိုး ပြတ်ရမည်။ ယဇ်ပုရောဟိတ် ပြတ်သည်အတိုင်း အဘိုးရှိ ရမည်။
13 But if he will at all redeem it, then he shall add a fifth part thereof to your estimation.
၁၃ပူဇော်သောသူသည် ရွေး လိုလျှင် ၊ အဘိုး ရင်းနှင့် ငါး စုတစုကို ထပ် ၍ ပေးရမည်။
14 And when a man shall sanctify his house to be holy to the LORD, then the priest shall estimate it, whether it be good or bad: as the priest shall estimate it, so shall it stand.
၁၄လူ သည် မိမိ အိမ် ကို ထာဝရဘုရား အဘို့ သန့်ရှင်း စေလျှင် ၊ ကောင်း မ ကောင်းရှိသည်အလျောက် ၊ ယဇ်ပုရောဟိတ် အဘိုး ပြတ်ရမည်။ ယဇ်ပုရောဟိတ် ပြတ်သည်အတိုင်း အဘိုး ရှိ ရမည်။
15 And if he that sanctified it will redeem his house, then he shall add the fifth part of the money of your estimation to it, and it shall be his.
၁၅ထိုအိမ် ကို သန့်ရှင်း စေသောသူ ရွေး လိုလျှင် ၊ ပြတ်သောအဘိုး ရင်းနှင့် ငါး စုတစုကို ပေး ၍ အိမ်ကို ယူရမည်။
16 And if a man shall sanctify to the LORD some part of a field of his possession, then your estimation shall be according to the seed thereof: an homer of barley seed shall be valued at fifty shekels of silver.
၁၆လူ သည် ကိုယ် ပိုင် သော လယ်ယာ ကို ထာဝရဘုရား အဘို့ သန့်ရှင်း စေလျှင် ၊ မုယောမျိုးစေ့ ကြဲရသည် အတိုင်း အဘိုး ပြတ်ရမည်။ မျိုးစေ့ တဩမဲကြဲရသော လယ်ကို၊ ငွေ အကျပ် ငါး ဆယ်နှင့် အဘိုးပြတ် ရမည်။
17 If he sanctify his field from the year of jubilee, according to your estimation it shall stand.
၁၇ယုဘိလ နှစ် မှစ၍မိမိ လယ် ကို သန့်ရှင်း စေလျှင် ၊ ပြတ်သည်အတိုင်း အဘိုး ရှိ ရမည်။
18 But if he sanctify his field after the jubilee, then the priest shall reckon to him the money according to the years that remain, even to the year of the jubilee, and it shall be abated from your estimation.
၁၈ယုဘိလ နှစ်လွန် မှ မိမိ လယ် ကို သန့်ရှင်း စေလျှင် ၊ နောင် ယုဘိလ နှစ် မှီ အောင် လိုသေးသော နှစ် ပေါင်းကို၊ ယဇ်ပုရောဟိတ် ရေတွက် ၍ ပြတ်သော အဘိုး ရင်းငွေကို လျှော့ ရမည်။
19 And if he that sanctified the field will in any wise redeem it, then he shall add the fifth part of the money of your estimation to it, and it shall be assured to him.
၁၉မိမိ လယ် ကို သန့်ရှင်း စေသောသူသည် ရွေး လိုလျှင် ၊ ပြတ်သော အဘိုး ရင်းနှင့် ငါး စုတစုကို ပေး ၍ လယ်ကို အပိုင်ယူရမည်။
20 And if he will not redeem the field, or if he have sold the field to another man, it shall not be redeemed any more.
၂၀သို့မဟုတ် လယ် ကိုမ ရွေး လို၊ အခြား သောသူအား ရောင်း မိလျှင် ၊ နောက် တဖန် မ ရွေး ရ။
21 But the field, when it goes out in the jubilee, shall be holy to the LORD, as a field devoted; the possession thereof shall be the priest’s.
၂၁ယုဘိလ နှစ်တွင် ထိုလယ် သည် အမှုလွတ် သောအခါ ၊ ကျိန်ဆို သောလယ် ကဲ့သို့ ၊ ထာဝရဘုရား အား သန့်ရှင်း ၍ ယဇ်ပုရောဟိတ် ၏ ဥစ္စာ ဖြစ် ရမည်။
22 And if a man sanctify to the LORD a field which he has bought, which is not of the fields of his possession;
၂၂လူသည် ကိုယ်ပိုင် ရင်းမ ဟုတ်၊ ဝယ် သော လယ်ယာ ကို ထာဝရဘုရား အဘို့ သန့်ရှင်း စေလျှင်၊
23 Then the priest shall reckon to him the worth of your estimation, even to the year of the jubilee: and he shall give your estimation in that day, as a holy thing to the LORD.
၂၃ယုဘိလ နှစ် တိုင်အောင် ပြတ်သောအဘိုး ကို၊ ယဇ်ပုရောဟိတ် ရေတွက် ၍ ၊ ထာဝရဘုရား အဘို့ သန့်ရှင်း စေသော နေ့ ၌ အဘိုးပြတ်သောငွေ ကို ပေး ရမည်။
24 In the year of the jubilee the field shall return to him of whom it was bought, even to him to whom the possession of the land did belong.
၂၄ယုဘိလ နှစ် ရောက်သောအခါ ၊ ထိုလယ် ကို အရင်ပိုင် ၍ ရောင်းသောသူ လက်သို့ ပြန် စေရမည်။
25 And all your estimations shall be according to the shekel of the sanctuary: twenty gerahs shall be the shekel.
၂၅အဘိုး ပြတ်လေရာရာ ၌ အကျပ် တော်အလိုက် ပြတ်ရမည်။ အကျပ် ကား၊ ဂေရ နှစ် ဆယ်ဖြစ် သတည်း။
26 Only the firstling of the beasts, which should be the LORD’s firstling, no man shall sanctify it; whether it be ox, or sheep: it is the LORD’s.
၂၆ထာဝရဘုရား ပိုင်ထိုက်သော တိရစ္ဆာန် သားဦး ကို၊ အဘယ် သူမျှမ သန့်ရှင်း စေရ။ နွား ဖြစ်စေ ၊ သိုး ဆိတ် ဖြစ်စေ ၊ ထာဝရဘုရား ဥစ္စာဖြစ်၏။
27 And if it be of an unclean beast, then he shall redeem it according to your estimation, and shall add a fifth part of it thereto: or if it be not redeemed, then it shall be sold according to your estimation.
၂၇မ စင်ကြယ်သော တိရစ္ဆာန် ဖြစ်လျှင် ၊ အဘိုးပြတ်သည်အတိုင်း ရွေး ၍ ၊ ငါး စုတစုကို ထပ် ၍ ပေးရမည်။ မ ရွေး လိုလျှင် ၊ အဘိုး ပြတ်သည်အတိုင်း ရောင်း ရမည်။
28 Notwithstanding no devoted thing, that a man shall devote to the LORD of all that he has, both of man and beast, and of the field of his possession, shall be sold or redeemed: every devoted thing is most holy to the LORD.
၂၈သို့ရာတွင် လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ ကိုယ်ပိုင် ရင်းလယ် ဖြစ်စေ ၊ ထာဝရဘုရား အား ကျိန်ဆို ၍ ပူဇော် သမျှ ကို မ ရောင်း မ ရွေး ရ။ ကျိန်ဆို ၍ ပူဇော်သမျှ တို့သည် ထာဝရဘုရား အား အလွန်သန့်ရှင်း ရမည်။
29 None devoted, which shall be devoted of men, shall be redeemed; but shall surely be put to death.
၂၉လူ ကိုပင် ကျိန်ဆို ၍ ပူဇော် လျှင်၊ နောက်တဖန် မ ရွေး ရ၊ သတ် ရမည်။
30 And all the tithe of the land, whether of the seed of the land, or of the fruit of the tree, is the LORD’s: it is holy to the LORD.
၃၀စပါး ဖြစ်စေ၊ သစ်သီး ဖြစ်စေ၊ မြေ ကဖြစ်သမျှ သောအသီးအနှံဆယ် စုတစုသည် ထာဝရဘုရား ၏ ဘဏ္ဍာတော် ဖြစ်၏။ ထာဝရဘုရား အဘို့ သန့်ရှင်း ရမည်။
31 And if a man will at all redeem some of his tithes, he shall add thereto the fifth part thereof.
၃၁ဆယ် စုတစုကို ရွေး လိုလျှင် ၊ အဘိုးရင်းနှင့်ငါး စုတစုကို ထပ် ၍ပေးရမည်။
32 And concerning the tithe of the herd, or of the flock, even of whatever passes under the rod, the tenth shall be holy to the LORD.
၃၂နွား ဖြစ်စေ ၊ သိုး ဆိတ်ဖြစ်စေ၊ ကြိမ်လုံး အောက် ၌ သွား သမျှ သော အကောင်ဆယ် စုတစုသည်၊ ထာဝရဘုရား အဘို့ သန့်ရှင်း ရမည်။
33 He shall not search whether it be good or bad, neither shall he change it: and if he change it at all, then both it and the change thereof shall be holy; it shall not be redeemed.
၃၃ကောင်း သလော၊ ညံ့ သလောဟုမ မေးမစစ် ရ။ တကောင်အတွက် တကောင်ကို မ လဲ ရ။ လဲ လိုလျှင် နှစ်ကောင်စလုံး သန့်ရှင်း ရမည်။ အလျှင်းမ ရွေး ရဟု မိန့် တော်မူ၏။
34 These are the commandments, which the LORD commanded Moses for the children of Israel in mount Sinai.
၃၄ဤ ရွေ့ကား ထာဝရဘုရား သည်၊ သိနာ တောင် ပေါ် မှာ ဣသရေလ အမျိုးသား တို့အဘို့ မောရှေ ၌ ထား တော်မူသော ပညတ် တော်များ ဖြစ်သတည်း။