< Leviticus 11 >

1 And the LORD spoke to Moses and to Aaron, saying to them,
တဖန် ထာဝရဘုရား သည် မောရှေ နှင့် အာရုန် တို့ကို ခေါ်တော်မူ၍၊
2 Speak to the children of Israel, saying, These are the beasts which you shall eat among all the beasts that are on the earth.
သင်တို့သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ ၊ မြေကြီး ပေါ် မှာရှိသော သား တကာ တို့ တွင်၊
3 Whatever parts the hoof, and is cloven footed, and chews the cud, among the beasts, that shall you eat.
ခွါ ကွဲပြား ၍ စားမြုံ့ပြန် သော သား များကို သင်တို့သည် စား ရသောအခွင့်ရှိ၏။
4 Nevertheless these shall you not eat of them that chew the cud, or of them that divide the hoof: as the camel, because he chews the cud, but divides not the hoof; he is unclean to you.
သို့သော်လည်း ၊ စားမြုံ့ပြန် သောသား၊ ခွါ ကွဲပြား သော သားတို့တွင် မ စား ရသောသားဟူမူကား ၊ ကုလားအုပ် သည် စားမြုံ့ပြန် သော်လည်း ခွါ မ ကွဲပြား သောကြောင့် သင် တို့၌ မ စင်ကြယ်။
5 And the coney, because he chews the cud, but divides not the hoof; he is unclean to you.
ရှာဖန် သည် စားမြုံ့ပြန် သော်လည်း ၊ ခွါ မ ကွဲပြား သောကြောင့် သင် တို့၌ မ စင်ကြယ်။
6 And the hare, because he chews the cud, but divides not the hoof; he is unclean to you.
အာရနဘက် သည် စားမြုံ့ပြန် သော်လည်း ခွါ မ ကွဲပြား သောကြောင့် သင် တို့၌ မ စင်ကြယ်။
7 And the swine, though he divide the hoof, and be cloven footed, yet he chews not the cud; he is unclean to you.
ဝက် သည် ခွါ ကွဲပြား သော်လည်း ၊ စားမြုံ့ မ ပြန် သောကြောင့် သင် တို့၌ မ စင်ကြယ်။
8 Of their flesh shall you not eat, and their carcass shall you not touch; they are unclean to you.
ထိုသို့သော တိရစ္ဆာန်အသား ကို မ စား ရ။ အသေ ကောင်ကိုလည်း မ ထိ ရ။ မ စင်ကြယ်ဟု သင် တို့မှတ်ရကြမည်။
9 These shall you eat of all that are in the waters: whatever has fins and scales in the waters, in the seas, and in the rivers, them shall you eat.
ပင်လယ် ရေ ၊ မြစ် ရေ အစရှိသော ရေ ၌ နေသော တိရစ္ဆာန်တကာ တို့တွင် ၊ အယပ် နှင့် အကြေး ရှိသော တိရစ္ဆာန်ကိုသာစား ရမည်။
10 And all that have not fins and scales in the seas, and in the rivers, of all that move in the waters, and of any living thing which is in the waters, they shall be an abomination to you:
၁၀အယပ် နှင့် အကြေး မ ရှိ၊ ပင်လယ် ရေ၊ မြစ် ရေအစရှိသော ရေ ၌ လှုပ်ရှား လျက် အသက် ရှင်လျက် နေသောတိရစ္ဆာန် ရှိသမျှ တို့သည် သင် တို့၌ ရွံရှာ ဘွယ် ဖြစ်ရကြမည်။
11 They shall be even an abomination to you; you shall not eat of their flesh, but you shall have their carcasses in abomination.
၁၁အယပ် အကြေး နှင့် မပြည့်စုံသော ရေတိရစ္ဆာန်အသား ကို သင်တို့သည် မ စား ရ။
12 Whatever has no fins nor scales in the waters, that shall be an abomination to you.
၁၂သူ တို့ အသေ ကောင်ကိုလည်း ရွံ့ရှာ ရကြမည်။
13 And these are they which you shall have in abomination among the fowls; they shall not be eaten, they are an abomination: the eagle, and the ossifrage, and the ospray,
၁၃သင်တို့သည် ရွံ့ရှာ ဘွယ်မှတ်၍ မ စား ရသောငှက် မျိုးဟူမူကား ၊ ရွှေလင်းတ ၊ ပင်လယ် လင်းတ၊ လင်းယုန်၊
14 And the vulture, and the kite after his kind;
၁၄ဒါဟ ၊ စွန် မျိုး၊
15 Every raven after his kind;
၁၅ကျီး မျိုး ရှိသမျှ၊
16 And the owl, and the night hawk, and the cuckow, and the hawk after his kind,
၁၆ကုလားအုပ်ငှက် ၊ ငှက်ဆိုး ၊ ဥဗျိုင်း ၊ သိမ်း မျိုး၊
17 And the little owl, and the cormorant, and the great owl,
၁၇ဇီးကွက် ၊ ကြိုးကြာ ၊ ဣဗိတ်၊
18 And the swan, and the pelican, and the gier eagle,
၁၈ငှက်ကျား ၊ ဝံပို ၊ ဝံလို၊
19 And the stork, the heron after her kind, and the lapwing, and the bat.
၁၉တောငန်း ၊ ဒုံးစပ် မျိုး ၊ ဒုံးကုလား ၊ လင်းနို့ မှစ၍၊
20 All fowls that creep, going on all four, shall be an abomination to you.
၂၀အတောင် ရှိလျက် ခြေလေး ချောင်းနှင့် တွား တတ်သော တိရစ္ဆာန်မျိုးရှိသမျှ တို့သည် သင် တို့၌ ရွံရှာ ဘွယ်ဖြစ်ရကြမည်။
21 Yet these may you eat of every flying creeping thing that goes on all four, which have legs above their feet, to leap with on the earth;
၂၁သို့ရာတွင် အတောင် ရှိလျက် ခြေလေး ချောင်းနှင့် တွား တတ်၍၊ မြေ ပေါ် မှာ ခုန် စရာဘို့ အခြားခြေ ထက် ရှည်သော ခြေထောက် ရှိသောတိရစ္ဆာန်တို့တွင်၊
22 Even these of them you may eat; the locust after his kind, and the bald locust after his kind, and the beetle after his kind, and the grasshopper after his kind.
၂၂အာရာဘ ကျိုင်းမျိုး ၊ သလောင် ကျိုင်းမျိုး ၊ ခရဂလ ကျိုင်းမျိုး ၊ ခါဂပ် ကျိုင်းမျိုး ကို စား ရမည်။
23 But all other flying creeping things, which have four feet, shall be an abomination to you.
၂၃အတောင် ရှိ၍ ခြေ လေး ချောင်းနှင့် တွား တတ်သော အခြားတိရစ္ဆာန်တို့သည် သင် တို့၌ ရွံရှာ ဘွယ် ဖြစ်ရကြမည်။
24 And for these you shall be unclean: whoever touches the carcass of them shall be unclean until the even.
၂၄ထို တိရစ္ဆာန်အားဖြင့် သင်တို့စင်ကြယ် ခြင်း ပျက်တတ်၏။ သူ တို့အသေ ကောင်ကို ထိ သောသူသည်၊ ညဦး တိုင်အောင် မ စင်ကြယ်။
25 And whoever bears any of the carcass of them shall wash his clothes, and be unclean until the even.
၂၅ထိုအသေ ကောင်ကို ဆောင် သွားသောသူသည် မိမိ အဝတ် ကိုလျှော် ရမည်။ ညဦး တိုင်အောင် လည်း မ စင်ကြယ်။
26 The carcasses of every beast which divides the hoof, and is not cloven footed, nor chews the cud, are unclean to you: every one that touches them shall be unclean.
၂၆ခွါ မ ကွဲပြား သော တိရစ္ဆာန်၊ စားမြုံ့ မ ပြန် သော တိရစ္ဆာန် ရှိသမျှ တို့သည် သင် တို့၌ မ စင်ကြယ်။ သူ တို့ အသေကောင်ကို ထိ သမျှ သောသူတို့ သည် မ စင်ကြယ်ကြ။
27 And whatever goes on his paws, among all manner of beasts that go on all four, those are unclean to you: whoever touches their carcass shall be unclean until the even.
၂၇ခွါမရှိသောသားအမျိုးမျိုးတို့သည် သင် တို့၌ မ စင်ကြယ်ကြ။ သူ တို့အသေ ကောင်ကို ထိ သောသူသည် ညဦး တိုင်အောင် မ စင်ကြယ်။
28 And he that bears the carcass of them shall wash his clothes, and be unclean until the even: they are unclean to you.
၂၈သူ တို့ အသေ ကောင်ကို ဆောင် သွားသောသူသည် မိမိ အဝတ် ကို လျော် ရမည်။ ညဦး တိုင်အောင် လည်း မ စင်ကြယ်။
29 These also shall be unclean to you among the creeping things that creep on the earth; the weasel, and the mouse, and the tortoise after his kind,
၂၉မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန်တို့တွင် ပွေး ၊ ကြွက် ၊ အိမ်မျှောင် မျိုး၊
30 And the ferret, and the chameleon, and the lizard, and the snail, and the mole.
၃၀တောက်တဲ့ ၊ မြွေပါ ၊ သင်းချော၊ ပုတတ်၊ ပုတ်သင် တို့သည် သင်တို့၌ မစင်ကြယ်ကြ။
31 These are unclean to you among all that creep: whoever does touch them, when they be dead, shall be unclean until the even.
၃၁သူ တို့အသေကောင်ကို ထိ သောသူသည် ညဦး တိုင်အောင် မ စင်ကြယ်။
32 And on whatever any of them, when they are dead, does fall, it shall be unclean; whether it be any vessel of wood, or raiment, or skin, or sack, whatever vessel it be, wherein any work is done, it must be put into water, and it shall be unclean until the even; so it shall be cleansed.
၃၂ထိုအသေကောင်သည် သစ်ခွက် ၊ အဝတ် ၊ အရေ ၊ အမွှေး၊ အိတ် အစရှိသော အသုံး အဆောင်တစုံ တခု ပေါ် သို့ကျ လျှင် ထိုအသုံးအဆောင်မ စင်ကြယ်။ ရေ ၌ နှစ်ရမည်။ ညဦး တိုင်အောင် လည်း မ စင်ကြယ်။ ထိုနောက် စင်ကြယ် လိမ့်မည်။
33 And every earthen vessel, into where any of them falls, whatever is in it shall be unclean; and you shall break it.
၃၃မြေ ခွက် တစုံ တခုပေါ်သို့ အသေကောင်ကျ လျှင် ထိုမြေခွက် မ စင်ကြယ်သောကြောင့် ခွဲ ရမည်။
34 Of all meat which may be eaten, that on which such water comes shall be unclean: and all drink that may be drunk in every such vessel shall be unclean.
၃၄ထိုမြေခွက်ရေသည်၊ စားစရာအမဲသားပေါ်သို့ ကျလျှင်၊ အမဲသားမစင်ကြယ်။ ထိုမြေခွက်၌ သောက် စရာရေ လည်း မ စင်ကြယ်။
35 And every thing whereupon any part of their carcass falls shall be unclean; whether it be oven, or ranges for pots, they shall be broken down: for they are unclean and shall be unclean to you.
၃၅အကြင်အရာအပေါ်၌ ထိုအသေ ကောင်ကျ ၏။ ထိုအရာသည် မီးဖို ဖြစ်စေ ၊ ခုံလောက် ဖြစ်စေ၊ မ စင်ကြယ်ရာသို့ ရောက်၍ သင် တို့၌ မ စင်ကြယ်သောကြောင့် ဖြိုဖျက် ရမည်။
36 Nevertheless a fountain or pit, wherein there is plenty of water, shall be clean: but that which touches their carcass shall be unclean.
၃၆သို့ရာတွင် ရေ စုဝေး ရာ စမ်း ရေတွင်း၊ တူးသော ရေတွင်း သည် မ စင်ကြယ်ရာသို့ မရောက်။ အသေ ကောင်ကို ထိမိ သော အရာသာ မ စင်ကြယ်ရာသို့ရောက်၏။
37 And if any part of their carcass fall on any sowing seed which is to be sown, it shall be clean.
၃၇ကြဲစရာ မျိုးစေ့ အပေါ် ၌ ထိုအသေ ကောင်ကျ လျှင် ၊ မျိုးစေ့သည် မ စင်ကြယ်ရာသို့မရောက်။
38 But if any water be put on the seed, and any part of their carcass fall thereon, it shall be unclean to you.
၃၈ရေ ၌စိမ်ထားပြီးသော မျိုးစေ့ အပေါ် ၌ ထိုအသေ ကောင်ကျ လျှင် ၊ မျိုးစေ့သည် သင် တို့၌ မ စင်ကြယ်။
39 And if any beast, of which you may eat, die; he that touches the carcass thereof shall be unclean until the even.
၃၉သင် တို့စား အပ်သော တိရစ္ဆာန် သေ လျှင် ၊ အသေ ကောင်ကို ထိမိ သောသူသည် ညဦး တိုင်အောင် မ စင်ကြယ်။
40 And he that eats of the carcass of it shall wash his clothes, and be unclean until the even: he also that bears the carcass of it shall wash his clothes, and be unclean until the even.
၄၀ထိုအသေ ကောင်ကို စား သောသူသည်၊ မိမိ အဝတ် ကို လျှော် ရမည်။ ညဦး တိုင်အောင် မ စင်ကြယ်။ ထိုအသေ ကောင်ကို ဆောင် သွားသောသူသည်လည်း မိမိ အဝတ် ကို လျှော် ရမည်။ ညဦး တိုင်အောင် မ စင်ကြယ်။
41 And every creeping thing that creeps on the earth shall be an abomination; it shall not be eaten.
၄၁မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန် ရှိသမျှ တို့သည် ရွံရှာ ဘွယ်ဖြစ်၍သင်တို့မ စား ရ။
42 Whatever goes on the belly, and whatever goes on all four, or whatever has more feet among all creeping things that creep on the earth, them you shall not eat; for they are an abomination.
၄၂ခြေမရှိ၊ ဝမ်း ဖြင့် သွား သည်ဖြစ်စေ၊ ခြေလေး ချောင်းဖြင့် သွား သည်ဖြစ်စေ၊ ခြေလေးချောင်းမက များ သော ခြေ ဖြင့်သွားသည်ဖြစ်စေ၊ မြေ ပေါ် တွား တတ်သော တိရစ္ဆာန် တစုံ တခုကို မျှ မ စား ရ။ ရွံရှာ ဘွယ် ဖြစ်၏။
43 You shall not make yourselves abominable with any creeping thing that creeps, neither shall you make yourselves unclean with them, that you should be defiled thereby.
၄၃တွား တတ်သော တိရစ္ဆာန် တစုံ တခုအားဖြင့် သင် တို့သည် ကိုယ် ကို ရွံ့ရှာ ဘွယ် မ ဖြစ်စေရ။ ထိုသို့ အားဖြင့် ကိုယ်ညစ်ညူး အောင် ကိုယ်၌မ စင်ကြယ်သည်ကို မ ပြုရ။
44 For I am the LORD your God: you shall therefore sanctify yourselves, and you shall be holy; for I am holy: neither shall you defile yourselves with any manner of creeping thing that creeps on the earth.
၄၄ငါ သည် သင် တို့ဘုရား သခင်ထာဝရဘုရား ဖြစ်၏။ ငါ သည် သန့်ရှင်း သောကြောင့် ၊ သင်တို့သည်လည်း ကိုယ့်ကိုကိုယ် သန့်ရှင်း စေ၍ သန့်ရှင်း ခြင်းရှိ ရကြမည်။ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန် တစုံ တခုအားဖြင့် မျှ သင် တို့သည် ကိုယ် ကိုကိုယ်မ ညစ်ညူး စေရကြ။
45 For I am the LORD that brings you up out of the land of Egypt, to be your God: you shall therefore be holy, for I am holy.
၄၅ငါ သည် သင်တို့၏ ဘုရား သခင်ဖြစ်ခြင်းငှါ ၊ သင် တို့ကို အဲဂုတ္တု ပြည် မှ ကယ် နုတ်သော ထာဝရဘုရား ဖြစ်၏။ ငါ သည် သန့်ရှင်း သောကြောင့် ၊ သင်တို့သည်သန့်ရှင်း ခြင်းရှိ ရကြမည်။
46 This is the law of the beasts, and of the fowl, and of every living creature that moves in the waters, and of every creature that creeps on the earth:
၄၆ဤရွေ့ကား ၊ စင်ကြယ် ၊ မစင်ကြယ် ၊ စား အပ်၊ မ စား အပ်သောတိရစ္ဆာန် တို့ကိုပိုင်းခြား စေခြင်းငှါ၊ သား ၊ ငှက် ၊ ရေ ၌သွား ၍အသက်ရှင် သောတိရစ္ဆာန် ၊ မြေ ပေါ်မှာ တွား တတ်သောတိရစ္ဆာန် ရှိသမျှ နှင့်ဆိုင်သောတရား ဖြစ်သတည်းဟု မိန့်တော်မူ၏။
47 To make a difference between the unclean and the clean, and between the beast that may be eaten and the beast that may not be eaten.
၄၇

< Leviticus 11 >