< Joshua 17 >

1 There was also a lot for the tribe of Manasseh; for he was the firstborn of Joseph; to wit, for Machir the firstborn of Manasseh, the father of Gilead: because he was a man of war, therefore he had Gilead and Bashan.
ယော​သပ်​၏​သား​ဦး​ဖြစ်​သော​မ​နာ​ရှေ​၏ အ​ဆက်​အ​နွယ်​မိ​သား​စု​အ​ချို့​တို့​သည် လည်း ယော်​ဒန်​မြစ်​အ​နောက်​ဘက်​ရှိ​နယ်​မြေ တစ်​စိတ်​တစ်​ဒေ​သ​ကို​အ​ပိုင်​ရ​ရှိ​ကြ​လေ သည်။ ဂိ​လဒ်​၏​ဖ​ခင်​မာ​ခိ​ရ​သည်​မ​နာ​ရှေ ၏​သား​ဦး​ဖြစ်​သည်။ စစ်​သူ​ရဲ​ကောင်း​လည်း ဖြစ်​သည်။ သို့​ဖြစ်​၍​သူ​သည်​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​ရှိ​ဂိ​လဒ်​နယ်​နှင့်​ဗာ​ရှန်​နယ် တို့​ကို​ရ​ရှိ​သည်။-
2 There was also a lot for the rest of the children of Manasseh by their families; for the children of Abiezer, and for the children of Helek, and for the children of Asriel, and for the children of Shechem, and for the children of Hepher, and for the children of Shemida: these were the male children of Manasseh the son of Joseph by their families.
ယော်​ဒန်​မြစ်​အ​နောက်​ဘက်​နယ်​မြေ​ကို​မ​နာ ရှေ​မှ​ဆင်း​သက်​သော​ကျန်​မိ​သား​စု​များ​ရ ရှိ​ကြ​သည်။ ယင်း​မိ​သား​စု​တို့​မှာ​အ​ဗျေ​ဇာ မိ​သား​စု၊ ဟေ​လက်​မိ​သား​စု၊ အ​သ​ရေ​လ မိ​သား​စု၊ ရှေ​ခင်​မိ​သား​စု၊ ဟေ​ဖာ​မိ​သား စု​နှင့်​ရှ​မိ​ဒ​မိ​သား​စု​တို့​ဖြစ်​ကြ​သည်။-
3 But Zelophehad, the son of Hepher, the son of Gilead, the son of Machir, the son of Manasseh, had no sons, but daughters: and these are the names of his daughters, Mahlah, and Noah, Hoglah, Milcah, and Tirzah.
မ​နာ​ရှေ​၏​တီ၊ မာ​ခိ​ရ​၏​မြစ်၊ ဂိ​လဒ်​၏​မြေး၊ ဟေ​ဖာ​၏​သား၊ ဇ​လော​ဖဒ်​တွင်​သား​ယောကျာ်း မ​ရှိ၊ သ​မီး​များ​သာ​ရှိ​သည်။ ထို​သ​မီး​တို့ ၏​နာ​မည်​များ​မှာ​မာ​လာ၊ နော​အာ၊ ဟော ဂ​လာ၊ မိ​လ​ကာ​နှင့်​တိ​ရ​ဇာ​ဟူ​၍​ဖြစ်​၏။-
4 And they came near before Eleazar the priest, and before Joshua the son of Nun, and before the princes, saying, The LORD commanded Moses to give us an inheritance among our brothers. Therefore according to the commandment of the LORD he gave them an inheritance among the brothers of their father.
သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်​၏ သား​ယော​ရှု​နှင့်​ခေါင်း​ဆောင်​တို့​ထံ​သို့​ချဉ်း ကပ်​၍``ကျွန်​မ​တို့​အား​လည်း​ကောင်း၊ ကျွန်​မ တို့​၏​ဆွေ​မျိုး​သား​ချင်း​ဖြစ်​သူ​အ​မျိုး​သား တို့​အား​လည်း​ကောင်း ပိုင်​ဆိုင်​ရန်​မြေ​ပေး​ရ မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​ကို မိန့်​မှာ​ခဲ့​ပါ​သည်'' ဟု​လျှောက်​ထား​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း သူ​တို့​သည်​သူ​တို့​၏​ဆွေ​မျိုး​သား​ချင်း​ဖြစ် သူ​အ​မျိုး​သား​များ​နည်း​တူ​မြေ​ကို​ရ​ရှိ ကြ​သည်။-
5 And there fell ten portions to Manasseh, beside the land of Gilead and Bashan, which were on the other side Jordan;
သို့​ဖြစ်​၍​မ​နာ​ရှေ​အ​နွယ်​သည်​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​တွင် ဂိ​လဒ်​နယ်​နှင့်​ဗာ​ရှန်​နယ် များ​အ​ပြင်​ဝေ​စု​ဆယ်​စု​ကို​ရ​ရှိ​လေ​သည်။
6 Because the daughters of Manasseh had an inheritance among his sons: and the rest of Manasseh’s sons had the land of Gilead.
မ​နာ​ရှေ​အ​နွယ်​အ​မျိုး​သ​မီး​နှင့် အ​မျိုး​သား များ​ပါ​နယ်​မြေ​များ​ကို​ရ​ရှိ​ကြ​သ​ဖြင့် ကျန် ရှိ​သော​အ​ခြား​မ​နာ​ရှေ​အ​ဆက်​အ​နွယ်​တို့ သည်​ဂိ​လဒ်​နယ်​ကို​ရ​ရှိ​ကြ​လေ​သည်။
7 And the coast of Manasseh was from Asher to Michmethah, that lies before Shechem; and the border went along on the right hand to the inhabitants of Entappuah.
မ​နာ​ရှေ​နယ်​မြေ​၏​နယ်​နိ​မိတ်​သည်​အာ​ရှာ နယ်​မြေ​မှ ရှေ​ခင်​မြို့​အ​ရှေ့​တွင်​တည်​ရှိ​သော မိတ်​မေ​သ​မြို့​အ​ထိ​ရောက်​သည်။ ထို​နောက် နယ်​နိ​မိတ်​သည်​တောင်​ဘက်​သို့​ဖြတ်​သွား ရာ​အင်​တာ​ပွာ​မြို့​တွင် နေ​ထိုင်​သူ​များ​လည်း ပါ​ဝင်​လေ​သည်။-
8 Now Manasseh had the land of Tappuah: but Tappuah on the border of Manasseh belonged to the children of Ephraim;
အင်​တာ​ပွာ​မြို့​သည်​မ​နာ​ရှေ​ပိုင်​နယ်​မြေ အ​တွင်း​ပါ​ရှိ​သော်​လည်း မြို့​ပတ်​လည်​တွင် တည်​ရှိ​သော​မြေ​မူ​ကား​ဧ​ဖ​ရိမ်​နယ်​မြေ အ​တွင်း​၌​ရှိ​၏။-
9 And the coast descended to the river Kanah, southward of the river: these cities of Ephraim are among the cities of Manasseh: the coast of Manasseh also was on the north side of the river, and the outgoings of it were at the sea:
ထို​နောက်​နယ်​နိ​မိတ်​သည်​ကာန​ချောင်း​ဘက် သို့​ဆင်း​လာ​သည်။ ထို​ချောင်း​တောင်​ဘက်​ရှိ မြို့​များ​သည်​မ​နာ​ရှေ​ပိုင်​နယ်​မြေ​အ​တွင်း ၌​တည်​ရှိ​သော်​လည်း ဧ​ဖ​ရိမ်​အ​နွယ်​က​ပိုင် သည်။ မ​နာ​ရှေ​နယ်​မြေ​နယ်​နိ​မိတ်​သည်​ကာ​န ချောင်း​မြောက်​ဘက်​တစ်​လျှောက်​သွား​ပြီး​လျှင် မြေ​ထဲ​ပင်​လယ်​တွင်​အ​ဆုံး​သတ်​သည်။-
10 Southward it was Ephraim’s, and northward it was Manasseh’s, and the sea is his border; and they met together in Asher on the north, and in Issachar on the east.
၁၀ဧ​ဖ​ရိမ်​နယ်​မြေ​သည်​ချောင်း​တောင်​ဘက်​တွင် တည်​ရှိ​၍ မ​နာ​ရှေ​နယ်​မြေ​သည်​ချောင်း​မြောက် ဘက်​တွင်​တည်​ရှိ​၏။ မြေ​ထဲ​ပင်​လယ်​သည်​ထို နယ်​မြေ​နှစ်​ခု​၏​အ​နောက်​နယ်​နိ​မိတ်​ဖြစ် သည်။ အ​နောက်​မြောက်​ဘက်​တွင်​အာ​ရှာ​နယ် မြေ​တည်​ရှိ​၍​အ​ရှေ့​မြောက်​ဘက်​တွင် ဣ​သ​ခါ​နယ်​မြေ​တည်​ရှိ​လေ​သည်။-
11 And Manasseh had in Issachar and in Asher Bethshean and her towns, and Ibleam and her towns, and the inhabitants of Dor and her towns, and the inhabitants of Endor and her towns, and the inhabitants of Taanach and her towns, and the inhabitants of Megiddo and her towns, even three countries.
၁၁မ​နာ​ရှေ​အ​နွယ်​သည်​ဣ​သ​ခါ​နှင့်​အာ​ရှာ နယ်​မြေ​များ​အ​တွင်း​၌​တည်​ရှိ​သော​ဗက်​ရှန် မြို့၊ ဣ​ဗ​လံ​မြို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ အ​ပြင်​ဒေါ​ရ​မြို့(ပင်​လယ်​ကမ်း​ခြေ​တွင်​တည် ရှိ​သည်) အင်္ဒေါ​ရ​မြို့၊ တာ​နက်​မြို့၊ မေ​ဂိဒ္ဒေါ​မြို့ နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​ကို​ပိုင်​လေ​သည်။-
12 Yet the children of Manasseh could not drive out the inhabitants of those cities; but the Canaanites would dwell in that land.
၁၂မ​နာ​ရှေ​အ​နွယ်​သည်​ထို​မြို့​များ​တွင်​နေ ထိုင်​သော​ခါ​နာန်​အ​မျိုး​သား​တို့​ကို​မ​နှင် ထုတ်​နိုင်​သ​ဖြင့် သူ​တို့​သည်​ထို​အ​ရပ် များ​တွင်​ဆက်​လက်​နေ​ထိုင်​ကြ​သည်။-
13 Yet it came to pass, when the children of Israel were waxen strong, that they put the Canaanites to tribute, but did not utterly drive them out.
၁၃ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အင်​အား ကြီး​လာ​သော်​လည်း ခါ​နာန်​အ​မျိုး​သား အား​လုံး​တို့​ကို​မ​နှင်​ထုတ်​ဘဲ​မိ​မိ​တို့ ထံ​၌​အ​စေ​ခံ​စေ​ကြ​၏။
14 And the children of Joseph spoke to Joshua, saying, Why have you given me but one lot and one portion to inherit, seeing I am a great people, for as much as the LORD has blessed me till now?
၁၄ယော​သပ်​၏​အ​ဆက်​အ​နွယ်​ဝင်​တို့​က ယော​ရှု အား``ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​အား ကောင်း​ချီး​မင်္ဂလာ​ချ​ပေး​တော်​မူ​သ​ဖြင့် လူ ဦး​ရေ​အ​လွန်​များ​ပြား​လာ​ပါ​သည်။ ကိုယ် တော်​သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​တို့​အား မြေ​ဝေ​စု​တစ်​စု​တည်း​ကို​သာ​ပေး​ပါ​သ နည်း'' ဟု​မေး​လျှောက်​ကြ​၏။
15 And Joshua answered them, If you be a great people, then get you up to the wood country, and cut down for yourself there in the land of the Perizzites and of the giants, if mount Ephraim be too narrow for you.
၁၅ယော​ရှု​က``သင်​တို့​တွင်​လူ​ဦး​ရေ​တိုး​ပွား များ​ပြား​သ​ဖြင့် ဧ​ဖ​ရိမ်​အ​တွက်​ပေး​သော တောင်​ကုန်း​ဒေ​သ​သည်​ကျဉ်း​မြောင်း​လျှင် ဖေ​ရ​ဇိ​နှင့်​ရေ​ဖိမ်​အ​မျိုး​သား​များ​နေ ထိုင်​ရာ​အ​ရပ်​ရှိ​တော​များ​ကို​ခုတ်​ထွင်​၍ နေ​ထိုင်​ကြ​လော့'' ဟု​ပြန်​ဖြေ​၏။
16 And the children of Joseph said, The hill is not enough for us: and all the Canaanites that dwell in the land of the valley have chariots of iron, both they who are of Bethshean and her towns, and they who are of the valley of Jezreel.
၁၆ထို​အ​ခါ​သူ​တို့​က``တောင်​ကုန်း​ဒေ​သ​သည် အ​ကျွန်ုပ်​တို့​နေ​ထိုင်​ရန်​အ​တွက်​ကျဉ်း​မြောင်း ပါ​သည်။ ဗက်​ရှန်​နှင့်​ပတ်​ဝန်း​ကျင်​မြို့​များ အ​နီး​ရှိ​မြေ​ပြန့်​၌​လည်း​ကောင်း၊ ယေ​ဇ​ရေ လ​ချိုင့်​ဝှမ်း​၌​လည်း​ကောင်း​နေ​ထိုင်​သော ခါ​နာန်​အ​မျိုး​သား​များ​တွင်​သံ​စစ်​ရ​ထား များ​ရှိ​ကြ​ပါ​သည်'' ဟု​လျှောက်​ဆို​ကြ​၏။
17 And Joshua spoke to the house of Joseph, even to Ephraim and to Manasseh, saying, You are a great people, and have great power: you shall not have one lot only:
၁၇ယော​ရှု​က​ဧ​ဖ​ရိမ်​နှင့် အ​နောက်​မ​နာ​ရှေ အ​နွယ်​ဝင်​တို့​အား``သင်​တို့​သည်​စင်​စစ် အား​ဖြင့်​လူ​ဦး​ရေ​များ​ပြား​၍​ခွန်​အား ကြီး​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ဝေ​စု တစ်​စု​ထပ်​မံ​၍​ရ​စေ​မည်။-
18 But the mountain shall be yours; for it is a wood, and you shall cut it down: and the outgoings of it shall be yours: for you shall drive out the Canaanites, though they have iron chariots, and though they be strong.
၁၈တောင်​ကုန်း​ဒေ​သ​ကို​သင်​တို့​အား​ပေး​မည်။ ထို​ဒေ​သ​သည်​သစ်​တော​ဖြစ်​သော်​လည်း သင် တို့​သည်​တော​ကို​ခုတ်​ထွင်​၍​တစ်​စွန်း​မှ​တစ် စွန်း​အ​ထိ​နေ​ထိုင်​လော့။ ခါ​နာန်​အ​မျိုး​သား တို့​တွင်​သံ​စစ်​ရ​ထား​များ​ရှိ​၍​အင်​အား ကောင်း​သော်​လည်း​သင်​တို့​သည်​သူ​တို့​ကို နှင်​ထုတ်​နိုင်​ကြ​လိမ့်​မည်'' ဟု​ပြော​ဆို​၏။

< Joshua 17 >