< Hebrews 6 >
1 Therefore leaving the principles of the doctrine of Christ, let us go on to perfection; not laying again the foundation of repentance from dead works, and of faith toward God,
၁သို့ဖြစ်၍ငါတို့သည်ခရစ်တော်နှင့်ဆိုင်သော အခြေခံသွန်သင်ချက်ကိုချန်ထား၍ ရင့်ကျက် သည့်ခံယူယုံကြည်ချက်သို့တက်လှမ်းကြကုန် အံ့။ ထိုမူလအခြေခံတရားများကိုသင်တို့ အား ငါတို့သွန်သင်ပေးပြီးဖြစ်သဖြင့်ထပ်မံ သွန်သင်ပေးရန်မသင့်။ အကျိုးမပေးတတ်သည့် အကျင့်အကြံများကိုစွန့်လွှတ်ကာ ဘုရား သခင်အားယုံကြည်ရန်လိုအပ်ကြောင်းသင် တို့သိရှိကြပြီးဖြစ်ပေသည်။-
2 Of the doctrine of baptisms, and of laying on of hands, and of resurrection of the dead, and of eternal judgment. (aiōnios )
၂ငါတို့သည်ဗတ္တိဇံမင်္ဂလာ၊ သိက္ခာတင်မင်္ဂလာ၊ သေခြင်းမှရှင်ပြန်ထမြောက်ခြင်းနှင့် ထာဝရ တရားစီရင်တော်မူခြင်းအကြောင်းတို့ကို သင်တို့အားသင်ကြားပြီးဖြစ်သည်။- (aiōnios )
3 And this will we do, if God permit.
၃ဘုရားသခင်ခွင့်ပြုတော်မူလျှင် ယခုငါ တို့သည်ရှေ့သို့တက်ကြကုန်စို့။
4 For it is impossible for those who were once enlightened, and have tasted of the heavenly gift, and were made partakers of the Holy Ghost,
၄မိမိဘာသာတရားကိုစွန့်သူတို့အားနောက် တစ်ဖန်အဘယ်သို့လျှင်နောင်တရစေနိုင်မည် နည်း။ အခါတစ်ပါးကထိုသူတို့သည်ဘုရား သခင်၏အလင်းတွင်ကျင်လည်၍ ကောင်းကင် ဆုကျေးဇူးကိုမြည်းစမ်းရပြီးလျှင် သန့်ရှင်း သောဝိညာဉ်တော်ကိုခံယူခဲ့ကြဖူးလေပြီ။-
5 And have tasted the good word of God, and the powers of the world to come, (aiōn )
၅ဘုရားသခင်၏နှုတ်ကပတ်တော်ကောင်းမြတ်ပုံ ကိုလည်းကောင်း၊ နောင်ကပ်ကာလနှင့်ဆိုင်သော တန်ခိုးများကိုလည်းကောင်းကိုယ်တွေ့ခံစား ခဲ့ရသူများဖြစ်ကြ၏။- (aiōn )
6 If they shall fall away, to renew them again to repentance; seeing they crucify to themselves the Son of God afresh, and put him to an open shame.
၆ထို့နောက်သူတို့သည်ဖောက်ပြန်ကြလေသည်။ သူတို့သည်ဘုရားသခင်၏သားတော်ကို လက်ဝါးကပ်တိုင်တွင် တစ်ဖန်တင်၍သတ်လျက် လူတို့ရှေ့ကဲ့ရဲ့ရှုတ်ချသည်ဖြစ်၍ သူတို့အား နောက်တစ်ဖန်အဘယ်သို့မျှနောင်တမရ စေနိုင်။
7 For the earth which drinks in the rain that comes oft on it, and brings forth herbs meet for them by whom it is dressed, receives blessing from God:
၇ရွာသွန်းသည့်မိုးရေကိုခံယူလျက်လယ်သမား တို့အဖို့ အသုံးဝင်သောအသီးအနှံများကို ဖြစ်ထွန်းစေသည့်မြေဆီလွှာကို ဘုရားသခင် သည်ကောင်းချီးပေးတော်မူ၏။-
8 But that which bears thorns and briers is rejected, and is near to cursing; whose end is to be burned.
၈သို့ရာတွင်အကယ်၍ထိုမြေဆီလွှာသည် ဆူး ပင်နှင့်ချုံနွယ်ပိတ်ပေါင်းတို့ကိုသာလျှင်ဖြစ် ထွန်းစေပါမူ လုံးဝတန်ဖိုးမရှိတော့ဘဲ ဘုရားသခင်၏ကျိန်စာသင့်၍မီးရှို့ ဖျက်ဆီးခြင်းကိုခံရပေအံ့။
9 But, beloved, we are persuaded better things of you, and things that accompany salvation, though we thus speak.
၉သို့ရာတွင်ချစ်မိတ်ဆွေတို့၊ ငါတို့သည်ဤ သို့ပြောဆိုသော်လည်း သင်တို့အတွက်စိတ် ချပါ၏။ သင်တို့သည်သာ၍ကောင်းမွန်သည့် ကယ်တင်ခြင်းဆိုင်ရာကောင်းချီးများကို သင်တို့ရရှိကြသည်ကိုငါတို့သိ၏။-
10 For God is not unrighteous to forget your work and labor of love, which you have showed toward his name, in that you have ministered to the saints, and do minister.
၁၀ဘုရားသခင်သည်တရားမျှတမှုမရှိ သောအရှင်မဟုတ်။ သင်တို့ဆောင်ရွက်ခဲ့ သည့်အမှုအရာများကိုလည်းကောင်း၊ ကိုယ် တော်အားချစ်ကြောင်းသက်သေပြရန်ယခင် အခါမှ ယခုအခါတိုင်အောင်ခရစ်ယာန် အချင်းချင်းအားကူညီမစကြသည်ကို လည်းကောင်းမေ့လျော့တော်မူမည်မဟုတ်။-
11 And we desire that every one of you do show the same diligence to the full assurance of hope to the end:
၁၁သင်တို့ရှိသမျှသည်နောက်ဆုံး၌မိမိတို့ ၏မျှော်လင့်ချက်ပြည့်စုံလာသည့်တိုင်အောင် ယခုအတိုင်းဆက်လက်၍နိုးကြားတက် ကြွကြစေရန်ငါတို့အလိုရှိကြ၏။-
12 That you be not slothful, but followers of them who through faith and patience inherit the promises.
၁၂အဘယ်အခါ၌မျှပျင်းရိသူများမဖြစ် စေလို။ ယုံကြည်၍သည်းခံနိုင်မှုရှိသဖြင့် ဘုရားသခင်ကတိထားတော်မူသော ကျေးဇူးများကိုခံယူကြသူများနည်း တူပြုမူကျင့်ကြံစေလို၏။
13 For when God made promise to Abraham, because he could swear by no greater, he swore by himself,
၁၃ဘုရားသခင်သည်အာဗြဟံအားကတိ ထားတော်မူသောအခါတိုင်တည်ကျိန်ဆိုရန် မိမိထက်ကြီးမြတ်သူမရှိသဖြင့် မိမိကိုယ် ကိုပင်လျှင်တိုင်တည်ကျိန်ဆိုတော်မူပေသည်။-
14 Saying, Surely blessing I will bless you, and multiplying I will multiply you.
၁၄ကိုယ်တော်က``ငါသည်သင့်ကိုအမှန်ပင်ကောင်း ချီးပေးမည်။ သင်၏အဆက်အနွယ်များကို တိုးပွားများစေမည်'' ဟုမိန့်တော်မူ၏။-
15 And so, after he had patiently endured, he obtained the promise.
၁၅အာဗြဟံသည်စိတ်ရှည်စွာစောင့်ဆိုင်းနေခဲ့ သဖြင့် ကတိတော်အတိုင်းခံစားရလေသည်။-
16 For men truly swear by the greater: and an oath for confirmation is to them an end of all strife.
၁၆လူတို့သည်မိမိတို့ထက်ကြီးမြတ်သူတစ်ဦး တစ်ယောက်ကိုတိုင်တည်ကျိန်ဆိုတတ်ကြ၏။ ယင်းသို့တိုင်တည်ကျိန်ဆိုခြင်းသည်လူအချင်း ချင်းအငြင်းပွားမှုကိုငြိမ်းစေတတ်လေသည်။-
17 Wherein God, willing more abundantly to show to the heirs of promise the immutability of his counsel, confirmed it by an oath:
၁၇ဘုရားသခင်သည်မိမိအကြံအစည်တော် ကိုပြောင်းလဲတော်မူမည်မဟုတ်ကြောင်းကို ကတိတော်ဆိုင်ရာဆုကျေးဇူးများခံယူရ မည့်သူတို့အားပွင့်လင်းထင်ရှားစွာဖော်ပြ တော်မူလို၏။ သို့ဖြစ်၍ကိုယ်တော်သည်တိုင် တည်ကျိန်ဆိုခြင်းအားဖြင့်ကတိပြုတော် မူခြင်းဖြစ်ပေသည်။-
18 That by two immutable things, in which it was impossible for God to lie, we might have a strong consolation, who have fled for refuge to lay hold on the hope set before us:
၁၈ထို့ကြောင့်ဘုရားသခင်၏ကတိတော်နှင့် ကျိန်ဆိုတော်မူခြင်းတို့သည် ပြန်လည်ရုပ်သိမ်း ၍မရနိုင်သောအရာနှစ်ပါးဖြစ်ကြ၏။ ထို အရာနှစ်ပါးနှင့်ပတ်သက်၍လည်းကိုယ်တော် သည်မုသားစကားကိုသုံးတော်မမူနိုင်။ ထို့ ကြောင့်အထံတော်၌ခိုလှုံလျက်ရှိကြသော ငါတို့သည်မိမိတို့အားကိုယ်တော်ပေးတော် မူသည့်မျှော်လင့်ချက်ကို စွဲမြဲစွာခံယူ ထားရန်စိတ်အားတက်ကြွ၍လာကြ၏။-
19 Which hope we have as an anchor of the soul, both sure and steadfast, and which enters into that within the veil;
၁၉ထိုမျှော်လင့်ချက်သည်ငါတို့ဘဝအတွက် ချထားသည့်လုံခြုံခိုင်ခန့်သောကျောက်ဆူး အဖြစ် ကောင်းကင်ဗိမာန်တော်ကန့်လန့်ကာ ကိုထိုးဖောက်ကာအလွန်သန့်ရှင်းရာဌာန တော်သို့ဝင်လေသည်။-
20 Where the forerunner is for us entered, even Jesus, made an high priest for ever after the order of Melchisedec. (aiōn )
၂၀ယဇ်ပုရောဟိတ်မေလခိဇေဒက်၏အရိုက် အရာကိုဆက်ခံသူယဇ်ပုရောဟိတ်မင်း အဖြစ် ဆက်ခံသူသခင်ယေရှုသည်ထို ဌာနတော်သို့ငါတို့အတွက်ဝင်တော်မူပြီ။ (aiōn )