< Zechariah 14 >

1 Behold, a day of the LORD cometh, when thy spoil shall be divided in the midst of thee.
ထာ​ဝ​ရ​ဘု​ရား​အ​ရေး​ယူ​ဆောင်​ရွက်​တော်​မူ မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။ ထို အ​ခါ​ယေ​ရု​ရှ​လင်​မြို့​သည်​တိုက်​ခိုက်​လု​ယက် ခြင်း​ကို​ခံ​ရ​လျက် လူ​တို့​၏​တိုက်​ရာ​ပါ​ပစ္စည်း များ​ကို​သင်​တို့​မျက်​မှောက်​၌​ပင်​ခွဲ​ဝေ​ယူ ကြ​လိမ့်​မည်။-
2 For I will gather all nations against Jerusalem to battle; and the city shall be taken, and the houses rifled, and the women ravished; and half of the city shall go forth into captivity, but the residue of the people shall not be cut off from the city.
ယေ​ရု​ရှ​လင်​မြို့​ကို​စစ်​ဆင်​ရန်​ထာ​ဝ​ရ ဘု​ရား​သည် လူ​မျိုး​တ​ကာ​တို့​အား​စု​ရုံး ခေါ်​ဆောင်​ကာ​လာ​တော်​မူ​လိမ့်​မည်။ ထို​မြို့ သည်​အ​သိမ်း​ခံ​ရ​လိမ့်​မည်။ အိမ်​များ​သည် အ​လု​ခံ​ရ​လျက်​အ​မျိုး​သ​မီး​များ​သည် လည်း မ​တော်​မ​တ​ရား​ပြု​ကျင့်​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ လူ​ဦး​ရေ​ထက်​ဝက်​မျှ​ပြည်​နှင် ဒဏ်​သင့်​ကြ​မည်​ဖြစ်​သော်​လည်း ကျန်​ထက် ဝက်​မှာ​ထို​မြို့​မှ​ပြောင်း​ရွှေ့​ရကြ​လိမ့်​မည် မ​ဟုတ်။-
3 Then shall the LORD go forth, and fight against those nations, as when He fighteth in the day of battle.
ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​တိတ် ကာ​လ​များ​မှာ​ကဲ့​သို့​ထွက်​ကြွ​တော်​မူ​၍ ထို​လူ​မျိုး​တို့​အား​တိုက်​ခိုက်​တော်​မူ​လိမ့် မည်။-
4 And His feet shall stand in that day upon the mount of Olives, which is before Jerusalem on the east, and the mount of Olives shall cleft in the midst thereof toward the east and toward the west, so that there shall be a very great valley; and half of the mountain shall remove toward the north, and half of it toward the south.
ထို​အ​ခါ​ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင် မြို့​၏​အ​ရှေ့​ဘက်​၌​ရှိ​သော​သံ​လွင်​တောင် ပေါ်​တွင်​ရပ်​တော်​မူ​သ​ဖြင့် သံ​လွင်​တောင် သည်​အ​ရှေ့​မှ​အ​နောက်​သို့​နှစ်​ခြမ်း​ကွဲ လျက်​ချိုင့်​ဝှမ်း​ကြီး​တစ်​ခု​ဖြစ်​ပေါ်​လာ လိမ့်​မည်။ တောင်​တစ်​ခြမ်း​သည်​မြောက်​ဘက် သို့​လည်း​ကောင်း၊ အ​ခြား​တစ်​ခြမ်း​သည် တောင်​ဘက်​သို့​လည်း​ကောင်း၊ ရွေ့​လျား သွား​လိမ့်​မည်။-
5 And ye shall flee to the valley of the mountains; for the valley of the mountains shall reach unto Azel; yea, ye shall flee, like as ye fled from before the earthquake in the days of Uzziah king of Judah; and the LORD my God shall come, and all the holy ones with Thee.
သင်​တို့​သည်​တောင်​နှစ်​ခြမ်း​ခွဲ​ရာ​ချိုင့်​ဝှမ်း လမ်း​ဖြင့်​ထွက်​ပြေး​လွတ်​မြောက်​ကြ​လိမ့် မည်'' ဟု​ယု​ဒ​ဘု​ရင်​သြ​ဇိ​၏​လက်​ထက် ၌​မြေ​င​လျင်​လှုပ်​စဉ်​အ​ခါ​က သင်​တို့ ၏​ဘိုး​ဘေး​များ​ထွက်​ပြေး​ရကြ​သ​ကဲ့ သို့​သင်​တို့​သည်​လည်း​ထွက်​ပြေး​ရကြ လိမ့်​မည်။ ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​နှင့်​အ​တူ​ကောင်း​ကင် တ​မန်​များ​ကို​ခေါ်​ဆောင်​ကာ​ကြွ​လာ တော်​မူ​လိမ့်​မည်။
6 And it shall come to pass in that day, that there shall not be light, but heavy clouds and thick;
ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ချမ်း​ဧ​မှု သို့​မ​ဟုတ်​ဆီး​နှင်း​များ​ကျ​မှု ရှိ​တော့​မည်​မ​ဟုတ်။-
7 And there shall be one day which shall be known as the LORD'S, not day, and not night; but it shall come to pass, that at evening time there shall be light.
မှောင်​မိုက်​လည်း​ရှိ​တော့​မည်​မ​ဟုတ်၊ ထူး​ခြား သော​နေ့​ဖြစ်​မည်။ ညဥ့်​အ​ချိန်​၌​ပင်​လျှင် အ​စဉ်​အ​မြဲ​နေ​ရောင်​လင်း​၍​နေ​လိမ့်​မည်။ အ​ဘယ်​အ​ခါ​၌​ဤ​သို့​ဖြစ်​ပျက်​လာ​မည် ကို​မူ ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ လျှင်​သိ​တော်​မူ​၏။
8 And it shall come to pass in that day, that living waters shall go out from Jerusalem: half of them toward the eastern sea, and half of them toward the western sea; in summer and in winter shall it be.
ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​မှ​စမ်း​ရေ​များ​စီး​ဆင်း​၍ လာ​လိမ့်​မည်။ ထို​ရေ​၏​တစ်​ဝက်​သည်​ပင်​လယ် သေ​ထဲ​သို့​လည်း​ကောင်း၊ အ​ခြား​တစ်​ဝက်​သည် မြေ​ထဲ​ပင်​လယ်​ထဲ​သို့​လည်း​ကောင်း တစ်​နှစ် ပတ်​လုံး​ဆောင်း​ရော​နွေ​ပါ​စီး​ဆင်း​သွား​လိမ့် မည်။-
9 And the LORD shall be King over all the earth; in that day shall the LORD be One, and His name one.
ထို​အ​ခါ​ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​ထာ​ဝ​ရ ဘု​ရား​အုပ်​စိုး​တော်​မူ​လိမ့်​မည်။ လူ​အ​ပေါင်း တို့​သည်​လည်း​ကိုယ်​တော်​အား မိ​မိ​တို့​၏ ဘု​ရား​သ​ခင်​အ​ဖြစ်​ဝတ်​ပြု​ကိုး​ကွယ်​ကာ ထို​နာ​မ​တော်​တစ်​ပါး​တည်း​ဖြင့်​သိ​မှတ် ကြ​လိမ့်​မည်။
10 All the land shall be turned as the Arabah, from Geba to Rimmon south of Jerusalem; and she shall be lifted up, and inhabited in her place, from Benjamin's gate unto the place of the first gate, unto the corner gate, and from the tower of Hananel unto the king's winepresses.
၁၀မြောက်​ဘက်​ရှိ​ဂေ​ဘ​မြို့​မှ​သည် တောင်​ဘက်​ရှိ ရိမ္မုန်​မြို့​တိုင်​အောင်​ယေ​ရု​ရှ​လင်​မြို့​ပတ်​ဝန်း ကျင်​မှ မြေ​များ​ကို​ညီ​ညာ​အောင်​ညှိ​ရ​ကြ လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း​ပတ် ဝန်း​ကျင်​မြေ​များ​၏​အ​ထက်​တွင်​မိုး​၍​နေ လိမ့်​မည်။ ဤ​မြို့​သည်​ဗင်္ယာ​မိန်​တံ​ခါး​မှ​သည် တံ​ခါး​ဟောင်း​ရှိ​ခဲ့​ဖူး​သည့်​မြို့​ထောင့်​တံ​ခါး တိုင်​အောင်​လည်း​ကောင်း၊ ဟာန​နေ​လ​ရဲ​တိုက် မှ​သည်​နန်း​တော်​စ​ပျစ်​သီး​နယ်​ရာ​ကျင်း များ​တိုင်​အောင်​လည်း​ကောင်း​တည်​ရှိ​လိမ့်​မည်။-
11 And men shall dwell therein, and there shall be no more extermination; but Jerusalem shall dwell safely.
၁၁လူ​တို့​သည်​ဆုံး​ပါး​ပျက်​စီး​မည့်​ဘေး​ဖြင့် ခြိမ်း​ချောက်​မှု​မ​ခံ​ရ​တော့​ဘဲ ထို​အ​ရပ်​တွင် ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။
12 And this shall be the plague wherewith the LORD will smite all the peoples that have warred against Jerusalem: their flesh shall consume away while they stand upon their feet, and their eyes shall consume away in their sockets, and their tongue shall consume away in their mouth.
၁၂ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​ခိုက်​သူ​လူ​မျိုး​အ​ပေါင်း​တို့​အ​ပေါ် သို့ ကြောက်​မက်​ဖွယ်​ကောင်း​သည့်​အ​နာ​ရော​ဂါ ဘေး​သက်​ရောက်​စေ​တော်​မူ​လိမ့်​မည်။ သူ​တို့ သည်​အ​သက်​ရှင်​လျက်​ရှိ​စဉ်​အ​ခါ​၌​ပင် အ​သား​အ​ရေ​များ​ပုပ်​ပျက်​၍​သွား​လိမ့် မည်။ သူ​တို့​၏​မျက်​စိ​များ​နှင့်​လျှာ​များ သည်​လည်း​ပုပ်​ပျက်​၍​သွား​လိမ့်​မည်။
13 And it shall come to pass in that day, that a great tumult from the LORD shall be among them; and they shall lay hold every one on the hand of his neighbour, and his hand shall rise up against the hand of his neighbour.
၁၃ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား အ​လွန်​ရှုပ်​ထွေး​ကြောက်​လန့်​စေ​တော်​မူ​မည် ဖြစ်​၍ လူ​တိုင်း​ပင်​မိ​မိ​တို့​အ​နီး​တွင်​တွေ့ ရှိ​သူ​တို့​ကို​ဖမ်း​ဆီး​တိုက်​ခိုက်​ကြ​လိမ့်​မည်။-
14 And Judah also shall fight against Jerusalem; and the wealth of all the nations round about shall be gathered together, gold, and silver, and apparel, in great abundance.
၁၄ယု​ဒ​ပြည်​သူ​တို့​က​မူ​ယေ​ရု​ရှ​လင်​မြို့ အ​တွက် ခု​ခံ​ကာ​ကွယ်​တိုက်​ခိုက်​ကာ​လူ​မျိုး တ​ကာ​တို့​၏​ဥစ္စာ​ဘဏ္ဍာ​များ​ဖြစ်​သော ရွှေ ငွေ​အ​ဝတ်​အ​စား​အ​မြောက်​အ​မြား​ကို တိုက်​ရာ​ပါ​ပစ္စည်း​အ​ဖြစ်​သိမ်း​ယူ​ကြ​လိမ့် မည်။
15 And so shall be the plague of the horse, of the mule, of the camel, and of the ass, and of all the beasts that shall be in those camps, as this plague.
၁၅ရန်​သူ​တပ်​စ​ခန်း​မှ​မြင်း၊ ကု​လား​အုတ်၊ မြည်း အ​စ​ရှိ​သည့်​တိ​ရစ္ဆာန်​အ​ပေါင်း​တို့​အ​ပေါ် သို့​လည်း ကြောက်​မက်​ဖွယ်​ကောင်း​သည့်​အ​နာ ရော​ဂါ​ဘေး​ကျ​ရောက်​လိမ့်​မည်။
16 And it shall come to pass, that every one that is left of all the nations that came against Jerusalem shall go up from year to year to worship the King, the LORD of hosts, and to keep the feast of tabernacles.
၁၆ထို​အ​ခါ​ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​ခဲ့ ကြ​သော​လူ​မျိုး​တို့​အ​နက်​မှ​အ​သက် မ​သေ​ဘဲ ကျန်​ရှိ​သူ​လူ​အ​ပေါင်း​တို့​သည် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​အုပ် စိုး​မှု​ကို​ဝန်​ခံ​၍ ကိုယ်​တော်​အား​ရှိ​ခိုး ဝတ်​ပြု​ကြ​ရန်​လည်း​ကောင်း၊ သစ်​ခက်​တဲ နေ​ပွဲ​တော်​ကို​ကျင်း​ပ​ကြ​ရန်​လည်း​ကောင်း ထို​မြို့​သို့​နှစ်​စဉ်​နှစ်​တိုင်း​လာ​ရောက်​ကြ လိမ့်​မည်။-
17 And it shall be, that whoso of the families of the earth goeth not up unto Jerusalem to worship the King, the LORD of hosts, upon them there shall be no rain.
၁၇အ​ကြင်​လူ​မျိုး​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​အုပ်​စိုး​မှု​ကို​ဝန်​ခံ​၍ ကိုယ်​တော်​အား​ရှိ​ခိုး​ဝတ်​ပြု​ရန်​ငြင်း​ဆန် ၏။ ထို​လူ​မျိုး​တို့​၏​ပြည်​သည်​မိုး​ခေါင် လိမ့်​မည်။-
18 And if the family of Egypt go not up, and come not, they shall have no overflow; there shall be the plague, wherewith the LORD will smite the nations that go not up to keep the feast of tabernacles.
၁၈အ​ကယ်​၍​အီဂျစ်​အ​မျိုး​သား​တို့​သည်​သစ် ခက်​တဲ​နေ​ပွဲ​တော်​ကို​ကျင်း​ပ​ရန်​ငြင်း​ဆန် ကြ​ပါ​မူ သူ​တို့​သည်​ယင်း​သို့​ငြင်း​ဆန်​သူ များ​အ​တွက်​ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော် မူ​သော​အ​နာ​ရော​ဂါ​ဘေး​နှင့်​ကြုံ​တွေ့​ရ လိမ့်​မည်။-
19 This shall be the punishment of Egypt, and the punishment of all the nations that go not up to keep the feast of tabernacles.
၁၉ဤ​ကား​သစ်​ခက်​တဲ​နေ​ပွဲ​တော်​ကို​မ​ကျင်း ပ​ခဲ့​သော် အီ​ဂျစ်​ပြည်​နှင့်​အ​ခြား​နိုင်​ငံ အ​ပေါင်း​တို့​ခံ​ရကြ​မည့်​အ​ပြစ်​ဒဏ်​ပင် ဖြစ်​သ​တည်း။
20 In that day shall there be upon the bells of the horses: HOLY UNTO THE LORD; and the pots in the LORD'S house shall be like the basins before the altar.
၂၀ထို​အ​ချိန်​ကာ​လ​၌​မြင်း​က​ကြိုး​တန်​ဆာ ခေါင်း​လောင်း​များ​ပေါ်​တွင်``ထာ​ဝ​ရ​ဘု​ရား အား​ဆက်​ကပ်​ထား​သည်'' ဟူ​သော​စာ​တမ်း ကို​ကမ္ပည်း​ထိုး​၍​ထား​လိမ့်​မည်။ ဗိ​မာန်​တော် တွင်​ချက်​ပြုတ်​သည့်​အိုး​များ​သည်​ယဇ်​ပလ္လင် ရှေ့​မှ​ခွက်​ဖ​လား​များ​ကဲ့​သို့​သန့်​ရှင်း​မြင့် မြတ်​ကြ​လိမ့်​မည်။-
21 Yea, every pot in Jerusalem and in Judah shall be holy unto the LORD of hosts; and all they that sacrifice shall come and take of them, and seethe therein; and in that day there shall be no more a trafficker in the house of the LORD of hosts.
၂၁ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​တစ်​ပြည် လုံး​တွင်​ရှိ​သ​မျှ​သော​အိုး​တို့​ကို​လည်း သန့်​ရှင်း​မြင့်​မြတ်​၍​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ် မှု​တွင်​အ​သုံး​ပြု​ရန်​အ​တွက် သီး​သန့်​ထား ရှိ​ကြ​လိမ့်​မည်။ ထို​နေ့​ရက်​ကာ​လ​ကျ ရောက်​လာ​သော​အ​ခါ အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​တွင် အ​ဘယ် သို့​သော​ရောင်း​ဝယ်​သူ​တစ်​ဦး​တစ်​ယောက် မျှ​ရှိ​တော့​မည်​မ​ဟုတ်။ ပ​ရော​ဖက်​ဇာ​ခ​ရိ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

< Zechariah 14 >