< Psalms 76 >
1 For the Leader; with string-music. A Psalm of Asaph, a Song. In Judah is God known; His name is great in Israel.
၁ယုဒပြည်တွင်ဘုရားသခင်ကိုသိကြ၏။ ဣသရေလပြည်တွင်ကိုယ်တော်၏နာမတော်သည် ကြီးမြတ်တော်မူ၏။
2 In Salem also is set His tabernacle, and His dwelling-place in Zion.
၂ကိုယ်တော်၏အိမ်တော်သည်ယေရုရှလင်မြို့တွင် ရှိပေသည်။ ကိုယ်တော်သည်ဇိအုန်တောင်ပေါ်တွင် ကိန်းဝပ်တော်မူ၏။
3 There He broke the fiery shafts of the bow; the shield, and the sword, and the battle. (Selah)
၃ထိုအရပ်တွင်ကိုယ်တော်သည်ရန်သူတို့၏ မြား၊ဒိုင်းလွှား၊ဋ္ဌားနှင့်လက်နက်ရှိသမျှတို့ကို ချိုးဖျက်တော်မူ၏။
4 Glorious art Thou and excellent, coming down from the mountains of prey.
၄အို ဘုရားသခင်၊ ကိုယ်တော်သည်လွန်စွာဘုန်းတန်ခိုးကြီး ပါသည်တကား။ ရန်သူတို့ကိုနှိမ်နင်းရာတောင်ရိုးများမှ ကိုယ်တော်ပြန်လည်ကြွလာတော်မူသည်မှာ ဂုဏ်ကျက်သရေရှိလှပါသည်တကား။
5 The stout-hearted are bereft of sense, they sleep their sleep; and none of the men of might have found their hands.
၅ရန်သူတို့၏ရဲရင့်သည့်စစ်သည်များသည် မိမိတို့၌ရှိသည့်ပစ္စည်းဥစ္စာများကို ဆုံးရှုံးရကြလျက်ယခုအခါ သေဆုံးကြလေကုန်ပြီ။ သူတို့၏စွမ်းအားနှင့်ကျွမ်းကျင်မှုတို့သည် အချည်းနှီးသာဖြစ်ခဲ့သည်။
6 At Thy rebuke, O God of Jacob, they are cast into a dead sleep, the riders also and the horses.
၆အို ယာကုပ်၏ဘုရားသခင်၊ ကိုယ်တော်ရှင်ခြိမ်းခြောက်တော်မူလိုက်သော အခါ၊ မြင်းများနှင့်မြင်းစီးသူရဲတို့သည်လဲကျ သေဆုံးကြပါ၏။
7 Thou, even Thou, art terrible; and who may stand in Thy sight when once Thou art angry?
၇သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်အားလူအပေါင်းတို့သည် ကြောက်လန့်ကြပါ၏။ ကိုယ်တော်ရှင်အမျက်ထွက်တော်မူသောအခါ အဘယ်သူသည်ရှေ့တော်တွင် ရပ်တည်နိုင်ပါမည်နည်း။
8 Thou didst cause sentence to be heard from heaven; the earth feared, and was still,
၈ကိုယ်တော်ရှင်သည်မိမိ၏စီရင်ချက်ကို ကောင်းကင်ဘုံမှကြေညာတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကမ္ဘာပေါ်ရှိဖိနှိပ်ညှဉ်းပန်း ခြင်း ခံရကြသူတို့အားကယ်တော်မူရန်အတွက် ထ၍စီရင်ချက်ချမှတ်တော်မူသောအခါ၊ ကမ္ဘာသည် ကြောက်လန့်၍ဆိတ်ဆိတ်နေကြပါ၏။
9 When God arose to judgment, to save all the humble of the earth. (Selah)
၉
10 Surely the wrath of man shall praise Thee; the residue of wrath shalt Thou gird upon Thee.
၁၀လူတို့၏ဒေါသသည်ကိုယ်တော်ရှင်အားပို၍ ထောမနာပြုခြင်းအကျိုးကိုဖြစ်ပေါ်စေပါ လိမ့်မည်။ စစ်ပွဲတွင်မသေဘဲအသက်ရှင်ကျန်ရစ်သူတို့သည် ကိုယ်တော်၏ပွဲတော်များကိုစောင့်ထိန်း ကြပါလိမ့်မည်။
11 Vow, and pay unto the LORD your God; let all that are round about Him bring presents unto Him that is to be feared;
၁၁သင်တို့၏ဘုရားသခင်ထာဝရဘုရားအား ထားရှိခဲ့သည့်ကတိသစ္စာဝတ်ကိုဖြေကြလော့။ နီးနားဝန်းကျင်ရှိလူမျိုးတကာတို့၊ ကိုယ်တော်၏ထံတော်သို့လက်ဆောင်ပဏ္ဏာများကို ယူဆောင်ခဲ့ကြလော့။ ဘုရားသခင်သည်မိမိအားလူတို့ ကြောက်လန့်စေတော်မူ၏။
12 He minisheth the spirit of princes; He is terrible to the kings of the earth.
၁၂ကိုယ်တော်သည်မာန်မာနကြီးသူမင်းသား တို့၏ စိတ်ကိုနှိမ့်ချတော်မူလျက်ဘုန်းကြီးသည့် ဘုရင်တို့အားထိတ်လန့်တုန်လှုပ်စေတော်မူ၏။