< Psalms 66 >
1 For the Leader. A Song, a Psalm. Shout unto God, all the earth;
၁မြေကြီး သားအပေါင်း တို့၊ ဘုရား သခင့်ရှေ့ တော်၌ ကျူးဧ သောအသံကို ပြု၍၊
2 Sing praises unto the glory of His name; make His praise glorious.
၂နာမ တော်၏ဂုဏ် ကို သီချင်း ဆိုကြလော့။ ချီးမွမ်း ခြင်း၏ ဂုဏ် အသရေကို ပြ ကြလော့။
3 Say unto God: 'How tremendous is Thy work! Through the greatness of Thy power shall Thine enemies dwindle away before Thee.
၃ကိုယ်တော် စီရင်သောအမှု တို့သည် အလွန်အံ့ဩ ဘွယ် ဖြစ်ကြပါ၏။ တန်ခိုး တော်ကြီး သောကြောင့် ၊ ရန်သူ တို့သည် ကိုယ်တော် ကို တောင်းပန် ကြပါလိမ့်မည်။
4 All the earth shall worship Thee, and shall sing praises unto Thee; they shall sing praises to Thy name.' (Selah)
၄မြေကြီး သားအပေါင်း တို့သည် ကိုယ်တော် ကို ကိုးကွယ် ၍ ၊ သီချင်း ဆိုကြပါစေသော။ နာမ တော်အား သီချင်း ဆိုကြပါစေသောဟု ဘုရား သခင်အား လျှောက် ထားကြလော့။
5 Come, and see the works of God; He is terrible in His doing toward the children of men.
၅ဘုရား သခင်စီရင် တော်မူသောအမှုတော်ကို လာ ၍ ကြည့် ကြလော့။ လူ သား တို့တွင်စီရင်တော်မူသောအမှု တို့သည် အံ့ဩ ဘွယ် ဖြစ်ကြ၏။
6 He turned the sea into dry land; they went through the river on foot; there let us rejoice in Him!
၆ပင်လယ် ကို ကုန်း ဖြစ် စေတော်မူ၏။ သူတို့သည် ရေစီး ရာအရပ်ကို ခြေ ဖြင့် ရှောက် သွားကြသည်ဖြစ်၍ ၊ ငါတို့သည် ဘုရား သခင်၌ ဝမ်းမြောက် ကြ၏။
7 Who ruleth by His might for ever; His eyes keep watch upon the nations; let not the rebellious exalt themselves. (Selah)
၇တန်ခိုး တော်အားဖြင့် အစဉ် အမြဲအုပ်စိုး တော်မူ၏။ မျက်စိ တော်သည် လူ အမျိုးမျိုးတို့ကို ကြည့်ရှု သည် ဖြစ်၍ ၊ ငြင်းဆန် သောသူတို့သည် မ ဝါကြွား ကြစေနှင့်။
8 Bless our God, ye peoples, and make the voice of His praise to be heard;
၈အချင်းလူစု တို့၊ ငါ တို့ ဘုရား သခင်ကို ကောင်းကြီး ပေးကြလော့။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း သော စကား သံနှင့် ကြွေးကြော် ကြလော့။
9 Who hath set our soul in life, and suffered not our foot to be moved,
၉ငါ တို့အသက် ကို မ သေ စေမည်အကြောင်းနှင့် ၊ ခြေ ကိုလည်း မချော် စေမည်အကြောင်း စောင့်မ တော်မူ၏။
10 For Thou, O God, hast tried us; Thou hast refined us, as silver is refined.
၁၀အိုဘုရား သခင်၊ ကိုယ်တော်သည် အကျွန်ုပ် တို့ကို စုံစမ်း တော်မူပြီ။ ငွေ ကို စစ်ဆေး သကဲ့သို့ အကျွန်ုပ် တို့ကို စစ်ဆေး တော်မူပြီ။
11 Thou didst bring us into the hold; Thou didst lay constraint upon our loins.
၁၁ကျော့ကွင်း ထဲမှာ ကျော့မိ စေ၍၊ ကျောက် ကုန်းပေါ် မှာ လေးသော ဝန် ကို တင် တော်မူပြီ။
12 Thou hast caused men to ride over our heads; we went through fire and through water; but Thou didst bring us out unto abundance.
၁၂အကျွန်ုပ် တို့ ခေါင်း ပေါ် မှာ သူတပါး ကို စီး စေတော်မူပြီ။ မီး ၌ ၎င်း ၊ ရေ ၌ ၎င်း သွား ရသော်လည်း၊ ကျေးဇူးတော်ကြောင့် ကြွယ်ဝ ခြင်းသို့ ရောက် ကြပါ၏။
13 I will come into Thy house with burnt-offerings, I will perform unto Thee my vows,
၁၃မီးရှို့ ရသောယဇ်ပါ လျက် အိမ် တော်သို့ အကျွန်ုပ်သွား ပါမည်။
14 Which my lips have uttered, and my mouth hath spoken, when I was in distress.
၁၄ဆင်းရဲ ခံရစဉ်အခါ ၊ အကျွန်ုပ် သည် နှုတ် ကို ဖွင့် ၍ မြွက်ဆို သည်အတိုင်း ၊ သစ္စာ ဝတ်ကို ဖြေ ပါမည်။
15 I will offer unto Thee burnt-offerings of fatlings, with the sweet smoke of rams; I will offer bullocks with goats. (Selah)
၁၅ဆူဖြိုး သော သိုး တို့ကို နံ့သာ ပေါင်းနှင့်တကွ မီးရှို့ ရာယဇ် ပြု၍ ပူဇော် ပါမည်။ နွား နှင့် ဆိတ် တို့ကိုလည်း စီရင် ပါမည်။
16 Come, and hearken, all ye that fear God, and I will declare what He hath done for my soul.
၁၆ဘုရား သခင်ကို ကြောက်ရွံ့ သော သူအပေါင်း တို့၊ လာ ၍ နားထောင် ကြလော့။ ငါ့ ဝိညာဉ် အဘို့ အဘယ်သို့ ကျေးဇူးပြု တော်မူသည်ကို ငါကြားပြော မည်။
17 I cried unto Him with my mouth, and He was extolled with my tongue.
၁၇ငါ သည် ဘုရား သခင်ကို နှုတ် နှင့် အော်ဟစ် ၍ ၊ ဂုဏ်တော်ကိုလည်း လျှာ နှင့် ချီးမွမ်း ရပြီ။
18 If I had regarded iniquity in my heart, the Lord would not hear;
၁၈ငါ သည် စိတ် နှလုံးထဲမှာ ဒုစရိုက် ကို ငဲ့ကွက် လျှင် ၊ ဘုရား ရှင်သည် နားထောင် တော်မ မူ။
19 But verily God hath heard; He hath attended to the voice of my prayer.
၁၉ယခု မူကား၊ ဘုရား သခင်သည် နားထောင် ၍၊ ငါ မြွက်ဆိုသော ပဌနာ စကား သံကို မှတ် တော်မူပြီ။
20 Blessed be God, who hath not turned away my prayer, nor His mercy from me.
၂၀ငါ မြွက်ဆိုသော ပဌနာ ကို ပယ် တော်မ မူ။ ကျေးဇူး တော်ကို ငါ မှ ရုပ်သိမ်းတော်မမူသော ဘုရား သခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း။