< Psalms 24 >

1 A Psalm of David. The earth is the LORD'S, and the fulness thereof; the world, and they that dwell therein.
ထာဝရဘုရား သည် မြေကြီး နှင့် မြေကြီး တန်ဆာ ကို၎င်း၊ လောက ဓါတ်နှင့် လောက သားတို့ကို၎င်း ပိုင်တော်မူ၏။
2 For He hath founded it upon the seas, and established it upon the floods.
အကြောင်း မူကား၊ ထို နေရာကို သမုဒ္ဒရာ ပေါ် မှာတည် ၍ ၊ ရေ များပေါ် မှာ မြဲမြံ စေတော်မူပြီ။
3 Who shall ascend into the mountain of the LORD? and who shall stand in His holy place?
ထာဝရဘုရား ၏ တောင် တော်ပေါ် သို့ အဘယ်သူ သည် တက် ရမည်နည်း။ သန့်ရှင်း ရာဌာန တော်၌ အဘယ်သူ သည် ရပ် နေရမည်နည်းဟူမူကား၊
4 He that hath clean hands, and a pure heart; who hath not taken My name in vain, and hath not sworn deceitfully.
သန့်ရှင်း သောလက် နှင့် ဖြူစင် သောနှလုံး ရှိသောသူ ၊ မုသာ ကိုမ မှီ ဝဲ မဆည်းကပ်၊ မ မှန်သောကျိန်ဆို ခြင်းကို မပြုသောသူသည်၊
5 He shall receive a blessing from the LORD, and righteousness from the God of his salvation.
ထာဝရ ဘုရား၏ လက်တော်မှ ကောင်းကြီး မင်္ဂလာကို၎င်း ၊ ကယ်တင် တော်မူသောဘုရား သခင်၏ လက်တော်မှ ဖြောင့်မတ် ခြင်းတရားကို၎င်းခံရ လိမ့်မည်။
6 Such is the generation of them that seek after Him, that seek Thy face, even Jacob. (Selah)
ထို သူသည် ထာဝရ ဘုရားကို ရှာ သောအမျိုး ၊ မျက်နှာ တော်ကို ရှာ သောယာကုပ် အမျိုးဖြစ်သတည်း။
7 Lift up your heads, O ye gates, and be ye lifted up, ye everlasting doors; that the King of glory may come in.
အချင်းတံခါးတို့၊ တံခါး မုတ် ကိုကြွ လိုက်ကြ။ အချင်းထာဝရ တံခါး တို့၊ ကိုယ်ကိုကြွ လိုက်ကြ။ ဘုန်းကြီး သောရှင်ဘုရင် ဝင် တော်မူမည်။
8 'Who is the King of glory?' 'The LORD strong and mighty, the LORD mighty in battle.'
ဘုန်းကြီး သောရှင်ဘုရင် ကား အဘယ် သူနည်း။ အစွမ်း တန်ခိုးနှင့် ပြည့်စုံ တော်မူသောထာဝရဘုရား ၊ စစ်တိုက် ခြင်းငှါတန်ခိုး ကြီးတော်မူသောထာဝရဘုရား ပေတည်း။
9 Lift up your heads, O ye gates, yea, lift them up, ye everlasting doors; that the King of glory may come in.
အချင်းတံခါးတို့၊ တံခါး မုတ် ကိုကြွ လိုက်ကြ။ အချင်းထာဝရ တံခါး တို့၊ ကိုယ်ကိုကြွ လိုက်ကြ။ ဘုန်းကြီး သောရှင်ဘုရင် ဝင် တော်မူမည်။
10 'Who then is the King of glory?' 'The LORD of hosts; He is the King of glory.' (Selah)
၁၀ဘုန်းကြီး သောရှင်ဘုရင် ကား အဘယ် သူနည်း။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ပေတည်း။ ထိုဘုရား သည် ဘုန်းကြီး သောရှင် ဘုရင် ဖြစ်တော်မူသတည်း။

< Psalms 24 >