< Psalms 23 >
1 A Psalm of David. The LORD is my shepherd; I shall not want.
၁ထာဝရဘုရားသည်သိုးထိန်းတော်မြတ်ဖြစ်၍ ငါ့ကိုစောင့်ထိန်းတော်မူ၏။ ထို့ကြောင့်ငါသည်လိုသမျှကိုရရှိ၏။
2 He maketh me to lie down in green pastures; He leadeth me beside the still waters.
၂ကိုယ်တော်သည်ငါ့အားစိမ်းလန်းသော စားကျက်များတွင်နားနေစေတော်မူ၏။ ဆိတ်ငြိမ်ရာမြစ်ချောင်းများသို့ လမ်းပြပို့ဆောင်တော်မူ၏။
3 He restoreth my soul; He guideth me in straight paths for His name's sake.
၃ကိုယ်တော်သည်ငါ့ကိုအားသစ်လောင်းတော်မူ၏။ ကတိတော်ရှိတော်မူသည့်အတိုင်းလမ်းမှန်သို့ ပို့ဆောင်တော်မူ၏။
4 Yea, though I walk through the valley of the shadow of death, I will fear no evil, for Thou art with me; Thy rod and Thy staff, they comfort me.
၄အို ထာဝရဘုရား၊ အကယ်၍ကျွန်တော်မျိုးသည်အမှောင်ဆုံး ချိုင့်ဝှမ်းကို ဖြတ်၍ပင်သွားရစေကာမူမကြောက်ပါ။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးနှင့်အတူရှိတော်မူသောကြောင့် ဖြစ်ပါ၏။
5 Thou preparest a table before me in the presence of mine enemies; Thou hast anointed my head with oil; my cup runneth over.
၅ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအတွက် ရန်သူအပေါင်းတို့၏ရှေ့မှောက်တွင်စားပွဲကို တည်ခင်းတော်မူပါ၏။ ဧည့်သည်တော်အဖြစ်ကျွန်တော်မျိုး၏ဦးခေါင်းကို ဆီလောင်း၍ကြိုဆိုတော်မူ၏။ ကျွန်တော်မျိုး၏ခွက်ဖလားကိုလည်း ပြည့်လျှံအောင်ဖြည့်တော်မူပါ၏။
6 Surely goodness and mercy shall follow me all the days of my life; and I shall dwell in the house of the LORD for ever.
၆ဧကန်မုချကျွန်တော်မျိုးသည်ကိုယ်တော်ရှင် ၏ ကျေးဇူးနှင့်ကရုဏာတော်ကိုတစ်သက်လုံး ခံစား၍ ကိုယ်တော်ရှင်၏အိမ်တော်မှာအသက်ရှင်သမျှ ကာလပတ်လုံးနေရပါလိမ့်မည်။