< Psalms 22 >

1 For the Leader; upon Aijeleth ha-Shahar. A Psalm of David. My God, my God, why hast Thou forsaken me, and art far from my help at the words of my cry?
ကျွန်​တော်​မျိုး​၏​ဘု​ရား အို ကျွန်​တော်​မျိုး​၏ ဘု​ရား၊ အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​အား စွန့်​ပစ်​တော်​မူ​ပါ​သ​နည်း။ ကယ်​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​သည်​ဟစ် အော်​ပါ​၏။ သို့​ရာ​တွင်​ယ​ခု​တိုင်​အောင်​ကယ်​မ​တော်​မ​မူ​ပါ။
2 O my God, I call by day, but Thou answerest not; and at night, and there is no surcease for me.
ကျွန်​တော်​မျိုး​၏​ဘု​ရား၊​နေ့​အ​ခါ​၌​ကိုယ်​တော် အား ကျွန်​တော်​မျိုး​ခေါ်​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​ထူး​တော်​မ​မူ​ပါ။ ညဥ့်​အ​ခါ​ကျွန်​တော်​မျိုး​ခေါ်​ပါ​၏။ သို့​ရာ​တွင်​ကျွန်​တော်​မျိုး​စိတ်​သက်​သာ​ခွင့်​ကို မ​ရ​ပါ။
3 Yet Thou art holy, O Thou that art enthroned upon the praises of Israel.
သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ပလ္လင်​တော်​ပေါ်​တွင် စံ​တော်​မူ​သော​အ​ရှင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထော​မ​နာ​ပြု​ခြင်း​ကို ခံ​တော်​မူ​ရ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။
4 In Thee did our fathers trust; they trusted, and Thou didst deliver them.
ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး​များ​သည်​ကိုယ်​တော်​ကို ကိုး​စား​ခဲ့​ကြ​ပါ​၏။ ယင်း​သို့​သူ​တို့​ကိုး​စား​သည့်​အ​တိုင်း ကိုယ်​တော်​သည်​လည်း​သူ​တို့​အား ကယ်​တော်​မူ​ခဲ့​ပါ​၏။
5 Unto Thee they cried, and escaped; in Thee did they trust, and were not ashamed.
သူ​တို့​သည်​ကိုယ်​တော်​၏​ထံ​တော်​သို့​အော်​ဟစ် တောင်း​လျှောက်​ကြ​သ​ဖြင့် ဘေး​ဥ​ပဒ်​များ​မှ​လွတ်​မြောက်​ခဲ့​ကြ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည်​ကိုး​စား ကြ​သည် နှင့်​အ​မျှ​အ​ကျိုး​ကို​ခံ​စား​ကြ​ရ​ပါ​၏။
6 But I am a worm, and no man; a reproach of men, and despised of the people.
သို့​ရာ​တွင်​ကျွန်​တော်​မျိုး​သည်​လူ​မ​ဟုတ်၊ ပိုး​ကောင်​မျှ​သာ​ဖြစ်​၍​လူ​တ​ကာ​တို့​ကဲ့​ရဲ့ စ​ရာ၊ မ​ထီ​လေး​စား​ပြု​စ​ရာ​ဖြစ်​ပါ​၏။
7 All they that see me laugh me to scorn; they shoot out the lip, they shake the head:
ကျွန်​တော်​မျိုး​အား​မြင်​သော​သူ​တိုင်း ပြောင်​လှောင်​ကြ​ပါ​၏။ သူ​တို့​သည်​လျှာ​ကို​ထုတ်​လျက်​ဦး​ခေါင်း​ကို ခါ​ကြ​ပါ​၏။
8 'Let him commit himself unto the LORD! let Him rescue him; let Him deliver him, seeing He delighteth in him.'
သူ​တို့​က``သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​အား​ကိုး ဘိ​၏။ ကိုယ်​တော်​သည်​သင့်​ကို​အ​ဘယ်​ကြောင့် မ​ကယ်​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို နှစ်​သက်​မြတ်​နိုး​တော်​မူ​လျှင် အ​ဘယ်​ကြောင့်​သင့်​အား​ကယ်​မ​တော် မ​မူ ပါ​သ​နည်း'' ဟု​ဆို​ကြ​၏။
9 For Thou art He that took me out of the womb; Thou madest me trust when I was upon my mother's breasts.
ကျွန်​တော်​မျိုး​အား​ဘေး​ဥ​ပဒ်​ကင်း​ရှင်း​စွာ အ​မိ​ဝမ်း​မှ​မွေး​ဖွား​စေ​တော်​မူ​သော​အ​ရှင် ကား ကိုယ်​တော်​ရှင်​ပင်​ဖြစ်​ပါ​၏။ နို့​စို့​သူ​ငယ်​ဖြစ်​စဉ်​အ​ခါ​က​လည်း ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​သည် ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​ခဲ့​ပါ​၏။
10 Upon Thee I have been cast from my birth; Thou art my God from my mother's womb.
၁၀ကျွန်​တော်​မျိုး​သည်​မွေး​ဖွား​ချိန်​မှ​အ​စ ပြု​၍ ကိုယ်​တော်​ရှင်​ကို​အား​ကိုး​ခဲ့​ပါ​၏။ ထို​အ​ချိန်​မှ​စ​၍​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။
11 Be not far from me; for trouble is near; for there is none to help.
၁၁ကျွန်​တော်​မျိုး​နှင့်​ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​ဒုက္ခ​ရောက်​ပါ​တော့​မည်။ ကူ​မ​မည့်​သူ​လည်း​တစ်​ယောက်​မျှ​မ​ရှိ​ပါ။
12 Many bulls have encompassed me; strong bulls of Bashan have beset me round.
၁၂ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့​သည်​ဗာ​ရှန်​ဒေ​သ​မှ ကြောက်​မက်​ဖွယ်​ကောင်း​သော​နွား​သိုး​များ​ကဲ့​သို့ ကျွန်​တော်​မျိုး​ကို​ဝိုင်း​ရံ​ထား​ကြ​ပါ​၏။
13 They open wide their mouth against me, as a ravening and a roaring lion.
၁၃ခြင်္သေ့​များ​ကဲ့​သို့​ခံ​တွင်း​ကို​ဟ​၍​ဟိန်း​ဟောက် ကာ ကျွန်​တော်​မျိုး​ကို​ကိုက်​ဖြတ်​မည်​ပြု​ကြ​၏။
14 I am poured out like water, and all my bones are out of joint; my heart is become like wax; it is melted in mine inmost parts.
၁၄ကျွန်​တော်​မျိုး​၏​ခွန်​အား​သည်​မြေ​ကြီး​ပေါ်​တွင် ဖိတ်​သည့်​ရေ​ကဲ့​သို့​ခန်း​ခြောက်​သွား​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​ရိုး​အား​လုံး​သည် အ​ဆစ်​ပြုတ်​လျက်​နေ​ပါ​၏။ ရင်​တွင်း​မှ​နှ​လုံး​သား​သည်​အ​ရည်​ပျော် သော ဖ​ယောင်း​ကဲ့​သို့​ဖြစ်​၍​နေ​ပါ​၏။
15 My strength is dried up like a potsherd; and my tongue cleaveth to my throat; and Thou layest me in the dust of death.
၁၅ကျွန်​တော်​မျိုး​၏​လည်​ချောင်း​သည်​မြေ​မှုန့် ကဲ့​သို့ ခြောက်​လျက်​ကျွန်​တော်​မျိုး​၏​လျှာ​သည်​လည်း အာ​ခေါင်​တွင်​ကပ်​၍​နေ​ပါ​၏။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​သေ​စေ​ရန် မြေ​မှုန့်​တွင်​စွန့်​ပစ်​ထား​တော်​မူ​ပါ​ပြီ။
16 For dogs have encompassed me; a company of evil-doers have inclosed me; like a lion, they are at my hands and my feet.
၁၆လူ​ဆိုး​တစ်​စု​သည်​ကျွန်​တော်​မျိုး​ကို ဝိုင်း​ထား​ကြ​ပါ​၏။ သူ​တို့​သည်​တော​ခွေး​အုပ်​ကဲ့​သို့​ကျွန်​တော်​မျိုး အ​နီး​သို့​ချဉ်း​ကပ်​လာ​ပြီး​လျှင် ကျွန်​တော်​မျိုး​၏​ခြေ​လက်​များ​ကို​ကိုက်​ဖြတ် ကြ​ပါ​၏။
17 I may count all my bones; they look and gloat over me.
၁၇ကျွန်​တော်​မျိုး​၏​အ​ရိုး​များ​အား​လုံး​ပင် ပြိုင်း​ပြိုင်း ပေါ်​လာ​ပါ​၏။ ရန်​သူ​တို့​သည်​ကျွန်​တော်​မျိုး​ကို​အား​ရ ဝမ်း​သာ​စွာ စူး​စိုက်​၍​ကြည့်​ကြ​ပါ​၏။
18 They part my garments among them, and for my vesture do they cast lots.
၁၈ကျွန်​တော်​မျိုး​၏​အ​ဝတ်​များ​ကို​သူ​တို့​သည် အ​ချင်း​ချင်း​ခွဲ​ဝေ​၍​ယူ​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဝတ်​လုံ​ကို​မဲ​ချ​ကြ​ပါ​၏။
19 But Thou, O LORD, be not far off; O Thou my strength, hasten to help me.
၁၉အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​နှင့်​ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ လျင်​မြန်​စွာ​ကြွ​လာ​၍​ကယ်​တော်​မူ​ပါ။
20 Deliver my soul from the sword; mine only one from the power of the dog.
၂၀ဋ္ဌား​ဘေး​မှ​ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ခွေး​ကဲ့​သို့​သော​သူ​တို့​၏​ဘေး​မှ​ကျွန်​တော် မျိုး​၏ အ​သက်​ကို​ကယ်​တော်​မူ​ပါ။
21 Save me from the lion's mouth; yea, from the horns of the wild-oxen do Thou answer me.
၂၁ခြင်္သေ့​ကဲ့​သို့​ကြမ်း​ကြုတ်​သော​သူ​တို့​၏​လက်​မှ ကျွန်​တော်​မျိုး​၏​အ​သက်​ကို​ကယ်​တော်​မူ​ပါ။ နွား​သိုး​ရိုင်း​ကဲ့​သို့​သော​သူ​တို့​၏​အ​ရှေ့​တွင် ကျွန်​တော်​မျိုး​သည်​ခို​ကိုး​ရာ​မဲ့​ဖြစ်​၍​နေ​ပါ​၏။
22 I will declare Thy name unto my brethren; in the midst of the congregation will I praise Thee.
၂၂ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​တို့​ကို ကျွန်​တော်​မျိုး​၏​သား​ချင်း​တို့​အား​ပြော ကြား​ပါ​မည်။ ထို​သူ​တို့​စည်း​ဝေး​ရာ​တွင်​ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ပါ​မည်။
23 'Ye that fear the LORD, praise Him; all ye the seed of Jacob, glorify Him; and stand in awe of Him, all ye the seed of Israel.
၂၃ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​တို့၊​ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ယာ​ကုပ်​၏​သား​မြေး​တို့၊​ကိုယ်​တော်​အား ဂုဏ်​ပြု​ချီး​ကူး​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊​ကိုယ်​တော်​အား ဝတ်​ပြု​ကိုး​ကွယ်​ကြ​လော့။
24 For He hath not despised nor abhorred the lowliness of the poor; neither hath He hid His face from him; but when he cried unto Him, He heard.'
၂၄ကိုယ်​တော်​သည်​ဆင်း​ရဲ​သူ​တို့​အား​ပစ်​ထား တော်​မ​မူ​ပါ။ သူ​တို့​၏​ဆင်း​ရဲ​ဒုက္ခ​များ​ကို​လည်း လျစ်​လူ​ရှု​တော်​မ​မူ​ပါ။ ကိုယ်​တော်​သည်​သူ​တို့​ကို​မျက်​နှာ​တော်​လွှဲ တော်​မ​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​သူ​တို့​အော်​ဟစ် တောင်း​လျှောက်​သည်​ကို​နား​ညောင်း​တော်​မူ​ပါ​၏။
25 From Thee cometh my praise in the great congregation; I will pay my vows before them that fear Him.
၂၅ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော ကျေး​ဇူး​တော်​အ​တွက် ကိုယ်​တော်​အား​ကိုး​ကွယ်​သူ​လူ​ပ​ရိ​သတ်​ရှေ့​တွင် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ပါ​မည်။ ကျွန်​တော်​မျိုး​သည်​မိ​မိ​က​တိ​သစ္စာ​ပြု​ခဲ့​သည့် အ​တိုင်း ယဇ်​ပူ​ဇော်​ပါ​မည်။
26 Let the humble eat and be satisfied; let them praise the LORD that seek after Him; may your heart be quickened for ever!
၂၆ဆင်း​ရဲ​သူ​တို့​သည်​ဝ​စွာ​စား​ရ​ကြ​ပါ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​သူ တို့​သည် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​စဉ်​ကောင်း​စား​ကြ​ပါ​စေ သော။
27 All the ends of the earth shall remember and turn unto the LORD; and all the kindreds of the nations shall worship before Thee.
၂၇လူ​မျိုး​တ​ကာ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို သ​တိ​ရ​ကြ​လိမ့်​မည်။ ကမ္ဘာ​အ​ရပ်​ရပ်​မှ​လူ​မျိုး​အ​ပေါင်း​တို့​သည် စိတ်​သ​ဘော​ပြောင်း​လဲ​၍​ကိုယ်​တော်​ကို ကိုး​ကွယ်​ဆည်း​ကပ်​ကြ​လိမ့်​မည်။
28 For the kingdom is the LORD'S; and He is the ruler over the nations.
၂၈ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏။ လူ​မျိုး​တ​ကာ​တို့​ကို​အုပ်​စိုး​တော်​မူ​၏။
29 All the fat ones of the earth shall eat and worship; all they that go down to the dust shall kneel before Him, even he that cannot keep his soul alive.
၂၉မာ​န​ကြီး​သူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​အား ဦး​ညွှတ်​ရှိ​ခိုး​ကြ​လိမ့်​မည်။ သေ​မျိုး​ဖြစ်​သူ​လူ​အ​ပေါင်း​တို့​သည်​ရှေ့​တော်​၌ ဦး​ညွှတ်​ရှိ​ခိုး​ကြ​လိမ့်​မည်။
30 A seed shall serve him; it shall be told of the Lord unto the next generation.
၃၀အ​နာ​ဂတ်​လူ​မျိုး​ဆက်​တို့​သည်​ကိုယ်​တော်​၏ အ​မှု​တော်​ကို​ထမ်း​ဆောင်​ကြ​လိမ့်​မည်။ ယ​ခု​လူ​မျိုး​ဆက်​တို့​သည်​လာ​လတ္တံ့​သော လူ​မျိုး​ဆက်​အား​ဘု​ရား​ရှင်​၏​အ​ကြောင်း တော်​ကို ပြော​ကြား​ကြ​လိမ့်​မည်။
31 They shall come and shall declare His righteousness unto a people that shall be born, that He hath done it.
၃၁``ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ကယ်​တော်​မူ​ခဲ့​၏'' ဟု​လာ​လတ္တံ့​သော လူ​မျိုး​ဆက်​အား​ပြော​ကြား​ကြ​လိမ့်​မည်။

< Psalms 22 >