< Psalms 148 >

1 Hallelujah. Praise ye the LORD from the heavens; praise Him in the heights.
ကောင်းကင် ဘုံ၌ ထာဝရဘုရား ကို ချီးမွမ်း ကြလော့။ ဘဝဂ် ပေါ် မှာ ချီးမွမ်း ကြလော့။
2 Praise ye Him, all His angels; praise ye Him, all His hosts.
ကောင်းကင် တမန်အပေါင်း တို့၊ ထာဝရ ဘုရား ကို ချီးမွမ်း ကြလော့။ ကောင်းကင်ဗိုလ်ခြေ အပေါင်း တို့ ချီးမွမ်း ကြလော့။
3 Praise ye Him, sun and moon; praise Him, all ye stars of light.
နေ လ တို့၊ ထာဝရ ဘုရားကိုချီးမွမ်း ကြလော့။ ထွန်းလင်း သော ကြယ် အပေါင်း တို့၊ ချီးမွမ်း ကြလော့။
4 Praise Him, ye heavens of heavens, and ye waters that are above the heavens.
ကောင်းကင် အထပ်ထပ်နှင့် ကောင်းကင် ပေါ် မှာ ရေ များတို့၊ ချီးမွမ်း ကြလော့။
5 Let them praise the name of the LORD; for He commanded, and they were created.
ထို အရာတို့ကိုအမိန့် တော်ရှိ၍ ၊ ဖန်ဆင်း တော်မူသောကြောင့် ၊ ထာဝရဘုရား ၏နာမတော် ကို ချီးမွမ်း ကြစေ။
6 He hath also established them for ever and ever; He hath made a decree which shall not be transgressed.
ထို အရာတို့ကို ကာလ အစဉ်အဆက် အမြဲတည် စေတော်မူ၍ ၊ မ ပျက် ရသောဓမ္မတာ ကို စီရင် တော်မူ၏။
7 Praise the LORD from the earth, ye sea-monsters, and all deeps;
မြေကြီး ၌ ရှိသောအရာ၊ ငါး ကြီးများ၊ နက်နဲ ရာ အရပ် များ၊
8 Fire and hail, snow and vapour, stormy wind, fulfilling His word;
မီး နှင့် မိုဃ်းသီး ၊ မိုဃ်းပွင့် နှင့် အခိုး အငွေ့၊ အမိန့် တော်ကို နားထောင် သော လေပြင်း မုန်တိုင်း၊
9 Mountains and all hills, fruitful trees and all cedars;
တောင် ကြီးတောင် ငယ်ရှိသမျှ ၊ အသီး ကိုသီးသောအပင် ၊ အာရဇ် ပင် ရှိသမျှ၊
10 Beasts and all cattle, creeping things and winged fowl;
၁၀သားရဲ နှင့် သားယဉ် အပေါင်း ၊ တွား တတ်သော တိရိစ္ဆာန်နှင့် ပျံ တတ်သော ငှက် အစရှိသော၊
11 Kings of the earth and all peoples, princes and all judges of the earth;
၁၁လောကီ ရှင် ဘုရင်များနှင့် ပြည်သူ ပြည်သားအပေါင်း ၊ မင်း များနှင့် လောကီ တရားသူကြီး အပေါင်း၊
12 Both young men and maidens, old men and children;
၁၂လူပျို နှင့် အပျို များ၊ လူအို နှင့် လူ ကလေးများတို့၊ ထာဝရဘုရား ကို ချီးမွမ်း ကြလော့။
13 Let them praise the name of the LORD, for His name alone is exalted; His glory is above the earth and heaven.
၁၃နာမတော်တပါးတည်း သာလျှင် မြတ်၍၊ ဘုန်း တော်သည်မြေကြီး နှင့် ကောင်းကင် အပေါ် ထက်၌ ရှိသောကြောင့်၊ ထာဝရ ဘုရား၏ နာမတော် ကို ချီးမွမ်း ကြစေ။
14 And He hath lifted up a horn for His people, a praise for all His saints, even for the children of Israel, a people near unto Him. Hallelujah.
၁၄မိမိ လူစု တို့၏ဦးချို ကို ချီးမြှင့် တော်မူသဖြင့် ၊ အနီး တော်၌ရှိသောလူစု ၊ ဣသရေလ အမျိုးသားတည်းဟူသော မိမိ သန့်ရှင်း သူအပေါင်း တို့၏ ချီးမွမ်း ရာဖြစ် တော်မူ၏။ ဟာလေလုယ။

< Psalms 148 >