< Proverbs 26 >

1 As snow in summer, and as rain in harvest, so honour is not seemly for a fool.
နွေ ကာလ၌ မိုဃ်းပွင့် ကဲ့သို့ ၎င်း၊ စပါး ရိတ်ရာကာလ ၌ မိုဃ်း ရေကဲ့သို့ ၎င်း၊ မိုက် သောသူသည် ဂုဏ် အသရေကို မ ခံသင့်။
2 As the wandering sparrow, as the flying swallow, so the curse that is causeless shall come home.
စာငှက် သည် အရပ်ရပ် လှည့်လည်၍ ၊ ဇရက် သည် လည်း ပျံ သွားသကဲ့သို့ ၊ ထိုနည်းတူ အကြောင်း မရှိသော ကျိန်ဆဲ ခြင်းသည် မ သင့်မရောက် တတ်။
3 A whip for the horse, a bridle for the ass, and a rod for the back of fools.
မြင်း ဘို့ နှင်တံ ၊ မြင်း ဘို့ ဇက်ကြိုး ၊ မိုက် သောသူ၏ ကျော ဘို့ ကြိမ်လုံး သည် သင့်ပေ၏။
4 Answer not a fool according to his folly, lest thou also be like unto him.
မိုက် သောသူ၏ သဘောသို့လိုက်၍၊ သူ၏စကား ကို မ ချေ နှင့်။ ထိုသို့ ချေလျှင် သူ နှင့် တူ လိမ့်မည်။
5 Answer a fool according to his folly, lest he be wise in his own eyes.
မိုက်သောသူ၏ သဘောသို့လိုက်၍ သူ၏စကား ကို ချေလော့။ သို့မဟုတ် ၊ သူသည် ဝါကြွားသောစိတ် ရှိ လိမ့်မည်။
6 He that sendeth a message by the hand of a fool cutteth off his own feet, and drinketh damage.
မိုက် သော သူတွင် မှာ လိုက်သောသူသည် ကိုယ်ခြေ ကို ဖြတ် ၍ အကျိုးနည်းရှိ ၏။
7 The legs hang limp from the lame; so is a parable in the mouth of fools.
သုတ္တံ စကားကို မိုက် သောသူ ပြော ခြင်းသည် ခြေဆွံ့ သောသူ၏ ခြေ ကြွ ခြင်း ကဲ့သို့ဖြစ်၏။
8 As a small stone in a heap of stones, so is he that giveth honour to a fool.
မိုက် သောသူကို ချီးမြှောက် ခြင်းသည် ကျောက် ပုံ ၌ ကျောက်မြတ် ကို ပစ် ထားခြင်းကဲ့သို့ ဖြစ်၏။
9 As a thorn that cometh into the hand of a drunkard, so is a parable in the mouth of fools.
ဆူး သည် ယစ်မူး သောသူ၏လက် ကို စူး သကဲ့သို့ ၊ သတ္တံ စကားသည် မိုက် သောသူ၏ နှုတ် ၌ ရှိ၏။
10 A master performeth all things; but he that stoppeth a fool is as one that stoppeth a flood.
၁၀ကြီး သောသူသည် ခပ်သိမ်း သောသူတို့ကို တုန်လှုပ် စေတတ်၏။ မိုက် သောသူနှင့် ပြစ်မှား တတ် သောသူတို့ ကို စေ သုံးတတ်၏။
11 As a dog that returneth to his vomit, so is a fool that repeateth his folly.
၁၁ခွေး သည် မိမိ အန်ဖတ် ကို ပြန် ၍စားတတ်သကဲ့သို့ ၊ မိုက် သောသူသည် မိုက် သောအကျင့်ကို ပြန် ၍ ကျင့်တတ်၏။
12 Seest thou a man wise in his own eyes? there is more hope of a fool than of him.
၁၂ငါသည် ပညာ ရှိ၏ဟု ထင် သောသူ ရှိလျှင်၊ ထိုသူ ၌ မြော်လင့်စရာအခွင့်ရှိသည်ထက်၊ မိုက် သောသူ၌ သာ၍ မြော်လင့် စရာအခွင့်ရှိ၏။
13 The sluggard saith: 'There is a lion in the way; yea, a lion is in the streets.'
၁၃ပျင်းရိ သောသူက၊ အိမ် ပြင်မှာ ခြင်္သေ့ ရှိ၏။ လမ်း တို့၌ ခြင်္သေ့ ရှိ၏ဟု ဆို တတ်၏။
14 The door is turning upon its hinges, and the sluggard is still upon his bed.
၁၄တံခါးရွက် သည် စရွေး ၌ လည် သကဲ့သို့ ပျင်းရိ သောသူသည် အိပ်ရာ ပေါ် မှာ လည်တတ်၏။
15 The sluggard burieth his hand in the dish; it wearieth him to bring it back to his mouth.
၁၅ပျင်းရိ သောသူသည် မိမိ လက် ကို အိုး ၌ သွင်း သော်လည်း၊ တဖန်နှုတ် ၍ မိမိ ပစပ် သို့ ခွံရလျှင် စိတ်ညစ် တတ်၏။
16 The sluggard is wiser in his own eyes than seven men that give wise answer.
၁၆ပျင်းရိ သောသူက၊ ငါသည် အကျိုးအကြောင်းကို ပြတတ်သောသူ ခုနစ် ယောက်ထက် သာ၍ပညာရှိသည် ဟု ကိုယ်ကိုထင်တတ်၏။
17 He that passeth by, and meddleth with strife not his own, is like one that taketh a dog by the ears.
၁၇လမ်း၌ရှောက်သွား ၍ မိမိ မ ဆိုင်သောအမှု ကို ရောနှော သောသူသည် ခွေး နားရွက် ကို ကိုင် ဆွဲသောသူ နှင့် တူ၏။
18 As a madman who casteth firebrands, arrows, and death;
၁၈ငါ ကျီစား ရုံမျှသာ ပြုသည်ဟုဆို လျက်၊
19 So is the man that deceiveth his neighbour, and saith: 'Am not I in sport?'
၁၉မိမိ အိမ်နီးချင်း ကို လှည့်စား သောသူ သည် မီးစ ၊ မြှား ၊ သေဘေး ကို ပစ် တတ်သော အရူး နှင့် တူ၏။
20 Where no wood is, the fire goeth out; and where there is no whisperer, contention ceaseth.
၂၀ထင်း မ ရှိလျှင် မီး သေ တတ်သကဲ့သို့ ကုန်းတိုက် သော သူမ ရှိလျှင် ရန် ငြိမ်း တတ်၏။
21 As coals are to burning coals, and wood to fire; so is a contentious man to kindle strife.
၂၁မီးခဲ ချင်းပြုသကဲ့သို့၎င်း ၊ ထင်း သည် မီး ကို မွေး သကဲ့သို့ ၎င်း၊ ရန်တွေ့ တတ်သောသူ သည် ခိုက်ရန် မှုကို ပြုစု တတ်၏။
22 The words of a whisperer are as dainty morsels, and they go down into the innermost parts of the body.
၂၂ကုန်းတိုက် သောသူ ၏စကား သည် မြိန် သော ခဲဘွယ် စားဘွယ်ကဲ့သို့ ဖြစ်၍ ၊ ဝမ်း အတွင်း သို့ဝင် တတ်၏။
23 Burning lips and a wicked heart are like an earthen vessel overlaid with silver dross.
၂၃ချစ် အားကြီးသောနှုတ် နှင့် ၊ ဆိုးညစ် သော စိတ် နှလုံး သည် ချော် မွမ်းမံ သော အိုးခြမ်း နှင့် တူ၏။
24 He that hateth dissembleth with his lips, but he layeth up deceit within him.
၂၄အငြိုး ထားသောသူသည် နှုတ် ဖြင့် လျှို့ဝှက် ၍ ၊ ကိုယ် ထဲမှာလှည့်စား သော သဘောကိုဝှက်ထား တတ်၏။
25 When he speaketh fair, believe him not; for there are seven abominations in his heart.
၂၅ထိုသို့သောသူ ၏ စကား သည် ချို သော်လည်း မ ယုံ နှင့်။ သူ ၏စိတ် နှလုံးထဲမှာ စက်ဆုပ် ရွံရှာဘွယ်သော အရာခုနစ် ပါးရှိ၏။
26 Though his hatred be concealed with deceit, his wickedness shall be revealed before the congregation.
၂၆အငြိုး ထားခြင်းကို လှည့်စား ခြင်းအားဖြင့် ဝှက်ထား သောသူ ၏ ဒုစရိုက် အပြစ်သည် ပရိသတ် ရှေ့ မှာ ထင်ရှား လိမ့်မည်။
27 Whoso diggeth a pit shall fall therein; and he that rolleth a stone, it shall return upon him.
၂၇တွင်း တူး သောသူသည် မိမိ တွင်းထဲသို့ ကျ လိမ့်မည်။ ကျောက် ကို လှိမ့် သောသူအပေါ် သို့ ထို ကျောက် သည် ပြန် ၍လိမ့်လိမ့်မည်။
28 A lying tongue hateth those that are crushed by it; and a flattering mouth worketh ruin.
၂၈မုသား ပြော တတ်သောသူသည် မိမိ ညှဉ်းဆဲ သောသူတို့ကို မုန်း တတ်၏။ ချော့မော့ တတ်သောသူသည် လည်း ဖျက်ဆီး တတ်၏။

< Proverbs 26 >