< Nehemiah 12 >

1 Now these are the priests and the Levites that went up with Zerubbabel the son of Shealtiel, and Jeshua: Seraiah, Jeremiah, Ezra;
ရှာလသေလသား ဇေရုဗဗေလနှင့် ယောရှု နောက်သို့ လိုက်လာ သောယဇ်ပုရောဟိတ်၊ လေဝိသား ဟူမူကား၊ စရာယ၊ ယေရမိ၊ ဧဇရ၊
2 Amariah, Malluch, Hattush;
အာမရိ၊ မလ္လုတ်၊ ဟတ္တုတ်၊
3 Shecaniah, Rehum, Meremoth;
ရှေခနိ၊ ရေတုံ၊ မေရမုတ်၊
4 Iddo, Ginnethoi, Abijah;
ဣဒေါ၊ ဂိန္နေသုန်၊ အဘိယ၊
5 Mijamin, Maadiah, Bilgah;
မိညာမိန်၊ မာဒျာ၊ ဗိလဂ၊
6 Shemaiah, and Joiarib, Jedaiah;
ရှေမာယ၊ ယောယရိပ်၊ ယေဒါယ၊
7 Sallu, Amok, Hilkiah, Jedaiah. These were the chiefs of the priests and their brethren in the days of Jeshua.
သလ္လု၊ အာမောက်၊ ဟိလခိ၊ ယေဒါယတည်း ဟူသော ယောရှုလက်ထက်၌ အမျိုးသားချင်း ယဇ် ပုရောဟိတ်တို့တွင် အကြီးအကဲ ဖြစ်ကြ၏။
8 Moreover the Levites: Jeshua, Binnui, Kadmiel, Sherebiah, Judah, and Mattaniah, who was over the thanksgiving, he and his brethren.
လေဝိသားမူကား ယောရှု၊ ဗိနွိ၊ ကပ်မျေလ၊ ရှေရဘိ၊ ယုဒ၊ ကျေးဇူးတော် ချီးမွမ်းခြင်းအမှုကို ညီအစ်ကို တို့နှင့်အတူ အုပ်သော မဿနိတည်း။
9 Also Bakbukiah and Unni, their brethren, were over against them in wards.
သူတို့ညီအစ်ကို ဗာကဗုကိနှင့် ဥနိတို့သည် ကင်းစောင့်အမှုကို အုပ်ရကြ၏။
10 And Jeshua begot Joiakim, and Joiakim begot Eliashib, and Eliashib begot Joiada,
၁၀ယောရှုသား ယောယကိမ်၊ ယောယကိမ်သား ဧလျာရှိပ်၊ ဧလျာရှိပ်သား ယောယဒ၊
11 and Joiada begot Jonathan and Jonathan begot Jaddua.
၁၁ယောယဒသား ယောနသန်၊ ယောနသန်သား ယာဒွါတည်း။
12 And in the days of Joiakim were priests, heads of fathers' houses: of Seraiah, Meraiah; of Jeremiah, Hananiah;
၁၂ယောယကိန် လက်ထက်၌ အဆွေအမျိုးသူကြီး ယဇ်ပုရောဟိတ် များဟူမူကား၊ စရာယသား မေရာယ၊ ယေရမိသား ဟာနနိ၊
13 of Ezra, Meshullam; of Amariah, Jehohanan;
၁၃ဧဇရသား မေရှုလံ၊ အာမရိသား ယောဟနန်၊
14 of Melicu, Jonathan; of Shebaniah, Joseph;
၁၄မလ္လုတ်သားယောနသန်၊ ရှေခနိသားယောသပ်၊
15 of Harim, Adna; of Meraioth, Helkai;
၁၅ဟာရိမသား အာဒန၊ မေရာယုတ်သား ဟေလကဲ၊
16 of Iddo, Zechariah; of Ginnethon, Meshullam;
၁၆ဣဒေါသား ဇာခရိ၊ ဂိန္နေသုန်သား မေရှုလံ၊
17 of Abijah, Zichri; of Miniamin; of Moadiah, Piltai;
၁၇အဘိယသား ဇိခရိ၊ မိညာမိန်သား၊ မာဒျာသား ပိလတဲ၊
18 of Bilgah, Shammua; of Shemaiah, Jehonathan;
၁၈ဗိလဂသား ရှမွာ၊ ရှေမာယသား ယေဟော နသန်၊
19 and of Joiarib, Mattenai; of Jedaiah, Uzzi;
၁၉ယောယရိပ်သား မတ္တေနဲ၊ ယေဒါယသားဩဇိ၊
20 of Sallai, Kallai; of Amok, Eber;
၂၀သလ္လုသား ကာလဲ၊ အာမောက်သား ဧဗာ၊
21 of Hilkiah, Hashabiah; of Jedaiah, Nethanel.
၂၁ဟိလခိသား ဟာရှဘိ၊ ယေဒါယသား နာသ နေလတည်း။
22 The Levites in the days of Eliashib, Joiada, and Johanan, and Jaddua, were recorded heads of fathers' houses; also the priests, in the reign of Darius the Persian.
၂၂ဧလျာရှိပ်၊ ယောယဒ၊ ယောဟနန်၊ ယာဒွါတို့ လက်ထက်၌ လေဝိသား အဆွေအမျိုးသူကြီးတို့ကို၎င်း၊ ပေရလိမင်း ဒါရိလက်ထက်တိုင်အောင် ယဇ်ပုရောဟိတ် တို့ကို၎င်း၊ မှတ်သားသော စာရင်းရှိ၏။
23 The sons of Levi, heads of fathers' houses, were written in the book of the chronicles, even until the days of Johanan the son of Eliashib.
၂၃ဧလျာရှိပ်သား ယောဟနန်လက်ထက် တိုင် အောင် လေဝိသား အဆွေအမျိုးသူကြီးတို့ကို စာရင်းယူ၍ ရာဇဝင်မှတ်စာ၌ သွင်းသတည်း။
24 And the chiefs of the Levites: Hashabiah, Sherebiah, and Jeshua the son of Kadmiel, with their brethren over against them, to praise and give thanks, according to the commandment of David the man of God, ward against ward.
၂၄လေဝိသားအကြီးအကဲ၊ ဟာရှဘိ၊ ရှေရဘိ၊ ကပ်မျေလသား ယောရှုတို့သည် ညီအစ်ကိုများနှင့် ဝိုင်း၍ ဘုရားသခင်၏ လူဒါဝိဒ်စီရင်သည်အတိုင်း ဂုဏ်ကျေးဇူး တော်ကို ဘော်ပြချီးမွမ်းခြင်းအမှုကို အလှည့်လှည့် စောင့်ရကြ၏။
25 Mattaniah, and Bakbukiah, Obadiah, Meshullam, Talmon, Akkub, were porters keeping the ward at the store-houses of the gates.
၂၅မဿနိ၊ ဗာကဗုကိ၊ ဩဗဒိ၊ မေရှုလံ၊ တာလမုန်၊ အက္ကုပ်တို့သည်လည်း တံခါးဝနားမှာ စောင့်ရသော တံခါးစောင့်ဖြစ်ကြ၏။
26 These were in the days of Joiakim the son of Jeshua, the son of Jozadak, and in the days of Nehemiah the governor, and of Ezra the priest the scribe.
၂၆ထိုသူတို့သည် ယောဇဒက်သား ယောရှု၏သား ယောယကိန်လက်ထက်၊ မြို့ဝန်နေဟမိလက်ထက်၊ ကျမ်း တတ်ယဇ်ပုရောဟိတ် ဧဇရလက်ထက်၌ရှိကြ၏။
27 And at the dedication of the wall of Jerusalem they sought the Levites out of all their places, to bring them to Jerusalem, to keep the dedication with gladness, both with thanksgivings, and with singing, with cymbals, psalteries, and with harps.
၂၇ယေရုရှလင်မြို့ရိုးကို အနုမောဒနာပြုသော အခါ၊ ခွက်ကွင်း၊ စောင်း၊ တယောနှင့် တီးမှုတ်လျက် သီချင်းဆိုလျက် ဝမ်းမြောက်ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ အနုမောဒနာ ပြုအံ့သောငှါ လေဝိသားတို့ကိုရှာ၍ သူတို့နေရာ အရပ်ရပ်တို့က ယေရုရှလင်မြို့သို့ ခေါ်ကြ၏။
28 And the sons of the singers gathered themselves together, both out of the Plain round about Jerusalem, and from the villages of the Netophathites;
၂၈ဓမ္မသီချင်းကို ဆိုတတ်သောအမျိုးသားတို့သည်၊
29 also from Beth-gilgal, and out of the fields of Geba and Azmaveth; for the singers had builded them villages round about Jerusalem.
၂၉ယေရုရှလင်မြို့ပတ်ဝန်းကျင်ရွာတို့၌ နေရာကျ လျက်ရှိ၍၊ ယေရုရှလင်မြို့ ပတ်ဝန်းကျင်၊ လွင်ပြင်အရပ် များ၊ နေတောဖာသိရွာများ၊ ဂိလဂါလမြို့နယ်၊ ဂေဗနှင့် အာဇမာဝက်ကျေးလက်ထဲက လာ၍ စည်းဝေးကြ၏။
30 And the priests and the Levites purified themselves; and they purified the people, and the gates, and the wall.
၃၀ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည်လည်း၊ ကိုယ်ကို၎င်း၊ လူများ၊ မြို့တံခါး၊ မြို့ရိုးကို၎င်း စင်ကြယ်စေ ကြ၏။
31 Then I brought up the princes of Judah upon the wall, and appointed two great companies that gave thanks and went in procession: on the right hand upon the wall toward the dung gate;
၃၁ထိုအခါ ယုဒမင်းတို့ကို မြို့ရိုးပေါ်သို့ငါခေါ်၍၊ ချီးမွမ်းရာသီချင်းဆိုရသော လူစုကြီးနှစ်စုကို ခန့်ထား၏။ တစုကားလက်ျာရစ်လှည့်၍ နောက်ချေးတံခါးသို့ မြို့ရိုး ပေါ်မှာ ရှောက်သွားကြ၏။
32 and after them went Hoshaiah, and half of the princes of Judah;
၃၂သူတို့နောက်မှာ ဟောရှာယနှင့် ယုဒမင်း တဝက်၊
33 and Azariah, Ezra, and Meshullam,
၃၃အာဇရိ၊ ဧဇရ၊ မေရှုလံ၊
34 Judah, and Benjamin, and Shemaiah, and Jeremiah;
၃၄ယုဒ၊ ဗင်္ယာမိန်၊ ရှေမာယ၊ ယေရမိ၊
35 and certain of the priests' sons with trumpets: Zechariah the son of Jonathan, the son of Shemaiah, the son of Mattaniah, the son of Micaiah, the son of Zaccur, the son of Asaph;
၃၅တံပိုးကိုင်သော ယဇ်ပုရောဟိတ် အမျိုးသား အချို့၊ အာသပ်၊ ဇက္ကုရ၊ မိက္ခာယ၊ မဿနိ၊ ရှေမာယ၊ ယောနသန်တို့မှ ဆင်းသက်သော ဇာခရိ အစရှိသော၊
36 and his brethren, Shemaiah, and Azarel, Milalai, Gilalai, Maai, Nethanel, and Judah, Hanani, with the musical instruments of David the man of God; and Ezra the scribe was before them;
၃၆သူ၏ညီရှေမာယ၊ အာဇရေလ၊ မိလလဲ၊ ဂိလလဲ၊ မာဣ၊ နာသလေ၊ ယုဒ၊ ဟာနနိတို့သည် ဘုရားသခင်၏ လူဒါဝိဒ်၏ တုရိယာမျိုးကို ကိုင်လျက်လိုက်ကြ၏။ ကျမ်း တတ်ဆရာ ဧဇရသည် သူတို့ရှေ့မှာ သွား၏။
37 and by the fountain gate, and straight before them, they went up by the stairs of the city of David, at the going up of the wall, above the house of David, even unto the water gate eastward.
၃၇သူတို့တဘက်တချက်၌ ရှိသောစမ်းရေတွင်း တံခါးသို့ရောက်မှ မြို့ရိုးတက်ရာ၊ ဒါဝိဒ်မြို့လှေကားဖြင့် တက်၍၊ ဒါဝိဒ်အိမ်တော်အထက် အရှေ့မျက်နှာ၌ ရေတံခါးတိုင်အောင် သွားကြ၏။
38 And the other company of them that gave thanks went to meet them, and I after them, with the half of the people, upon the wall, above the tower of the furnaces, even unto the broad wall;
၃၈သီချင်းသည် တစုကား၊ လက်ဝဲဘက်သို့လှည့်၍၊ ငါနှင့်တဝက် သောလူများတို့သည် မြို့ရိုးပေါ်၊ မီးဖိုပြအိုးမှ ကျယ်သောမြို့ရိုးတိုင်အောင် လိုက်ကြ၏။
39 and above the gate of Ephraim, and by the gate of the old city and by the fish gate, and the tower of Hananel, and the tower of Hammeah, even unto the sheep gate; and they stood still in the gate of the guard.
၃၉ဧဖရိမ်တံခါး၊ ဟောင်းသောတံခါး၊ ငါးတံခါး၊ ဟာနနေလပြအိုး၊ မေအာပြအိုးအထက်မှစ၍ သိုးတံခါး တိုင်အောင် လိုက်သဖြင့်၊ ထောင်တံခါးဝတွင် ရပ်နေ ကြ၏။
40 So stood the two companies of them that gave thanks in the house of God, and I, and the half of the rulers with me;
၄၀တဖန် သီချင်းသည်နှစ်စုသည် ဘုရားသခင် အိမ်တော်တွင် ရပ်၍၊ တဝက်သော မင်းအရာရှိတို့သည် ငါနှင့်အတူ၊
41 and the priests, Eliakim, Maaseiah, Miniamin, Micaiah, Elioenai, Zechariah, and Hananiah, with trumpets;
၄၁တံပိုးကိုင်သောယဇ်ပုရောဟိတ် ဧလျာကိမ်၊ မာသေယ၊ မိညာမိန်၊ မိက္ခာယ၊ ဧလိဩနဲ၊ ဇာခရိ၊ ဟာနနိ နှင့်တကွ၊
42 and Maaseiah, and Shemaiah, and Eleazar, and Uzzi, and Jehohanan, and Malchijah, and Elam, and Ezer. And the singers sang loud, with Jezrahiah their overseer.
၄၂မာသေယ၊ ရှေမာယ၊ ဧလာဇာ၊ ဩဇိ၊ ယောဟ နန်၊ မာလခိယ၊ ဧလံ၊ ဧဇာ တို့သည်ရှိကြ၏။ သီချင်းသည် တို့သည် ဆရာယေဇရာဟိနှင့်တကွ အသံကိုလွှင့်၍ ဆိုကြ၏။
43 And they offered great sacrifices that day, and rejoiced; for God had made them rejoice with great joy; and the women also and the children rejoiced; so that the joy of Jerusalem was heard even afar off.
၄၃ထိုနေ့၌ များစွာသော ယဇ်တို့ကို ပူဇော်ကြ၏။ အလွန် ဝမ်းမြောက်သောအခွင့်ကို ဘုရားသခင်ပေးတော် မူသောကြောင့်၊ သားမယားနှင့်တကွ ဝမ်းမြောက်ခြင်းကို ပြု၍ ယေရုရှလင်မြို့ ဝမ်းမြောက်သံကို ဝေးသောအရပ်၌ ကြားရကြ၏။
44 And on that day were men appointed over the chambers for the treasures, for the heave-offerings, for the first-fruits, and for the tithes, to gather into them, according to the fields of the cities, the portions appointed by the law for the priests and Levites; for Judah rejoiced for the priests and for the Levites that took their stations.
၄၄ထိုအခါ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် အမှုတော်ကို စောင့်လျက်နေသောကြောင့်၊ ယုဒအမျိုး သားတို့သည် အားရဝမ်းမြောက်ကြသည်ဖြစ်၍၊ ယဇ် ပုရောဟိတ်နှင့် လေဝိသားခံအပ်သော ပူဇော်သက္ကာ၊ အဦးသီးသောအသီး၊ ဆယ်ဘို့တဘို့ကို မြို့နယ်ကျေးလက် ထဲက သိမ်းယူ၍၊ သိုထားစရာဘဏ္ဍာတိုက်များကို အုပ်ရသောတိုက်စိုးတို့ကို ခန့်ထားကြ၏။
45 And they kept the ward of their God, and the ward of the purification, and so did the singers and the porters, according to the commandment of David, and of Solomon his son.
၄၅သီချင်းသည်နှင့် တံခါးစောင့်တို့သည်လည်း၊ ဒါဝိဒ်နှင့် သားတော် ရှောလမုန်စီရင်သည်အတိုင်း၊ သူတို့ ဘုရားသခင်အမှုနှင့် စင်ကြယ်ခြင်းအမှုကို စောင့်ရှောက် လျက် နေကြ၏။
46 For in the days of David and Asaph of old there were chief of the singers, and songs of praise and thanksgiving unto God.
၄၆ရှေးကာလ၊ ဒါဝိဒ်နှင့် အာသပ်လက်ထက်၌၊ ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ချီးမွမ်းရာ သီချင်းကို ဆိုရသောသူ အကြီးအကဲရှိကြ၏။
47 And all Israel in the days of Zerubbabel, and in the days of Nehemiah, gave the portions of the singers and the porters, as every day required; and they hallowed for the Levites; and the Levites hallowed for the sons of Aaron.
၄၇ဇေရုဗဗေလနှင့် နေဟမိလက်ထက်၌လည်း၊ ဣသရေလလူ အပေါင်းတို့သည် နေ့ရက်အစဉ်အတိုင်း သီချင်းသည်၊ တံခါးစောင့်ခံအပ်သော စားစရာရိက္ခာကို၎င်း၊ လေဝိသားတို့အား သန့်ရှင်းသော အရာတို့ကို၎င်း လှူကြ၏။ လေဝိသားတို့သည်လည်း ယဇ်ပုရောဟိတ် တို့အားလှူကြ၏။

< Nehemiah 12 >