< Micah 4 >

1 But in the end of days it shall come to pass, that the mountain of the LORD'S house shall be established as the top of the mountains, and it shall be exalted above the hills; and peoples shall flow unto it.
နောက်ဆုံး သောကာလ ၌ ထာဝရဘုရား ၏ အိမ် တော် တည်သော တောင် သည် တောင် ကြီး တောင်ငယ်တို့၏ ထိပ် ပေါ် မှာ ချီးမြှောက် ၍ တည် လိမ့်မည်။ ခပ်သိမ်းသော လူစု တို့သည် ထိုတောင် သို့ စည်းဝေး ကြ လိမ့်မည်။
2 And many nations shall go and say: 'Come ye, and let us go up to the mountain of the LORD, and to the house of the God of Jacob; and He will teach us of His ways, and we will walk in His paths'; for out of Zion shall go forth the law, and the word of the LORD from Jerusalem.
များပြား သော လူမျိုး တို့ကလည်း ၊ လာ ကြလော့။ ထာဝရဘုရား ၏တောင် တော်၊ ယာကုပ် အမျိုး၏ ဘုရား သခင့်အိမ် တော်သို့ တက် သွားကြကုန်အံ့။ လမ်း ခရီးတော် တို့ကို ပြသ သွန်သင်တော်မူ၍ ၊ ငါတို့သည် ခြေ တော်ရာသို့ လိုက်သွား ကြမည်ဟု၊ ခရီးသွား လျက် ပြောဆို ကြလိမ့်မည်။ တရား တော်သည် ဇိအုန် တောင်မှ ၎င်း ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရုရှလင် မြို့မှ ၎င်း ပေါ်ထွက် လိမ့်မည်။
3 And He shall judge between many peoples, and shall decide concerning mighty nations afar off; and they shall beat their swords into plowshares, and their spears into pruninghooks; nation shall not lift up sword against nation, neither shall they learn war any more.
ထာဝရဘုရားသည် များပြား သော လူ တို့တွင် တရား စီရင်၍ ၊ ဝေး စွာ နေလျက် အားကြီး သော လူမျိုး တို့ကို ဆုံးမ တော်မူ သဖြင့် ၊ သူ တို့ ထား လက်နက်များကို ထွန်သွား ဖြစ် စေခြင်းငှါ ၎င်း ၊ လှံ များကို တံစဉ်း ဖြစ် စေခြင်းငှါ၎င်း ထုလုပ် ကြ လိမ့်မည်။ တပြည် ကိုတပြည်စစ်မ တိုက် ၊ စစ် အတတ်ကို လည်း နောက် တဖန် မ သင် ရကြ။
4 But they shall sit every man under his vine and under his fig-tree; and none shall make them afraid; for the mouth of the LORD of hosts hath spoken.
လူ အပေါင်းတို့သည် ကိုယ် ပိုင်သော စပျစ် ပင်၊ ကိုယ် ပိုင်သော သင်္ဘောသဖန်း ပင်အောက် မှာ ထိုင် ကြ လိမ့်မည်။ ကြောက် စေသော သူတယောက် မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ နှုတ် တော် ထွက်အမိန့် တော်ရှိ၏။
5 For let all the peoples walk each one in the name of its god, but we will walk in the name of the LORD our God for ever and ever.
လူမျိုး အပေါင်း တို့သည် ကိုယ် ဆိုင်သော ဘုရား ၏နာမ ကို ခိုလှုံလျက် ကျင့် နေတတ်ကြ၏။ ငါ တို့မူကား ၊ ကိုယ် ဆိုင်သော ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်ကို ကာလ အစဉ် အမြဲ ခိုလှုံလျက် ကျင့် နေကြမည်။
6 In that day, saith the LORD, will I assemble her that halteth, and I will gather her that is driven away, and her that I have afflicted;
ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ ၌ ခြေ ဆွံ့ သောသူကို ငါခေါ် မည်။ နှင်ထုတ် ခြင်းကို ခံရသော သူ ၊ ငါညှဉ်းဆဲ ဘူးသောသူ တို့ကို ငါစုဝေး စေမည်။
7 And I will make her that halted a remnant, and her that was cast far off a mighty nation; and the LORD shall reign over them in mount Zion from thenceforth even for ever.
ခြေ ဆွံ့သောသူကို ငါကျန် ကြွင်းစေမည်။ အဝေးသို့ နှင်ထုတ် ခြင်းကို ခံရသောသူသည် ကြီးမား သော လူမျိုး ဖြစ်စေခြင်းငှါငါစီရင် မည်။ ထာဝရဘုရား သည် ဇိအုန် တောင် ပေါ် မှာ သူ တို့ကို ယခု မှစ၍ အစဉ် အမြဲအုပ်ချုပ် စိုးစံတော်မူလိမ့်မည်။
8 And thou, Migdal-eder, the hill of the daughter of Zion, unto thee shall it come; yea, the former dominion shall come, the kingdom of the daughter of Jerusalem.
အိုဧဒါလင့်စင် ၊ ဇိအုန် သတို့သမီး နေရာကုန်း ၊ သင်သည် အစိုးရလိမ့်မည်။ အရင် တည်သော အာဏာ တည် ပြန် လိမ့်မည်။ နိုင်ငံ တော်သည် ယေရုရှလင် သတို့သမီး လက်သို့ တဖန် ရောက် လိမ့်မည်။
9 Now why dost thou cry out aloud? Is there no King in thee, is thy Counsellor perished, that pangs have taken hold of thee as of a woman in travail?
ယခု မှာ သင်သည် အဘယ်ကြောင့် ကျယ် သော အသံနှင့် အော်ဟစ် သနည်း။ သင် ၌ ရှင်ဘုရင် တယောက် မျှ မရှိသလော။ အကြံ ပေးသော မှူးမတ်ပျောက်ပျက် သလော။ သားဘွား သောမိန်းမကဲ့သို့ သင် သည် ဝေဒနာ ကိုခံရ ပါသည်တကား။
10 Be in pain, and labour to bring forth, O daughter of Zion, like a woman in travail; for now shalt thou go forth out of the city, and shalt dwell in the field, and shalt come even unto Babylon; there shalt thou be rescued; there shall the LORD redeem thee from the hand of thine enemies.
၁၀အိုဇိအုန် သတို့သမီး ၊ သားဘွားသော မိန်းမကဲ့သို့ ဝေဒနာကို ခံ၍၊ သားကိုဘွားအံ့သောငှါအားထုတ်လော့။ ယခု ပင် သင်သည် မြို့ ထဲက ထွက် ၍ လယ်ပြင် ၌ နေ ရ မည်။ ဗာဗုလုန် မြို့တိုင်အောင် သွား ရမည်။ ထို မြို့၌ လွတ် လိမ့်မည်။ ထို မြို့၌ ထာဝရဘုရား သည် သင့် ကို ရန်သူ တို့ လက် မှ ရွေးနှုတ် တော်မူလိမ့်မည်။
11 And now many nations are assembled against thee, that say: 'Let her be defiled, and let our eye gaze upon Zion.'
၁၁ယခု မှာ လူမျိုး များ တို့က၊ ဇိအုန် မြို့သည် ညစ်ညူး ပါစေ။ သူ၌ ငါ တို့အလို ပြည့်စုံပါစေဟု၊ သင့် တဘက် ၌ စုဝေး လျက် ဆို ကြ၏။
12 But they know not the thoughts of the LORD, neither understand they His counsel; for He hath gathered them as the sheaves to the threshing-floor.
၁၂သို့ရာတွင် ၊ ထာဝရဘုရား ၏စိတ် တော်ကို မ သိ ၊ အကြံအစည် တော်ကို နား မ လည်ကြ။ ကောက်လှိုင်း တို့ ကို ကောက်နယ် တလင်း၌ စုထားသကဲသို့ ၊ ထိုသူ တို့ကို စု ထားတော်မူ၏။
13 Arise and thresh, O daughter of Zion; for I will make thy horn iron, and I will make thy hoofs brass; and thou shalt beat in pieces many peoples; and thou shalt devote their gain unto the LORD, and their substance unto the Lord of the whole earth.
၁၃အို ဇိအုန် သတို့သမီး ၊ ထ ၍ နယ် လော့။ သင့် ဦးချို ကို သံ ဖြင့်၎င်း ၊ သင့် ခွာ တို့ကို ကြေးဝါ ဖြင့်၎င်း ငါပြီး စေမည်။ သင်သည် လူမျိုး များ တို့ကို ညက်ညက်ချေ ရမည်။ သူ တို့တွင်ရသမျှသော စည်းစိမ် ဥစ္စာကိုယူ ၍ ၊ မြေ တပြင်လုံး ကို အစိုးပိုင်တော်မူသောအရှင် ထာဝရဘုရား အား ပူဇော် ရမည်။

< Micah 4 >