< Job 38 >

1 Then the LORD answered Job out of the whirlwind, and said:
ထိုအခါ ထာဝရဘုရား သည် ယောဘ စကားကို လှန်ပြန်၍၊ မိုဃ်းသက်မုန်တိုင်း ထဲက မိန့် တော်မူသည် ကား ၊
2 Who is this that darkeneth counsel by words without knowledge?
ပညာ မ ရှိဘဲစကား ပြောကာမျှနှင့် ငါ့အကြံ ကို မိုက် စေသော ဤ သူကား အဘယ်သူ နည်း။
3 Gird up now thy loins like a man; for I will demand of thee, and declare thou unto Me.
လူ ယောက်ျားကဲ့သို့ သင့် ခါး ကို စီး လော့။ ငါမေးမြန်း သော ပြဿနာတို့ကို ဖြေ လော့။
4 Where wast thou when I laid the foundations of the earth? Declare, if thou hast the understanding.
မြေကြီး အမြစ်ကို ငါ တည် သောအခါ ၊ သင်သည် အဘယ်မှာ ရှိ သနည်း။ နားလည် လျှင် ဘော်ပြ လော့။
5 Who determined the measures thereof, if thou knowest? Or who stretched the line upon it?
မြေကြီးအတိုင်းအရှည်ပမာဏကို အဘယ်သူ စီရင် သနည်း။ နားလည် လျှင်ပြောလော့။ မျဉ်း ကြိုးကို အဘယ်သူ တန်း၍ချ သနည်း။
6 Whereupon were the foundations thereof fastened? Or who laid the corner-stone thereof,
မြေကြီးတိုက်မြစ် ကို အဘယ် အရပ်၌ စွဲ စေ သနည်း။
7 When the morning stars sang together, and all the sons of God shouted for joy?
နံနက် ကြယ် တို့သည် တညီတညွတ်တည်း သီချင်း ဆို၍ ၊ ဘုရား သခင်သား အပေါင်း တို့သည် ဝမ်းမြောက် သဖြင့်၊ ကြွေးကြော် ကြစဉ် ၊ တိုက်ထောင့် အထွဋ် ကျောက် ကို အဘယ်သူ တင်ထားသနည်း။
8 Or who shut up the sea with doors, when it broke forth, and issued out of the womb;
သမုဒ္ဒရာ သည်အမိဝမ်း ထဲက ဘွား၍ ထွက် လာ သောအခါ ၊ အဘယ်သူသည် တံခါး ပိတ်နှင့် ပိတ် ထား သနည်း။
9 When I made the cloud the garment thereof, and thick darkness a swaddlingband for it,
သမုဒ္ဒရာကို မိုဃ်းတိမ် နှင့် ငါခြုံ ၍ ထူထပ် သော မှောင်မိုက်နှင့် ထုပ် ရစ်သည်ကာလ၌ ၎င်း၊
10 And prescribed for it My decree, and set bars and doors,
၁၀သင်သည်ဤ အရပ်တိုင်အောင် လာ ရ၏။
11 And said: 'Thus far shalt thou come, but no further; and here shall thy proud waves be stayed'?
၁၁တိုး ၍မ လွန်ရ၊ ဤ အရပ်၌သင် ၏ ထောင်လွှား သောလှိုင်း တံပိုးဆုံးရ၏ဟု ပညတ်လျက်၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင် ၍၊ တံခါး ပိတ်နှင့် ကန့်လန့်ကျင် တို့ကို ထား သည်ကာလ၌၎င်း၊ အဘယ်သူသည် ဝိုင်း၍ ကူညီသနည်း။
12 Hast thou commanded the morning since thy days began, and caused the dayspring to know its place;
၁၂သင် သည်တသက်လုံး တွင် တခါမျှ နံနက် ကို မှာထား ဘူးသလော။ မိုဃ်းသောက် လင်းကို နေရာ ချဘူး သလော။
13 That it might take hold of the ends of the earth, and the wicked be shaken out of it?
၁၃နံနက်အလင်းသည် မြေကြီး စွန်း ကို ကိုင် လျက်၊ လူဆိုး တို့ကိုခါ ၍ ပစ်စေခြင်းငှါ စီရင်ဘူးသလော။
14 It is changed as clay under the seal; and they stand as a garment.
၁၄မြေကြီး သည် တံဆိပ် ခတ်သကဲ့သို့ ပုံ ပေါ်၍ အဝတ် တန်ဆာဆင်သကဲ့သို့ ရှိ ၏။
15 But from the wicked their light is withholden, and the high arm is broken.
၁၅လူဆိုး တို့၏ အလင်း သည်ကွယ် ၍ ချီကြွ သော လက် လည်း ကျိုး တတ်၏။
16 Hast thou entered into the springs of the sea? Or hast thou walked in the recesses of the deep?
၁၆သင်သည်သမုဒ္ဒရာ စမ်းရေပေါက်ထဲ သို့ ဝင် ဘူးသလော။ နက်နဲ သော အောက်ဆုံးအရပ်၌ လှည့်လည် ဘူး သလော။
17 Have the gates of death been revealed unto thee? Or hast thou seen the gates of the shadow of death?
၁၇သေ ခြင်းတံခါး တို့ကို သင့် အား ဖွင့် ဘူးသလော။ သေမင်း အရိပ်ထဲသို့ဝင်သော လမ်းဝ တို့ကို မြင် ဘူး သလော။
18 Hast thou surveyed unto the breadths of the earth? Declare, if thou knowest it all.
၁၈မြေကြီး မျက်နှာတပြင်လုံး ကို ကြည့်ရှု ဘူး သလော။ အလုံးစုံ ကို သိမြင် လျှင် ဘော်ပြ လော့။
19 Where is the way to the dwelling of light, and as for darkness, where is the place thereof;
၁၉အလင်း နေရာ သို့ အဘယ် မည်သော လမ်း ဖြင့် ရောက်ရသနည်း။ မှောင်မိုက် နေရာ လည်း အဘယ်မှာ ရှိသနည်း။
20 That thou shouldest take it to the bound thereof, and that thou shouldest know the paths to the house thereof?
၂၀အကယ် စင်စစ်သင်သည် အလင်းအမိုက်အပိုင်း အခြားသို့ ငါတို့ ကိုပို့ဆောင် နိုင်၏။ သူ တို့နေရာအိမ် သို့ ရောက်သောလမ်း တို့ကို သိ လိမ့်မည်။
21 Thou knowest it, for thou wast then born, and the number of thy days is great!
၂၁သင်သည်ရှေးကာလ၌ ဘွားမြင် ၍ အလွန် အသက် ကြီးသောကြောင့် သိ လိမ့်မည်။
22 Hast thou entered the treasuries of the snow, or hast thou seen the treasuries of the hail,
၂၂သင်သည် မိုဃ်းပွင့် ဘဏ္ဍာတိုက် ထဲ သို့ ဝင် ဘူး သလော ။
23 Which I have reserved against the time of trouble, against the day of battle and war?
၂၃ဘေး ရောက်ရာအချိန် ကာလနှင့် စစ် ပြိုင်၍ တိုက် ရာအချိန် ကာလဘို့ ၊ ငါသိုထား သော မိုဃ်းသီး ဘဏ္ဍာ များကို မြင် ဘူးသလော။
24 By what way is the light parted, or the east wind scattered upon the earth?
၂၄အလင်း သည် အဘယ်သို့ သောလမ်း ဖြင့် နှံ့ပြား သနည်း။ အရှေ့ လေသည်မြေကြီး ပေါ် မှာ အဘယ်ကြောင့်လွင့် သနည်း။
25 Who hath cleft a channel for the waterflood, or a way for the lightning of the thunder;
၂၅လူ မ ရှိသောမြေ နှင့် လူမ နေသောတော ၌ မိုဃ်းရွာ စေ ခြင်းငှါ၎င်း၊
26 To cause it to rain on a land where no man is, on the wilderness, wherein there is no man;
၂၆လွတ်လပ် သောလွင်ပြင် ကို ရေနှင့်ဝ စေ၍ ၊ နုသောမြက်ပင် အညှောက် ကို ထွက် စေ ခြင်းငှါ၎င်း၊
27 To satisfy the desolate and waste ground, and to cause the bud of the tender herb to spring forth?
၂၇လျှံ သောမိုဃ်းရေစီး ရာလမ်း၊ မိုဃ်းကြိုး နှင့် ဆိုင်သော လျှပ်စစ် ပြက်ရာလမ်း ကို အဘယ်သူ ဖွင့် သနည်း။
28 Hath the rain a father? Or who hath begotten the drops of dew?
၂၈မိုဃ်းရေ ၏အဘ ကား အဘယ်သူနည်း။ နှင်း ပေါက် တို့ကို အဘယ်သူ ဖြစ်ဘွားစေသနည်း။
29 Out of whose womb came the ice? And the hoar-frost of heaven, who hath gendered it?
၂၉ရေခဲ သည်အဘယ်သူ ၏ ဝမ်း ထဲက ထွက် လာ သနည်း။ မိုဃ်း ကောင်းကင်နှင်းခဲ ကို အဘယ်သူ သည် ပဋိသန္ဓေ ပေးသနည်း။
30 The waters are congealed like stone, and the face of the deep is frozen.
၃၀ရေ သည် ကျောက်ခဲ ကဲ့သို့ ဖြစ်၍ပင်လယ် မျက်နှာ တင်းမာ လျက် ရှိ၏။
31 Canst thou bind the chains of the Pleiades, or loose the bands of Orion?
၃၁သင်သည် ခိမ ကြယ်စု၏သာယာ စွာ ပြုပြင်ခြင်း ကို ချုပ်တည်း နိုင်သလော။ ကသိလ ကြယ်၏ ချည်နှောင် ခြင်းကို ဖြည် နိုင်သလော။
32 Canst thou lead forth the Mazzaroth in their season? Or canst thou guide the Bear with her sons?
၃၂မာဇရုတ် ကြယ်တို့ကို အချိန် ရောက်လျှင် ထုတ်ဘော် နိုင်သလော။ အာရှ ကြယ်နှင့်သူ ၏သား တို့ကို ပဲ့ပြင် နိုင်သလော။
33 Knowest thou the ordinances of the heavens? Canst thou establish the dominion thereof in the earth?
၃၃မိုဃ်း ကောင်းကင်တရား တို့ကို နားလည် သလော။ ထိုတရားတို့သည် မြေကြီး ကို အုပ်စိုး မည် အကြောင်းအခွင့်ပေး နိုင်သလော။
34 Canst thou lift up thy voice to the clouds, that abundance of waters may cover thee?
၃၄များစွာ သော မိုဃ်းရေ သည် သင့် ကို လွှမ်းမိုး စေခြင်းငှါ မိုဃ်းတိမ် တို့ကို အသံ လွှင့် နိုင်သလော။
35 Canst thou send forth lightnings, that they may go, and say unto thee: 'Here we are'?
၃၅လျှပ်စစ် တို့ကို လွှတ် နိုင်သလော။ သူတို့က ကျွန်တော် တို့ရှိ ပါ၏ဟု သင့် ကို လျှောက် လျက် သွား ကြ လိမ့်မည်လော။
36 Who hath put wisdom in the inward parts? Or who hath given understanding to the mind?
၃၆ကိုယ် ခန္ဓါထဲ သို့ ပညာ ကို အဘယ်သူ သွင်း သနည်း။ နားလည်နိုင်သောဉာဏ် ကို အဘယ်သူ ပေး သနည်း။ ပညာ ရှိ၍ မိုဃ်းတိမ် တို့ကို အဘယ်သူ ရေတွက် နိုင်သနည်း။
37 Who can number the clouds by wisdom? Or who can pour out the bottles of heaven,
၃၇
38 When the dust runneth into a mass, and the clods cleave fast together?
၃၈မြေမှုန့် သည် လုံးထွေး ၍ မြေစိုင် တို့သည် ကပ် လျက်နေသောအခါ ၊ မိုဃ်း ကောင်းကင်၏ရေဘူး တို့ကို အဘယ်သူ သွန်းချ သနည်း။
39 Wilt thou hunt the prey for the lioness? Or satisfy the appetite of the young lions,
၃၉သင်သည်ခြင်္သေ့မ အဘို့ စားစရာ အကောင်ကို လိုက်ရှာ နိုင်သလော။
40 When they couch in their dens, and abide in the covert to lie in wait?
၄၀ခြင်္သေ့ ပျိုတို့သည် ခိုလှုံ ရာ၌ ဝပ် ၍၊ ချုံဖုတ် အောက်၌ ချောင်းကြည့်လျက်နေသောအခါ၊ သူတို့ကို ဝ စွာကျွေးနိုင်သလော။
41 Who provideth for the raven his prey, when his young ones cry unto God, and wander for lack of food?
၄၁ကျီးအ သငယ် တို့သည် စားစရာ မ ရှိသောကြောင့် လှည့်လည် ၍ ဘုရား သခင်ကို အော်ဟစ် သောအခါ ၊ စားစရာ ကိုအဘယ်သူ ပေး သနည်း။

< Job 38 >