< Genesis 40 >

1 And it came to pass after these things, that the butler of the king of Egypt and his baker offended their lord the king of Egypt.
ထို နောက်မှအဲဂုတ္တု ရှင်ဘုရင် ထံ ဖလား တော် ဝန်နှင့် စား တော်ဝန်တို့သည် မိမိ တို့အရှင် အဲဂုတ္တု ရှင်ဘုရင် ကို ပြစ်မှား ကြ၏။
2 And Pharaoh was wroth against his two officers, against the chief of the butlers, and against the chief of the bakers.
ဖါရော ဘုရင်သည် ထို အမတ် နှစ် ယောက်တည်းဟူသောဖလား တော်ဝန်နှင့် စား တော်ဝန်တို့ကို အမျက်ထွက် ၍၊
3 And he put them in ward in the house of the captain of the guard, into the prison, the place where Joseph was bound.
ယောသပ် အချုပ် ခံရာ ထောင် တည်းဟူသော ကိုယ်ရံတော် မှူး၏အိမ် ၌ ချုပ် ထားတော်မူ၏။
4 And the captain of the guard charged Joseph to be with them, and he ministered unto them; and they continued a season in ward.
ကိုယ်ရံတော် မှူးသည် သူ တို့ကို ယောသပ် ၌ အပ်၍၊ ယောသပ်သည် ပြု စုရ၏။ သူတို့လည်း အင်တန် ကာလ အချုပ် ခံလျက် နေ ရကြ၏။
5 And they dreamed a dream both of them, each man his dream, in one night, each man according to the interpretation of his dream, the butler and the baker of the king of Egypt, who were bound in the prison.
ထိုသို့ထောင် ထဲ မှာ အချုပ် ခံလျက်နေရသော အဲဂုတ္တု ရှင် ဘုရင်၏ ဖလား တော်ဝန်နှင့် စား တော်ဝန် နှစ် ယောက်တို့သည်၊ အသီးအသီး မိမိ တို့ ကိုယ်စီဆိုင်သော အနက် နှင့်ပြည့်စုံသော အိပ်မက် ကို တညဉ့် ခြင်း တွင် တယောက်တနည်းစီ မြင် မက်ကြ၏။
6 And Joseph came in unto them in the morning, and saw them, and, behold, they were sad.
နံနက် အချိန်ရောက် မှ ယောသပ် သည် သူ တို့ ထံ သို့ဝင် ၍ ကြည့်ရှု သောအခါ ၊ သူ တို့မျက်နှာ ညှိုးငယ်လျက် ရှိသည်ကိုမြင် လျှင်၊
7 And he asked Pharaoh's officers that were with him in the ward of his master's house, saying: 'Wherefore look ye so sad to-day?'
သင် တို့သည် ယနေ့ အဘယ်ကြောင့် မျက်နှာ ညှိုးငယ် သနည်းဟု မိမိ သခင် အိမ် ၌ မိမိ နှင့်အတူ အချုပ် ခံ နေရသော ဖါရော မင်း၏ အမတ် တို့အား မေး ၏။
8 And they said unto him: 'We have dreamed a dream, and there is none that can interpret it.' And Joseph said unto them: 'Do not interpretations belong to God? tell it me, I pray you.'
သူတို့ကလည်း၊ ငါတို့သည် အိပ်မက်ကိုမြင်ရပြီ။ အနက်ကို ဘတ်နိုင်သောသူ မရှိဟုဆိုကြသော်၊ ယောသပ် က၊ အိပ်မက်အနက်များကို ဘုရားသခင် ဆိုင်တော်မူသည် မ ဟုတ်လော။ သို့ဖြစ်၍သင်တို့အိပ်မက်ကို ကျွန်ုပ် အား ကြား ပြောကြပါဟုဆို ၏။
9 And the chief butler told his dream to Joseph, and said to him: 'In my dream, behold, a vine was before me;
ထိုအခါ ဖလား တော်ဝန်သည် မိမိ အိပ်မက် ကို ယောသပ် အား ကြား ပြောသည်ကား၊ ငါ မြင်မက်သော အိပ်မက် တွင် ၊ ငါ့ ရှေ့ မှာ စပျစ် နွယ်ပင် ရှိ၏။
10 and in the vine were three branches; and as it was budding, its blossoms shot forth, and the clusters thereof brought forth ripe grapes,
၁၀ထိုစပျစ် နွယ်ပင်၌ အလက် သုံး လက်ရှိ၏။ ထိုအလက်တို့၌ ပန်း ငုံကဲ့သို့ရှိ၏။ အပွင့် လည်း ပွင့်၏။ အသီး ပြွတ် တို့လည်း မှည့် သောစပျစ် သီး ဖြစ်လေ၏။
11 and Pharaoh's cup was in my hand; and I took the grapes, and pressed them into Pharaoh's cup, and I gave the cup into Pharaoh's hand.'
၁၁ဖါရော မင်း၏ ဖလား တော်ကို ငါ ကိုင် လျက် ၊ ထိုစပျစ် သီးကိုယူ ၍ ဖလား တော်၌ ညှစ် ပြီးမှ လက် တော် တွင် ဆက်သည်ဟုပြောဆို၏။
12 And Joseph said unto him: 'This is the interpretation of it: the three branches are three days;
၁၂ယောသပ် ကလည်း သင် ၏အိပ်မက် အနက် ဟူမူကား ၊ စပျစ်နွယ်သုံး လက် တို့သည် သုံး ရက် ဖြစ်၏။
13 within yet three days shall Pharaoh lift up thy head, and restore thee unto thine office; and thou shalt give Pharaoh's cup into his hand, after the former manner when thou wast his butler.
၁၃သုံး ရက် လွန်မှ ဖါရော မင်းသည် သင် ၏ဦးခေါင်း ကို ချီးမြှောက် ၍ သင် ၏အရာ ကို ပြန် ပေးတော်မူသဖြင့် ၊ သင်သည်အထက် က ဖလား တော်ဝန်ဖြစ် ၍ပြုဘူးသည် နည်းတူ ၊ တဖန်ဖလား တော်ကို ဖါရော မင်း၏လက် တွင် ဆက်မြဲ ဆက် ရလိမ့်မည်။
14 But have me in thy remembrance when it shall be well with thee, and show kindness, I pray thee, unto me, and make mention of me unto Pharaoh, and bring me out of this house.
၁၄သင်သည် ချမ်းသာရသောအခါ ကျွန်ုပ် ကို အောက်မေ့ ၍ ကျေးဇူး ပြုပါလော့။ ဖါရော ဘုရင်ကိုလျှောက်၍ ကျွန်ုပ် ကို ဤ အိမ် မှ နှုတ် ယူပါ။
15 For indeed I was stolen away out of the land of the Hebrews; and here also have I done nothing that they should put me into the dungeon.'
၁၅အကယ်စင်စစ် ကျွန်ုပ်ကို ဟေဗြဲ ပြည် မှ ခိုး ယူခဲ့ ကြ၏။ ဤ ပြည်မှာလည်း ကျွန်ုပ် ၌ အပြစ် မ ရှိဘဲ ထောင်ထဲမှာ လှောင် ထားကြသည်ဟုဆို၏။
16 When the chief baker saw that the interpretation was good, he said unto Joseph: 'I also saw in my dream, and, behold, three baskets of white bread were on my head;
၁၆ထိုအိပ်မက်အနက် ကောင်း သည်ကို စား တော် ဝန် သိ မြင်လျှင် ၊ ငါ သည်လည်း ဖြူသောတောင်း သုံး လုံးကို ကိုယ်တိုင် ရွက် နေသည်ကို မြင် မက်၏။
17 and in the uppermost basket there was of all manner of baked food for Pharaoh; and the birds did eat them out of the basket upon my head.'
၁၇အပေါ် တောင်း တွင် ဖါရော မင်းစားတော်ခေါ် ဘို့ ချက် ပြီးသော ခဲဘွယ် စားဘွယ်အမျိုးမျိုး ရှိ၍၊ ငှက် တို့သည်လည်း ငါ ရွက် သော တောင်း ထဲ ကနှုတ်၍ စား ကြသည်ဟု ယောသပ် အား ပြောဆို ၏။
18 And Joseph answered and said: 'This is the interpretation thereof: the three baskets are three days;
၁၈ယောသပ် ကလည်း ၊ သင်၏အိပ်မက်အနက် ဟူမူကား ၊ တောင်း သုံး လုံးသည် သုံး ရက် ဖြစ်၏။
19 within yet three days shall Pharaoh lift up thy head from off thee, and shall hang thee on a tree; and the birds shall eat thy flesh from off thee.'
၁၉သုံး ရက် လွန်မှ ဖါရော မင်းသည် သင် ၏ဦးခေါင်း ကို ကိုယ်နှင့်ခွါ မြှောက်လျှက် သစ်ပင် ၌ ဆွဲ ထားတော်မူ၍၊ ငှက် တို့သည် သင် ၏အသား ကို နှုတ်၍စား ကြလိမ့်မည်ဟု ပြန်ပြော ၏။
20 And it came to pass the third day, which was Pharaoh's birthday, that he made a feast unto all his servants; and he lifted up the head of the chief butler and the head of the chief baker among his servants.
၂၀ထိုနောက် သုံး ရက် လွန်သောအခါ၊ ဖါရော မင်း ဘွား သောနေ့ရက် ၌ နှစ်စဉ်ပွဲ ကိုခံ ၍ ကျွန်တော် မျိုး အပေါင်း တို့ကို ကျွေးမွေးတော်မူစဉ်တွင်၊ ဖလား တော်ဝန် ၏ဦးခေါင်း နှင့် စား တော်ဝန်၏ဦးခေါင်း ကို ကျွန်တော် မျိုး တို့တွင် ဖေါ် တော်မူ၍၊
21 And he restored the chief butler back unto his butlership; and he gave the cup into Pharaoh's hand.
၂၁အိပ်မက် အနက်ကို ယောသပ် ဘတ် သည် အတိုင်း ၊ ဖလား တော်ဝန်ကို အထက် အရာ၌ တဖန် ခန့်ထား တော်မူသဖြင့် ၊ သူ သည်ဖလား တော်ကို ဖါရော မင်း၏လက် တွင် ဆက် မြဲဆက်ရ၏။
22 But he hanged the chief baker, as Joseph had interpreted to them.
၂၂စား တော်ဝန်ကိုမူကား ၊ ဆွဲ ထားတော်မူ၏။
23 Yet did not the chief butler remember Joseph, but forgot him.
၂၃သို့သော်လည်း ဖလား တော်ဝန်သည် ယောသပ် ကို မ အောက်မေ့ ဘဲ မေ့လျော့ ၍နေလေ၏။

< Genesis 40 >