< Genesis 11 >

1 And the whole earth was of one language and of one speech.
မြေကြီး သားအပေါင်း တို့သည် ဘာသာ တ မျိုးတည်း။ စကား တ မျိုးတည်းရှိ ကြသည်ဖြစ်၍၊
2 And it came to pass, as they journeyed east, that they found a plain in the land of Shinar; and they dwelt there.
အရှေ့ မျက်နှာမှ ခရီး သွားသဖြင့် ၊ ရှိနာ ပြည် ၌ မြေညီ ရာအရပ် ကိုတွေ့ ၍ နေရာ ချကြ၏။
3 And they said one to another: 'Come, let us make brick, and burn them thoroughly.' And they had brick for stone, and slime had they for mortar.
သူတို့ကလည်း လာ ကြ။ အုတ် လုပ် ၍ ခိုင်မာစွာ ဖုတ် ကြကုန်အံ့ဟု၊ တ ယောက်ကို တယောက် ပြော ကြ၏။ ထိုသို့ ကျောက် အရာ ၌ အုတ် ကို ၎င်း ၊ သရွတ် အရာ ၌ ရေညှိ တမျိုးကို၎င်း ရပြီးလျှင်၊
4 And they said: 'Come, let us build us a city, and a tower, with its top in heaven, and let us make us a name; lest we be scattered abroad upon the face of the whole earth.'
လာ ကြ၊ မြေကြီး တပြင်လုံး ၌ အရပ်ရပ် ကွဲပြား မည်ကို စိုးရိမ် ၍၊ မြို့ ကို ၎င်း ၊ မိုဃ်းကောင်းကင် သို့ မှီရသော ရဲတိုက် ကို၎င်း တည် လုပ်သဖြင့် ၊ ကျော်စော ကိတ္တိရှိစေခြင်းငှါ ပြု ကြကုန်အံ့ဟု ပြောဆို ကြ၏။
5 And the LORD came down to see the city and the tower, which the children of men builded.
ထိုသို့ လူ သား တို့တည် လုပ်သော မြို့ နှင့် ရဲတိုက် ကို ကြည့်ရှု ခြင်းငှါ ၊ ထာဝရဘုရား သည် ဆင်းသက် တော်မူ ၏။
6 And the LORD said: 'Behold, they are one people, and they have all one language; and this is what they begin to do; and now nothing will be withholden from them, which they purpose to do.
ထာဝရဘုရား က ကြည့်ရှု လော့။ လူ တ မျိုးတည်း ၊ စကား တ မျိုးတည်း ရှိသည်ဖြစ်၍၊ သူ တို့သည် ဤ အမှုကို အဦး ပြု ကြ၏။ ယခု ကြံစည် သမျှ တို့ကို အဆီး အတားမ ရှိ၊ သူ တို့ပြု ကြလိမ့်မည်။
7 Come, let us go down, and there confound their language, that they may not understand one another's speech.'
လာ ကြ၊ ဆင်းသက် ကြကုန်အံ့။ သူတို့သည် အချင်းချင်း နား မ လည်စေခြင်းငှါ၊ သူ တို့စကား ကို ရှုပ်ထွေး ကြကုန်အံ့ဟု မိန့် တော်မူ၏။
8 So the LORD scattered them abroad from thence upon the face of all the earth; and they left off to build the city.
ထိုသို့ ထာဝရဘုရား သည် သူ တို့ကို မြေကြီး တပြင်လုံး ၌ အရပ်ရပ်ကွဲပြား စေတော်မူသဖြင့် ၊ သူတို့သည် မြို့ ကိုမ တည်ပဲ နေကြ၏။
9 Therefore was the name of it called Babel; because the LORD did there confound the language of all the earth; and from thence did the LORD scatter them abroad upon the face of all the earth.
သို့ဖြစ်၍ ထိုမြို့၌ ထာဝရဘုရား သည် မြေကြီး သားအပေါင်း တို့၏ စကား ကိုရှုပ် ထွေး၍ ၊ သူ တို့ကို မြေကြီး တပြင်လုံး ၌ အရပ်ရပ် ကွဲပြား စေတော်မူသောကြောင့် ထို မြို့ သည် ဗာဗုလုန် မြို့ဟူ၍တွင် သတည်း။
10 These are the generations of Shem. Shem was a hundred years old, and begot Arpachshad two years after the flood.
၁၀ရှေမ ၏ သားစဉ်မြေးဆက်ဟူမူကား ၊ ရှေမ သည် အသက် တ ရာရှိ၍ ၊ ရေ လွှမ်းမိုးသောနောက် နှစ် နှစ်ကြာ သော်၊ သားအာဖာဇဒ် ကို မြင် လေ၏။
11 And Shem lived after he begot Arpachshad five hundred years, and begot sons and daughters.
၁၁အာဖာဇဒ် ဘွားမြင် သောနောက် ၊ ရှေမ သည် အနှစ် ငါး ရာ အသက် ရှင်၍ သား သမီး များကို မြင် လေ၏။
12 And Arpachshad lived five and thirty years, and begot Shelah.
၁၂အာဖာဇဒ် သည် အသက် သုံး ဆယ်ငါး နှစ်ရှိ သော်၊ သားရှာလ ကို မြင် လေ၏။
13 And Arpachshad lived after he begot Shelah four hundred and three years, and begot sons and daughters.
၁၃ရှာလ ဘွားမြင် သောနောက် ၊ အာဖာဇဒ် သည် အနှစ် လေး ရာ သုံး နှစ် အသက်ရှင် ၍ ၊ သား သမီး များကို မြင် လေ၏။
14 And Shelah lived thirty years, and begot Eber.
၁၄ရှာလ သည် အသက် သုံး ဆယ်ရှိ သော်၊ သားဟေဗာ ကို မြင် လေ၏။
15 And Shelah lived after he begot Eber four hundred and three years, and begot sons and daughters.
၁၅ဟေဗာ ဘွားမြင် သောနောက် ၊ ရှာလ သည် အနှစ် လေး ရာ သုံး နှစ် အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ၏။
16 And Eber lived four and thirty years, and begot Peleg.
၁၆ဟေဗာ သည် အသက်သုံး ဆယ့်လေး နှစ် ရှိ သော်၊ သားဖာလက် ကို မြင် လေ၏။
17 And Eber lived after he begot Peleg four hundred and thirty years, and begot sons and daughters.
၁၇ဖာလက် ဘွားမြင် သောနောက် ၊ ဟေဗာ သည် အနှစ် လေး ရာ သုံး ဆယ်အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ၏။
18 And Peleg lived thirty years, and begot Reu.
၁၈ဖာလက် သည် အသက် သုံး ဆယ်ရှိ သော်၊ သားရာဂေါ ကို မြင် လေ၏။
19 And Peleg lived after he begot Reu two hundred and nine years, and begot sons and daughters.
၁၉ရာဂေါ ဘွားမြင် သောနောက် ၊ ဖာလက် သည် အနှစ် နှစ် ရာကိုး နှစ် အသက် ရှင်၍ ၊ သား သမီး များကို ဘွားမြင် လေ၏။
20 And Reu lived two and thirty years, and begot Serug.
၂၀ရာဂေါ သည် အသက် သုံး ဆယ်နှစ် နှစ်ရှိ သော်၊ သားစေရောက် ကို မြင် လေ၏။
21 And Reu lived after he begot Serug two hundred and seven years, and begot sons and daughters.
၂၁စေရောက် ဘွားမြင် သောနောက် ၊ ရာဂေါ သည် အနှစ် နှစ် ရာခုနစ် နှစ် အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ၏။
22 And Serug lived thirty years, and begot Nahor.
၂၂စေရောက် သည်အသက် သုံး ဆယ်ရှိ သော်၊ သားနာခေါ် ကို မြင် လေ၏။
23 And Serug lived after he begot Nahor two hundred years, and begot sons and daughters.
၂၃နာခေါ် ဘွားမြင် သောနောက် ၊ စေရောက် သည် အနှစ် နှစ် ရာအသက် ရှင်၍ သား သမီး များကို မြင် လေ၏။
24 And Nahor lived nine and twenty years, and begot Terah.
၂၄နာခေါ် သည် အသက် နှစ် ဆယ်ကိုး နှစ်ရှိ သော်၊ သားတေရ ကို မြင် လေ၏။
25 And Nahor lived after he begot Terah a hundred and nineteen years, and begot sons and daughters.
၂၅တေရ ဘွားမြင် သောနောက် ၊ နာခေါ် သည် အနှစ် တ ရာတဆယ် ကိုး နှစ် အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ၏။
26 And Terah lived seventy years, and begot Abram, Nahor, and Haran.
၂၆တေရ သည် အသက် ခုနစ် ဆယ်ရှိ သော်၊ သားအာဗြံ ၊ နာခေါ် ၊ ခါရန် တို့ကိုမြင် လေ၏။
27 Now these are the generations of Terah. Terah begot Abram, Nahor, and Haran; and Haran begot Lot.
၂၇တေရ ၏ သားစဉ် မြေးဆက်ဟူမူကား ၊ တေရ သည် အာဗြံ ၊ နာခေါ် ၊ ခါရန် တို့ကိုမြင် လေ၏။
28 And Haran died in the presence of his father Terah in the land of his nativity, in Ur of the Chaldees.
၂၈ခါရန် သည်လည်း လောတ ကိုမြင် လေ၏။ ခါရန် သည်၊ အဘ တေရ မ သေမှီ၊ မိမိ ဘွား ရာအရပ် ၊ ခါလဒဲ ပြည်သားတို့နေသောဥရ မြို့၌ သေ လေ၏။
29 And Abram and Nahor took them wives: the name of Abram's wife was Sarai; and the name of Nahor's wife, Milcah, the daughter of Haran, the father of Milcah, and the father of Iscah.
၂၉အာဗြံ နှင့် နာခေါ် သည် မယား ကို ယူ ၍ ၊ အာဗြံ ၏ မယား ကား၊ စာရဲ အမည် ရှိ၏။ နာခေါ် ၏ မယား ကား၊ ခါရန် ၏သမီး မိလခါ အမည် ရှိ၏။ ခါရန်သည် မိလခါ နှင့် ဣသခ ၏အဘ ဖြစ်သတည်း။
30 And Sarai was barren; she had no child.
၃၀စာရဲ မူကား မြုံ သော မိန်းမဖြစ် ၍ သားသမီး မ ရှိ။
31 And Terah took Abram his son, and Lot the son of Haran, his son's son, and Sarai his daughter-in-law, his son Abram's wife; and they went forth with them from Ur of the Chaldees, to go into the land of Canaan; and they came unto Haran, and dwelt there.
၃၁တေရ သည်သား အာဗြံ ကို၎င်း ၊ ခါရန် ၏သား ဖြစ်သောမြေး လောတ ကို၎င်း ၊ သားအာဗြံ ၏မယား ဖြစ် သော မိမိ ချွေးမ စာရဲ ကို၎င်း ခေါ်၍၊ သူတို့သည် ခါနာန် ပြည် သို့ သွား ခြင်းငှါ ၊ ခါလဒဲ ပြည်သားတို့နေသောဥရ မြို့မှ ထွက် သဖြင့်၊ ခါရန် မြို့သို့ ရောက် ၍ နေ ကြ၏။
32 And the days of Terah were two hundred and five years; and Terah died in Haran.
၃၂တေရ သည် အသက် နှစ် ပေါင်းနှစ် ရာငါး နှစ် ရှိ သော်၊ ခါရန် မြို့၌ သေ လေ၏။

< Genesis 11 >