< Exodus 23 >

1 Thou shalt not utter a false report; put not thy hand with the wicked to be an unrighteous witness.
သင်သည် မှား သော သိတင်း စကားကို မ ကြား မပြောရ။ မတရား သောသူတို့နှင့် ဝိုင်းညီ၍ မ မှန်သော သက်သေ ကို မ ခံ ရ။
2 Thou shalt not follow a multitude to do evil; neither shalt thou bear witness in a cause to turn aside after a multitude to pervert justice;
လူများ နောက် သို့ လိုက် ၍ မတရား သဖြင့် မ ပြုရ။ တရား တွေ့သည်အမှုမှာ ကြီး သောသူဘက် ၌ နေ၍၊ တရားလမ်းမှ လွဲ စေခြင်းငှါ မ ပြော ရ။
3 neither shalt thou favour a poor man in his cause.
ဆင်းရဲ သောသူဘက်၌လည်း မ ငဲ့ကွက် ရ။
4 If thou meet thine enemy's ox or his ass going astray, thou shalt surely bring it back to him again.
သင် သည် ရန်သူ ၏မြင်း နွား လမ်း လွဲသည်ကို တွေ့မြင် လျှင် ၊ အမှန်ပြန်ပို့ ရမည်။
5 If thou see the ass of him that hateth thee lying under its burden, thou shalt forbear to pass by him; thou shalt surely release it with him.
သင့် ကို မုန်း သောသူ ၏မြည်း သည်၊ မိမိ ဆောင်ရွက်သော ဝန် အောက် မှာ လဲ နေသည်ကို တွေ့မြင် လျှင် ၊ မ မစဘဲ နေနိုင်သလော။ အမှန်ဝိုင်းညီ၍ မစ ရမည်။
6 Thou shalt not wrest the judgment of thy poor in his cause.
သင် ၌ ဆင်းရဲ သောသူသည် တရား တွေ့သောအခါ ၊ သူ့ကို မတရား သဖြင့် မ စီရင် ရ။
7 Keep thee far from a false matter; and the innocent and righteous slay thou not; for I will not justify the wicked.
မ ဟုတ်မမှန်သော အမှု ကို ရှောင် ရမည်။ အပြစ် မရှိသောသူ၊ ဖြောင့်မတ် သောသူကို မ ကွပ်မျက် ရ။ အကြောင်း မူကား၊ ငါသည် မတရား သောသူကို အပြစ်မ လွှတ်။
8 And thou shalt take no gift; for a gift blindeth them that have sight, and perverteth the words of the righteous.
သင်သည် တံစိုး မ စား ရ။ တံစိုး သည် ပညာရှိ တို့၏မျက်စိကို ကွယ် စေ၍ ၊ ဖြောင့်မတ် သောသူတို့၏ စကား ကို လွဲ စေတတ်၏။
9 And a stranger shalt thou not oppress; for ye know the heart of a stranger, seeing ye were strangers in the land of Egypt.
တကျွန်းတနိုင်ငံသားဖြစ်သော ဧည့်သည် ကို မ ညှဉ်းဆဲ ရ။ သင်တို့သည် အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ် ခဲ့ ဘူးသောကြောင့် ၊ ဧည့်သည် ၏စိတ် သဘောကို သိ ကြ၏။
10 And six years thou shalt sow thy land, and gather in the increase thereof;
၁၀ခြောက် နှစ် ပတ်လုံးလယ် လုပ် ၍ အသီး ကို သိမ်း ရမည်။
11 but the seventh year thou shalt let it rest and lie fallow, that the poor of thy people may eat; and what they leave the beast of the field shall eat. In like manner thou shalt deal with thy vineyard, and with thy oliveyard.
၁၁သတ္တမ နှစ်တွင် လယ် ကို မလုပ် ဘဲ အလွတ် ထားရမည်။ သို့ပြုလျှင် ဆင်းရဲ သောအမျိုးသား ချင်းတို့သည်၊ စား ရသောအခွင့် ရှိလိမ့်မည်။ ကြွင်း သောအရာကိုလည်း ၊ မြေ တိရစ္ဆာန် တို့သည် စား ရကြလိမ့်မည်။ ထိုနည်းတူ ၊ စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်ကိုလည်း ပြု ရမည်။
12 Six days thou shalt do thy work, but on the seventh day thou shalt rest; that thine ox and thine ass may have rest, and the son of thy handmaid, and the stranger, may be refreshed.
၁၂ခြောက် ရက် ပတ်လုံးအလုပ် လုပ် ရမည်။ သတ္တမ နေ့ ရက်၌ ငြိမ်ဝပ် စွာနေရမည်။ သို့ပြုလျှင် သင် ၏နွား မြည်း တို့သည် ငြိမ်ဝပ် စွာ နေရသောအခွင့် ရှိလိမ့်မည်။ သင် ၏ ငယ်သား များ၊ ဧည့်သည် များတို့လည်း သက်သာ ရ ကြလိမ့်မည်။
13 And in all things that I have said unto you take ye heed; and make no mention of the name of other gods, neither let it be heard out of thy mouth.
၁၃ငါပညတ် သမျှ တို့၌ သတိပြု ကြလော့။ အခြား သောဘုရား ၏ နာမ ကို မ မြွက် မဆိုနှင့်။ သင် ၏နှုတ် ထဲက မြွက်သံကို သူတပါးမ ကြား စေနှင့်။
14 Three times thou shalt keep a feast unto Me in the year.
၁၄တနှစ် တွင် သုံး ကြိမ် ငါ့ အဘို့ ပွဲခံ ရမည်။
15 The feast of unleavened bread shalt thou keep; seven days thou shalt eat unleavened bread, as I commanded thee, at the time appointed in the month Abib — for in it thou camest out from Egypt; and none shall appear before Me empty;
၁၅ငါမှာ ထားခဲ့ပြီးသည်အတိုင်း ၊ အဗိဗ လ ချိန်းချက် သော နေ့ရက်အချိန်၌ အဇုမ ပွဲကိုခံ ၍၊ ခုနစ် ရက် ပတ်လုံးတဆေး မဲ့သော မုန့်ကို စား ရမည်။ အကြောင်း မူကား၊ ထို လတွင် သင်သည် အဲဂုတ္တု ပြည်က ထွက် လာသတည်း။ ထိုပွဲကို ခံစဉ် ငါ့ ထံသို့ အဘယ်သူမျှလက်ချည်း မ ပေါ် မလာရ။
16 and the feast of harvest, the first-fruits of thy labours, which thou sowest in the field; and the feast of ingathering, at the end of the year, when thou gatherest in thy labours out of the field.
၁၆လယ်လုပ်၍ အသီးအနှံ ကို သိမ်းစရှိသည်ကာလ၊ သိမ်း ပွဲ ကို၎င်း၊ လယ် လုပ် ၍ အသီးအနှံ ကို သိုထား သည်ကာလ၊ နှစ် လဲ သောအခါ ၊ သိုထား ပွဲ ကို၎င်း ခံရမည်။
17 Three times in the year all thy males shall appear before the Lord GOD.
၁၇သင် တို့တွင် ယောက်ျား အပေါင်း တို့သည်၊ တနှစ် လျှင် သုံး ကြိမ် ထာဝရ အရှင်ဘုရားသခင့် ရှေ့ တော်၌ မျက်နှာ ပြရကြမည်။
18 Thou shalt not offer the blood of My sacrifice with leavened bread; neither shall the fat of My feast remain all night until the morning.
၁၈ငါ့ ယဇ်ကောင် ၏ အသွေး ကို၊ တဆေး ပါသောမုန့်နှင့် ရော၍ မ ပူဇော် ရ။ ငါ့ ယဇ်ကောင် ဆီဥ ကို နံနက် တိုင်အောင် မ ကြွင်း စေရ။
19 The choicest first-fruits of thy land thou shalt bring into the house of the LORD thy God. Thou shalt not seethe a kid in its mother's milk.
၁၉သင် ၏မြေ ၌ အဦး သီးသော အသီးအနှံအကောင်း ဆုံးကို၊ သင် ၏ဘုရား သခင်ထာဝရ ဘုရား၏ အိမ် တော်ထဲသို့ ဆောင် သွင်းရမည်။ ဆိတ် သငယ်ကို အမိ နို့ ရည်နှင့် မ ချက် မပြုတ်ရ။
20 Behold, I send an angel before thee, to keep thee by the way, and to bring thee into the place which I have prepared.
၂၀ကြည့်ရှု လော့။ လမ်း ခရီး၌ သင့် ကို စောင့်ရှောက် ၍ ၊ ငါပြင်ဆင် နှင့်သော အရပ် သို့ ပို့ စေခြင်းငှာ ၊ ကောင်းကင်တမန် ကို သင့် ရှေ့ ၌ ငါ စေလွှတ် ၏။
21 Take heed of him, and hearken unto his voice; be not rebellious against him; for he will not pardon your transgression; for My name is in him.
၂၁ထိုတမန် ကို ရိုသေ စွာပြုလော့။ စကား တော်ကို နားထောင် လော့။ အာဏာတော်ကို မ ဆန် နှင့်။ သင် တို့ပြစ်မှားသောအပြစ် ကို သူသည် မ လွှတ်။ ငါ့ နာမ သည် သူ ၌ တည်ရှိ၏။
22 But if thou shalt indeed hearken unto his voice, and do all that I speak; then I will be an enemy unto thine enemies, and an adversary unto thine adversaries.
၂၂အကယ်စင်စစ်သင်သည် သူ့ စကား ကို နားထောင် ၍ ငါပညတ် သမျှ အတိုင်း ပြု လျှင် ၊ သင် ၏ ရန်သူ တို့ကို ငါသည် ရန်ဘက် ပြုမည်။ သင့် ကို ဆီးတား သောသူတို့ကိုလည်း ငါဆီးတား မည်။
23 For Mine angel shall go before thee, and bring thee in unto the Amorite, and the Hittite, and the Perizzite, and the Canaanite, the Hivite, and the Jebusite; and I will cut them off.
၂၃ငါ့ တမန် သည် သင့် ရှေ့ ၌သွား ၍ သင့် ကို အာမောရိ လူ၊ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ခါနနိ လူ၊ ဂိရဂါရှိလူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့ရှိရာသို့ ဆောင် သွင်း၍ ၊ သူ တို့ကို ပယ်ရှင်း မည်။
24 Thou shalt not bow down to their gods, nor serve them, nor do after their doings; but thou shalt utterly overthrow them, and break in pieces their pillars.
၂၄သူ တို့ဘုရား များကို ဦး မ ချဝတ် မ ပြုရ။ သူ တို့ဘာသာ အတိုင်း မ ကျင့် ရ။ သူ တို့ကို အကုန်အစင်မှောက် လှဲ၍ ၊ ရုပ်တု ဆင်းတုများကိုလည်း ရှင်းရှင်းဖြိုဖျက် ရမည်။
25 And ye shall serve the LORD your God, and He will bless thy bread, and thy water; and I will take sickness away from the midst of thee.
၂၅သင် တို့၏ဘုရား သခင်ထာဝရဘုရား ကို ဝတ်ပြု ရမည်။ သင် ၏မုန့် ကို၎င်း ၊ ရေ ကို၎င်း၊ ကောင်းကြီး ပေး တော်မူမည်။ အနာရောဂါ ကိုလည်း သင် ၏အထဲ က နှုတ်ယူ ပယ်ရှားတော်မူမည်။
26 None shall miscarry, nor be barren, in thy land; the number of thy days I will fulfil.
၂၆သင် ၏ပြည် တွင် ကိုယ်ဝန် ပျက်သော သတ္တဝါ၊ မြုံ သောသတ္တဝါနှင့် ကင်းလွတ် လိမ့်မည်။ သင် ၏အသက် တန်း ကို ငါစုံလင် စေမည်။
27 I will send My terror before thee, and will discomfit all the people to whom thou shalt come, and I will make all thine enemies turn their backs unto thee.
၂၇ငါ့ ကိုကြောက် တတ်သော သဘောကို သင့် ရှေ့ သို့ ငါစေလွှတ် ၍ ၊ သင်ရောက်လေရာရာအရပ်၌ ခပ်သိမ်း သောလူမျိုး ကို ငါဖျက်ဆီး မည်။ သင် ၏ရန်သူ အပေါင်း တို့ကို နောက် သို့ လှည့်စေ မည်။
28 And I will send the hornet before thee, which shall drive out the Hivite, the Canaanite, and the Hittite, from before thee.
၂၈ပျားတူ များကိုလည်း သင့် ရှေ့ သို့ ငါစေလွှတ် ၍ ၊ သူတို့သည် ဟိဝိ လူ၊ ခါနနိ လူ၊ ဟိတ္တိ လူတို့ကို သင့် ရှေ့ မှာ နှင်ထုတ် ကြလိမ့်မည်။
29 I will not drive them out from before thee in one year, lest the land become desolate, and the beasts of the field multiply against thee.
၂၉ထိုလူများကို တ နှစ်ခြင်းတွင် သင့် ရှေ့ မှာ ငါမ နှင်ထုတ်။ သို့ပြုလျှင်ပြည် သည် လူဆိတ်ညံ ၍ သားရဲ သည် သင့် တဘက်၌ များပြား လိမ့်မည်။
30 By little and little I will drive them out from before thee, until thou be increased, and inherit the land.
၃၀သင်သည် တိုးပွား ၍ တပြည် လုံးကို ဝင်စား သည်တိုင်အောင် ၊ သူ တို့ကို သင့် ရှေ့ မှာ ဖြည်းဖြည်း ငါနှင်ထုတ် မည်။
31 And I will set thy border from the Red Sea even unto the sea of the Philistines, and from the wilderness unto the River; for I will deliver the inhabitants of the land into your hand; and thou shalt drive them out before thee.
၃၁သင့် နေရာ နယ် အပိုင်းအခြားကို၊ ဧဒုံ ပင်လယ် မှ သည် ဖိလိတ္တိ ပင်လယ် တိုင်အောင် ၎င်း ၊ တော မှ သည် မြစ် တိုင်အောင် ၎င်း ငါမှတ်သား မည်။ ထိုအရပ် သား များကို သင့် လက် သို့ ငါအပ် ၍၊ သင်သည် နှင်ထုတ် ရ လိမ့်မည်။
32 Thou shalt make no covenant with them, nor with their gods.
၃၂သူ တို့နှင့် ၎င်း၊ သူ တို့ဘုရား များနှင့်၎င်း၊ သင် သည် မိဿဟာယ မ ဖွဲ့ ရ။
33 They shall not dwell in thy land — lest they make thee sin against Me, for thou wilt serve their gods — for they will be a snare unto thee.
၃၃သင် သည် ငါ့ ကို ပြစ်မှား စေခြင်းငှာ၊ သူတို့သည် ပြုမည်ကို စိုးရိမ်စရာရှိသောကြောင့်၊ သူတို့သည် သင့် ပြည် ၌ မ နေ ရကြ။ သင်သည် သူ တို့ဘုရား ကို ဝတ်ပြု လျှင် ၊ ထိမိ ၍ လဲစရာအကြောင်းအမှန် ဖြစ် လိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။

< Exodus 23 >