< Deuteronomy 24 >
1 When a man taketh a wife, and marrieth her, then it cometh to pass, if she find no favour in his eyes, because he hath found some unseemly thing in her, that he writeth her a bill of divorcement, and giveth it in her hand, and sendeth her out of his house,
၁တစုံ တယောက်သောသူသည် မယား နှင့် ထိမ်းမြား ၍ ဆက်ဆံ ပြီးမှတဖန် အပြစ် တင်စရာအကြောင်း ရှိ သောကြောင့် စိတ် မ တွေ့လျှင် ၊ ဖြတ် စာကို ရေး ၍ သူ ၌ အပ်ပေး သဖြင့် လွှတ် လိုက်ရမည်။
2 and she departeth out of his house, and goeth and becometh another man's wife,
၂ထိုမိန်းမသည် လင် အိမ် မှ ထွက် သွား သော နောက်၊ အခြား သောသူ ၏မယား ဖြစ် ရသောအခွင့်ရှိ၏။
3 and the latter husband hateth her, and writeth her a bill of divorcement, and giveth it in her hand, and sendeth her out of his house; or if the latter husband die, who took her to be his wife;
၃နောက် နေသောလင် သည်လည်း သူ့ ကိုမုန်း လျှင် ၊ ဖြတ် စာကို ရေး ၍ သူ ၌ အပ် သဖြင့် လွှတ် လိုက်သည် ဖြစ်စေ၊ ထို လင် သေ သည်ဖြစ်စေ၊
4 her former husband, who sent her away, may not take her again to be his wife, after that she is defiled; for that is abomination before the LORD; and thou shalt not cause the land to sin, which the LORD thy God giveth thee for an inheritance.
၄အရင် လွှတ် လိုက်သော လင် ဟောင်းသည် ညစ်ညူး ခြင်းရှိသောထိုမိန်းမ ကို နောက် တဖန်မ သိမ်း ရ။ ထာဝရဘုရား ရှေ့ တော်၌ စက်ဆုပ် ဘွယ်သောအမှုဖြစ် ၏။ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အမွေခံ စရာဘို့ ပေး တော်မူသော ပြည် ၌ အပြစ် မ ရောက်စေရ။
5 When a man taketh a new wife, he shall not go out in the host, neither shall he be charged with any business; he shall be free for his house one year, and shall cheer his wife whom he hath taken.
၅အိမ်ထောင် ဘက်ပြုစရှိသောသူသည် စစ်တိုက် မ သွား ရ။ မင်း အမှုကို မ ဆောင် ရ။ တနှစ် ပတ်လုံးကိုယ် အိမ် ၌ အလွတ် နေ ၍ မယား ကို ကျွေးမွေး ပြုစုရမည်။
6 No man shall take the mill or the upper millstone to pledge; for he taketh a man's life to pledge.
၆ကြိတ်ဆုံ အပေါ် ကျောက်ပြားကို ဖြစ်စေ ၊ အောက်ကျောက်ပြားကို ဖြစ်စေ၊ အဘယ်သူမျှအပေါင် မ ယူရ။ ထိုသို့ယူလျှင်၊ သူ့အသက်ကို အပေါင်ယူသည်နှင့် တူ၏။
7 If a man be found stealing any of his brethren of the children of Israel, and he deal with him as a slave, and sell him; then that thief shall die; so shalt thou put away the evil from the midst of thee.
၇လူသည် မိမိ အမျိုးသား ချင်းဖြစ်သော ဣသရေလ အမျိုးသား ကို ခိုး ၍ ကျွန် အရာ၌ ထားသည်ဖြစ်စေ ၊ ရောင်း သည်ဖြစ်စေ ၊ ထို သူခိုး ကို တွေ့ မိလျှင် အသေ သတ်ရမည်။ သင် တို့တွင် ဒုစရိုက် အပြစ်ကို ထိုသို့ ပယ်ရှား ရကြမည်။
8 Take heed in the plague of leprosy, that thou observe diligently, and do according to all that the priests the Levites shall teach you, as I commanded them, so ye shall observe to do.
၈နူနာ ဘေး ရောက်သောအခါ ၊ လေဝိ သား ယဇ် ပုရောဟိတ် တို့ သွန်သင် သမျှ အတိုင်း သတိ ပြု၍ စေ့စေ့စောင့်ရှောက် လော့။ သူ တို့ကို ငါမှာ ထားသည်အတိုင်း ကျင့် စောင့်ကြလော့။
9 Remember what the LORD thy God did unto Miriam, by the way as ye came forth out of Egypt.
၉သင် တို့သည် အဲဂုတ္တု ပြည်မှ ထွက် ၍ ခရီး သွားကြ စဉ်တွင် ၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား သည်၊ မိရိအံ ၌ ပြု တော်မူသောအမှု ကို အောက်မေ့ ကြလော့။
10 When thou dost lend thy neighbour any manner of loan, thou shalt not go into his house to fetch his pledge.
၁၀သင် သည် အမျိုးသား ချင်း၌ တစုံတခု ကို ချေးငှား လျှင် ၊ အပေါင် ထားသောဥစ္စာကို ယူ ခြင်းငှာ သူ့ အိမ် ထဲသို့ မ ဝင် ရ။
11 Thou shalt stand without, and the man to whom thou dost lend shall bring forth the pledge without unto thee.
၁၁သင်သည် အိမ်ပြင် မှာ ရပ် နေ၍ ၊ ထို သူ သည် အပေါင် ထားသော ဥစ္စာကို သင့် ရှိ ရာအိမ်ပြင် သို့ ဆောင် ခဲ့ ရမည်။
12 And if he be a poor man, thou shalt not sleep with his pledge;
၁၂ထိုသူ သည်ဆင်းရဲ လျှင် ၊ ပေါင် ၍ထားသော ဥစ္စာကို ပြန်မ အပ်ဘဲ ညဉ့် ကိုမလွန်စေရ။
13 thou shalt surely restore to him the pledge when the sun goeth down, that he may sleep in his garment, and bless thee; and it shall be righteousness unto thee before the LORD thy God.
၁၃သူ သည် မိမိ အဝတ် ကို ဝတ်ခြုံလျက် အိပ်ပျော် ၍ သင့် ကိုကောင်းကြီး ပေးမည် အကြောင်း ၊ သူပေါင် ၍ထား သော ဥစ္စာကို နေ ဝင် လျှင် ဆက်ဆက်ပြန် အပ်ရမည်။ ထိုသို့ပြုသောအမှုသည် သင် ၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ဖြောင့်မတ် သောအမှု ဖြစ် လိမ့်မည်။
14 Thou shalt not oppress a hired servant that is poor and needy, whether he be of thy brethren, or of thy strangers that are in thy land within thy gates.
၁၄အမျိုးသား ချင်းဖြစ်စေ ၊ သင့် နေရာ မြို့ရွာ တို့၌ တည်းခိုသော တပါး အမျိုးသားဖြစ်စေ၊ ဆင်းရဲ ငတ်မွတ် သောသူငှား ကို မ ညှဉ်းဆဲ ရ။
15 In the same day thou shalt give him his hire, neither shall the sun go down upon it; for he is poor, and setteth his heart upon it: lest he cry against thee unto the LORD and it be sin in thee.
၁၅နေ့စဉ် မပြတ် သူ့ အခ ကို ပေး ရမည်။ မ ပေးဘဲ နေ မဝင် စေနှင့်။ သူ သည် ဆင်းရဲ သောကြောင့် ရထိုက် သော အခကိုလည်း စိတ်စွဲလမ်းလျက် ရှိလိမ့်မည်။ မပေးဘဲနေလျှင် သူသည် သင့်ကို အပြစ်တင်၍ ထာဝရဘုရား ကို အော်ဟစ် သဖြင့် သင် ၌ အပြစ် ရောက် မည်ဟု စိုးရိမ်စရာရှိ၏။
16 The fathers shall not be put to death for the children, neither shall the children be put to death for the fathers; every man shall be put to death for his own sin.
၁၆အဘ သည် သား ၏အပြစ်ကြောင့် ၎င်း ၊ သား သည် အဘ ၏အပြစ်ကြောင့် ၎င်း၊ အသေ မ ခံရ။ လူတိုင်း မိမိ အပြစ် ကြောင့် သာ အသေ ခံရမည်။
17 Thou shalt not pervert the justice due to the stranger, or to the fatherless; nor take the widow's raiment to pledge.
၁၇တရားတွေ့ခြင်းအမှုမှာ တပါး အမျိုးသားနှင့် မိဘ မရှိသောသူကို အရှုံး မ ပေးရ။ မုတ်ဆိုးမ အဝတ် ကို အပေါင် မ ယူရ။
18 But thou shalt remember that thou wast a bondman in Egypt, and the LORD thy God redeemed thee thence; therefore I command thee to do this thing.
၁၈သင်သည် အဲဂုတ္တု ပြည်၌ ကျွန် ခံ ခဲ့ဘူးကြောင်း ကို၎င်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ထို ပြည်မှ ရွေးနှုတ် တော်မူကြောင်း ကို၎င်းအောက်မေ့ ရမည်။ ထို့ကြောင့် ဤ ပညတ် ကို ငါ ထား ၏။
19 When thou reapest thy harvest in thy field, and hast forgot a sheaf in the field, thou shalt not go back to fetch it; it shall be for the stranger, for the fatherless, and for the widow; that the LORD thy God may bless thee in all the work of thy hands.
၁၉သင် သည် ကိုယ် လယ် ၌ အသီးအနှံ ကိုရိတ် သောအခါ ၊ မေ့လျော့ သောကောက်လှိုင်း ကို ပြန် ၍ မ ယူ ရ။ သင် ပြု လေရာရာ ၌ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ကောင်းကြီး ပေးတော်မူမည်အကြောင်း ၊ ထိုကောက်လှိုင်းကို တပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ အဘို့ ထား ရမည်။
20 When thou beatest thine olive-tree, thou shalt not go over the boughs again; it shall be for the stranger, for the fatherless, and for the widow.
၂၀သင် ၏သံလွင် သီးကို ရိုက် ချွေသောအခါ ၊ ကျန်ကြွင်းသောအသီး ကို ပြန်၍ မ ရိုက်ချွေရ။ တပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ အဘို့ ထား ရမည်။
21 When thou gatherest the grapes of thy vineyard, thou shalt not glean it after thee; it shall be for the stranger, for the fatherless, and for the widow.
၂၁သင် ၏စပျစ် ဥယျာဉ်၌ စပျစ်သီးကို ဆွတ် ယူ သောအခါ ပြန်၍ ကောက် သိမ်းခြင်းကို မ ပြုရ။ ကျန်ကြွင်းသောအသီးသည် တပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ အဘို့ ဖြစ် ရမည်။
22 And thou shalt remember that thou wast a bondman in the land of Egypt; therefore I command thee to do this thing.
၂၂သင်သည် အဲဂုတ္တု ပြည် ၌ ကျွန် ခံ ခဲ့ဘူးကြောင်း ကို အောက်မေ့ ရမည်။ ထို့ကြောင့် ဤ ပညတ် ကို ငါ ထား ၏။