< Deuteronomy 2 >
1 Then we turned, and took our journey into the wilderness by the way to the Red Sea, as the LORD spoke unto me; and we compassed mount Seir many days.
၁တဖန် ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် အတိုင်း ၊ ငါတို့သည် လှည့် ၍ ၊ ဧဒုံ ပင်လယ် လမ်း ဖြင့် တော သို့ ခရီး သွားလျက် ၊ စိရ တောင် ကို ကြာမြင့် စွာ လှည့်လည် ကြ၏။
2 And the LORD spoke unto me, saying:
၂ထာဝရဘုရား ကလည်း ၊ သင်တို့သည် ကာလ အချိန်စေ့အောင် ဤ တောင် ကို လှည့်လည် ကြပြီ။ တဖန် မြောက် မျက်နှာသို့သွား ကြဦးလော့။
3 'Ye have compassed this mountain long enough; turn you northward.
၃သင်တို့သည် ကာလအချိန်စေ့အောင် ဤတောင်ကိုလှည့်လည်ကြပြီ။ တဖန် မြောက်မျက်နှာသို့ သွားကြဦးလော့။
4 And command thou the people, saying: Ye are to pass through the border of your brethren the children of Esau, that dwell in Seir; and they will be afraid of you; take ye good heed unto yourselves therefore;
၄သင် သည် လူ များတို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့၏ညီအစ်ကို ဧသော အမျိုးသား တို့ နေ သောစိရ ပြည်အနား မှာ သင် တို့ရှောက်သွား သောအခါ ၊ သူတို့ သည် ကြောက် ကြလိမ့်မည်။ ထို့ကြောင့် သတိ ပြုကြ လော့။
5 contend not with them; for I will not give you of their land, no, not so much as for the sole of the foot to tread on; because I have given mount Seir unto Esau for a possession.
၅သူ တို့ကို အလျှင်းမ ပြု ကြနှင့်။ သူ တို့ပြည် ကို သင် တို့အား ငါမ ပေး။ ခြေ နင်း ရာခန့်ကိုမျှ မပေး။ စိရ တောင် ကို ဧသော အား ငါ အပိုင် ပေး ပြီ။
6 Ye shall purchase food of them for money, that ye may eat; and ye shall also buy water of them for money, that ye may drink.
၆သင်တို့သည် စား ဘို့ရာအစာ ကို၎င်း ၊ သောက် ဘို့ရာ ရေ ကို၎င်း သူ တို့ထံ ငွေ နှင့် ဝယ် ရကြမည်။
7 For the LORD thy God hath blessed thee in all the work of thy hand; He hath known thy walking through this great wilderness; these forty years the LORD thy God hath been with thee; thou hast lacked nothing.'
၇သင် တို့ပြု လေရာရာ၌ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် ကောင်းကြီး ပေးတော်မူပြီ။ ဤ တော ကြီး ၌ သင် တို့လှည့်လည် သော အကြောင်း အရာတို့ကို သိ တော်မူ၏။ အနှစ် လေးဆယ် ပတ်လုံးသင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ သင်တို့၌ ဘာမျှ မ လို ဟု ဆင့်ဆိုရ၏။
8 So we passed by from our brethren the children of Esau, that dwell in Seir, from the way of the Arabah, from Elath and from Ezion-geber. And we turned and passed by the way of the wilderness of Moab.
၈စိရ ပြည်မှာ နေ သောငါ တို့ညီအစ်ကို ဧသော အမျိုးသား တို့အနား ၌ ရှောက် လျက် ဧလပ် မြို့၊ ဧဇယုန်ဂါဗါ မြို့မှ သွားသော လွင်ပြင် လမ်းသို့ လိုက် ပြီးလျှင် ၊ တဖန် လှည့် ၍ မောဘ တော လမ်း ဖြင့် သွား ကြ၏။
9 And the LORD said unto me: 'Be not at enmity with Moab, neither contend with them in battle; for I will not give thee of his land for a possession; because I have given Ar unto the children of Lot for a possession. —
၉ထာဝရဘုရား ကလည်း ၊ မောဘ ပြည်သားတို့ကို မ နှောင့်ရှက် နှင့်။ စစ် မ တိုက်နှင့်။ သူ တို့ပြည် ကို သင့် အား ငါအပိုင် မ ပေး။ အာရ ပြည်ကို လောတ အမျိုးသား တို့အား ငါအပိုင် ပေး ပြီဟု ငါ့ အား မိန့် တော်မူ၏။
10 The Emim dwelt therein aforetime, a people great, and many, and tall, as the Anakim;
၁၀ရှေး ကာလ၌ အာနက အမျိုးသားကဲ့သို့ ကြီး မြင့် များပြား သောလူ ၊ ဧမိမ် အမျိုးသားတို့သည် ထိုပြည် မှာ နေ ကြ၏။
11 these also are accounted Rephaim, as the Anakim; but the Moabites call them Emim.
၁၁ထိုသူ တို့သည် အာနက အမျိုးသားကဲ့သို့ အလွန် ကြီးမားသော လူတို့အဝင်ဖြစ်သည်ကို လူများ ထင်မှတ် ကြ၏။ သို့ရာတွင် မောဘ ပြည်သားတို့သည် ထိုသူ တို့ကို ဧမိမ် ဟူ၍ခေါ် ကြ၏။
12 And in Seir dwelt the Horites aforetime, but the children of Esau succeeded them; and they destroyed them from before them, and dwelt in their stead; as Israel did unto the land of his possession, which the LORD gave unto them. —
၁၂ရှေး ကာလ၌ ဟောရိ လူတို့သည်လည်း စိရ ပြည် မှာ နေ ကြ၏။ ထိုသူ တို့ကို ဧသော အမျိုးသား တို့သည် သုတ်သင် ပယ်ရှင်း၍ သူ တို့နေရာ ၌ နေ ကြ၏။ ထိုအတူ ထာဝရဘုရား အပိုင် ပေး တော်မူသော ပြည် ကို ဣသရေလ အမျိုးသားတို့သည် ပြု ရကြသတည်း။
13 Now rise up, and get you over the brook Zered.' And we went over the brook Zered.
၁၃ယခု ထ ၍ ဇေရက် ချောင်း ကို ကူး ကြလော့ဟု မိန့်တော်မူသည်အတိုင်း ၊ သင်တို့သည် ဇေရက် ချောင်း ကို ကူး ကြ၏။
14 And the days in which we came from Kadesh-barnea, until we were come over the brook Zered, were thirty and eight years; until all the generation, even the men of war, were consumed from the midst of the camp, as the LORD swore unto them.
၁၄ကာဒေရှဗာနာ အရပ်သို့ အရင်ရောက်သော ကာလမှစ၍ဇေရက် ချောင်း ကို ကူး သောကာလ တိုင်အောင် နှစ် ပေါင်းသုံး ဆယ်ရှစ် နှစ် လွန် သတည်း။ ထာဝရဘုရား ကျိန်ဆို တော်မူသည်အတိုင်း ၊ အရင်စစ်သူရဲ မျိုး အပေါင်းတို့သည် လူ အလုံး အရင်းထဲက သေကြေ ကွယ်ပျောက်ရကြ၏။
15 Moreover the hand of the LORD was against them, to discomfit them from the midst of the camp, until they were consumed.
၁၅ထိုသူ တို့ မကွယ် မပျောက်မှီတိုင်အောင်၊ ထာဝရဘုရား သည် သူ တို့ကို အလုံး အရင်းထဲက ပယ်ရှား ခြင်းငှါ လက် တော်ကို ဆန့်တော်မူ၏။
16 So it came to pass, when all the men of war were consumed and dead from among the people,
၁၆စစ်သူရဲ အပေါင်း တို့သည် လူစု ထဲက သေ ကြေကွယ်ပျောက် ပြီးမှ၊
17 that the LORD spoke unto me saying:
၁၇
18 'Thou art this day to pass over the border of Moab, even Ar;
၁၈ထာဝရဘုရား က၊ သင် သည် မောဘ ပြည် ၊ အာရ နယ်အလယ်၌ ယနေ့ ရှောက် သွားရမည်။
19 and when thou comest nigh over against the children of Ammon, harass them not, nor contend with them; for I will not give thee of the land of the children of Ammon for a possession; because I have given it unto the children of Lot for a possession. —
၁၉အမ္မုန် အမျိုးသား တို့အနီးသို့ ရောက် သောအခါ သူ တို့ကိုမ နှောင့်ရှက် နှင့်၊ အလျှင်းမ ပြု နှင့်။ အမ္မုန် အမျိုးသား နေသောပြည် ကို သင့် အား ငါအပိုင် မ ပေး ၊ ထိုပြည် ကို လောတ အမျိုးသား တို့အား ငါအပိုင် ပေး ပြီဟု ငါ့ အား မိန့် တော်မူ၏။
20 That also is accounted a land of Rephaim: Rephaim dwelt therein aforetime; but the Ammonites call them Zamzummim,
၂၀ထိုပြည် ကိုလည်း ၊ အလွန် ကြီးမားသောသူတို့ ၏ နေရာဖြစ်သည်ဟု လူများထင်မှတ် ကြ၏။ ရှေး ကာလ၌ ထိုသို့သောလူတို့သည် နေကြ၏။ သူ တို့ကို အမ္မုန် ပြည်သားတို့သည် ဇံဇုမ္မိမ် ဟူ၍ခေါ် ကြ၏။
21 a people great, and many, and tall, as the Anakim; but the LORD destroyed them before them; and they succeeded them, and dwelt in their stead;
၂၁
22 as He did for the children of Esau, that dwell in Seir, when He destroyed the Horites from before them; and they succeeded them, and dwelt in their stead even unto this day;
၂၂ထိုလူမျိုးသည် အာနက အမျိုးသားကဲ့သို့ ကြီး မြင့် များပြား သောလူ ဖြစ်ကြ၏။ သို့သော်လည်း စိရ ပြည်၌ နေ သောဧသော အမျိုးသား ရှေ့ မှာ ဟောရိ လူတို့ကို ထာဝရဘုရား ဖျက်ဆီး တော်မူသဖြင့်၊ သူ တို့နေရာ ၌ဧသောအမျိုးသားတို့သည် ယနေ့ တိုင်အောင် နေကြသကဲ့သို့ ၊ အမ္မုန် အမျိုးသားတို့ရှေ့ မှာ ဇံဇုမ္မိမ် လူတို့ကို သုတ်သင် ပယ်ရှင်းတော်မူသဖြင့်၊ သူတို့နေရာ၌ အမ္မုန်အမျိုးသားတို့သည်နေ ကြ၏။
23 and the Avvim, that dwelt in villages as far as Gaza, the Caphtorim, that came forth out of Caphtor, destroyed them, and dwelt in their stead. —
၂၃ထိုအတူ ၊ ဟာဇရိမ် မြို့မှစ၍ အဇ္ဇာ မြို့တိုင်အောင် နေ ဘူးသော အာဝိမ် လူတို့ကို၊ ကတ္တောရ မြို့မှ ထွက် သော ကတ္တောရိမ် လူတို့သည် ဖျက်ဆီး ၍ သူ တို့ နေရာ ၌ နေ ကြ၏။
24 Rise ye up, take your journey, and pass over the valley of Arnon; behold, I have given into thy hand Sihon the Amorite, king of Heshbon, and his land; begin to possess it, and contend with him in battle.
၂၄သင်တို့သည် ထ ၍ ခရီး သွားသဖြင့် အာနုန် မြစ် ကို ကူး ကြလော့။ အာမောရိ အမျိုး၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် နှင့် သူ ၏မြေ ကို သင် တို့လက် ၌ ငါအပ် သောကြောင့်၊ ထိုမြေ ကို သိမ်း စ ပြု၍ ထိုမင်းကို စစ်တိုက် ကြလော့။
25 This day will I begin to put the dread of thee and the fear of thee upon the peoples that are under the whole heaven, who, when they hear the report of thee, shall tremble, and be in anguish because of thee.'
၂၅မိုဃ်း ကောင်းကင်အောက် ၌ ရှိသမျှ သောလူမျိုး တို့သည် ယနေ့ သင် တို့ကို ကြောက်ရွံ့ ထိတ်လန့်စ ရှိ မည်အကြောင်း ငါပြု မည်။ သင် တို့၏သိတင်း ကို ကြား ၍ တုန်လှုပ် ခြင်း၊ စိုးရိမ် ကြောင့်ကြခြင်းသို့ ရောက်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။
26 And I sent messengers out of the wilderness of Kedemoth unto Sihon king of Heshbon with words of peace, saying:
၂၆ငါသည်လည်း၊ ကေဒမုတ် တော မှ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် မင်းထံသို့ သံတမန် တို့ကို စေလွှတ် လျက်၊
27 'Let me pass through thy land; I will go along by the highway, I will neither turn unto the right hand nor to the left.
၂၇မင်းကြီး ၏ ပြည် အလယ် ၌ ကျွန်ုပ်ရှောက်သွား ပါရစေ။ မင်းလမ်း သို့ သာ လိုက် ပါမည်။ လက်ျာ ဘက်လက်ဝဲ ဘက်သို့မ လွှဲ ပါ။
28 Thou shalt sell me food for money, that I may eat; and give me water for money, that I may drink; only let me pass through on my feet;
၂၈စိရ ပြည်၌ နေ သောဧသော အမျိုးသား ၊ အာရ ပြည်၌ နေ သောမောဘ အမျိုးသားတို့သည် ကျွန်ုပ် ၌ ပြု သကဲ့သို့ ကျွန်ုပ်စားဘို့ရာအစာ ကို၎င်း၊ သောက်ဘို့ရာရေ ကို၎င်း၊ မင်းကြီးသည်ငွေ နှင့်ရောင်း ပါလော့။ ကျွန်ုပ် တို့ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် သို့ ကျွန်ုပ်သည်ယော်ဒန် မြစ်ကို ကူး ၍မ ရောက်မှီတိုင်အောင် မင်းကြီးပြည်အလယ်၌ခြေ ဖြင့် သွား ရုံမျှသာ ပြုပါမည်ဟု မိဿဟာယ စကား နှင့်ပြောဆို သော်လည်း၊
29 as the children of Esau that dwell in Seir, and the Moabites that dwell in Ar, did unto me; until I shall pass over the Jordan into the land which the LORD our God giveth us.'
၂၉
30 But Sihon king of Heshbon would not let us pass by him; for the LORD thy God hardened his spirit, and made his heart obstinate, that He might deliver him into thy hand, as appeareth this day.
၃၀ကျွန်ုပ် တို့ ရှောက်သွား ရသောအခွင့် ကို ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် မင်းသည် မ ပေး။ အကြောင်း မူကား၊ ယနေ့ ထင်ရှားသည်အတိုင်း၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် ထိုမင်း ကို သင် တို့လက် ၌ အပ် ခြင်းငှါ ၊ ခက်ထန် သောစိတ် သဘော၊ ခိုင်မာ သောနှလုံးကို သူ ၌ ပေးသွင်းတော်မူ၏။
31 And the LORD said unto me: 'Behold, I have begun to deliver up Sihon and his land before thee; begin to possess his land.'
၃၁ထာဝရဘုရား ကလည်း ၊ ရှိဟုန် မင်းနှင့် သူ ၏ မြေ ကို သင့် အား ငါပေး စ ပြု၏။ ထို မြေ ကို အမွေခံ အံ့သောငှါ ၊ သိမ်း စ ပြုလော့ဟု ငါ့ အား မိန့် တော်မူ၏။
32 Then Sihon came out against us, he and all his people, unto battle at Jahaz.
၃၂ထိုအခါ ရှိဟုန် မင်းသည် သူ ၏လူ အပေါင်း တို့ နှင့်တကွ ယာဟတ် မြို့မှာ ငါ တို့ကိုတိုက် ခြင်းငှါ ထွက် လာ၏။
33 And the LORD our God delivered him up before us; and we smote him, and his sons, and all his people.
၃၃ငါ တို့ဘုရား သခင်ထာဝရဘုရား သည်ထိုမင်း ကို ငါ တို့၌ အပ် တော်မူသဖြင့် သူ မှစ၍ သား များ၊ လူ များအပေါင်း တို့ကို ငါတို့သည် လုပ်ကြံ ကြ၏။
34 And we took all his cities at that time, and utterly destroyed every city, the men, and the women, and the little ones; we left none remaining;
၃၄ထိုအခါ သူ ၏မြို့ ရှိသမျှ တို့ကို တိုက် ယူ၍၊ ယောက်ျား မိန်းမ သူငယ် တို့ကို တယောက်မျှ မ ကြွင်း စေခြင်းငှါရှင်းရှင်းဖျက်ဆီး ကြ၏။
35 only the cattle we took for a prey unto ourselves, with the spoil of the cities which we had taken.
၃၅တိရစ္ဆာန် များ၊ မြို့ ရွာ၌ လက်ရဥစ္စာ များကိုသာ ကိုယ် ဘို့ သိမ်းယူ ကြ၏။
36 From Aroer, which is on the edge of the valley of Arnon, and from the city that is in the valley, even unto Gilead, there was not a city too high for us: the LORD our God delivered up all before us.
၃၆အာနုန် မြစ် နား ၌ ရှိသော အာရော် မြို့မှစ၍ ဂိလဒ် မြို့တိုင်အောင် ၊ မြစ် နား၌ ရှိသမျှသော မြို့တို့တွင် ငါတို့မအောင်နိုင်သော မြို့တမြို့မျှမရှိ။ ငါ တို့ဘုရား သခင် ထာဝရဘုရား သည် အလုံးစုံ တို့ကို ငါ တို့၌ အပ် တော်မူ၏။
37 Only to the land of the children of Ammon thou camest not near; all the side of the river Jabbok, and the cities of the hill-country, and wheresoever the LORD our God forbade us.
၃၇သို့ရာတွင် အမ္မုန် အမျိုးသား နေသောမြေ ၊ ယဗ္ဗုတ် မြစ် နှင့် ဆိုင်သော မြေ၊ တောင် ရိုးမြို့ အစရှိသော၊ ငါ တို့ဘုရား သခင်ထာဝရဘုရား မြစ်တား တော်မူသောအရာ တစုံတခုကိုမျှ မ ချဉ်း ရကြ။