< Amos 2 >

1 Thus saith the LORD: For three transgressions of Moab, yea, for four, I will not reverse it: because he burned the bones of the king of Edom into lime.
တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ မောဘ ပြည်သည် ဧဒုံ ရှင်ဘုရင် ၏ အရိုး တို့ကို ထုံး ဖြစ် စေခြင်းငှါမီး နှင့် ဖုတ်သောအပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည်ဒဏ် မ ပေးဘဲမနေ။
2 So will I send a fire upon Moab, and it shall devour the palaces of Kerioth; and Moab shall die with tumult, with shouting, and with the sound of the horn;
မောဘ ပြည်အပေါ် သို့ မီး ကိုလွှတ် ၍ ၊ ကေရုတ် မြို့၏ဘုံ ဗိမာန်တို့ကို လောင် စေမည်။ ကြီးသော အသံ ဗလံ ပြုခြင်း၊ အော်ဟစ် ခြင်း၊ တံပိုး မှုတ်ခြင်းနှင့်တကွ မောဘ ပြည်သည် ဆုံးရှုံး ရလိမ့်မည်။
3 And I will cut off the judge from the midst thereof, and will slay all the princes thereof with him, saith the LORD.
မောဘ ပြည်အလယ် ၌ တရားသူကြီး ကို ငါပယ်ဖြတ် ၍ ၊ သူ နှင့်တကွ မှူးမတ် အပေါင်း တို့ကို ကွပ်မျက် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
4 Thus saith the LORD: For three transgressions of Judah, yea, for four, I will not reverse it: because they have rejected the law of the LORD, and have not kept His statutes, and their lies have caused them to err, after which their fathers did walk.
တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယုဒ အမျိုးသည် ထာဝရဘုရား စီရင် တော်မူချက်တို့ကို မ စောင့် ၊ ပညတ် တရားတော်ကို စွန့်ပစ် ၍ ၊ ဘိုးဘေး တို့ လိုက် ဘူးသော မိစ္ဆာဒိဌိ အားဖြင့် မှားယွင်း သော အပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည်ဒဏ် မ ပေးဘဲမနေ။
5 So will I send a fire upon Judah, and it shall devour the palaces of Jerusalem.
ယုဒ ပြည်အပေါ် သို့ မီး ကိုလွှတ် ၍ ၊ ယေရုရှလင် မြို့၏ ဘုံ ဗိမာန်တို့ကို လောင် စေမည်။
6 Thus saith the LORD: For three transgressions of Israel, yea, for four, I will not reverse it: because they sell the righteous for silver, and the needy for a pair of shoes;
တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဣသရေလ အမျိုးသည် ဖြောင့်မတ် သောသူကို ငွေ နှင့် ၎င်း ၊ ဆင်းရဲ သောသူကို ခြေနင်း တရံနှင့် ၎င်း ရောင်း သောအပြစ် ၊
7 That pant after the dust of the earth on the head of the poor, and turn aside the way of the humble; and a man and his father go unto the same maid, to profane My holy name;
ဆင်းရဲ သောသူတို့ ၏ခေါင်း ကို မြေမှုန့် နှင့် ဖုံးလွှမ်းစေခြင်းငှါအလွန်အလိုကြီး၍၊ နှိမ့်ချ သောသူကို မတရားသဖြင့် စီရင်သောအပြစ်၊ ငါ ၏နာမ မြတ် ကို ရှုတ်ချ ခြင်းငှါ အဘ နှင့် သား သည် တဦးတည်းသောမိန်းမ ကို ပေါင်းဘော်သောအပြစ်၊
8 And they lay themselves down beside every altar upon clothes taken in pledge, and in the house of their God they drink the wine of them that have been fined.
ပေါင် ထားသောအဝတ် ကို ခပ်သိမ်း သော ယဇ် ပလ္လင်တို့အနား ၌ ခင်း ၍အိပ်သောအပြစ်၊ လျော်ပြစ်ငွေကို ဝယ်သောစပျစ်ရည် ကို သူတို့ဘုရား၏အိမ်၌ သောက်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
9 Yet destroyed I the Amorite before them, whose height was like the height of the cedars, and he was strong as the oaks; yet I destroyed his fruit from above, and his roots from beneath.
အာရဇ် ပင်အရပ် နှင့်အမျှ မြင့် ၍ သပိတ် ပင်ကဲ့သို့ ခိုင်မာ သောအာမောရိ အမျိုးကို သင်တို့ရှေ့ မှာ ငါ ပယ်ရှား ၍၊ အထက် ၌ သူ ၏အသီး ကို၎င်း ၊ အောက် ၌ သူ ၏အမြစ် ကို၎င်းငါ ဖျက်ဆီး ပြီ။
10 Also I brought you up out of the land of Egypt, and led you forty years in the wilderness, to possess the land of the Amorites.
၁၀သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ယူ ၍ အာမောရိ ပြည် ကို ဝင်စား စေခြင်းငှါ ၊ အနှစ် လေးဆယ် ပတ်လုံးတော ၌ ပို့ဆောင် ပြီ။
11 And I raised up of your sons for prophets, and of your young men for Nazirites. Is it not even thus, O ye children of Israel? saith the LORD.
၁၁သင် တို့သား အချို့ကို ပရောဖက် အရာ၊ လုလင် အချို့ကို နာဇရိ လူအရာ ၌ ငါခန့်ထား ပြီ။ အိုဣသရေလ အမျိုးသား တို့၊ ဤ စကားမှန် သည် မဟုတ် လောဟု ထာဝရဘုရား မေး တော်မူ၏။
12 But ye gave the Nazirites wine to drink; and commanded the prophets, saying: 'Prophesy not.'
၁၂သင်တို့မူကား ၊ နာဇရီ လူသောက် ဘို့ စပျစ်ရည် ကိုပေးကြပြီ။ ပရောဖက် တို့ကိုလည်း ၊ ပရောဖက် ပြု၍ မ ဟော ကြနှင့်ဟု မြစ်တား ကြပြီ။
13 Behold, I will make it creak under you, as a cart creaketh that is full of sheaves.
၁၃ထိုကြောင့်၊ လှည်း သည် အပြည့် တင်သော ကောက်လှိုင်း ၏ဖိစီး ခြင်းကိုခံရသကဲ့သို့ ၊ သင် တို့၏နေရာ အရပ်ကို ငါ ဖိစီး မည်။
14 And flight shall fail the swift, and the strong shall not exert his strength, neither shall the mighty deliver himself;
၁၄အပြေး ကောင်းသောသူသည် ပြေး သောအခွင့်ကို မရ။ ခွန်အား ကြီးသောသူသည် မိမိ ခွန်အား ကို ထုတ် ရ သောအခွင့်မ ရှိရ။ သူရဲ သည် ကိုယ်ကို မ ကယ်လွှတ် ရ။
15 Neither shall he stand that handleth the bow; and he that is swift of foot shall not deliver himself; neither shall he that rideth the horse deliver himself;
၁၅လေး ကိုကိုင် သောသူသည်မ ရပ် ရ။ လျင်မြန် သောခြေ သည် သူရဲသည် ကိုယ်ကို မ ကယ်လွှတ် ရ။ မြင်းစီး သူရဲသည်လည်း ကိုယ်ကို မ ကယ်လွှတ် ရ။
16 And he that is courageous among the mighty shall flee away naked in that day, saith the LORD.
၁၆ရဲရင့် သော သူရဲ သည် ထိုနေ့ ၌ အဝတ် မပါဘဲ ပြေး သွားရလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

< Amos 2 >