< 2 Samuel 22 >
1 And David spoke unto the LORD the words of this song in the day that the LORD delivered him out of the hand of all his enemies, and out of the hand of Saul;
၁ဒါဝိဒ် သည် ရှောလု မင်းမှစ၍ ရန်သူ အပေါင်း တို့ လက် မှ ထာဝရဘုရား ကယ်လွှတ် တော်မူခြင်းကျေးဇူးကို ခံရသောအခါ ၊ ထာဝရဘုရား ရှေ့ တော်တွင် မြွက်ဆို သော သီချင်း စကား ဟူမူကား၊
2 and he said: The LORD is my rock, and my fortress, and my deliverer;
၂ထာဝရဘုရား သည်ငါ ၏ကျောက် ၊ ငါ ၏မြို့ရိုး ၊ ငါ့ ကို ကယ်လွှတ် သော သခင်၊
3 The God who is my rock, in Him I take refuge; my shield, and my horn of salvation, my high tower, and my refuge; my saviour, Thou savest me from violence.
၃ငါ ၏ဘုရား ၊ ငါကိုးစား သော အစွမ်း သတ္တိ၊ ငါ ၏အကွယ် အကာ၊ ငါ့ ကိုကယ်တင် သောဦးချို ၊ ငါ ၏ ရဲတိုက် ၊ ငါ ခိုလှုံ ရာ၊ ငါ့ ကိုကယ်တင် သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ညှဉ်းဆဲ ခြင်းထဲက အကျွန်ုပ် ကို ကယ်လွှတ် တော်မူ၏။
4 Praised, I cry, is the LORD, and I am saved from mine enemies.
၄ချီးမွမ်း အပ်သော ထာဝရဘုရား ကို ငါတောင်းလျှောက် ၍ ၊ ရန်သူ တို့လက်မှ ကယ်တင် ခြင်းသို့ ရောက်၏။
5 For the waves of Death compassed me. The floods of Belial assailed me.
၅သေခြင်း လှိုင်း တံပိုးတို့သည် ငါ့ ကို ဝိုင်း မိ၍ ဖျက်ဆီး တတ်သော ရေစီးခြင်း ကြောင့် ငါ ကြောက်လန့် ရ၏။
6 The cords of Sheol surrounded me; the snares of Death confronted me. (Sheol )
၆မရဏာ နိုင်ငံ၏ ကြိုး တို့သည် ဝိုင်း ၍ သေမင်း ၏ ကျော့ကွင်း သည် ငါ့ ကို ကျော့မိ လျက် ရှိ၏။ (Sheol )
7 In my distress I called upon the LORD, yea, I called unto my God; and out of His temple He heard my voice, and my cry did enter into His ears.
၇ထိုသို့ငါ သည် ဆင်းရဲ ငြိုငြင်သောအခါ ၊ ထာဝရဘုရား ကို ခေါ် ၍ ငါ ၏ဘုရား သခင်ကို အော်ဟစ် လေ၏။ ခေါ်သောအသံ ကို ဗိမာန် တော်ထဲမှာ ကြား တော်မူ၍ ၊ အော်ဟစ် သောအသံသည် နား တော်ထဲသို့ ဝင်လေ၏။
8 Then the earth did shake and quake, the foundations of heaven did tremble; they were shaken, because He was wroth.
၈ထိုအခါ အမျက် တော်ထွက်သောအားဖြင့် မြေကြီး တုန်လှုပ် ၍ ၊ မိုဃ်း ကောင်းကင်အမြစ် တို့သည် တရွေ့ရွေ့ လှုပ်ရှား ကြ၏။
9 Smoke arose up in His nostrils, and fire out of His mouth did devour; coals flamed forth from Him.
၉နှာခေါင်း တော်ထဲက မီးခိုး ထွက် ၍ ၊ နှုတ် တော်ထဲက မီးလောင် သောအားဖြင့် မီးခဲ တောက် လေ၏။
10 He bowed the heavens also, and came down; and thick darkness was under His feet.
၁၀မိုဃ်းကောင်းကင် ကိုညွှတ် သဖြင့် ဆင်းသက် တော်မူ၍ ၊ ခြေဘဝါး တော်အောက် ၌ မှောင်မိုက် ဖြစ် လေ၏။
11 And He rode upon a cherub, and did fly; yea, He was seen upon the wings of the wind.
၁၁ခေရုဗိမ် ကို စီး လျက် ပျံ တော်မူ၏။ လေ ၏ အတောင် တို့အပေါ် မှာ ထင်ရှား တော်မူ၏။
12 And He made darkness pavilions round about Him, gathering of waters, thick clouds of the skies.
၁၂မှောင်မိုက် တည်းဟူသော တခဲနက် သော ရေ နှင့် ထူထပ် သောမိုဃ်းတိမ် တို့ကို ကိုယ်တော် ၌ ကာရံ စေတော်မူ၏။
13 At the brightness before Him coals of fire flamed forth.
၁၃ရှေ့ တော်၌ ရောင်ခြည် ကြောင့် မီးခဲ တောက် လျက် ရှိ၏။
14 The LORD thundered from heaven, and the Most High gave forth His voice.
၁၄ထာဝရဘုရား သည်လည်း၊ ကောင်းကင် ပေါ်မှာမိုဃ်းချုန်း ၍ ၊ အမြင့်ဆုံး သော ဘုရားသည် အသံ တော်ကို လွှင့် တော်မူ၏။
15 And He sent out arrows, and scattered them; lightning, and discomfited them.
၁၅လေး မြှားတို့ကိုပစ် ၍ လျှပ်စစ် ပြက်စေသဖြင့်၊ ရန်သူတို့ကို အရပ်ရပ် သို့ ခွဲ၍ ရှုံး စေတော်မူ၏။
16 And the channels of the sea appeared, the foundations of the world were laid bare by the rebuke of the LORD, at the blast of the breath of His nostrils.
၁၆ထိုအခါ ထာဝရဘုရား သည် အပြစ် တင်၍၊ နှာခေါင်း တော်ထဲက အသက် ရှုတော်မူသောအားဖြင့် သမုဒ္ဒရာ အောက်ပြင် နှင့် လောက တိုက်မြစ် တို့သည် ဖွင့်လှစ် ထင်ပေါ် လျက် ရှိကြ၏။
17 He sent from on high, He took me; He drew me out of many waters;
၁၇အထက် အရပ်က လက်တော်ကိုဆန့် ၍၊ တခဲနက် သော ရေ ထဲက ငါ့ ကို ဆယ် ယူ တော်မူ၏။
18 He delivered me from mine enemy most strong, from them that hated me, for they were too mighty for me.
၁၈ငါ့ ကိုမုန်း သော သူတည်းဟူသောငါ ပြိုင် ၍ မနိုင်နိုင်အောင် ခွန်အား ကြီးသော ရန်သူ တို့လက်မှ ငါ့ ကို ကယ်လွှတ် တော်မူ၏။
19 They confronted me in the day of my calamity; but the LORD was a stay unto me.
၁၉ဘေးဥပဒ် ရောက်သောကာလ ၌ သူတို့သည် ဆီးတား သော်လည်း ၊ ထာဝရဘုရား သည် ငါ မှီခိုရာ ဖြစ် ၍၊
20 He brought me forth also into a large place; He delivered me, because He delighted in me.
၂၀ငါ့ ကိုကျယ်ဝန်း ရာအရပ်သို့ ပို့ဆောင် တော်မူ၏။ ငါ့ ကိုနှစ်သက် သောကြောင့် ကယ်လွှတ် တော်မူ၏။
21 The LORD rewarded me according to my righteousness; according to the cleanness of my hands hath He recompensed me.
၂၁ငါ ဖြောင့်မတ်ခြင်း ရှိသည်အလျောက် ထာဝရဘုရား သည် အကျိုး ကိုပေး၍၊ ငါ့ လက် စင်ကြယ် ခြင်း၏ အကျိုး ကို စီရင်တော်မူ၏။
22 For I have kept the ways of the LORD, and have not wickedly departed from my God.
၂၂အကြောင်းမူကား ၊ ငါသည်ထာဝရဘုရား ၏ လမ်း တော်သို့အစဉ်လိုက် ၏။ ငါ ၏ဘုရား သခင့်ထံမှ ပြစ်မှား ၍ မ သွား။
23 For all His ordinances were before me; and as for His statutes, I did not depart from them.
၂၃စီရင် တော်မူချက်ရှိသမျှ ကို ငါ သည် မျက်မှောက် ပြု၏။ အထုံးအဖွဲ့ တော်တို့မှ မ လွှဲ။
24 And I was single-hearted toward Him, and I kept myself from mine iniquity.
၂၄ရှေ့ တော်မှာဖြောင့်မတ် ၍ ကိုယ် ဒုစရိုက် ကို ကြဉ်ရှောင် ၏။
25 Therefore hath the LORD recompensed me according to my righteousness, according to my cleanness in His eyes.
၂၅ထိုကြောင့် ရှေ့ တော်မှာ ထင်ရှားသော ငါ ၏ဖြောင့်မတ် ခြင်း၊ စင်ကြယ် ခြင်းရှိသည်နှင့်အလျောက် ထာဝရဘုရား သည် ငါ ၌အကျိုး ကိုပေး တော်မူပြီ။
26 With the merciful Thou dost show Thyself merciful, with the upright man Thou dost show Thyself upright,
၂၆သနား တတ်သောသူအား ကိုယ်တော်သည်သနား ခြင်းသဘောကို၎င်း၊ ဖြောင့်မတ် သောသူ အား ဖြောင့်မတ် ခြင်းသဘောကို၎င်း၊
27 With the pure Thou dost show myself pure; and with the crooked Thou dost show Thyself subtle.
၂၇သန့်ရှင်း သောသူအား သန့်ရှင်း ခြင်းသဘောကို ၎င်း၊ ဆန့်ကျင် သောသူအား ဆန့်ကျင် သော သဘောကို ၎င်း ပြတော်မူ၏။
28 And the afflicted people Thou dost save; but Thine eyes are upon the haughty, that Thou mayest humble them.
၂၈နှိမ့်ချ လျက်ရှိသောသူ တို့ကို ကိုယ်တော်သည် ကယ်တင် ၍ ၊ မာန ထောင်လွှားသောသူတို့ ကို ကား ရှုတ်ချ ခြင်းငှါကြည့်မှတ် တော်မူ၏။
29 For Thou art my lamp, O LORD; and the LORD doth lighten my darkness.
၂၉အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ၏ မီးခွက် ဖြစ်တော်မူ၏။ ထာဝရဘုရား သည် အကျွန်ုပ် ၏ မှောင်မိုက် ကို လင်း စေတော်မူ၏။
30 For by Thee I run upon a troop; by my God do I scale a wall.
၃၀အကျွန်ုပ်သည်ကိုယ်တော် ကို အမှီပြု၍ တပ် ကို ဖျက် ပါပြီ။ အကျွန်ုပ် ၏ဘုရား သခင်ကို အမှီပြုလျက် မြို့ရိုး ကို ကျော် ၍ဝင်ပါပြီ။
31 As for God, His way is perfect; the word of the LORD is tried; He is a shield unto all them that take refuge in Him.
၃၁ဘုရား သခင်စီရင်တော်မူသောအမှု သည် စုံလင် ၏။ ထာဝရဘုရား ၏ သစ္စာ တော်သည် အစစ် ခံ၍ တည်၏။ ခိုလှုံ သောသူအပေါင်း တို့၏ အကွယ် အကာဖြစ်တော်မူ၏။
32 For who is God, save the LORD? and who is a Rock, save our God?
၃၂ထာဝရဘုရား မှတပါး အဘယ် ဘုရား သခင်ရှိသနည်း။ ငါ တို့ ဘုရား သခင်မှတပါး အဘယ်မည် သော ကျောက် ရှိသနည်း။
33 The God who is my strong fortress, and who letteth my way go forth straight;
၃၃ထိုဘုရား သခင်သည် ငါ ၏ခွန်အား ၊ ငါ၏တန်ခိုး ဖြစ်၍ ငါ သွားရာလမ်း ကို ဖြောင့် စေတော်မူ၏။
34 Who maketh my feet like hinds', and setteth me upon my high places;
၃၄ငါ့ ခြေ ကိုသမင် ခြေကဲ့သို့ လျင်မြန် စေ၍ ၊ ငါ ၏ မြင့် ရာအရပ်ပေါ် မှာ ငါ့ ကိုတင်ထား တော်မူ၏။
35 Who traineth my hands for war, so that mine arms do bend a bow of brass.
၃၅ငါ့ လက် ကို စစ်မှု ၌ လေ့ကျက်စေခြင်းငှါသွန်သင် တော်မူ၍ ၊ ကြေးဝါ လေး ကို ငါ့ လက်ရုံး နှင့် ငါတင် နိုင် ၏။
36 Thou hast also given me Thy shield of salvation; and Thy condescension hath made me great.
၃၆ကိုယ်တော်သည် ကယ်တင် တော်မူခြင်း ဒိုင်း လွှားကိုအပ် ၍ ၊ သည်းခံ တော်မူခြင်းအားဖြင့်အကျွန်ုပ် သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ၏။
37 Thou hast enlarged my steps under me, and my feet have not slipped.
၃၇အကျွန်ုပ် သွားသော လမ်း ကို ရှင်းလင်း ၍ ခြေ မချော် စေခြင်းငှါပြုတော်မူသောအားဖြင့်၊
38 I have pursued mine enemies, and destroyed them; neither did I turn back till they were consumed.
၃၈အကျွန်ုပ်သည် ရန်သူ တို့ကို လိုက် ဖျက်၍ ၊ သူ တို့ကို မ ပယ်ရှင်း မှီ တိုင်အောင်မ ပြန် ပါ။
39 And I have consumed them, and smitten them through, that they cannot arise; yea, they are fallen under my feet.
၃၉သူတို့သည် အကျွန်ုပ် ခြေ အောက် မှာ လဲ လျက် ရှိ၍၊ မ ထ နိုင်အောင် အကျွန်ုပ်သည် နှိပ်နင်း ပယ်ရှင်း ပါ၏။
40 For Thou hast girded me with strength unto the battle; Thou hast subdued under me those that rose up against me.
၄၀အကြောင်းမူကား၊ စစ်တိုက် စေခြင်းငှါ ကိုယ်တော်သည် အကျွန်ုပ် ကို ခွန်အား ခါးပန်းနှင့်စည်း ၍၊ အကျွန်ုပ် တစ်ဘက်၌ ထ သောသူတို့ကို အကျွန်ုပ် အောက် မှာ လှဲ တော်မူ၏။
41 Thou hast also made mine enemies turn their backs unto me; yea, them that hate me, that I might cut them off.
၄၁အကျွန်ုပ် ကို မုန်း သော ရန်သူ တို့၏လည်ပင်း ကို အကျွန်ုပ် ၌ အပ် ၍ ဖျက်ဆီး ရသောအခွင့်ကိုပေး တော်မူ ၏။
42 They looked, but there was none to save; even unto the LORD, but He answered them not.
၄၂သူတို့သည် အော်ဟစ် ကြသောအခါ ကယ်တင် သော သူမ ရှိ။ ထာဝရဘုရား ကို အော်ဟစ်သော်လည်း ထူး တော်မ မူ။
43 Then did I beat them small as the dust of the earth, I did stamp them as the mire of the streets, and did tread them down.
၄၃ထိုအခါ အကျွန်ုပ်သည်သူ တို့ကို မြေမှုန့် ကိုကဲ့သို့ ညက်ညက် ချေပြီးမှ၊ လမ်း ၌ အမှိုက် ကိုကဲ့သို့ နင်း ၍ ဖြန့်ကြဲ လေ၏။
44 Thou also hast delivered me from the contentions of my people; Thou hast kept me to be the head of the nations; a people whom I have not known serve me.
၄၄လူစု တို့သည် ဆိုင်ပြိုင် တိုက်လှန်ခြင်းမှ အကျွန်ုပ် ကို ကယ်လွှတ် ၍ ၊ တပါးအမျိုးသား တို့၏ အကဲအမှူး ဖြစ်စေခြင်းငှါစောင့်ရှောက် တော်မူသောအားဖြင့်၊ အကျွန်ုပ်မ သိ ဘူးသော လူစု သည် အကျွန်ုပ် ထံ၌ ကျွန် ခံ ပါ၏။
45 The sons of the stranger dwindle away before me; as soon as they hear of me, they obey me.
၄၅တပါးအမျိုးသား တို့သည် အကျွန်ုပ် ကို တောင်းပန် ၍ အကျွန်ုပ် စကားသံကိုကြား သည် ခဏခြင်းတွင် နားထောင် ကြပါ၏။
46 The sons of the stranger fade away, and come halting out of their close places.
၄၆ညှိုးနွမ်း သည်ဖြစ်၍ ခိုလှုံ ရာအရပ်ထဲက တုန်လှုပ် လျက် ထွက်ကြပါ၏။
47 The LORD liveth, and blessed be my Rock; and exalted be the God, my Rock of salvation;
၄၇ထာဝရဘုရား သည် အသက် ရှင်တော်မူသည် ဖြစ်၍ ငါ ၏ကျောက် ၌ မင်္ဂလာ ရှိပါစေသတည်း။ ငါ့ ကို ကယ်တင် သော ကျောက် ၏ဘုရား သခင်၌ ချီးမြှောက် ခြင်း ရှိပါစေသတည်း။
48 Even the God that executeth vengeance for me, and bringeth down peoples under me,
၄၈ငါ့ ဘက် ၌ တရား သဖြင့်စီရင်၍ ၊ လူစု တို့ကို ငါ့ အောက် မှာနှိမ့်ချ သော သူကား ဘုရား သခင်ပေတည်း။
49 And that bringeth me forth from mine enemies; yea, Thou liftest me up above them that rise up against me; Thou deliverest me from the violent man.
၄၉ရန်သူ တို့လက်မှ ငါ့ ကိုကယ်လွှတ် တော်မူ၏။ အကျွန်ုပ် တစ်ဘက်၌ထ သောသူတို့ အပေါ် သို့ ကိုယ်တော်သည် အကျွန်ုပ် ကို မြှောက်တင် ၍၊ လုယူ ဖျက်ဆီးတတ်သောသူ ၏လက်မှ ကယ်လွှတ် တော်မူ၏။
50 Therefore I will give thanks unto Thee, O LORD, among the nations, and will sing praises unto Thy name.
၅၀ထိုကြောင့် အိုထာဝရဘုရား ၊ အကျွန်ုပ်သည် တပါးအမျိုးသား တို့တွင် ကျေးဇူး တော်ကို ချီးမွမ်း၍ နာမ တော် ကို ထောမနာသီချင်း ဆိုပါမည်။
51 A tower of salvation is He to His king; and showeth mercy to His anointed, to David and to his seed, for evermore.
၅၁ဘုရားသခင် သည် မိမိ ခန့်ထားသောမင်းကြီး ကို ကယ်တင် သော ရဲတိုက် ဖြစ်တော်မူ၏။ ဘိသိက် တော်ကို ခံရသောဒါဝိဒ် မှစ၍အမျိုးအနွယ် အား ၊ ကာလ အစဉ်အဆက်ကရုဏာ ကျေးဇူးကို ပြု တော်မူ၏။