< 1 Samuel 28 >
1 And it came to pass in those days, that the Philistines gathered their hosts together for warfare, to fight with Israel. And Achish said unto David: 'Know thou assuredly, that thou shalt go out with me in the host, thou and thy men.'
၁ထို ကာလ ၌ ဖိလိတ္တိ လူတို့သည်၊ ဣသရေလ အမျိုးကို စစ်တိုက် အံ့သောငှါ ဗိုလ်ခြေ များကို စုဝေး ကြ၏။ အာခိတ် မင်းကလည်း ၊ သင် သည် လူ များပါလျက် ငါ နှင့် လိုက်၍စစ်တိုက်သွား ရမည်ကို ဆက်ဆက်သဘောကျ လော့ဟု ဒါဝိဒ် အား ဆို လျှင်၊
2 And David said to Achish: 'Therefore thou shalt know what thy servant will do.' And Achish said to David: 'Therefore will I make thee keeper of my head for ever.'
၂ဒါဝိဒ် က၊ အကယ်စင်စစ် ကိုယ်တော် ကျွန် သည် အဘယ်သို့ ပြု နိုင်သည်ကို ကိုယ်တော် သည် သိ တော်မူလိမ့်မည်ဟု လျှောက် သော် ၊ အာခိတ် မင်းက၊ သို့ဖြစ်၍သင့် ကို ငါ့အသက် စောင့် ဗိုလ်ချုပ်အရာ၌ ငါခန့် မည်ဟုပြန်ပြော ၏။
3 Now Samuel was dead, and all Israel had lamented him, and buried him in Ramah, even in his own city. And Saul had put away those that divined by a ghost or a familiar spirit out of the land.
၃ထိုကာလ၌ ရှမွေလ မရှိသေ လွန်ပြီ။ ဣသရေလ အမျိုးသားအပေါင်း တို့သည် ငိုကြွေး မြည်တမ်းခြင်းကို ပြုလျက် ၊ သူ့ ကိုသူ နေရင်း ရာမ မြို့ ၌ သင်္ဂြိုဟ် ကြပြီ။ ရှောလု သည် စုန်း နှင့် နတ်ဝင် ပေါင်းတို့ကို တပြည်လုံး တွင် သုတ်သင် ပယ်ရှင်းနှင့်ပြီ။
4 And the Philistines gathered themselves together, and came and pitched in Shunem; and Saul gathered all Israel together, and they pitched in Gilboa.
၄ထိုအခါ ဖိလိတ္တိ လူတို့သည် စုဝေး ၍ ရှုနင် မြို့မှာ တပ်ချ ကြ၏။ ရှောလု သည်လည်း ဣသရလ အမျိုးသားအပေါင်း တို့ကို စုဝေး စေ၍ သူတို့သည် ဂိလဗော မြို့မှာ တပ်ချ ကြ၏။
5 And when Saul saw the host of the Philistines, he was afraid, and his heart trembled greatly.
၅ရှောလု သည် ဖိလိတ္တိ လူအလုံးအရင်း ကို မြင် သောအခါ ကြောက် ၍ အလွန် တုန်လှုပ် သော စိတ် နှလုံးရှိ၏။
6 And when Saul inquired of the LORD, the LORD answered him not, neither by dreams, nor by Urim, nor by prophets.
၆ထာဝရဘုရား ကို မေးလျှောက် သော်လည်း ထာဝရဘုရား သည် ထူး တော်မ မူ။ အိပ်မက် အားဖြင့် ၎င်း ၊ ဥရိမ် အားဖြင့် ၎င်း ၊ ပရောဖက် အားဖြင့် ၎င်း ထူးတော်မမူ။
7 Then said Saul unto his servants: 'Seek me a woman that divineth by a ghost, that I may go to her, and inquire of her.' And his servants said to him: 'Behold, there is a woman that divineth by a ghost at En-dor.'
၇ထိုအခါ ရှောလု က၊ နတ်ဝင် မိန်းမ ကို ရှာ ကြလော့။ ငါသွား ၍ မေးမြန်း မည်ဟု ကျွန် တို့အား ဆို သည်အတိုင်း ၊ ကျွန် တို့က အင်္ဒေါရ မြို့မှာ နတ်ဝင် မိန်းမ တယောက်ရှိပါ၏ဟု လျှောက် သော်၊
8 And Saul disguised himself, and put on other raiment, and went, he and two men with him, and they came to the woman by night; and he said: 'Divine unto me, I pray thee, by a ghost, and bring me up whomsoever I shall name unto thee.'
၈ရှောလု သည် အဝတ် လဲ၍ ထူးခြားသော အယောင် ကို ဆောင်လျက် ၊ ညဉ့် အခါ လူ နှစ် ယောက်နှင့်တကွ ထိုမိန်းမ ဆီသို့ သွား ၍ ရောက် ပြီးလျှင် ၊ သင်ပေါင်းသော နတ် ကို အမှီပြု၍ သင့် အား ငါပြော မည့်သူ ကို ဘော် ပါလော့ဟု တောင်းပန် လေ၏။
9 And the woman said unto him: 'Behold, thou knowest what Saul hath done, how he hath cut off those that divine by a ghost or a familiar spirit out of the land; wherefore then layest thou a snare for my life, to cause me to die?'
၉မိန်းမ ကလည်း ၊ ရှောလု ပြု သော အမှု၊ စုန်း နှင့် နတ်ဝင် တို့ကို တပြည်လုံး တွင် သုတ်သင် ဖယ်ရှင်းသော အမှုကို သင်သည် သိ လျက်နှင့် ငါ့ ကို သေ စေခြင်းငှါ အဘယ်ကြောင့် ငါ့ အသက် ကို ကျော့စမ်း သနည်းဟု ပြန်ပြော သော်၊
10 And Saul swore to her by the LORD, saying: 'As the LORD liveth, there shall no punishment happen to thee for this thing.'
၁၀ရှောလု က၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ ဤ အမှု ကြောင့် အဘယ်အပြစ် မျှ မ ရောက် ရဟု ထာဝရဘုရား ကို တိုင်တည် ၍ ကျိန်ဆိုလေ၏။
11 Then said the woman: 'Whom shall I bring up unto thee?' And he said: 'Bring me up Samuel.'
၁၁မိန်းမ ကလည်း ၊ အဘယ်သူ ကို ငါဘော် ရမည်နည်းဟုမေး လျှင် ၊ ရှောလုက၊ ရှမွေလ ကို ဘော် ပါဟု ဆို ၏။
12 And when the woman saw Samuel, she cried with a loud voice; and the woman spoke to Saul, saying: 'Why hast thou deceived me? for thou art Saul.'
၁၂မိန်းမ သည် ရှမွေလ ကို မြင် သောအခါ ကြီး သောအသံ နှင့် အော်ဟစ် ၍ ၊ ကိုယ်တော်သည် ကျွန်မ ကို အဘယ်ကြောင့် လှည့်စား သနည်း။ ကိုယ်တော် သည် ရှောလု ဖြစ်ပါ၏ဟု ရှောလု အား ဆို လျှင်၊
13 And the king said unto her: 'Be not afraid; for what seest thou?' And the woman said unto Saul: 'I see a godlike being coming up out of the earth.'
၁၃ရှင် ဘုရင်က မ စိုးရိမ် နှင့်။ အဘယ် အရာကို မြင် သနည်းဟုမေး သော် ၊ မိန်းမ က၊ မြေကြီး ထဲက ဘုရား တက်လာ သည်ကို ကျွန်မမြင် ပါသည်ဟု လျှောက် ၏။
14 And he said unto her: 'What form is he of?' And she said: 'An old man cometh up; and he is covered with a robe.' And Saul perceived that it was Samuel, and he bowed with his face to the ground, and prostrated himself.
၁၄အဘယ်သို့ သော အယောင် ဆောင်သနည်းဟုမေး ပြန်သော် ၊ လူ အို တက်လာ ပါ၏။ ဝတ်လုံ ခြုံ လျက် ရှိပါ၏ဟု လျှောက် ပြန်လျှင် ၊ ရှမွေလ ဖြစ်ကြောင်း ကို ရှောလု သည် ရိပ်မိ လျှင် မြေ ပေါ် ၌ ဦးညွှတ် ပြပ်ဝပ်လျက် နေ၏။
15 And Samuel said to Saul: 'Why hast thou disquieted me, to bring me up?' And Saul answered: 'I am sore distressed; for the Philistines make war against me, and God is departed from me, and answereth me no more, neither by prophets, nor by dreams; therefore I have called thee, that thou mayest make known unto me what I shall do.'
၁၅ရှမွေလ ကလည်း ၊ သင်သည် ငါ့ ကို နှောက်ရှက် လျက် အဘယ်ကြောင့် ဘော် သနည်းဟု ရှောလု ကို မေး သော် ၊ ရှောလု က၊ အကျွန်ုပ် သည် အလွန် ဆင်းရဲ ခြင်းသို့ရောက်ပါပြီ။ ဖိလိတ္တိ လူတို့သည် စစ်တိုက် ကြပါ၏။ ဘုရား သခင်သည် အကျွန်ုပ် ကို စွန့် တော်မူပြီ။ ပရောဖက် အားဖြင့် ထူး တော်မ မူ။ အိပ်မက် အားဖြင့် ထူးတော်မမူ။ အကျွန်ုပ် သည် အဘယ်သို့ ပြု ရမည်ကို၊ ကိုယ်တော် ပြ စေခြင်းငှါ ကိုယ်တော်ကို အကျွန်ုပ်ခေါ် ပါပြီဟု ပြောဆို ၏။
16 And Samuel said: 'Wherefore then dost thou ask of me, seeing the LORD is departed from thee, and is become thine adversary?
၁၆ရှမွေလ ကလည်း ၊ ထာဝရဘုရား သည် သင့် ကို စွန့် ၍ သင့် ရန်ဘက် ဖြစ် တော်မူသည် မှန်လျှင် ၊ ငါ့ ကို အဘယ်ကြောင့် မေးမြန်း သေးသနည်း။
17 And the LORD hath wrought for Himself; as He spoke by me; and the LORD hath rent the kingdom out of thy hand, and given it to thy neighbour, even to David.
၁၇ထာဝရဘုရား သည် ငါ့ အားဖြင့် မိန့် တော်မူသည်အတိုင်း သင်၌ပြု တော်မူပြီ။ ထာဝရဘုရား သည် ဤနိုင်ငံ ကို သင့် လက် မှ နှုတ် ၍ ၊ သင့် အိမ်နီးချင်း ဒါဝိဒ် အား ပေး တော်မူပြီ။
18 Because thou didst not hearken to the voice of the LORD, and didst not execute His fierce wrath upon Amalek, therefore hath the LORD done this thing unto thee this day.
၁၈အကြောင်းမူကား၊ သင်သည် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်။ ပြင်းစွာ သော အမျက် တော်ကို အာမလက် အမျိုး၌ မ စီရင် သောကြောင့် ၊ ထာဝရဘုရား သည် ဤ အမှု ကို ယနေ့ သင် ၌ ရောက်စေတော်မူပြီ။
19 Moreover the LORD will deliver Israel also with thee into the hand of the Philistines; and to-morrow shalt thou and thy sons be with me; the LORD will deliver the host of Israel also into the hand of the Philistines.'
၁၉ထိုမှတပါး သင် နှင့် ဣသရေလ အမျိုးကို ဖိလိတ္တိ လူတို့လက် ၌ အပ် တော်မူမည်။ နက်ဖြန် နေ့ သင် နှင့် သင် ၏သား တို့သည် ငါ နှင့်အတူ ရှိလိမ့်မည်။ ထာဝရဘုရား သည် ဣသရေလ လူ အလုံးအရင်း ကို ဖိလိတ္တိ လူတို့လက် ၌ အပ် တော်မူမည်ဟု ဆို ၏။
20 Then Saul fell straightway his full length upon the earth, and was sore afraid, because of the words of Samuel; and there was no strength in him; for he had eaten no bread all the day, nor all the night.
၂၀ထိုအခါ ရှောလု သည် မြေ ပေါ် မှာ အလျား ပြပ်ဝပ် လဲနေ၍ ၊ ရှမွေလ စကား ကြောင့် အလွန် ကြောက်ရွံ့ ၏။ တနေ့ နှင့် တညဉ့်လုံး အဘယ်အစာ ကိုမျှ မ စား ဘဲနေသောကြောင့်အား ကုန်ပြီ။
21 And the woman came unto Saul, and saw that he was sore affrighted, and said unto him: 'Behold, thy handmaid hath hearkened unto thy voice, and I have put my life in my hand, and have hearkened unto thy words which thou spokest unto me.
၂၁ထိုမိန်းမ သည်လာ ၍ ရှောလု အလွန် စိတ်ညစ် သည်ကို မြင် လျှင် ၊ ကိုယ်တော် ကျွန် မသည် ကိုယ်တော် စကား ကို နားထောင် ပါပြီ။ ကိုယ် အသက် ကို မနှမြောဘဲ ကိုယ်တော် မိန့် တော်မူသော စကား ကို နားထောင် ပါပြီ။
22 Now therefore, I pray thee, hearken thou also unto the voice of thy handmaid, and let me set a morsel of bread before thee; and eat, that thou mayest have strength, when thou goest on thy way.'
၂၂သို့ဖြစ်၍ ယခု ကိုယ်တော် ကျွန် မ၏ စကား ကို နားထောင် တော်မူပါ။ စားစရာ အနည်းငယ် ကို ရှေ့ တော်၌ တင် ပါရစေ။ ကိုယ်တော်ကြွ သွားသောအခါ အား ပြည့်စေခြင်းငှါစား တော်ခေါ်ပါဟု လျှောက် သော်လည်း၊
23 But he refused, and said: 'I will not eat.' But his servants, together with the woman, urged him; and he hearkened unto their voice. So he arose from the earth, and sat upon the bed.
၂၃ရှောလုက ငါမ စား ဟု ငြင်းပယ် လေ၏။ သို့ရာတွင် ကျွန် တို့သည် မိန်းမ နှင့် ဝိုင်း၍ အနိုင် ပြုကြသဖြင့် ၊ ရှောလုသည် သူ တို့စကား ကို နားထောင် ၍ မြေ ပေါ်က ထ ပြီးလျှင် ခုတင် ပေါ် မှာ ထိုင် လေ၏။
24 And the woman had a fatted calf in the house; and she made haste, and killed it; and she took flour, and kneaded it, and did bake unleavened bread thereof;
၂၄ထိုမိန်းမ သည် မိမိအိမ် ၌ ဆူ အောင်ကျွေးသော နွား ကလေးတကောင်ရှိသည်ဖြစ်၍ အလျင်အမြန် သတ် လေ၏။ မုန့်ညက် ကိုလည်း ယူ ၍ နယ် သဖြင့် ၊ တဆေးမဲ့ မုန့်ကို ဖုတ် ပြီးမှ၊
25 and she brought it before Saul, and before his servants; and they did eat. Then they rose up, and went away that night.
၂၅ရှောလု နှင့် ကျွန် များတို့ ရှေ့ ၌ တင် လေ၏။ သူတို့သည် စား ၍ ထို ညဉ့် တွင် ထ သွား ကြ၏။