< 1 Chronicles 4 >

1 The sons of Judah: Perez, Hezron, and Carmi, and Hur, and Shobal.
ယုဒ သား ကားဖာရက် ၊ ဟေဇရုံ ၊ ကာမိ ၊ ဟုရ ၊ ရှောဗာလ တည်း။
2 And Reaiah the son of Shobal begot Jahath; and Jahath begot Ahumai, and Lahad. These are the families of the Zorathites.
ရှောဗာလ သား ကား ရာယ ၊ ရာယသား ယာဟတ် ၊ ယာဟတ် သား အဟုမဲ နှင့် လာဟဒ် ၊ ဤရွေ့ကား ဇောရေသိ အမျိုးအနွယ် တည်း။
3 And these were the sons of the father of Etam: Jezreel, and Ishma, and Idbash; and the name of their sister was Hazlelponi;
ဧကံ အမျိုးအဘ ၏ သားကား ယေဇရေလ ၊ ဣရှမ ၊ ဣဒဗတ် ၊ နှမ ဟာဇလေလပေါနိ၊
4 and Penuel the father of Gedor, and Ezer the father of Hushah. These are the sons of Hur the first-born of Ephrath, the father of Beth-lehem.
ဂေဒေါ် အဘ ပေနွေလ ၊ ဟုရှ အဘ ဧဇာ တည်း။ ဤ သူတို့သည် ဗက်လင် အဘ ၊ ဧဖရတ် သားဦး ဟုရ အမျိုးအနွယ် တည်း။
5 And Ashhur the father of Tekoa had two wives, Helah and Naarah.
တေကော အဘ အာရှုရ သည် ဟေလ နှင့် နာရ အမည်ရှိသောမယား နှစ် ယောက်ရှိ ၏။
6 And Naarah bore him Ahuzam, and Hepher, and Timeni, and Ahashtari. These were the sons of Naarah.
နာရ ဘွားမြင် သော သားကား အဟုဇံ ၊ ဟေဖာ ၊ တေမနိ ၊ ဟာဟရှတာရိ တည်း။
7 And the sons of Helah were Zereth, and Zohar, and Ethnan.
ဟေလ ဘွားမြင်သော သား ကား ဇေရက် ၊ ယေဇော် ၊ ဧသနန် ၊ ကောဇတည်း။
8 And Koz begot Anub, and Zobebah, and the families of Aharhel the son of Harum.
ကောဇ သား ကား အာနုပ် နှင့် ဇောဗေဒ အစရှိ သော ဟာရုံ သား အဟာရေလ အဆွေအမျိုး တည်း။
9 And Jabez was more honourable than his brethren; and his mother called his name Jabez, saying: 'Because I bore him with pain.'
ထိုအဆွေအမျိုး ၌ ယာဗက် သည် ထူးဆန်းသောသူဖြစ် ၏။ သူ ၏အမိ က၊ ငါသည်ပြင်းစွာသော ဝေဒနာ ကို ခံ၍ ဤသားကို မြင် ရပြီဟုဆိုလျက်၊ ယာဗက် အမည် ဖြင့် မှည့် ၏။
10 And Jabez called on the God of Israel, saying: 'Oh that Thou wouldest bless me indeed, and enlarge my border, and that Thy hand might be with me, and that Thou wouldest work deliverance from evil, that it may not pain me!' And God granted him that which he requested.
၁၀ယာဗက် ကလည်း ၊ ကိုယ်တော်သည် အကျွန်ုပ် ကို အစဉ်ကောင်းကြီး ပေး၍ ၊ အကျွန်ုပ် နေရာ ကို ကျယ်ဝန်း စေတော်မူပါ။ အကျွန်ုပ်သည် ဘေးဥပဒ် အနှောင့်အရှက်နှင့် ကင်းလွတ်ပါမည်အကြောင်း၊ လက် တော်သည် အကျွန်ုပ် ဘက် ၌နေ ၍ ကွယ်ကာ စောင့်မတော်မူပါဟု ဣသရေလ အမျိုး၏ ဘုရား သခင်အား ဆုတောင်း တတ်၍၊ တောင်း သော ဆုကို ဘုရား သခင်ပေး သနားတော်မူ၏။
11 And Chelub the brother of Shuhah begot Mehir, who was the father of Eshton.
၁၁ရှုအာ မောင် ကာလက် သား ကား မဟိရ ၊ မဟိရ သား ဧရှတုန် တည်း။
12 And Eshton begot Beth-rapha, and Paseah, and Tehinnah the father of Ir-nahash. These are the men of Recah.
၁၂ဧရှတုန် သား ကား ဗက်ရာဖ ၊ ပါသာ ၊ တေဟိန္န တည်း။ တေဟိန္နသား ကား ဣရနာဟတ် တည်း။ ဤ သူတို့ သည် ရေခါ အမျိုးသား ဖြစ်ကြ၏။
13 And the sons of Kenaz: Othniel, and Seraiah; and the sons of Othniel: Hathath.
၁၃ကေနတ် သား ကား ဩသံယေလ နှင့် စရာယ တည်း။ ဩသံယေလ သား ကား ဟာသတ် နှင့် မောနောသဲတည်း။
14 And Meonothai begot Ophrah; and Seraiah begot Joab the father of Ge-harashim; for they were craftsmen.
၁၄မောနောသဲ သား ကား ဩဖရာ တည်း။ စရာယ သား ကား ယွာဘ ၊ ယွာဘ၏သားတို့သည် ဆရာသမား ဖြစ်၍ ဆရာသမားချိုင့် ၌ နေသောသူတည်း။
15 And the sons of Caleb the son of Jephunneh: Iru, Elah, and Naam; and the sons of Elah: Kenaz.
၁၅ယေဖုန္န သား ဖြစ်သောကာလက် ၏ သား ကား ဣရု ၊ ဧလာ ၊ နာမ တည်း။ ဧလာ သား ကားကေနတ် တည်း။
16 And the sons of Jehallelel: Ziph, and Ziphah, Tiria, and Asarel.
၁၆ယေဟလလေလ သား ကား ဇိဖ ၊ ဇိဖာ ၊ တိရိ ၊ အာသရေလ တည်း။
17 And the sons of Ezrah: Jether, and Mered, and Epher, and Jalon. And she bore Miriam, and Shammai, and Ishbah the father of Eshtemoa —
၁၇ဧဇရ သား ကားယေသာ ၊ မေရက် ၊ ဧဖာ ၊ ယာလုန် တည်း။ မေရက် နှင့် စုံဘက် သော ဖာရော သမီး ဗိသဟာ သည် မိရိ ၊ ရှမ္မဲ ၊ ဧရှတမော အဘ ဣရှဘ ကို ဘွားမြင် ၏။
18 and his wife Hajehudijah bore Jered the father of Gedor, and Heber the father of Soco, and Jekuthiel the father of Zanoah — and these are the sons of Bithiah the daughter of Pharaoh whom Mered took.
၁၈မယား ယေဟုဒိယ သည် ဂေဒေါ် အဘ ယေရက် ၊ စောခေါ အဘ ဟေဗာ ၊ ဇာနော် အဘ ယေကုသေလ ကို ဘွားမြင် ၏။
19 And the sons of the wife of Hodiah, the sister of Naham, were the father of Keilah the Garmite, and Eshtemoa the Maacathite.
၁၉ယေဟုဒိယသည် နာဟံ နှမ ဖြစ်၏။ နာဟံသည် ဂါမိ ရွာသားကိလ ၊ မာခ မြို့သားဧရှတမော ၏အဘ ဖြစ်သတည်း။
20 And the sons of Shimon: Amnon, and Rinnah, Ben-hanan, and Tilon. And the sons of Ishi: Zoheth, and Ben-zoheth.
၂၀ရှိမုန် သား ကား အာမနုန် ၊ ရိန္န ၊ ဗင်္ဟာနန် ၊ တိလုန် တည်း။ ဣရှိ သား ကား ဇောဟက် ၊ ဗင်ဇောဟက် တည်း။
21 The sons of Shelah the son of Judah: Er the father of Lecah, and Ladah the father of Mareshah, and the families of the house of them that wrought fine linen, of the house of Ashbea;
၂၁ယုဒ သား ဖြစ်သော ရှေလ ၏သား ကား လေက အဘ ဧရ ၊ မရေရှ အဘ လာဒ အစရှိသော ပိတ်ချော ကို ရက်တတ်သော အာရှဗာ အဆွေအမျိုး၊
22 and Jokim, and the men of Cozeba, and Joash, and Saraph, who had dominion in Moab, and Jashubi-lehem. And the records are ancient.
၂၂ယောယကိမ် အစရှိသော ခေါဇေဘ လူ ၊ မောဘ ပြည်၌ အစိုးရ သော ယောရှ ၊ သာရပ် ၊ ယာရှုဗိလင် တည်း။ ထိုသို့ဆိုသော်ရှေး စကား ဖြစ်၏။
23 These were the potters, and those that dwelt among plantations and hedges; there they dwelt occupied in the king's work.
၂၃ထိုသူ တို့သည် အိုးထိန်း သမား၊ လယ်ယာလုပ်သမားဖြစ်၍၊ ရှင်ဘုရင် အနား မှာ နေ လျက် အမှု တော်ကို ဆောင်ရွက်ရကြ၏။
24 The sons of Simeon: Nemuel, and Jamim, Jarib, Zerah, Shaul;
၂၄ရှိမောင် သား ကား ယေမွေလ ၊ ယာမိန် ၊ ယာရိပ် ၊ ဇေရ ၊ ရှောလ တည်း။
25 Shallum his son, Mibsam his son, Mishma his son.
၂၅ရှောလသား ရှလ္လုံ ၊ ရှလ္လုံသား မိဘသံ ၊ မိဘသံသား မိရှမ၊
26 And the sons of Mishma: Hammuel his son, Zaccur his son, Shimei his son.
၂၆မိရှမ သား ဟမွေလ ၊ ဟမွေလသား ဇက္ကုရ ၊ ဇက္ကုရသား ရှိမိ တည်း။
27 And Shimei had sixteen sons and six daughters; but his brethren had not many children, neither did all their family multiply, like to the children of Judah.
၂၇ရှိမိ သည် သား တဆယ် ခြောက် ယောက်နှင့် သမီး ခြောက် ယောက်တို့ကို မြင်၏။ သို့ရာတွင် သူ ၏ညီအစ်ကို တို့ ၌ သား မ များ။ ရှိမောင်အမျိုးသား တို့သည် ယုဒ အမျိုးသား ကဲ့သို့ မ ပွါး မများတတ်။
28 And they dwelt at Beer-sheba, and Moladah, and Hazar-shual;
၂၈ရှိမောင်အမျိုးတို့သည် ဒါဝိဒ် မင်းကြီးလက်ထက်တိုင်အောင် ဗေရရှေဘ မြို့၊ မောလဒါ မြို့၊ ဟာဇရွာလ မြို့၊
29 and at Bilhah, and at Ezem, and at Tolad;
၂၉ဗိလဟာ မြို့၊ ဧဇင် မြို့၊ တောလဒ် မြို့၊
30 and at Bethuel, and at Hormah, and at Ziklag;
၃၀ဗေသွေလ မြို့၊ ဟော်မာ မြို့၊ ဇိကလတ် မြို့၊
31 and at Beth-marcaboth, and Hazar-susim, and at Beth-biri, and at Shaaraim. These were their cities unto the reign of David.
၃၁ဗက်မာကဗုတ် မြို့၊ ဟာဇသုသိမ် မြို့၊ ဗက်ဗိရိ မြို့၊ ရှာရိမ် မြို့ တို့၌ နေ ကြ၏။
32 And their villages were Etam, and Ain, Rimmon, and Tochen, and Ashan, five cities;
၃၂ထိုမှတပါး၊ တော မြို့ဧတံ ၊ အင် ရိမ္မုန် ၊ တောခင် ၊ ဧသာ၊ အာရှန် တည်းဟူသော မြို့ ငါး မြို့နှင့်တကွ၊
33 and all their villages that were round about the same cities, unto Baal. These were their habitations, and they have their genealogy.
၃၃ပတ်လည် ၌ရှိသော ရွာ အပေါင်း တို့ကို ဗာလ မြို့ တိုင်အောင် ပိုင်ကြ၏။ ဤရွေ့ကား ၊ ရှိမောင်အမျိုးသားနေရာ နှင့် ဆွေစဉ် မျိုးဆက်ဖြစ်သတည်း။
34 And Meshobab, and Jamlech, and Joshah the son of Amaziah;
၃၄မေရှောဗပ် ၊ ယာမလက် ၊ အာမဇိ သား ယောရှ၊
35 and Joel, and Jehu the son of Joshibiah, the son of Seraiah, the son of Asiel;
၃၅ယောလ ၊ အာသေလ သား စရာယ ၏ သား ယောရှိဘိ ၏သား ယေဟု၊
36 and Elioenai, and Jaakobah, and Jeshoaiah, and Asaiah, and Adiel, and Jesimiel, and Benaiah;
၃၆ဧလျောနဲ ၊ ယာကောဘ ၊ ယေရှောဟာယ ၊ အသာယ ၊ အဒျေလ ၊ ယေသိမျေလ ၊ ဗေနာယ နှင့်တကွ၊
37 and Ziza the son of Shiphi, the son of Allon, the son of Jedaiah, the son of Shimri, the son of Shemaiah;
၃၇ရှေမာယ ၊ ရှိမရိ ၊ ယေဒါယ ၊ အလ္လုန် ၊ ရှိဖိ တို့မှ ဆင်းသက်သော ဇိဇ တည်းဟူသော၊
38 these mentioned by name were princes in their families; and their fathers' houses increased greatly.
၃၈နာမ အားဖြင့် မှတ် သောသူတို့ သည် အဆွေအမျိုး သူကြီး ဖြစ်၍ ၊ သူ တို့အမျိုး သည် အလွန် ပွား များသတည်း။
39 And they went to the entrance of Gedor, even unto the east side of the valley, to seek pasture for their flocks.
၃၉ထိုသူတို့သည် သိုး ကျက်စား ရာအရပ်ကို ရှာ ၍ ချိုင့် အရှေ့ ဘက်၊ ဂေဒေါ် မြို့ဝ တိုင်အောင် သွား သောအခါ၊
40 And they found fat pasture and good, and the land was wide, and quiet, and peaceable; for they that dwelt there aforetime were of Ham.
၄၀မြက်ပင်ပေါများ ၍ ကောင်း သောကျက်စား ရာ ကျယ်ဝန်း ငြိမ်ဝပ် သော အရပ် ကို တွေ့ ကြ၏။ ရှေး ကာလ တွင် ၊ ဟာမ အမျိုးသားတို့သည် ထို အရပ်၌ နေ ကြ၏။
41 And these written by name came in the days of Hezekiah king of Judah, and smote their tents, and the Meunim that were found there, and destroyed them utterly, unto this day, and dwelt in their stead; because there was pasture there for their flocks.
၄၁အထက်ဆိုခဲ့ပြီးသောသူတို့ သည် ယုဒ ရှင်ဘုရင် ဟေဇကိ လက်ထက် ၌ သွား ၍ ၊ သိုး ကျက်စား စရာကောင်းသောအရပ်ကို တွေ့ သောကြောင့် ၊ အရပ်သား နေရာရွာ တို့ကို လုပ်ကြံ ၍ ၊ ရှင်းရှင်းဖျက်ဆီး ပြီးမှယနေ့ တိုင်အောင် နေ ကြ၏။
42 And some of them, even of the sons of Simeon, five hundred men, went to mount Seir, having for their captains Pelatiah, and Neariah, and Rephaiah, and Uzziel, the sons of Ishi.
၄၂တဖန် ရှိမောင် အမျိုးသား ယောက်ျား ငါး ရာ တို့ သည် ဣရှိ သား ၊ ဗိုလ် ပေလတိ ၊ နာရိ ၊ ရေဖာယ ၊ ဩဇေလ နှင့်တကွ ၊ စိရ တောင် သို့ ချီ သွား၍၊
43 And they smote the remnant of the Amalekites that escaped, and dwelt there unto this day.
၄၃အရင်လွတ် သော အာမလက် အမျိုးသားအကျန် အကြွင်းကို လုပ်ကြံ ၍ ထို အရပ်၌ ယနေ့ တိုင်အောင် နေ ကြ၏။

< 1 Chronicles 4 >