< Revelation 7 >
1 AND after these things I saw four angels standing at the four corners of the earth, to hold back the four winds of the earth, that the wind should not blow on the earth, neither on the sea, nor on any tree.
၁ထို နောက်မှ မြေကြီး ၊ ပင်လယ် ၊ သစ်ပင် များ တို့၌ လေ မ လာ စေခြင်းငှာ ၊ ကောင်းကင်တမန် လေး ပါးတို့သည် မြေ ၏ လေး မျက်နှာလေ တို့ကိုကိုင် ၍၊ မြေ လေး မျက်နှာ ၌ ရပ် နေသည်ကို ငါမြင် ၏။
2 And I saw another angel ascending from the rising of the sun, having the seal of the living God; and he cried with a loud voice to the four angels to whom power was given for them to hurt the earth and the sea,
၂အသက် ရှင်တော်မူသော ဘုရားသခင် ၏ တံဆိပ် ပါ သော ကောင်းကင်တမန် တစ်ပါး သည် အရှေ့ မျက်နှာ က တက်လာ သည်ကို ငါမြင် ၏။ သူသည်လည်း မြေ နှင့် ပင်လယ် ကိုညှင်းဆဲ ရသောအခွင့် ရှိသော ကောင်းကင်တမန် လေး ပါးကိုအသံ လွှင့် ၍၊
3 saying, Hurt not the earth, nor the sea, nor the trees, until we have sealed the servants of our God in their foreheads.
၃ငါ တို့ဘုရားသခင် ၏ ကျွန် တို့ကိုနဖူး ၌ တံဆိပ် မ ခတ်မှီ တိုင်အောင်၊ မြေ ၊ ပင်လယ် ၊ သစ်ပင် တို့ကို မ ညှင်းဆဲ ပါနှင့်ဟုကြီးသောအသံနှင့် ကြွေးကြော် လေ၏။
4 And I heard the number of those who were sealed; one hundred and forty and four thousand were sealed out of every tribe of the children of Israel.
၄တံဆိပ် ခတ်ခြင်းကိုခံရသောသူ အရေအတွက် ကို ငါကြား ၍ ၊ ဣသရေလ အမျိုးသား တို့၌ အသီးသီး သော အမျိုးအနွယ် ထဲက လူတစ်သိန်း လေးသောင်းလေးထောင်တို့သည် တံဆိပ် ခတ်ခြင်းကိုခံရကြ၏။
5 Of the tribe of Judah were sealed twelve thousand. Of the tribe of Reuben were sealed twelve thousand. Of the tribe of Gad were sealed twelve thousand.
၅ယုဒ အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ ရုဗင် အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ ဂဒ် အမျိုး ထဲက တစ်သောင်း နှစ်ထောင်။
6 Of the tribe of Aser were sealed twelve thousand. Of the tribe of Nephtalim were sealed twelve thousand. Of the tribe of Manasseh were sealed twelve thousand.
၆အာရှာ အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ နဿလိ အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ မနာရှေ အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊
7 Of the tribe of Simeon were sealed twelve thousand. Of the tribe of Levi were sealed twelve thousand. Of the tribe of Issachar were sealed twelve thousand.
၇ရှိမောင် အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ လေဝိ အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ ဣသခါ အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊
8 Of the tribe of Zebulon were sealed twelve thousand. Of the tribe of Joseph were sealed twelve thousand. Of the tribe of Benjamin were sealed twelve thousand.
၈ဇာဗုလုန် အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ ယောသပ် အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ ဗင်္ယာမိန် အမျိုး ထဲက တစ်သောင်း နှစ်ထောင်တို့သည် တံဆိပ် ခတ် ခြင်းကိုခံရကြ၏။
9 After these things I looked, and beheld a great multitude, which no man could number, out of every nation, and tribe, and people, and tongue, standing before the throne, and before the Lamb, clothed in white robes, and palm branches in their hands
၉ထို့နောက်မှ ငါကြည့် လျှင်၊ အသီးအသီးဘာသာ စကားကို ပြောသော လူ အမျိုးအနွယ် ခပ်သိမ်း တို့ အထဲ မှထွက်၍၊ အဘယ်သူ မျှ မရေတွက် နိုင် သော လူ များ အပေါင်းတို့သည် ဖြူ သော ဝတ်လုံ ကို ဝတ်ဆင် လျက်၊ စွန်ပလွံ ခက်ကိုကိုင် လျက်၊ ပလ္လင် တော်ရှေ့ ၊ သိုးသူငယ် ရှေ့ မှာရပ် နေကြ၏။
10 and crying with a loud voice, saying, Salvation to our God that sitteth on the throne, and to the Lamb.
၁၀သူတို့ကလည်း ၊ ပလ္လင် ပေါ်မှာ ထိုင် တော်မူသော ငါ တို့၏ ဘုရားသခင် နှင့် သိုးသူငယ် သည် ကယ်တင် တော်မူခြင်းချမ်းသာရှိတော်မူစေသတည်းဟု ကြီး သော အသံ နှင့်ကြွေးကြော် ကြ၏။
11 And all the angels stood in a circle about the throne, and the presbyters and the four living beings, and fell on their faces before the throne, and worshipped God,
၁၁ပလ္လင် တော်မှစသော အသက်ကြီး သူ တို့နှင့် သတ္တဝါ လေး ပါး၏ ပတ်ဝန်းကျင် ၌ ရပ် နေသော ကောင်းကင်တမန် အပေါင်း တို့သည်၊ ပလ္လင် တော်ရှေ့ မှာ ပြပ်ဝပ် ၍ ဘုရားသခင် ကို ကိုးကွယ် လျက် ၊
12 saying, Amen: blessing, and glory, and wisdom, and thanksgiving, and honour, and power, and might be to our God for ever and ever. Amen. (aiōn )
၁၂အာမင် ။ ငါ တို့၏ ဘုရားသခင် သည် ကမ္ဘာ အဆက်ဆက်ကောင်းကြီး မင်္ဂလာ၊ ဘုန်း ၊ ပညာ နှင့်တကွ ကျေးဇူး ချီးမွမ်းခြင်း၊ ဂုဏ် အသရေ၊ တန်ခိုး သတ္တိ ရှိတော်မူစေသတည်း။ အာမင် ဟုပြောဆို ကြ၏။ (aiōn )
13 And one of the presbyters addressed me, saying, Who are these persons who are clothed in white robes? and from whence came they?
၁၃အသက်ကြီး သူ တစ်ပါး က လည်း ၊ ဖြူ သော ဝတ်လုံ ကို ဝတ်ဆင် သော ဤ သူ တို့သည် အဘယ်သူ နည်း။ အဘယ် အရပ်က လာ ကြသနည်းဟု ငါ အားမေးမြန်း လျှင်၊
14 And I said to him, Sir, thou knowest. And he said to me, These are persons who are come out of great tribulation, and have washed their robes, and made their robes white in the blood of the Lamb.
၁၄ငါ က၊ သခင် ၊ ကိုယ်တော် သိ ပါ၏ဟု ပြန် လျှောက်၏။ သူကလည်း ၊ ဤ သူတို့သည် ကြီးစွာ သော ဆင်းရဲ ဒုက္ခအထဲ ကထွက်မြောက် ၍၊ မိမိ တို့ဝတ်လုံ ကို သိုးသူငယ် ၏ အသွေး ၌ လျှော် ၍ ဖြူ စေသော သူဖြစ် ကြ သတည်း။
15 Therefore are they before the throne of God, and serve him day and night in his temple: and he that sitteth on the throne shall dwell among them.
၁၅ထိုကြောင့် ၊ ဘုရားသခင် ၏ ပလ္လင် တော်ရှေ့ မှာ နေရာကိုရ ၍၊ ဗိမာန် တော်၌ ဘုရား ဝတ်ကိုနေ့ ညဉ့် မပြတ်ပြုရကြ၏။ ပလ္လင် ပေါ်မှာ ထိုင် တော်မူသော သူ သည် သူ တို့တွင် ကျိန်းဝပ် တော်မူမည်။
16 They shall hunger no more, neither thirst any more; neither shall the sun scorch them, nor any burning heat.
၁၆သူတို့သည် နောက် တဖန် ရေ စာကို မ ငတ်မွတ်ရ ကြ။ နေရောင်ခြည် အလျှင်းမ ထိ ရ။ အဘယ် အပူ ကိုမျှ မခံရကြ။
17 Because the Lamb who is in the midst of the throne will feed them, as a shepherd, and lead them unto living fountains of waters; and God shall wipe away every tear from their eyes.
၁၇အကြောင်းမူကား ၊ ပလ္လင် တော်အတွင်း ၌ ရှိသောသိုးသူငယ် သည် သူ တို့ကို လုပ်ကျွေး ၍ ၊ အသက် စမ်း ရေ တွင်း သို့ လမ်းပြ လိမ့်မည်။ ဘုရားသခင် သည်လည်း သူ တို့မျက်စိ ၌ မျက်ရည် ရှိသမျှ တို့ကို သုတ် တော်မူမည်ဟုဆို လေ၏။