< John 13 >
1 Before the Feast of the Passover, Jesus knew that His time had come that He should depart out of this world to the Father. Having sincerely loved His own who were in the world, He sincerely loved them to the end.
၁ပသခါ ပွဲ မခံမှီ ၌ ယေရှု သည် ဤ လောက မှ ခမည်းတော် ထံသို့ ပြောင်း ရသောအချိန် ရောက် သည်ကို သိ တော်မူသည်ဖြစ်၍၊ ဤလောက ၌ ရှိသောမိမိ လူ တို့ကိုချစ် တော်မူသောကြောင့်အဆုံး တိုင်အောင် ချစ် တော်မူ၏။
2 Supper was finished, and the Devil had already put it into the heart of Judas Iscariot, Simon’s son, to betray Jesus.
၂ကိုယ်တော် ကို အပ်နှံ မည်အကြောင်း မာရ်နတ် သည် ရှိမုန် ၏သားယုဒ ရှကာရုတ် ၏ စိတ် နှလုံး၌ အကြံ ပေးသွင်း နှင့် သတည်း။ ထိုအခါ ညစာ ကိုစား ကြစဉ်၊
3 Jesus, knowing that the Father had given everything into His hands, and that He had come from God and was going to God,
၃ခမည်းတော် သည် အလုံးစုံ တို့ကို သူ ၏လက် သို့ အပ်ပေး တော်မူသည်ကို၎င်း ၊ သူ သည်ဘုရားသခင့် ထံ တော်မှ ထွက်လာ သည်ကို၎င်း ၊ ဘုရားသခင့် ထံတော်သို့ ကြွသွား မည်ကို၎င်း ယေရှုသည်သိ တော်မူသည်နှင့်၊
4 got up from supper, laid aside His outer garment, and wrapped a towel around His waist.
၄စားပွဲ မှ ထ ၍ ဝတ်လုံ တော်ကိုချွတ် ပြီးလျှင်၊ ပဝါ ကိုယူ ၍ ခါးကိုစည်း တော်မူ၏။
5 Then He poured water into a basin and began to wash the disciples’ feet, and to wipe them with the towel that was wrapped around Him.
၅ထိုနောက်မှ ရေ ကိုအင်တုံ ၌ လောင်း ၍ တပည့် တော်တို့၏ခြေ ကိုဆေး ပြီးမှခါး၌စည်း ထားသောပုဝါ နှင့် သုတ် တော်မူ၏။
6 Then He came to Simon Peter, and Peter asked Him, “Lord, are You washing my feet?”
၆ရှိမုန် ပေတရု ဆီသို့ ရောက် တော်မူသောအခါ ထိုတပည့်တော်က၊ သခင် ၊ ကိုယ်တော် သည် အကျွန်ုပ် ၏ ခြေ ကိုဆေး တော်မူမည်လောဟု မေးလျှောက် ၏။
7 Jesus answered, “You don’t understand what I am doing now, but you will know after this.”
၇ယေရှု ကလည်း၊ သင် သည် ငါ ပြု သောအမှုကို ယခု နား မ လည်သေး။ နောက်မှ သိ လိမ့်မည် ဟု မိန့် တော်မူ၏။
8 Peter told Him, “You will never wash my feet!” Jesus answered, “If I don’t wash you, you have no part with me.” (aiōn )
၈ပေတရု ကလည်း၊ ကိုယ်တော် သည်အကျွန်ုပ် ၏ခြေ ကိုအလျှင်း ဆေး တော်မ မူရဟု လျှောက် ၏။ ယေရှု ကလည်း၊ သင့် ကို ငါမ ဆေး ရလျှင် အသင်သည် ငါ နှင့် မ ဆက်ဆံ ရ ဟု မိန့် တော်မူ၏။ (aiōn )
9 Simon Peter said to Him, “Lord, not just my feet, but also my hands and my head!”
၉ရှိမုန် ပေတရု ကလည်း၊ အကျွန်ုပ် ၏ခြေ ကိုသာ မ ဆေးပါနှင့်။ လက် ကို၎င်း ၊ ဦးခေါင်း ကို၎င်း ဆေးတော်မူပါဟု လျှေက် ပြန်၏။
10 Jesus said to him, “Someone who has bathed only needs to wash their feet, but is completely clean; and most of you are clean, but not all of you.”
၁၀ယေရှု ကလည်း၊ ရေချိုး ပြီးသောသူ မည်သည်ကား၊ ခြေ ဆေး ခြင်းမှတစ်ပါး ဆေးရသောအကြောင်း မ ရှိ ၊ တစ်ကိုယ်လုံး စင်ကြယ် ၏။ သင် တို့သည် စင်ကြယ် သော်လည်း အချို့မ စင်ကြယ် ဟု မိန့် တော်မူ၏။
11 For He knew who would betray Him, therefore He said, “You aren’t all clean.”
၁၁ကိုယ်တော် ကို အပ်နှံ မည့်သူ ကို သိ တော်မူသောကြောင့် ၊ သင်တို့တွင် အချို့မ စင်ကြယ် ဟု မိန့် တော်မူသတည်း။
12 When He had washed their feet, He put on His outer garment and sat down again. He asked them, “Do you know what I have done to you?
၁၂ထိုသို့ သူ တို့၏ ခြေ ကိုဆေး တော်မူပြီးမှတစ်ဖန် ဝတ်လုံ ကိုဝတ် ၍ လျောင်း တော်မူလျက် ၊ သင် တို့၌ ငါပြု ခဲ့သောအမှုကို နားလည် ကြသလော။
13 You call me Teacher and Lord, and you are right in saying so, for so I am.
၁၃သင် တို့သည် ငါ့ ကိုအရှင် ဘုရားဟူ၍၎င်း ၊ သခင် ဟူ၍၎င်းခေါ် တတ်ကြ၏။ ထိုစကားသည်လည်း ဟုတ်မှန်သောစကား ဖြစ်၏။ အကြောင်းမူကား ၊ သင်တို့ကိုခေါ်ကြသည့်အတိုင်း ငါ မှန်၏။
14 If I, your Lord and Teacher, have washed your feet, you also ought to wash one another’s feet.
၁၄ငါ သည် သခင် ဖြစ်လျက်၊ အရှင် ဘုရားလည်း ဖြစ်လျက်နှင့် သင် တို့၏ခြေ ကိုဆေး လျှင် သင် တို့သည် အချင်းချင်း တို့၏ခြေ ကို ဆေး ရ ကြမည်။
15 I have given you an example, that you should also do as I have done to you.
၁၅ငါ သည်သင် တို့၌ပြု သကဲ့သို့ သင် တို့သည်ပြုစု စေခြင်းငှာ ပုံ သက်သေကို ပြ ခဲ့ပြီ။
16 Most assuredly, I tell you, a servant isn’t greater than his master, nor is he who is sent greater than he who sent him.
၁၆ငါအမှန်အကန် ဆို သည်ကား၊ ကျွန် သည် သခင် ထက်သာ၍ ကြီးမြတ်သည်မ ဟုတ် တမန် သည်လည်း စေလွှတ် သောသူ ထက်သာ၍ ကြီးမြတ်သည်မ ဟုတ်။
17 If you know these things, you are blessed if you do them.
၁၇ဤအရာ များကို သင် တို့သိ ၍ သိသည်အတိုင်းကျင့် လျှင် မင်္ဂလာ ရှိကြ၏။
18 I’m not talking about all of you. I know who I have chosen; but this is to fulfill the Scripture, ‘He who eats bread with me has lifted up his heel against me.’
၁၈သင် တို့ရှိသမျှ ကို ငါရည်မှတ် ၍ပြော သည်မ ဟုတ်။ ငါ ရွေးကောက် သောသူ တို့ကို ငါသိ ၏။ ကျမ်းစာ ချက် ပြည့်စုံ စေမည်အကြောင်း ငါ နှင့်အတူစား သောသူ သည် ငါ့ ကိုခြေ နှင့်ကျောက် သတည်း။
19 Now I tell you before it happens, that when it does happen, you may believe that I AM.
၁၉ထိုအမှုအရာ ရောက်သောအခါ ငါ သည် ဤမည်သောသူဖြစ် သည်ကို သင်တို့သည် ယုံကြည် စေခြင်းငှာ ၊ မ ရောက် မှီ ယခုပင် သင် တို့အားငါပြော နှင့်ပြီ။
20 Most assuredly, I tell you, whoever receives anyone I send receives me; and he who receives me receives Him who sent me.”
၂၀ငါအမှန်အကန် ဆို သည်ကား၊ ငါစေလွှတ် သောသူ ကိုလက်ခံ သောသူ သည် ငါ့ ကိုလက်ခံ ၏။ ငါ့ ကို လက်ခံ သောသူ သည်ငါ့ ကိုစေလွှတ် တော်မူသောသူ ကိုလက်ခံ သည် ဟု မိန့် တော်မူ၏။
21 When Jesus had said these things, He was troubled in spirit, and testified and said, “Most assuredly, I tell you, one of you will betray me.”
၂၁ထိုသို့ ယေရှု သည်မိန့် တော်မူပြီးမှ စိတ် နှလုံးတော်ပူပန် ခြင်းရှိ၏။ ငါအမှန်အကန် ဆို သည်ကား၊ သင် တို့ တွင် တစ်စုံတစ်ယောက် သောသူသည် ငါ့ ကိုအပ်နှံ လိမ့်မည် ဟု သက်သေခံ လျက် မိန့် တော်မူ၏။
22 The disciples began looking at one another, perplexed about which one of them He was talking about.
၂၂အဘယ်သူ ကိုရည်ဆောင်၍ မိန့် တော်မူသည်ကိုတပည့် တော်တို့သည် တွေးတော ခြင်းရှိသဖြင့်၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ရှု ကြ၏။
23 One of Jesus’ disciples, who Jesus sincerely loved, was leaning against His breast.
၂၃ယေရှု ချစ် တော်မူသောတပည့် တော်သည် ရင်ခွင် တော်နားမှာ လျောင်း သဖြင့်၊
24 Simon Peter therefore nodded to him to ask who He spoke about.
၂၄အဘယ်သူ ကိုရည်ဆောင်၍ မိန့် တော်မူသနည်းဟု မေး စေခြင်းငှာ၊ ရှိမုန် ပေတရု သည် ထိုတပည့် တော် ကို အမှတ်ပေး ၏။
25 Then, leaning back on Jesus’ breast, he asked Him, “Lord, who is it?”
၂၅ထိုတပည့်တော်သည် ယေရှု ၏ရင် တော်ကိုမှီ ၍ လျောင်းနေလျက် သခင် ၊ အဘယ်သူ နည်းဟု လျှောက် ၏။
26 Jesus answered, “It is he who I will give a morsel to when I have dipped it.” Having dipped the morsel, He gave it to Judas Iscariot, Simon’s son.
၂၆ယေရှု ကလည်း၊ ဤမုန့်တလုပ် စာကို ငါ နှစ် ၍ ပေး သော သူဖြစ် ၏ ဟု မိန့် တော်မူပြီးလျှင်၊ မုန့်တ လုပ်စာကို နှစ် ပြီးမှရှိမုန် ၏သားယုဒ ရှကာရုတ် အား ပေး တော်မူ၏။
27 After the morsel, Satan entered into him. Jesus therefore told him, “What you do, do quickly.”
၂၇ထိုသူ သည် မုန့်တ လုပ်စာကိုခံပြီးမှ ၊ စာတန် သည် သူ့အထဲ သို့ဝင် လေ၏။ ယေရှု ကလည်း၊ သင်ပြု ရသောအမှု ကို အလျင်အမြန် ပြု လော့ဟု ထိုသူ အားမိန့် တော်မူ၏။
28 None of those reclining at the table knew why He had said this to him.
၂၈အဘယ်ကြောင့် ထိုသို့မိန့် တော်မူသည်ကို စားပွဲ ၌လျောင်းသောသူ တို့တွင် အဘယ်သူ မျှမသိ ။
29 Some were supposing, because Judas had the money box, that Jesus was saying to him, “Buy the things we need for the feast”; or else, that he should give something to the poor.
၂၉အချို့ တို့က၊ ယုဒ ရှကာရုတ်သည် ငွေအိတ် ကိုဆောင် ကြသောကြောင့် ၊ ဤပွဲ ၌ ငါ တို့သုံး စရာအဘို့ကို ဝယ် လော့ဟူ၍၎င်း၊ သို့မဟုတ် ဆင်းရဲ သောသူ တို့အား တစုံတစ်ခု ကိုပေး လော့ဟူ၍၎င်း။ ယေရှု မိန့် တော်မူသည်ဟု ထင်မှတ် ကြ၏။
30 Having received the morsel, he went out immediately. It was night.
၃၀ယုဒ ရှကာရုတ်သည် မုန့်တ လုပ်စာကိုခံ ပြီးမှချက်ခြင်း ထွက်သွား ၏။ ထို အချိန်ကားည အချိန်ဖြစ်၏။
31 When he had gone out, Jesus said, “Now the Son of Man is glorified, and God is glorified in Him.
၃၁ထိုသူသွား သည်နောက်၊ ယေရှု က၊ ယခု တွင်လူ သား သည် ဘုန်း ထင်ရှားခြင်းရှိသည်ဖြစ်၍ ၊ ဘုရားသခင် သည်လည်း လူသားအားဖြင့် ဘုန်း တော်ထင်ရှားခြင်းရှိ၏။
32 If God is glorified in Him, God will also glorify Him in Himself, and will glorify Him immediately.
၃၂ဘုရားသခင် သည် လူသားအားဖြင့် ဘုန်း တော်ထင်ရှားခြင်းရှိလျှင် ၊ ဘုရားသခင် သည် ကိုယ်တော် တိုင်အားဖြင့် သူ ၏ဘုန်း ကို ထင်ရှားစေတော်မူလိမ့်မည်။
33 Little children, I am with you a little while longer. You will look for me, and as I told the Jews, I now tell you, also, ‘Where I am going, you can’t come.’
၃၃ချစ်သား တို့ ငါ သည်သင် တို့နှင့်အတူ ခဏ သာနေရ၏။ သင်တို့သည် ငါ့ ကိုရှာ ကြလိမ့်မည်။ ငါ သွား ရာ အရပ် သို့ သင် တို့မ ရောက် နိုင် ကြဟု ယုဒ တို့အား ငါပြော သကဲ့သို့ ယခု သင် တို့အား ငါပြော ၏။
34 I give to you a new commandment, that you sincerely love one another, even as I have sincerely loved you, so you should also sincerely love one another.
၃၄သင် တို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ် ကြလော့။ ငါသည်သင် တို့ကို ချစ် သည်နည်းတူ အချင်းချင်း ချစ် ကြလော့ဟု ပညတ် သစ် ကို ငါပေး ၏။
35 By this everyone will know that you are my disciples, if you have sincere love for one another.”
၃၅သင် တို့သည် အချင်းချင်း ချစ် ကြလျှင် ၊ လူအပေါင်း တို့သည် ထို မေတ္တာကိုထောက်၍ သင်တို့သည် ငါ ၏ တပည့် ဖြစ် သည်ကို သိ ကြလိမ့်မည် ဟု မိန့်တော်မူ၏။
36 Simon Peter asked Him, “Lord, where are You going?” Jesus answered, “Where I go, you aren’t able to follow me now, but you will follow later.”
၃၆ရှိမုန် ပေတရု က၊ သခင် ၊ ကိုယ်တော်သည် အဘယ် အရပ်သို့ ကြွ တော်မူမည်နည်းဟု မေးလျှောက် လျှင်၊ ယေရှု က၊ ငါသွား ရာအရပ် သို့ သင်သည်ယခု မ လိုက် နိုင် ။ နောက်မှ လိုက် ရလိမ့်မည် ဟု မိန့် တော်မူ၏။
37 Peter asked Him, “Lord, why can’t I follow You right now? I will lay down my life for You.”
၃၇ပေတရု ကလည်း၊ သခင် ၊ အကျွန်ုပ်သည် ကိုယ်တော် နှင့်အတူအဘယ်ကြောင့် ယခု မ လိုက် နိုင် သနည်း။ ကိုယ်တော် အဘို့ အကျွန်ုပ် ၏အသက် ကို စွန့် ပါမည်ဟုလျှောက် လျှင်၊
38 Jesus answered, “Will you lay down your life for my sake? Most assuredly, I tell you, the rooster won’t crow until you have denied me three times.
၃၈ယေရှု က၊ ငါ့ အဘို့ သင့် အသက် ကိုစွန့် မည်လော။ ငါအမှန်အကန် ဆို သည်ကား၊ ကြက် မ တွန် မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ ကိုငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူ၏။