< Psalms 27 >
1 A Psalme of David. The Lord is my light and my saluation, whom shall I feare? the Lord is the strength of my life, of whome shall I be afraide?
၁ထာဝရဘုရား သည် ငါ ၏အလင်း ၊ ငါ့ ကို ကယ်တင် သော အရှင်ဖြစ်တော်မူ၏။ ငါသည် အဘယ် သူကို ကြောက် ရအံ့နည်း။ ထာဝရဘုရား သည် ငါ ၏ အသက် ခိုလှုံ ရာဖြစ်တော်မူ၏။ ငါသည် အဘယ် သူကိုမျှ ကြောက်လန့် ရအံ့နည်း။
2 When the wicked, euen mine enemies and my foes came vpon mee to eate vp my flesh; they stumbled and fell.
၂ငါ့ ကိုအငြိုး ထားသော ရန်သူ လူဆိုးတို့သည် ငါ့ အသား ကို ကိုက်စား မည်ဟု လာ ကြသောအခါ ၊ ခြေ တိုက်မိ ၍ လဲ ကြ၏။
3 Though an hoste pitched against me, mine heart should not be afraide: though warre be raised against me, I will trust in this.
၃ငါ တဘက် ၌ တပ်ချ ကြသော်လည်း ၊ ငါ့ နှလုံး မ ကြောက် တတ်။ စစ်ချီ ၍လာကြသော်လည်း ၊ ထို အမှုတွင် ပင် တည်ကြည် သောစိတ် ရှိလိမ့်မည်။
4 One thing haue I desired of the Lord, that I will require, euen that I may dwell in the house of the Lord all the dayes of my life, to beholde the beautie of the Lord, and to visite his Temple.
၄ထာဝရဘုရား ၏ တင့်တယ် ခြင်း အသရေတော် ကို ဖူးမြင် ၍ ၊ ဗိမာန် တော်၌ မွေ့လျော် ခြင်း အလိုငှါ၊ ထာဝရဘုရား ၏ အိမ် တော်မှာ တသက်လုံး နေ ရမည် အကြောင်းတည်းဟူသောအခွင့်တခု ကို ထာဝရဘုရား ၌ ငါဆုတောင်း ပြီ။ ထို အခွင့်ကို ရှာ ရဦးမည်။
5 For in the time of trouble hee shall hide mee in his Tabernacle: in the secrete place of his pauillion shall he hide me, and set me vp vpon a rocke.
၅အကြောင်း မူကား၊ ဘေး အန္တရာယ်ရောက်သည့် ကာလ ၊ တဲ တော်တွင် ငါ့ ကို ကွယ်ကာ တော်မူမည်။ ဗိမာန် တော်အတွင်း အရပ်၌ ၊ ငါ့ ကို ဝှက် ထားတော်မူမည်။ ကျောက် ပေါ် မှာလည်း ငါ့ ကိုတင် ထားတော်မူမည်။
6 And nowe shall hee lift vp mine head aboue mine enemies rounde about mee: therefore wil I offer in his Tabernacle sacrifices of ioy: I wil sing and praise the Lord.
၆ယခု ပင် ငါ့ ပတ်လည် ၌ရှိသောရန်သူ တို့၏ အပေါ် သို့ ငါ့ ၏ဦးခေါင်း ကို ချီးမြှောက် တော်မူ၏။ ထိုကြောင့်ဗိမာန် တော်မှာ တံပိုး မှုတ်ခြင်းနှင့်တကွယဇ် ပူဇော်ပါမည်။ သီချင်း ဆိုပါမည်။ ထာဝရဘုရား ကို ထောမနာသီချင်း ဆိုပါမည်။
7 Hearken vnto my voyce, O Lord, when I crie: haue mercie also vpon mee and heare mee.
၇အိုထာဝရဘုရား ၊ အကျွန်ုပ် အော်ဟစ်သော အသံ ကိုနား ထောင်တော်မူပါ။ အကျွန်ုပ် ကို သနား ၍ ထူး တော်မူပါ။
8 When thou saidest, Seeke ye my face, mine heart answered vnto thee, O Lord, I will seeke thy face.
၈ငါ ၏မျက်နှာ ကို ရှာ ကြလော့ဟူသောအမိန့် တော်ကို ရှေ့တော်၌ အကျွန်ုပ် သည် သတိ ပြုလျက်၊ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ မျက်နှာ ကို ရှာ ပါမည်။
9 Hide not therefore thy face from mee, nor cast thy seruat away in displeasure: thou hast bene my succour: leaue me not, neither forsake mee, O God of my saluation.
၉အကျွန်ုပ် ကို မျက်နှာ လွှဲ တော်မ မူပါနှင့်။ အမျက်ထွက် ၍ ကိုယ်တော် ၏ ကျွန် ကိုပယ် တော်မ မူပါနှင့်။ အကျွန်ုပ် ကို ကယ်တင် တော်မူသောဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ကို မစ တော်မူဘူးသည်ဖြစ် ၍ ၊ အကျွန်ုပ် ကို စွန့်ပစ် တော်မ မူပါနှင့်။
10 Though my father and my mother shoulde forsake me, yet the Lord will gather me vp.
၁၀ကိုယ် မိဘ တို့သည် အကျွန်ုပ် ကိုစွန့် သော်လည်း ၊ ထာဝရဘုရား သည် အကျွန်ုပ် ကို ချီ ယူတော်မူမည်။
11 Teache mee thy way, O Lord, and leade me in a right path, because of mine enemies.
၁၁အိုထာဝရဘုရား ၊ ကိုယ်တော် ၏လမ်း ကို အကျွန်ုပ် အား ပြသ သွန်သင်တော်မူပါ။ အကျွန်ုပ် ၏ ရန်သူ တို့ ကြောင့် ဖြောင့် သောလမ်း ထဲ ၌အကျွန်ုပ် ကို ပို့ဆောင် တော်မူပါ။
12 Giue me not vnto the lust of mine aduersaries: for there are false witnesses risen vp against me, and such as speake cruelly.
၁၂မ မှန်သောသက်သေ ကို ခံသောသူတို့နှင့် ညှဉ်းဆဲခြင်းငှါ၊ ပြင်းစွာ အသက်ရှူ သောသူတို့ သည် အကျွန်ုပ် တဘက် ၌ ထ ကြသည်ဖြစ်၍ ၊ ရန်သူ တို့အလို သို့ အကျွန်ုပ် ကို အပ်နှံ တော်မ မူပါနှင့်။
13 I should haue fainted, except I had beleeued to see the goodnes of the Lord in the land of the liuing.
၁၃အကယ်စင်စစ်အသက် ရှင်သောသူတို့၏ နေရာ တွင် ၊ ထာဝရဘုရား ၏ ကျေးဇူး တော်ကို ငါ တွေ့ မြင်ပြီဟု ယုံမှတ်စွဲလမ်းခြင်းရှိ၏။
14 Hope in the Lord: be strong, and he shall comfort thine heart, and trust in the Lord.
၁၄ထာဝရဘုရား ကို မြော်လင့် လော့။ အား ယူ၍ ရဲရင့် သော စိတ် နှလုံးရှိလော့။ ထာဝရဘုရား ကို မြော်လင့် လျက်နေလော့။