< Matthew 4 >

1 Then was Iesus led aside of the Spirit into the wildernes, to be tempted of the deuil.
ထိုအခါ မာရ်နတ် ၏စုံစမ်း သွေးဆောင်ခြင်းကို ခံစေမည်အကြောင်း၊ ဝိညာဉ် တော်သည် ယေရှု ကို တော သို့ ပို့ဆောင် တော်မူ၍၊
2 And when he had fasted fourtie dayes, and fourtie nights, he was afterward hungrie.
ယေရှုသည် အရက် လေးဆယ်ပတ်လုံး အစာ အာဟာရကို မသုံးဆောင်ဘဲနေပြီးမှ မွတ်သိပ် ခြင်းသို့ ရောက်တော်မူ၏။
3 Then came to him the tempter, and said, If thou be the Sonne of God, commande that these stones be made bread.
ထိုအခါ စုံစမ်း သွေးဆောင်သောသူ သည် ချဉ်းကပ် ၍၊ ကိုယ်တော်သည် ဘုရားသခင် ၏သား တော်မှန် လျှင် ၊ ဤ ကျောက်ခဲ တို့ကို မုန့် ဖြစ် စေခြင်းငှာ အမိန့် ရှိတော်မူပါဟု လျှောက် လေ၏။
4 But he answering said, It is written, Man shall not liue by bread onely, but by euery worde that proceedeth out of the mouth of God.
ယေရှု ကလည်း ၊ လူ သည် မုန့် အားဖြင့် သာ အသက် ကိုမွေးရမည်မ ဟုတ်။ ဘုရားသခင် မိန့် တော်မူသမျှ အားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာ လာသည် ဟု ပြန်ပြော တော်မူ၏။
5 Then the deuil tooke him vp into the holy Citie, and set him on a pinacle of the temple,
ထိုအခါ မာရ်နတ် သည် ယေရှု ကို သန့်ရှင်း သောမြို့ တော်သို့ ဆောင်သွား ၍ ဗိမာန် တော်၏အထွဋ် ၌ တင် ထားပြီးလျှင် ၊
6 And said vnto him, If thou be the Sonne of God, cast thy selfe downe: for it is written, that he wil giue his Angels charge ouer thee, and with their hands they shall lift thee vp, lest at any time thou shouldest dash thy foote against a stone.
ကျမ်းစာလာ သည်ကား၊ ကောင်းကင်တမန် တို့အား သင့် အဘို့ မှာထား တော်မူသည်ဖြစ်၍၊ သင် ၏ခြေ ကို ကျောက် နှင့် မ ထိ မခိုက်စေခြင်းငှာ သူတို့သည် သင့် ကို လက် နှင့် မစ ချီပင့်ကြလိမ့်မည်ဟုလာ၏။ ထိုကြောင့် ဘုရားသခင် ၏သား တော်မှန် လျှင် ကိုယ် ကိုအောက် သို့ချ လိုက်တော်မူပါဟု လျှောက် လေ၏။
7 Iesus saide vnto him, It is written againe, Thou shalt not tempt the Lord thy God.
ယေရှု ကလည်း သင် ၏ဘုရားသခင် ထာဝရ ဘုရားကို သင်သည်အစုံအစမ်း မ ပြုရဟု ကျမ်းစာ လာပြန် သည် ဟု မိန့် တော်မူ၏။
8 Againe the deuil tooke him vp into an exceeding hie mountaine, and shewed him all the kingdomes of the world, and the glory of them,
တစ်ဖန် မာရ်နတ် သည် ယေရှု ကို အလွန် မြင့် လှစွာသော တောင် ပေါ်သို့ ဆောင်သွား ၍၊ ဤလောက ၌ ရှိသမျှ သောတိုင်းနိုင်ငံ တို့ကို၎င်း ၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်း စည်းစိမ်ကို၎င်း ပြညွှန် ၍ ၊
9 And sayd to him, All these will I giue thee, if thou wilt fall downe, and worship me.
ကိုယ်တော်သည် ငါ့ ကို ညွတ်ပြပ် ကိုးကွယ် လျှင် ယခု ပြလေသမျှ တို့ကို ငါပေး မည်ဟုဆို လေ၏။
10 Then sayd Iesus vnto him, Auoyde Satan: for it is written, Thou shalt worship the Lord thy God, and him onely shalt thou serue.
၁၀ယေရှု ကလည်း အချင်း စာတန် ၊ ငါ့ နောက်သို့ဆုတ်လော့။ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို ကိုးကွယ် ရမည်။ ထိုဘုရားသခင် ကိုသာ ဝတ်ပြု ရမည်ကျမ်းစာ လာသည် ဟုမိန့် တော်မူ၏။
11 Then the deuill left him: and beholde, the Angels came, and ministred vnto him.
၁၁ထိုအခါ မာရ်နတ် သည် အထံ တော်မှထွက်သွား ၍ ကောင်းကင်တမန် တို့သည် ချဉ်းကပ် လျက် လုပ်ကျွေး ကြ၏။
12 And when Iesus had heard that Iohn was committed to prison, he returned into Galile.
၁၂ယောဟန် သည် ထောင် ထဲသို့ရောက်ကြောင်း ကို ယေရှုသည်ကြား လျှင်၊ ဂါလိလဲ ပြည်သို့ ကြွ တော်မူ၍၊
13 And leauing Nazareth, went and dwelt in Capernaum, which is neere the sea in the borders of Zabulon and Nephthalim,
၁၃နာဇရက် မြို့ကို စွန့်သွား လျက် ၊ ဇာဗုလုန် ခရိုင် ၊ နဿလိ ခရိုင်စပ်ကြား တွင် အိုင် နှင့်နီးစပ်သော ကပေရနောင် မြို့သို့ ရောက် ၍ နေ တော်မူ၏။
14 That it might be fulfilled which was spoken by Esaias the Propet, saying,
၁၄ဤအကြောင်းအရာကား၊ ပရောဖက် ဟေရှာယ ၏ နှုတ်ထွက် ပြည့်စုံ မည်အကြောင်း တည်း။
15 The land of Zabulon, and the land of Nephthalim by the way of the sea, beyond Iordan, Galile of the Gentiles:
၁၅နှုတ်ထွက်အချက်ဟူမူကား၊ ဇာဗုလုန် ခရိုင် နှင့် နဿလိ ခရိုင် တည်းဟူသောအိုင် နားရှောက်သောလမ်း ၊ ယော်ဒန် မြစ်တစ်ဘက် ၊ တစ်ပါး အမျိုးသားနေရာဂါလိလဲ ပြည်၊
16 The people which sate in darkenes, sawe great light: and to them which sate in the region, and shadowe of death, light is risen vp.
၁၆မှောင်မိုက် ထဲမှာ ရှိ နေသောလူ များတို့သည် ကြီးစွာ သောအလင်း ကို မြင် ရ၍၊ သေမင်း ၏နိုင်ငံ အရိပ် တွင်ရှိ နေသော သူ တို့၌ အလင်း ပေါ်ထွန်း လျက်ရှိ၏ဟု ဟောထားသတည်း။
17 From that time Iesus began to preach, and to say, Amende your liues: for the kingdome of heauen is at hand.
၁၇ထိုအခါ မှစ၍ ယေရှု က၊ နောင်တရ ကြလော့။ ကောင်းကင် နိုင်ငံ တော်သည် တည်လုနီး ပြီဟူသောတရား ကို ဟောစ ပြုတော်မူ၏။
18 And Iesus walking by the sea of Galile, sawe two brethren, Simon, which was called Peter, and Andrew his brother, casting a net into the sea (for they were fishers.)
၁၈ဂါလိလဲ အိုင် နား မှာ ကြွ တော်မူစဉ်၊ ပေတရု ဟူ၍ခေါ်ဝေါ် သော ရှိမုန် နှင့် အန္ဒြေ ၊ ညီအစ်ကို နှစ် ယောက်တို့သည် တံငါ ဖြစ် ၍၊ အိုင် တွင် ပိုက်ကွန် ဖြန့်ချ သည်ကို မြင် တော်မူလျှင်၊
19 And he sayd vnto them, Follow me, and I will make you fishers of men.
၁၉ထိုသူ တို့အား ငါ့ နောက် သို့လိုက် ကြလော့။ သင် တို့သည် လူ ကိုမျှားသောတံငါ ဖြစ်စေခြင်းငှာ ငါပြု မည် ဟု အမိန့် တော်ရှိလေသော် ၊
20 And they straightway leauing the nets, folowed him.
၂၀ထိုသူတို့သည် ချက်ခြင်း ပိုက်ကွန် ကိုစွန့်ပစ် ၍ နောက် တော်သို့ လိုက်ကြ၏။
21 And when he was gone forth from thence, he saw other two brethren, Iames the sonne of Zebedeus, and Iohn his brother in a ship with Zebedeus their father, mending their nets, and he called them.
၂၁ထိုမှ လွန် လျှင် အခြား သောညီအစ်ကို နှစ် ယောက်၊ ဇေဗေဒဲ ၏သား ယာကုပ် နှင့် ယောဟန် တို့သည် သူ တို့အဘ နှင့်အတူ လှေ ပေါ် မှာ ပိုက်ကွန် ပြင် နေသည်ကို မြင်၍ ခေါ် တော်မူ၏။
22 And they without tarying, leauing the ship, and their father, folowed him.
၂၂ထိုသူ တို့သည်လည်း ချက်ခြင်း အဘ နှင့် လှေ ကို စွန့်ပစ် ၍ နောက်တော်သို့လိုက် ကြ၏။
23 So Iesus went about all Galile, teaching in their Synagogues, and preaching the Gospel of the kingdome, and healing euery sicknesse and euery disease among the people.
၂၃ယေရှု သည် တရားစရပ် တို့၌ ဆုံးမ ဩဝါဒပေးလျက် ၊ နိုင်ငံ တော်နှင့်ယှဉ်သောဧဝံဂေလိ တရားကိုဟော လျက်၊ လူ တို့တွင် အနာ ရောဂါအမျိုးမျိုး တို့ကို ငြိမ်း စေလျက် ၊ ဂါလိလဲ ပြည်တစ်ပြည်လုံး ကို ဒေသစာရီ လှည့်လည် တော်မူ၏။
24 And his fame spread abroad through all Syria: and they brought vnto him all sicke people, that were taken with diuers diseases and torments, and them that were possessed with deuils, and those which were lunatike, and those that had the palsey: and he healed them.
၂၄သိတင်း တော်သည်လည်း ရှုရိ ပြည်၌ အနှံ့အပြား ကျော်စော သည်ဖြစ်၍ နတ်ဝင် သောသူ ဝက်ရူးစွဲ သောသူ၊ လက်ခြေသေ သောသူမှစသောအထူးထူးအပြားပြား သော အနာ ရောဂါစွဲ၍ မကျန်းမမာ သောသူ ရှိသမျှ တို့ကို အထံ တော်သို့ဆောင်ခဲ့ ကြ၍ ၊ သူ တို့၏အနာရောဂါကို ငြိမ်း စေတော်မူ၏။
25 And there folowed him great multitudes out of Galile, and Decapolis, and Hierusalem, and Iudea, and from beyond Iordan.
၂၅ဂါလိလဲ ပြည်၊ ဒေကပေါလိ ပြည်၊ ယေရုရှလင် မြို့မှစသော ယုဒ ပြည်၊ ယော်ဒန် မြစ်တစ်ဘက် မှ လာသော လူ များ အပေါင်းတို့သည် နောက်တော်သို့လိုက် ကြ၏။

< Matthew 4 >