< Mark 16 >
1 And when the Sabbath day was past, Marie Magdalene, and Marie the mother of Iames, and Salome, bought sweete oyntments, that they might come, and anoynt him.
၁ဥပုသ်နေ့ကုန်လွန်သွားသောအခါ မာဂဒလ ရွာသူမာရိ၊ ယာကုပ်၏အမိမာရိနှင့်ရှာလုံတို့ သည် သခင်ယေရှု၏အလောင်းတော်ကိုသုတ်လိမ်း ရန်ဆီမွှေးများကိုဝယ်ယူကြ၏။-
2 Therefore early in the morning, the first day of the weeke, they came vnto the sepulchre, when the Sunne was nowe risen.
၂တနင်္ဂနွေနေ့နံနက်စောစောနေထွက်ချိန်၌ သူတို့ သည်သင်္ချိုင်းတော်သို့သွားကြ၏။-
3 And they saide one to another, Who shall rolle vs away the stone from the doore of the sepulchre?
၃လမ်းတွင်သူတို့သည်``သင်္ချိုင်းဂူဝမှကျောက်တုံး ကို ငါတို့အတွက်အဘယ်သူတွန်းလှိမ့်ပေးပါ မည်နည်း'' ဟုအချင်းချင်းပြောဆိုကြ၏။ (ထိုကျောက်တုံးကားအလွန်ကြီးမားသော ကျောက်တုံးဖြစ်သည်။) ထိုနောက်ကြည့်လိုက် သောအခါကျောက်တုံးမှာလှိမ့်ထားနှင့်ပြီး ဖြစ်သည်ကိုတွေ့ကြ၏။-
4 And when they looked, they saw that the stone was rolled away (for it was a very great one)
၄
5 So they went into the sepulchre, and saw a yong man sitting at the right side, clothed in a long white robe: and they were sore troubled.
၅သူတို့သည်ဂူထဲကိုဝင်မိလျှင်လက်ယာဘက်မှာ ဝတ်ဖြူစင်ကြယ်နှင့်လူငယ်လူရွယ်တစ်ဦးထိုင် နေသည်ကိုမြင်ကြ၏။ ထိုအခါသူတို့သည် ထိတ်လန့်ကြ၏။
6 But he said vnto them, Be not so troubled: ye seeke Iesus of Nazareth, which hath bene crucified: he is risen, he is not here: behold the place where they put him.
၆ထိုသူက``မထိတ်လန့်ကြနှင့်။ သင်တို့သည် လက်ဝါးကပ်တိုင်တွင်တင်၍ အသတ်ခံရသူ နာဇရက်မြို့သားယေရှုကိုရှာလျက်နေကြ သည်မဟုတ်လော။ ထိုအရှင်သည်ဤအရပ်တွင် မရှိ။ သြေခင်းမှထမြောက်တော်မူပြီ။ ဤနေရာ သည်ထိုအရှင်၏အလောင်းတော်ကိုထားသော နေရာဖြစ်၏။ ကြည့်ကြလော့။-
7 But goe your way, and tell his disciples, and Peter, that he will goe before you into Galile: there shall ye see him, as he said vnto you.
၇သင်တို့သည်ပေတရုနှင့်အခြားတပည့်တော်များ ထံသို့သွား၍``ကိုယ်တော်သည်ဂါလိလဲပြည်သို့ သင်တို့အလျင်ကြွနှင့်တော်မူလိမ့်မည်။ ယခင်က သင်တို့အားမိန့်မှာတော်မူခဲ့သည့်အတိုင်း ကိုယ်တော် ကိုဂါလိလဲပြည်မှာဖူးတွေ့ရကြလိမ့်မည်ဟု ပြောကြားလော့'' ဟုဆို၏။
8 And they went out quickly, and fled from the sepulchre: for they trembled, and were amased: neither said they any thing to any man: for they were afraide.
၈အမျိုးသမီးများသည်ထိတ်လန့်တွေဝေလျက် သင်္ချိုင်းဂူမှထွက်ပြေးကြ၏။ သူတို့သည်ကြောက်ရွံ့ သောကြောင့်အဘယ်သူအားမျှစကားမပြောကြ။ အဆုံးသတ်သည့်နည်းဟောင်းတစ်မျိုး
9 (note: The most reliable and earliest manuscripts do not include Mark 16:9-20.) And when Iesus was risen againe, early the first day of the weeke, he appeared first to Marie Magdalene, out of whom he had cast seuen deuils:
၉(note: The most reliable and earliest manuscripts do not include Mark 16:9-20.) [တနင်္ဂနွေနေ့နံနက်စောစောအချိန်၌ကိုယ်တော် သည်သြေခင်းမှထမြောက်တော်မူပြီးနောက် ဦးစွာ မာဂဒလရွာသူမာရိအားကိုယ်ထင်ပြတော်မူ၏။ မာဂဒလရွာသူမာရိထံမှနတ်မိစ္ဆာခုနစ်ဦးကို ကိုယ်တော်နှင်ထုတ်ပေးခဲ့၏။-
10 And shee went and tolde them that had bene with him, which mourned and wept.
၁၀သူသည်ကိုယ်တော်၏တပည့်များထံသို့သွား၍ ထိုသတင်းကိုပြောကြား၏။ သူတို့သည်ငိုယို ပူဆွေးလျက်နေကြ၏။-
11 And when they heard that he was aliue, and had appeared to her, they beleeued it not.
၁၁ကိုယ်တော်အသက်ရှင်လျက်ရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်အားမာရိတွေ့မြင်ခဲ့ ရကြောင်းကိုလည်းကောင်း၊ ကြားသောအခါ မယုံကြ။
12 After that, he appeared vnto two of them in an other forme, as they walked and went into the countrey.
၁၂ထိုနောက်တပည့်တော်နှစ်ယောက်သည်ကျေးတောသို့ သွားကြစဉ် ကိုယ်တော်သည်ခြားနားသောအသွင် ကိုဆောင်လျက်သူတို့အားကိုယ်ထင်ပြတော်မူ၏။-
13 And they went, and told it to the remnant, neither beleeued they them.
၁၃သူတို့သည်အခြားတပည့်တော်များထံသို့ သွား၍ ထိုသတင်းကိုပြောကြား၏။ သို့ရာ တွင်သူတို့သည်မယုံကြ။
14 Finally, he appeared vnto the eleuen as they sate together, and reproched them for their vnbeliefe and hardnesse of heart, because they beleeued not them which had seene him, being risen vp againe.
၁၄ထိုနောက်တစ်ကျိပ်တစ်ပါးသောတမန်တော်တို့သည် စားပွဲမှာထိုင်၍စားသောက်နေကြစဉ် ကိုယ်တော် သည်သူတို့ကိုကိုယ်ထင်ပြတော်မူ၏။ သူတို့တွင် ယုံကြည်ြခင်းမရှိသြဖင့်လည်းကောင်း၊ ကိုယ်တော် သြေခင်းမှရှင်ပြန်ထမြောက်တော်မူပြီးနောက် ကိုယ်တော်အားဖူးတွေ့ရသူတို့၏စကားကို မယုံနိုင်သည်တိုင်အောင် သူတို့သည်အပြော ရခက်သြဖင့်လည်းကောင်း ကိုယ်တော်သည် သူတို့အားပြစ်တင်ဆုံးမတော်မူ၏။-
15 And he saide vnto them, Goe ye into all the worlde, and preach the Gospel to euery creature.
၁၅ကိုယ်တော်က``သင်တို့သည်ကမ္ဘာအရပ်ရပ်သို့ သွား၍ လူသတ္တဝါအပေါင်းတို့အားသတင်း ကောင်းကိုဟောပြောကြေညာကြလော့။-
16 He that shall beleeue and be baptized, shalbe saued: but he that will not beleeue, shalbe damned.
၁၆ယုံကြည်၍ဗတ္တိဇံမင်္ဂလာခံယူသူမှန်သမျှ ကို ဘုရားသခင်သည်ကယ်တင်တော်မူလိမ့်မည်။ မယုံကြည်သူမှန်သမျှကိုမူအြုပစ်ဒဏ်စီရင် တော်မူလိမ့်မည်။-
17 And these tokens shall folowe them that beleeue, In my Name they shall cast out deuils, and shall speake with newe tongues,
၁၇ယုံကြည်သူတို့သည်အံ့သြဖွယ်နိမိတ်လက္ခဏာများ ကိုပြနိုင်ကြလိမ့်မည်။ ငါ၏နာမကိုအမှီပြု၍ နတ်မိစ္ဆာများကိုနှင်ထုတ်ကြလိမ့်မည်။ ထူးခြား သောဘာသာစကားများကိုပြောဆိုကြလိမ့်မည်။-
18 And shall take away serpents, and if they shall drinke any deadly thing, it shall not hurt them: they shall lay their handes on the sicke, and they shall recouer.
၁၈မြွေဆိုးများကိုကိုင်ဖမ်းသော်လည်းကောင်း၊ သေစေ တတ်သောအဆိပ်ကိုသောက်သော်လည်းကောင်းသူ တို့၌ဘေးဥပါဒ်မြဖစ်။ မကျန်းမာသူများ အပေါ်တွင်လက်ကိုတင်၍ကျန်းမာစေကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
19 So after ye Lord had spoken vnto them, he was receiued into heauen, and sate at the right hand of God.
၁၉ဤသို့တပည့်တော်တို့အားမိန့်တော်မူပြီးသော အခါ သခင်ယေရှုသည်ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကိုခံတော်မူပြီးလျှင် ဘုရား သခင်၏လက်ယာတော်ဘက်တွင်ထိုင်နေတော်မူ၏။-
20 And they went foorth, and preached euery where. And the Lord wrought with them, and confirmed the worde with signes that folowed. Amen.
၂၀တပည့်တော်တို့သည်အရပ်တကာသို့သွားရောက် ၍ တရားဟောပြောကြ၏။ သခင်ဘုရားသည် သူတို့နှင့်အတူလုပ်ဆောင်၍ သူတို့ဟောပြောသော တရားတော်မှန်ကန်ကြောင်းကိုသက်သေပြရန် သူတို့အားနိမိတ်လက္ခဏာများပြနိုင်သော တန်ခိုးကိုပေးတော်မူ၏။] ရှင်မာကုခရစ်ဝင်ပြီး၏။